တန်ဖိုးရှိသောဘဝအလှနှင့်ချစ်ခြင်းသစ္စာ

in myanmar •  7 years ago 

တန်ဖိုးရှိသော ဘ၀အလှနှင့် ချစ်ခြင်းသစ္စာ
image cridet [original image] (https://digestmm.com/archives/7406)
အမျိုးသမီးတစ်ယောက်၏ ဘ၀သည် မိခင်ဝမ်းမှ ကျွတ်ပြီး အသက် နှစ်ဆယ် ကျော်မှစ၍ အလွန်ဆုံး အသက်သုံးဆယ်အထိသာလျှင် မိဘနှင့်အတူ နေထိုင်ခွင့် ရကြပါသည်။
ကျန်သော အသက်အပိုင်းအခြားများအားလုံးသည် အိမ်ထောင်ဖက် ခင်ပွန်းသည်နှင့်အတူ သေဆုံးသည့်အချိန်အထိ အတူတူနေသွားရပါမည်။
မိဘနှင့်အတူ နေခွင့်ရသော အသက်ကာလလေးသည် တိုတောင်းလှပါသည်။ အချိန်တန် အရွယ်ရောက်လျှင် လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုကြရပါသည်။
အိမ်ထောင်ရေးတွင် ရွှေဘုံပေါ်တွင် နေရပြီး လိုတရသော ဘ၀လည်း ရှိခဲ့ပါမည်။ ရွှေဘုံစံ လိုတရသော ဘ၀နှင့် ကြင်နာမှု ပြည့်စုံစွာရရှိသော ဘ၀ပေးကုသိုလ်ကံကောင်းသော လူအချို့လည်း ရှိကြပါသည်။ ငွေကြေးပြည့်စုံပြီး ကြင်နာမှုမရှိသော အိမ်ထောင်ရေး ဘ၀လည်း များစွာ ရှိခဲ့ကြပါမည်။ စိတ်သဘောထားချင်း မတိုက်ဆိုင်၍ အိမ်ထောင်ရေး ပြိုကွဲရသူများလည်း ရှိခဲ့ကြပါသည်။
စိတ်ချမ်းမြေ့သာယာသော အိမ်ထောင်သည် ဘ၀များတွင် ရွှေဘုံစံငွေထက် လူရာဝင်မျက်နှာမော်နေရသည့် ရာထူးထက် ချစ်ခင်ကြင်နာ မြတ်နိုးမှုသည် အရေးကြီးပါသည်။ မချမ်းသာသော်လည်း သေးငယ်သော အိမ်ကလေးတွင် လင်နှင့်မယားဆိုးတူကောင်းဖက် ရှာဖွေစားသောက်ကြရင်း သာယာပျော်ရွှင်သော မိသားစုများစွာ ရှိကြပါသည်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြပြီး ဖေးမယုယနားလည်ခြင်းများသည် အဆောင်အယောင်နှင့် အခြားအရာများထက် တန်ဖိုးရှိကြောင်း သာယာသောမိသားစုများက သက်သေပြနေကြပါသည်။
အိမ်ထောင်သည်ဘ၀တွင် လျံပယ်စွာ ရှိနေသာ ငွေကြေးပိုင်ဆိုင်ရုံနှင့် အိမ်ထောင်ရေးချမ်းမြေ့နိုင်မည်လား။ အိမ်ထောင်သည်ဘ၀တွင် တွေးစရာများစွာ ရှိနိုင်ပါသည်။ အချစ်လား ငွေလား သစ္စာတရားလား စသည့် အတွေးများပင်ဖြစ်ပါသည်။
တလင်တမယားစနစ်ကို တန်ဖိုးထားကြသည့်အတွက် သည်းခံစွာ ပေါင်းသင်းနေကြသော်လည်း စိတ်ချမ်းမြေ့မှု မရှိသောအခါ နောက်ဆုံးတွင် ကွဲကွာကြရပါသော အိမ်ထောင်များလည်းရှိခဲ့ပါသည်။
အိမ်ထောင်ရေးအဆင်ပြေစေရန် အဓိကကျသော အချက်မှာ သစ္စာတည်မြဲမှုပင် ဖြစ်ပါသည်။
တန်ဖိုးရှိသော သစ္စာတရားကို အမှုမထားမိကြဘဲ သာယာသော အရာကိုသာ ရှာဖွေနေခဲ့ပါလျှင် အိမ်ထောင်သည်များ အတူနေကြသော်လည်း မေတ္တာချင်း ဆက်လာနိုင်ကြမည်မဟုတ်ပါ။ နောက်ဆုံးတွင် ကွာရှင်းခြင်းနှင့် နိဂုံးချုပ်ကြရပါတော့မည်။

image cridet [original image] (http://royaldreamlover.blogspot.com/2008/10/blog-post_11.html?m=1)
အခြွေအရံများစွာရြှိပီး ပြည့်စုံစွာ လိုတရနေသော်လည်း အသုံးတော်ခံရသော ဘ၀တွင်နေရသော မိန်းမသားများဘ၀သည် မိဖုရားဟု ဆိုရစေကာမူ စိတ်ချမ်းသာမှု မရနိုင်ပါ။
သာမန်အိမ်ထောင်သည် မိန်းမသားတစ်ယောက်သည် မိမိ၏ခင်ပွန်းအပေါ်ပိုင်စိုးရမှု၊ ခင်ပွန်းက မိန်းမသားအပေါ် အလေးထားမှုများ ခံစားကြရသော မိန်းမသားအဖို့ တန်ဖိုးရှိသော ဘ၀ကို ရရှိစေမှာပါ။
အိမ်ထောင်ရေးတွင် ဘ၀တစ်ခုအတွက် အဓိကမှာ အချစ်နှင့် သစ္စာတရားပါ။ ငွေမရှိလျှင် ရအောင် လုပ်ယူလို့ ရပါသည်။ ရှာယူလို့ ရပါသည်။ အချစ်နှင့် တန်ဖိုးရှိသော သစ္စာမရှိလျှင် ပြန်ရှာရယူဖို့ မလွယ်ပါ။
ဆင်ခြင်ကြည့်လိုက်သောအခါ တန်ဖိုးရှိသော မိန်းမသားများ၏ ဘ၀အလှအတွက် မိဖုရား ဘ၀ထက် လင်ယောကျာ်းချစ်မြတ်နိုးသော ဇနီးဖြစ်ပိုင်ခွင့် ရခဲ့လျှင် မိန်းမသားများအားလုံးအတွက် တန်ဖိုးရှိသော ဘ၀အလှကို ပိုင်ဆိုင်ကြစေမှာ မလွဲဧကန်ပါ။
မိန်းမသားများအားလုံး တန်ဖိုးရှိသော ဘ၀အလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးဝေ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျွန်တော့် အထင်ကဖြင့် အိမ်ထောင်တည်မြဲဖို့မှာ ချစ်မြတ်နိုးစွာ နားလည်ခြင်း အပြန်အလှန် ထားကြဖို့ အရေးကြီးဆုံးပါပဲ။

မှန်ပါတယ်

တကယ်တော့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူ သူတပါးကိုလေးစားတတ်တဲ့သူ တန်ဖိုးထားတတ်တဲ့သူ နားလည်ပေးတတ်တဲ့သူ ဖြစ်ဖို့အရေးကြီးပါတယ်

မှန်ပါသည်ရှင့်

မှတ်သားထားပါမယ်အမ