အနှိုင်းမဲ့ မေမေ steemCreated with Sketch.

in myanmar •  6 years ago 

IMG_1532087954550.jpg
Image credit >>> My Fb cover image

မေမေ...
နေထွက်တာပဲနောက်ကျတာလား
အမေ အလုပ်လုပ်တာပဲစောတာလား
နာရီကြည့်မိတော့ ညသံခေါင် နှစ်ချက်ထိုးတဲ့၊
တိုဟူးကြော် ပူပူလေးတွေဆိုတာ
သားတို့ဝမ်းဝခါးလှဖို့ အမေအိပ်ရေးပျက်ခံပြီး
ရောင်းခဲ့ရတဲ့ အကြော်တွေပါ။

မေမေ...
ဆောင်းတောင် ရိုးရိုးဆောင်း မဟုတ်ဘူး၊
ရေတွေခဲတဲ့ဆောင်း၊ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့
ဆောင်းမနက်ခင်းဟာ နှင်းမကွဲသေးပေမဲ့
အမေ့ခြေထောက်တွေဟာ တောထဲကို
ထင်းရှာတစ်ခေါက် ထွက်ခဲ့ပြီးနှင့်ပြီ။

မေမေ...
နာရီ စက္ကန့်လက်တံ ကပြောတယ်
သူဟာ ကမ္ဘာမှာ အလုပ်ရှူပ်ဆုံးတဲ့၊
ဒါပေမဲ့ သူနောက်ဆုံးဝန်ခံသွားတယ် အမေ့လက်ကို သူမမှီဘူးတဲ့လေ၊ ဟုတ်တယ် သားသမီးခြောက်ယောက်ကို
လုပ်ကျွေးဖို့ အလုပ်မရွေးတဲ့လက်၊
မေမေ့လက်သာ ကမ္ဘာမှာအလုပ်အရှူပ်ဆုံး။

မေမေ... မေမေ... မေမေ...
သားရဲ့ အနှိုင်းမဲ့မေမေ

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko

MSC no. 118

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နေကောင်းလား မေမေ

Posted using Partiko Android

အရမ်းသတိရနေတယ်ဗျာ

မေ​မေ ပါပဲ​လေ 😊😊

Posted using Partiko Android

ဟုတ် ကျေးဇူးပါ ကိုလွမ်း

မေမေ သားချစ်တဲ့ မေမေ။ တကြော် ကြော် ဟစ်ခေါ်.................

သင့် ရဲ့ ပိုစ့် အား C2 မြန် မာ ကူ ရေး ရှင်း အဖွဲ့ မှ ရွေး ချယ် လိုက် ပါ သည်။ အ ဖွဲ့ ဝင် များ မှာ @mmunited, @aggamun, @nayhlaingsoe နှင့် @lwanwai တို့ ဖြစ် ကြ ပါ သည်။

ကျေးဇူးပါ အကိုတို့လို အဖွဲ့ရှိတော့ လူသစ်လေးတွေအတွက်
ခွန်အားတွေအများကြီးရပါတယ်။


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးအထူးတင်ရှိပါသည် ဗျ