Islam Knowledge write

in myanmar •  7 years ago 

image

စကား များများပြောဆိုခြင်း
🍃🍃🍃🍃🍃🍃🍃🍃🍃
( ၅ )

်” နောက်ကွယ် အတင်းပြောခြင်း ”

   ကျမ်းတော်မြတ်ကုရ်အာန် ( စူရဟ်ဟုဂျူရာသ် ၊ အာယသ်တော် - ၁၂ ) တွင်

(( أَيُحِبُّ أَحَدُكُمْ أَنْ يَّاْكُلَ لَحْمَ أَخِيْهِ مَيْتًا ))
( سورة الحجرات ، ١٢ )

” အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော ” ဟု ဗျာဒိတ်တော်လာရှိသည်။

  နောက်ကွယ်အတင်းပြောခြင်းသည် သေဆုံးသွားပြီဖြစ်သော ညီနောင်၏အသား စားရုံမျှသာဖြစ်သည်ဟူ၍ အတင့်မရဲကြလေနှင့်။ ဤသို့သော မဖွယ်ရာသည့်ကိစ္စမှ ရှောင်ကြဉ်ကြကုန်။

  ဟဒီးဆ်ဩဝါဒတော်တွင် လာရှိသည်မှာ … 

” နောက်ကွယ်အတင်းပြောခြင်းသည် ဇိနာ ပြစ်မှုကျူးလွန်ခြင်းထက် ဆိုးရွားပြင်းထန်၏ ” ဟူ၍ဖြစ်သည်။ ( အိဗ်နုအဗစ်ဒ်ဒုန္နယာကျမ်း )

( ပို၍ဆိုးရခြင်းမှာ ဇိနာပြုခြင်းသည် အလ္လာဟ်အရှင်ဝတ္တရားကို ဖျက်ဆီးပစ်ပြီး အတင်းပြောခြင်းမှာ အဖန်ဆင်းခံတို့၏ဝတ္တရားကို ဖျက်ဆီးခြင်းဖြစ်သည်။ )

   တမန်တော်မြတ် ( صلی اللّٰہ علیہ وسلم ) က ” မိအ်ရားဂ်ျ ကောင်းကင်ဘုံခရီးတွင် ဂျန္နဟမ်ငရဲ၌ အုပ်စုတစ်စုသည် မိမိတို့၏လက်သည်းများဖြင့် မိမိတို့ပါးစပ်ကို ကုတ်ဖဲ့နေကြသည်ကို တွေ့ရသည်။ ၎င်းတို့သည် နောက်ကွယ်အတင်း ပြောကြသူများပင်ဖြစ်သည် ” ဟု မိန့်တော်မူခဲ့သည်။

( အဗူဒါဝူးဒ်ကျမ်း )

နောက်ကွယ်အတင်း ဟူသည်

   ” မုစ်လင်မ်တစ်ဦးဦး၏ နောက်ကွယ်တွင် ၎င်းမနှစ်မြို့သောစကားကို ဆိုခြင်းသည် နောက်ကွယ်အတင်းပြောခြင်းပင်ဖြစ်သည် ”

( သိရ်မိဇီကျမ်း )

    ဥပမာ … တစ်ဦးဦး၏နောက်ကွယ်တွင် ၎င်းအား အသိဥာဏ်မဲ့သူဟူ၍ ပြောဆိုခြင်း ၊ သို့မဟုတ် ၎င်းနှင့်ပတ်သက်၍ မကောင်းပြောခြင်း ၊ သို့မဟုတ် ၎င်း၏လုပ်ရပ် မကောင်းကြောင်း ၊ အိုးအိမ်မကောင်းကြောင်း ၊ အဝတ်အထည်မကောင်းကြောင်း ၊ ၎င်းနှင့်ပတ်သက်သည့်အရာတစ်ခုခု၏ အပြစ်ကို ၎င်း၏နောက်ကွယ်တွင် ပြောခြင်း၊ အကယ်၍သာ ဤသို့မကောင်းပြောသည်ကို ကြားသိက ထိုသူ လုံးဝ နှစ်မြို့မည်မဟုတ်ပေ။ တစ်ဦးဦးနှင့်ပတ်သက်၍ ဤသို့သောစကားဆိုခြင်းသည် နောက်ကွယ်အတင်းပြောခြင်းဖြစ်သည်။ နောက်ကွယ်အတင်းဆိုရာတွင် နှုတ်ဖြင့်ပြောခြင်းသာမက မျက်ရိပ်မျက်ကဲ ဟန်အမူအရာဖြင့်ဖြစ်စေ ညွှန်ပြခြင်း စသဖြင့် အားလုံး အကျုံးဝင်သည်။

   တစ်ခါက မိခင်မွန် ဟဇ်ရသ် အာအိယှဟ် ( رضی اللّٰہ عنہا ) သခင်မသည် အမျိုးသမီးတစ်ဦးကို အရပ်ပုကြောင်း လက်ဟန်ဖြင့်ပြလျက် ” အို - ကိုယ်တော် ( صلی اللّٰہ علیہ وسلم ) ၊ ဟိုလောက်သာရှိတဲ့ အမျိုးသမီးလေ ” ဟု စကားဆိုရာ တမန်တော်မြတ် ( صلی اللّٰہ علیہ وسلم ) က ” အို - အာအိယှဟ် ၊ သင်မ ဤသို့လက်ဟန်ဖြင့်ပြ၍ ပြောဆိုခြင်းသည် အတင်းဖြစ်သည် ” ဟူ၍ သတိပေးတားမြစ်တော်မူခဲ့သည်။

( အိဗ်နုအဗစ်ဒ်ဒုန္နယာကျမ်း )

إن شآءاللّه تعالى

( ၆ ) တွင် ဆက်လက်ရေးသား တင်ပြပါမည်

📆 ဟိဂ်ျရီ ၁၄၃၉ ၊ ဂျမာဒဆ်ဆာနီလ ( ၃၀ )ရက်📆
📆 ၁၉ . ၃ . ၂၀၁၈ ( တနလာင်္နေ့ )📆

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice post

အားပေးနေပါတယ်။နေ့တိုင်းတင်ပေးပါဦး

Congratulations @myanmar-islam! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Very good post.Thanks