ကင်းပွန်းသီး၏အသုးံဝင်ပုံ

in myanmar •  6 years ago 

ကင်းပွန်းသီး၏ အသုံးဝင်ပုံ

     တန်ဖိုးနည်းလှသော အသီးတွင် တန်ဖိုးရှိစေသော အာနိသင်များ ရှိပါသည်။ ထိုအသီးများထဲတွင် ကင်းပွန်းသီးအကြောင်း ပြောပြချင်ပါသည်။
     ကင်းပွန်းသီးသည် ကင်းပွန်းရွက်အပင်မှစ၍ ရင့်သန်လာသောအခါ နွယ်ပင်အဖြစ်သို့ ပြောင်းသွားပါသည်။ ကင်းပွန်းသီးများသည် နွယ်ပင်ကင်းပွန်းရွက်မှ တွဲလောင်းကျ၍ အသီးသီးပါသည်။ 

image photo by moe wai ကင်ပွန်းသီးပင်
ကင်းပွန်းသီး အစိုအတောက်ကို ခူး၍ အခြောက်လှန်းပြီး အသေအချာထုတ်ပိုး သိမ်းဆည်းထားလျှင် တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ပါသည်။
ထူးခြားသည့် အာနိသင်များမှာ ခေါင်းလျှော်သည့်အခါ ပြုတ်၍ တရော်နှင့်ခေါင်းလျှော်ကြပါသည်။ အဓိပ္ပာယ်မှာ ကင်းပွန်းသီးသည် သန့်ရှင်းစင်ကြယ်ခြင်းကို ဖြစ်စေပါသည်။
တစ်ခုခု မတော်တဆ မကောင်းတာ စွဲကပ်နေမည်ဟု ထင်မိလျှင် ကင်းပွန်းသီးရေနှင့် ဆေးကြောလိုက်လျှင် သန့်ရှင်းစင်ကြယ်စေပါသည်။ ကိုရင်လောင်း ရဟန်းလောင်းများ သင်္ကန်းစည်းချိန်တွင် ကင်းပွန်းရေနှင့် သန့်ရှင်းစွာ သွန်းလောင်းကြပါသည်။ ခလေးကင်းပွန်းတပ် မင်္ဂလာပြုလုပ်သောအခါတွင်လည်း ကင်းပွန်းရေနှင့် လောင်း၍ သန့်ရှင်းမင်္ဂလာ ပြုလုပ်ကြပါသည်။
image photo by moe waiကင်ပွန်းသီး
ကင်းပွန်းသီး၏ အသုံးဝင်ပုံသည် မြောက်မြားစွာ ရှိပါသေးသည်။
ချစ်မိတ်ဆွေများ စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာမည်ဟု ထင်မိလျှင် ကင်းပွန်းသီးကို ရေထဲထည့် ဆနွင်းမှုန့် အနည်းငယ်နှင့် တစ်ကိုယ်လုံး ရေလောင်းချိုးလိုက်ပါ။ ထိုအခါတွင် စိတ်ကြည်လင်သန့်ရှင်းခြင်းကို ခံစားရရှိစေမှာပါ။
တန်ဖိုးနည်းပေမဲ့ အသုံးဝင်သော ကင်းပွန်းသီးကို အသုံးချတတ်ပါစေလို့ အကြံပြုလိုက်ပါရစေ။
မြန်မာစတီးမစ် မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။

                                                                                                 ဆန္ဒမွန်ဖြင့်
                                                           မိုးဝေ
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆေးဘက်ဝင်ရုံတင်မက ကံကောင်းကံမြင့်စေတဲ့ အဖိုးတန်
ကင်ပွန်းသီးပါ

မမရေမမနဲ့သီးသန့ဘဲဆုံရတော့မယ်ဦးလေးလဲဆုးံရေလဲများနေတော့ပြင်ထားတဲ့ပုဂံပွဲမသွားရတာစိတ်မကောင်းလိုက်တာ