တူအောင်တုပါ

in myanmar •  7 years ago  (edited)

mm777.jpg
အတုနှင့်အစစ်တွင် အစစ်ဆိုသည်မှာ တန်ဖိုးရှိပါသည်။ကောင်းမွန်ပါသည်။အတုသည်အစစ်ကိုမမှီနိုင်ပါ။သဘောတရားအရ
မှန်သည်ဟုပင်ဆိုရပါလိမ့်မည်။သို့သော် အစစ်ကိုတူအောင်တုနိုင်သောအခါတွင် အတုသည်အစစ်တစ်ခုအလား အသုံးတည့်
လာသည်။အသုံးဝင်လာသည်။အစစ်သည်လည်းအစစ်ဖြစ်သည့်အလျှောက် အစစ်တန်ဖိုးရှိသလို အတုသည်လည်း သူ့အတိုင်း
အတာနှင့်သူ အသုံးတည့်ပါသည်။အသုံးဝင်ပါသည်။သူ့လမ်းကြောင်းနှင့်သူ သူနေရာနှင့်သူ သူ့တန်ဖိုးနှင့်သူ ရပ်တည်နိုင်ပါသည်။

Air-Jordan-XI-11-25th-Anniversary-Real-vs-Fake-Comparison.jpg
လူဆိုသည်မှာ တုပတတ်သောသတတ၀ါဖြစ်ပါသည်။ ငှက်များ ကောင်းကင်တွင်ပျံသန်းနေသည်ကို တုပပြီး လေယဉ်ပျံများကို
တီထွင်ထုတ်လုပ်ခဲ့ကြသည်။ငါးများရေတွင်ကူးခတ်နေသည်ကို တုပပြီး ရေငုပ်သင်္ဘောများ တီထွင်ခဲ့ကြသည်။
တုပခြင်းသည် တိုးတက်ဖွံ့ဖြိုးခြင်းကိုဖြစ်စေနိုင်သည်ကို လက်တွေ့ပြနိုင်ပါသည်။အကောင်းနှင့်အဆိုး သည်အမြဲတွဲလျှက်ရှိ
နေသည့်အတိုင်းပင် တုပခြင်းကြောင့် ကောင်းလာသည်လဲရှိသလို ဆိုးသွားသည် အကျိုးမဲ့သွားသည်လဲရှိနိုင်ပါလိမ့်မည်။
တုပရာမှာ အကောင်းကိုတုပခြင်းသည်သာလိုလားလုပ်ဆောင်သင့်ပါသည်။

Lazy-guy.jpg

ကိုယ့်အားကိုယ်ကိုးပြီး ကြီးပွားချမ်းသာသွားသူတစ်ဦးအား ထိုသူရဲ့ ကြိုးစားအားထုတ်ပုံကို တုပပြီး မိမိလည်းထိုသူကဲ့သို့ဖြစ်စေ
ရန်အတွက် ကြိုးပမ်းအားထုပ်နိုင်ပါသည်။ ထိုအပြင်အပြောအဆို အပြုအမူအရာလိမ်မာယဉ်ကျေးသူတစ်ဦးအား
လိုက်တုပြီးလျှင် မိမိလည်းထိုသူကဲ့သို့ပင်လိမ်မာယဉ်ကျေးသောသူတစ်ဦးဖြစ်လာစေရန်အတွက် လုပ်ဆောင်သင့်ပါသည်။
ကောင်းမွန်သောတုပခြင်းဟုဆိုနိုင်ပါသည်။တူချင်လျှင် ထိုသူနှင့် ယှဉ်ပြီး သူနဲ့တူအောင်တုလိုက်ပါဟု ဆိုချင်ပါသည်။သူ့လို
ကျိုးစားအားထုတ်ဖို့လိုသည်။သူရဲ့လုပ်ပုံကိုင်ပုံ နည်းစနစ်တွေကို လေ့လာဖို့လိုသည်။သူနဲ့တူရန် သူ့ကိုတုသည်ဆိုရာဝယ်
ဂုဏ်တုဂုဏ်ပြိုင်လုပ်ကာ သူသာသည် ငါသာသည်ဟု နှိုင်းယှဉ်နေရန်အတွက်မဟုတ်ပါ။

သို့သော် တုပရာတွင် စည်းစနစ်ရှိဖို့လိုပါသည်။ ကောင်းသည် တန်ဖိုးရှိသည်ကို တုပရန်ဖြစ်ပါသည်။ အဆိုးကိုမတုပမိဖို့
အရေးကြီးပါသည်။ တုပနည်းမမှန်လျှင် ငါးကိုတုလို့ခရုခုန် အိုင်ပျက်ရုံရှိလေမပေါ့ ဟူကဲ့သို့ပင် မိမိဘ၀ပျက်စီးသွားစေနိုင်
သည်ကိုသတိပြုသင့်ပါသည်။ဖြစ်ချင်သည့်ပုံစံနှင့်တူအောင် တုပရာတွင် နည်းလမ်းသိဖို့လိုပါသည်။အကောင်းကို တုပလို့ရသလို
မကောင်းသည်များကိုလဲ တုပလို့ရသည်ဖြစ်လို့ တုပမှုမမှားလေအောင် စီစစ်ဆုံးဖြတ်လုပ်ကိုင်ရပါလိမ့်မည်။

edfsf.jpg

ပထမဦးဆုံးလုပ်ဆောင်ရမည်မှာ ထိုသူ ထိုအရာနှင့်ယှဉ်ရန်ဖြစ်ပါသည်။ ယှဉ်သည်ဆိုရာတွင် သူနှင့်ငါနှိုင်းယှဉ်ခြင်းကိုဆိုလိုပါသည်။
သူက ဘယ်အရာဘယ်အလုပ်ကို အဘယ်သို့လုပ်နေသည်မှာ အဆင်ပြေနေတယ်။ငါလည်း သူ့လိုပင်လုပ်ရာဝယ် ငါ့အတွက်
အကျိုးမည်မျှရှိပါသနည်း။သူကဒီအလုပ်ကိုလေးငါးနှစ်အတွင်းမှာပင် လုပ်ငန်းများအဆင်ပြေပြီး အိမ်ဝိုင်းတွေတောင်ဝယ်ထားနိုင်
ပြီ။ ကားအသစ်တစ်စီးလည်းမကြာခင်ဝယ်တော့မည်ဟုဆိုလေသည်။ငါကထိုအခြေအနေကိုမရောက်နိုင်သေး။
ကားပိုင်ဖို့နေနေသာသာ ကိုယ်ပိုင်ခြံဝိုင်းမြေနေရာလေးတောင်မရှိသေး။မ၀ယ်နိုင်သေး။ ငါဘာတွေလိုအပ်နေပါသလဲ။အလုပ်ချင်း
တူသော်လည်း လုပ်နည်းလုပ်ဟန်ကွာခြားနေလို့လား။သူနှင့်ငါ ဘယ်နေရာမှာ ကွာခြားနေသလဲ။ ဒီလိုကွာခြားရတာဘာကြောင့်လဲ။
သူ့မှာရှိသောကောင်းကွက် အားသာကွက်တွေဟာဘယ်လိုအရာတွေလဲ။ဘာတွေလဲ။ ထိုကောင်းကွက် အားသာကွက်တွေကို
တွေ့အောင်ရှာပြီး သူနှင့်တူအောင်လိုက်ပြီးတုနိုင်မှသူနှင့်ယှဉ်နိုင်မည်ဖြစ်ပါသည်။

@mm7
MSC - 068
Credit : google photo

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တူ​အောင်​တုပါမည်​ 😊

ကျေးဇူးတင်ပါတယ်ဗျ

အရမ်းကောင်းBro
followလုပ်ထားမယ်
အပြန်အလ

Thank for sharing ..

Good post !

ကျေးဇူးပါဗျ

Good post
Thank you for post

ကျေးဇူးတင်ပါတယ်

good posts

Calling @originalworks :)
img credz: pixabay.com
Nice, you got a 4.0% @minnowbooster upgoat, thanks to @mm7
Want a boost? Minnowbooster's got your back!