မြန်မာစတီးမစ် မိသားစုဝင်များအားလုံး မင်္ဂလာပါ ....
ဒီဝတ္ထုတိုလေးကို ယနေ့ခေတ်လူငယ်များ အချစ်နှင့်အလှကို ဝေဖန်ခွဲခြားပြီး ချစ်တက်ကြဖို့ အတက်နိုင်ဆုံကြိုးစားရေးသားထားခြင်းဖြစ်ပါတယ် ....
အပိုင်း - ၁
ည ၁၁ နာရီကျော် ၊ အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေပေမဲ့ မက်ဆေ့တဂွမ်ဂွမ် ပို့ပြီး ရယ်လိုက်ဟားလိုက် နှင့် အလုပ်ရှုပ်နေသူကတော့ မင်းထက်ရဲရင့် ဖြစ်သည်။ ဖေ့စ်ဘွတ်ဆိုသော အပြာရောင်နောက်ခံနှင့်စာတန်းဖြူလးက သူ့ကို အရူးမူးဖြစ်စေခဲ့ပြီ။ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဂွတ်မောနင်းဆိုပြီး ဖေ့စ်ဘွတ် ပေါ် ပို့စ် တင်ပြီး သယ်ရင်းတွေကို တလေးတစားနှင့် နှုတ်ဆက်လိုက်ရမှ တစ်နေ့လုံးနေသာထိုင်သာ ရှိသည်။အိမ်က ကိုးလလွယ် ဆယ်လဖွား မွေးမိခင်နှင့် တစ်သက်လုံးလုပ်ကိုင် ကျွေးမွေးလာတဲ့ ဖခင်ကိုတော့ မျက်လုံးထဲရှိတယ်လို့ကိုမထင်ပေ။ အဖေနဲ့မေ နေကောင်းလားလို့ တစ်ခွန်းမေး ဖော်မရပေမဲ့ ဖေ့စ်ဘွတ်ပေါ်ကြတော့ သယ်ရင်းတို့နေကောင်းလား ၊ ကျနော်ကတော့ ညကအိပ်ရေးပျက်လို့ ဂါ နေတာ ဒါနဲ့စကားမစပ် ကျနော်လန်းရဲ့ လားဗျာ … ဆိုပြီး ကိုယ့်ရဲ့ မလှတဲ့ပုံကို အဖတ် တွေထည့် မဲနေတာကို ဖြူကိုအောင်လုပ်ပြီး ဖေ့စ်ဘွတ်ပေါ်တင် ၊ လိုက်ခ် တွေကလည်း ၂၀၀၊ ၃၀၀ မနဲမနော ရလိုက်တာ၊ သောက်သောက်လဲ ရလိုက်တဲ့ လိုက်ခ် တွေ ဒါတွေကို မင်းထက်ရဲရင့် ကျေနပ်နေလေသည်။ ကျေနပ်ဆို လိုက်ခ် များများရမှ ဆယ်လီ ဖြစ်မှာကိုး။ ဆယ်လီ ဖြစ်မှလည်း ဖေ့စ်ဘွတ်ပေါ်က ကောင်မလေး တွေကအသေကြွေကြတာ ဆိုတော့ လိုက်ခ် က သူ့အတွက်မြားနတ်မောင်လို့ သူကခံယူထားသည်။ ညညဆို ၁ နာရီထိ လိုင်းပေါ်တက်ကျူ ၊ တခါတလေဆို အသံဆိုးကြီးနှင့် သီချင်းကဆိုပြလိုက်သေးသည်။ သူ့အဖေက ထဆဲမှ ကုတ်ကုတ်ချောင်းချောင်းနဲ့ အိပ်ယာဝင်လေသည်။ ဘာပဲပြောပြော ဖေ့စ်ဘွတ်က သူ့အတွက် ကမ္ဘြာကီးတစ်ခု ဖြစ်နေလေပြီ။
တစ်ညမှာတော့ ခပ်လန်းလန်း ပုံလေး ပရိုဖိုင်တင်ထားတဲ့ ကောင်မလေးက စပြီး လာဟိုင်းတာနဲ့ ဇာတ်လမ်းစတော့သည်။ စကားတွေ ဖောင်ဖွဲ့ပြီး မက်ဆင်ဂျာမှာ ချက်တင် လုပ်သည်။ အမေရိကန်နဲ့ အီရက် စစ်ကား ထဲက ကျည်ဆံတွေကမှ ခေတ္တ နားရင်နားလိမ့်အုံးမယ် ၊ သို့ပေမဲ့ " မင်းထက်ရဲရင့် " ရဲ့ လက်တွေကတော့ ကျည်ဆံတွေထက်ကို မြန်လေပြီ။
ဟိုင်း နေကောင်းလား
မြန်မာလူမျိုးလား
မင်္ဂလာပါဗျာ…
ခင်လို့ရတယ်မလား
ကျနော်က စင်ကနယ်ပါဗျ ။ စင်ကနယ်ဆိုလို့ သွားတိုက်ဆေး ဟုတ်ဝူးနော်
အချစ်ဆိုတာ ပူလောင်တယ် ပြောကြလို့ ရည်းစားကိုမထားဘူး
စသဖြင့် ရောက်တက်ရာရာ ပြောကြသည်။ ပြောစရာမရှိလျှင် ရှာကြံပြောကြသည် အိမ်က ခွေးမလေး မိနီ ကလေးမွေးတာက အစ ၊ ကြောင်လေးသေသွားလို့ ၀မ်းနည်းပြီး ငိုရတာကအဆုံး ၊ ဟုတ်သည်ရှိ မဟုတ်သည်ရှိ အရည်မရ အဖက် မရ ပြောကြလေသည်။ ပရိုင်ဖိုင် ခပ်လန်းလန်းနဲ့ ကောင်မလေးက" ဂျူးဂျူးလှိုင် " ဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြပြီး အချိန်ကြာလာတော့ ချစ်ခွင့်ပန်ကာ ချစ်သူတွေဖြစ်သွားကြလေသည်။ ခုခေတ်များ ဘယ်လောက်ကောင်းလိုက်သလဲ အရင်ကလိုမျိုး ၃ နှစ် ၃ မိုးစောင့်ပါတို့ ၊ တစ်နှစ်တိတိ ဘာလုပ်ရမယ် ညာလုပ်ရမယ် ဆိုတာတွေက အလကားပါ။ လူဖြစ်စောသော အရင်ခေတ် လူပျိုများကို" မင်းထက်ရဲရင့် " သနားမိသည်။ ခုခေတ်များ လူချင်းတောင်တွေ့စရာမလိုပဲ တစ်လလောက် လိုင်းပေါ်မှာ ကျူလိုက်ရုံနှင့် ရည်းစားတစ်ယောက်က ဖွက်ကနဲဆို ကောက်ရပြီ ၊ ရည်းစားလေးရတော့ ဒီအတိုင်းအငြိမ်ဘယ်နေမလဲ။ နဲနဲတော့ ကမြင်းဖို့ ဇာတ်လမ်းစလေသည်။ ကမြင်း ဆိုလို့ တခြားမဟုတ် ဟိုနားဒီနား ဘုရားသွားကျောင်းတက် ကိုပြောခြင်းဖြစ်သည်။
ဟိုင်း … ချစ် ၊ မောင်တို့အပြင်မှာတွေ့ချင်ပြီ ။
အင်း … ချစ်ကလည်း မောင့်ကို တွေ့ချင်နေတာ (နဲနဲတောင်မမူဘူး)
အဲ့တာဆို … လာမဲ့ ဆန်းဒေး ကျရင် ဘုရားမှာတွေ့ကြမယ် ။
အိုကေလေ … အဲ့နေ့ကျရင် ချစ်က ပန်းနုရောင်လေး ၀တ်လာမယ်။
မောင်ကတော့ ပုဆိုးနဲ့ တိုက်ပုံ ၀တ်လာမယ် ( တသက်နဲ့တကိုယ် ၀တ်ဖူးတာမဟုတ်ဖူး)
ဒါပဲနော် … မောင့်အသက်ထက်ချစ်ရတဲ့ ဂျူးလေး … ဘိုင့် ဘိုင့် …
( အပိုတွေ တစ်ခါမှ မတွေ့ဖူးသေးဘူး အသက်ပေးချစ်အုံးမယ်တဲ့ )
စူပါဆန်းဒေးမှာ လတ်လတ်ဆတ်ဆတ် ချစ်သူနှင့်တွေ့ဖို့ " မင်းထက်ရဲရင့် "တစ်ယေက် ရင်ခုန်သံတွေမြန်လို့နေပြီ။ ဓာတ်ပုံထဲက ဖွေးဖွေး ၊ အိအိ ၊ ရွရွ ၊ သူ့ချစ်သူလေးက အပြင်မှာဆို ဘယ်လောက်ချစ်ဖို့ကောင်းလိုက်မလဲ။ တွေးကြည့်ယုံဖြင့် သူရင်ဖိုလိုက်မောနေမိပြီ။ ဒါအချစ်စစ်လား၊ အချစ်တုလား မဝေခွဲနိုင်ပေမဲ့ ရင်ထဲမှာတော့ ကြည်နူးမှု ၊ ပျော်ရွှင်မှု ၊ သာယာမှု အပြည့်ဖြင့် ချိန်းဆိုထားသော ဘုရားသို့သွားဖို့ မ၀တ်တက်ဝတ်တက်ဖြင့် ပုဆိုးကိုဖြေလိုက်ချည်လိုက် ၊ ရှေ့ အစက တစ်ဖက်တို တစ်ဖက်ရည်နဲ့ မနဲကိုညီအောင်ညှိယူလိုက်ရသည်။ " ဟူး…. သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး ၊ ဒီလိုကွင်းကြီးစွပ်ပြီးဝတ်ရတယ်လို့ ဘယ်သူကများ ထွင်လိုက်ပါလိမ့်နော် " ဟုငြီးတွားလိုက်သည်။ ဆံပင်ကို အုန်းဆီရွဲအောင်လူးပြီး ရှေ့ ကျနေသော ဆံမြိတ်ကို အတင်းအပေါ်ကို ထေင်ဖြီးလိုက်ပြီး ဖိချလိုက်သည်။ မှန်ရှေ့ မှာ ကိုယ်လုံးကို ဟိုဘက်လှည့် ဒီဘက်လှည့် ကြည့်ပြီး ၊ " တယ်ခန့်တဲ့ငါဘာလားနော် " .. ။ ဆိုပြီး နထင်သွေးရောက်နေခိုက် ၊ ထိုစဉ် ဖုန်းလာလေသည်။
ချစ်သူ… ကျွန်တော့်ရဲ့ ချစ်သူ …. အနေထိုင်ရိုးအေး …. ယဉ်ကျေးတဲ့သူ … (ဖုန်းသံ)
ဟဲလို …
မောင် … ချစ် ခုဘုရားမှာရောက်နေပြီ ၊ မောင်မလာသေးဘူးလား …
ချစ်က ဘုရားတောင်ရောက်နေပြီလား …
ရောက်နေတာကြာပေါ့ အစောကြီးကတည်းကရောက်နေတာ …
အင်းချစ် …. မောင်အခုလာပြီသိလား ခနလေးပဲစောင့် ….
ဘုရားစောင်းတန်းမှာ ချစ်စောင့်နေမယ် မြန်မြန်လာခဲ့နော် …
အိုကေ.. ချစ် ဒါပဲနော် မွမွမွ ….
တီ ဆိုပြီး ဖုန်းချသွားတာနဲ့ လက်ဆွဲတော်ပါး မော်တော်ဆိုင်ကယ်အားခွပြီး ချစ်သူဆီသို့ ၀ရုန်းသုန်းကား အပြေးမောင်းလေတော့သည်။ ဘယ်လောက်တောင်မြန်လဲမမြန်လဲမသိ လမ်းဘေးမှာ အိပ်နေတဲ့ ခွေးကတောင် လန့်ပြီး ထဟောင်ရတဲ့ထိပင်။
ကျွီး …. ဆိုတဲ့ ဘရိတ်အုတ်သံနှင့် အတူ ဆိုင်ကယ်စက်သက်ကာ ဂွထောက် ထောက်ပြီး ဆိုင်ကယ်ပေါ်မှ တရိုတသေ ဆင်မယဉ်သာလေး ဆင်းလိုက်သည်။ စိတ်ထဲရှိတဲ့အတိုင်း ရုပ်ရှင်ထဲကလို ချစ်သူဆီကို အပြေးသွား ၊ ချစ်သူကိုတွေ့ နာမည်ခေါ်လိုက်တော့ ချစ်သူလေးက သမင်လည်ပြန်လေးကြည့် ပြီးတော့ ကိုယ်ကလည်း ပြေး ချစ်သူလေးကလည်း ပြေးလာ လမ်းလယ်ရောက်တော့ဆုံကြပြီး အတင်းဖက်၊ ထိုကဲ့သို့ စိတ်ကူးယဉ်ကြည့်ပေမဲ့ ခုရောက်နေတာက ဘုရားလေ ဒါကြောင့် ဆန္ဒကို ဘရိတ်အုတ်ထားလိုက်သည်။ ဒီလိုနှင့် ဘုရားစောင်းတန်းဘက်ကို လျှောက်လာခဲ့သည်။ တွေ့ပါပြီ … ကောင်မလေးတစ်ယောက် မျက်နှာလေးကလည်း ခြောက်ပစ်စင် ၊ ကိုယ်လုံးကိုပေါက်လေးကလဲ နုထွားလေး၊ မင်းထက်ရဲရင့် ဆီသို့တည့်တည့် လျောက်လာနေသည်။ ကိုယ်ကလည်း " ဂျူး.. " ဆိုပြီး ပြေးဖတ်မယ် အလုပ် ၊ အနောက်က " မေ … " ဆိုသော ခေါ်သံကြောင့် ကောင်မလေးက နောက်လည့်ပြီး မောင်ဆိုပြီး ကောင်လေးဆီသို့ ပြေးသွားပြီး လက်ချင်းတွဲကာ ဘုရားပေါ်သို့ တက်သွားကြလေသည်။ မင်းထက်ရဲရင့်မှာ တက်လာသော အလုန်းကြီးကို ဂလုဆိုပြီး ပြန်မျိုချလိုက်ရလေသည်။ အော်ခုမှ သေချာကြည့်မိသည် ခုနက ကောင်မလေးက အပြာရောင်ဝန်းဆက် ၀တ်ထားလေသည်။ သူ့ချစ်သူက ပန်းနုရောင် ၀တ်လာမှာဟုပြောထားသည်မဟုတ်လား။ အချစ်ဆိပ်တွေတက်ပြီး ကယောင်ကတန်း ဖြစ်နေသော သူ့ကိုယ်သူ ရှက်မိသွားသည်။ ထို့နောက် တည့်တည့်ပဲ လျှောက်လာလိုက်သည်။ ခပ်ဝေးဝေး မှ နားနေခုံတန်းလေး ပေါ်တွင် ပန်းနုရာင်ဝန်းဆက်နှင့် ကောင်မလေးတစ်ယောက်ကျောပေးထိုင်နေသည် ခပ်ရေးရေးလေးလှမ်းမြင်နေရသည်။ မင်းထက်ရဲရင့်လည်း ခြေလှမ်းကို နဲနဲသွက်လိုက်ပြီး လျှောက်လိုက်သည်။ စိတ်တွေက အရမ်းကို လှုပ်ရှားပြီး ရင်တွေလည်းတဒိတ်ဒိတ် ခုန်နေပြီကိုး။
တဖြေးဖြေး ကောင်မလေးနားကိုရောက်လေ ရင်ခုန်သံတွေကမြန်လေ၊ အရက်ဆာနေသော လူတစ်ယောက်လို အသားပင် နဲနဲတုန်လာသလိုပင်။ သူက အချစ်ဆာနေသည်မဟုတ်လား ထို့ကြောင့်ဖြစ်ပါလိမ့်မည်။ ကောင်မလေးကလည်း ကျောပေးထိုင်ထားလေသည်။ တစ်ချက်မှနောက်လှည့်မကြည့် ၊ သူမလည်း ကြောက်ကြောက်နဲ့ လာတွေ့ရခြင်းကြောင့် ဘေးပတ်ဝန်းကျင်ကို မကြည့်ရဲတာဖြစ်ပေလိမ့်မည်။ အတော်လေး အနားကို ကပ်လာတော့ ခြေလှမ်းကို ရပ်လိုက်သည်။ ဘာပြောရမှန်းမသိ အတန်ကြာရပ်နေမိသည်။ ကောင်မလေးကလည်း တုတ်တုတ်မလှုပ် ၊ ဒီလိုဆိုမဖြစ် တစ်ခုခုတော့ လုပ်မှဖြစ်မည်။ ကိုယ်ကယောက်ကျားလေးပဲ ကိုယ်ပဲ စခေါ်လိုက်မယ်ဆိုပြီး စိတ်ဆုံးဖြတ်ချက်လိုက်ကာ ဂျူး ဆိုပြီး အသံခပ်အဲ့အဲ့နဲ့ ခေါ်လိုက်သည်။ အသံက ကျယ်ကျယ်ခေါ်လိုက်ပေမဲ့ တိုးတိုးလေးသာ ထွက်သွားသည်။ သူမ မကြားပါ ။ နောက်တစ်ကြိမ် နဲနဲအားထည့်ကာ ထပ်ခေါ်လိုက်သည်။
ဂျူး…
ရှင် … ဟင်..မောင် ရောက်လာပြီလား ။
မင်းထက်ရဲရင့် ရင်ထဲအောင့်တက်တက် ဖြစ်သွားသည်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ချစ်သူက ဓာတ်ပုံထဲကနဲ့ တစ်ခြားစီဖြစ်နေသည်။ အသားက ခပ်ညိုညို သနပ်ခါး ပါးကွက်ကြားနှင့် သွားလေးက နဲနဲခေါချင်သည်။ သူမက လှိုက်လှိုက်လှဲလှဲ ပြုံးပြပေမဲ့ မင်းထက်ရဲရင့်လည်း အားနားစွာ ပြန်ပြုံးပြလိုက်ရသည်။
မောင် … လာထိုင်လေ …
အင်း …
ချစ် မောင့်ကို စောင့်နေတာ …
အင်း ဆောရီးနော် နဲနဲနောက်ကျသွားတယ်
ရပါတယ် … ကဲ ဘုရားဖူးရအောင်လေ
အင်းသွားကြတာပေါ့ …
မင်းထက်ရဲရင့် အလိုက်သင့် ပြောဆိုဆက်ဆံနေပေမဲ့ ရင်ထဲမှာလေးပင်နေသည်။ အမှန်ဆို ကိုယ့်ချစ်သူနှင့် အတူတွေ့ဆုံရတာ ပျော်ရွှင်ကြည်နူးနေရမည်မလား။ ခုတော့ အပြင်ပုံစံနဲ့ ဓာတ်ပုံထဲက ပုံစံ တစ်ခြားစီဖြစ်နေလို့ သူဘယ်လိုမှ မပျော်နိုင် ၊ သူမျော်လင့်ထားသော သူ့ချစ်သူက ဖွေးဖွေးနုနု ၊ ကဗျာဆန်ဆန်လေး ဖြစ်သည်။
နှစ်ယောက်အတူတူ ဘုရားဖူးပြီး ဘုရားရင်ပြင်တွင် လမ်းလျှောက်ကြသည်။ ကောင်မလေးကတော့ စကားတွေ တစ်တွက်တွက်ပြောသည်။ သို့ပေမဲ့ မင်းထက်ရဲရင့် မကြားပါ ။ ဘယ်လိုစကားကို ရှောင်ပြောပြီး နှုတ်ဆက်ရမလဲသာ စဉ်းစားနေလေသည်။ ထိုစဉ် အချိန်ကိုက် သူငယ်ချင်းဆီမှ ဖုန်းလာလေသည်။
အေးသူငယ်ချင်းပြော …
ဘာ …..
အမေ အဲ့ဆီးဒန့် ဖြစ်လို့ဟုတ်လား ….
အေး … ခုငါလာပြီ ….
တစ်ဖက်မှ သူငယ်ချင်းက ကြောင်သွားကာ မင်းဘာတွေပြောနေတာလဲ ဟု ပြောနေပေမဲ့ မင်းထက်ရဲရင့် မသိဟန်ဆောင်ကာ ဖုန်းကို ဇွတ်ချလိုက်သည်။
ဂျူးရေ ….
ကိုယ့်အမေ အဲ့ဆီးဒန့် ဖြစ်လို့တဲ့ အခုသွားလိုက်အုန်းမယ်နော် ….
ဟာ ဟုတ်လား အဲ့ဒါဆို ဖြေးဖြေးသွားနော် တကယ်လို့ ဟိုရောက်ရင် အဆင်ပြေမပြေ ဖုန်းဆက်အုန်းနော်
အင်း ပါ … ကိုယ်သွားပြီနော်
×××
သူငယ်ချင်းတွေကို သူ့ရဲ့ စူပါဆန်းဒေးနေ့က ဖြစ်စဉ်တွေကို အားပါးတရပြောပြပြီး မင်းထက်ရဲရင့် တစ်ယောက် စိတ်လွတ်ကိုယ်လွတ် ရယ်နေလေသည်။ တစ်ခြား သူငယ်ချင်း များလည်း ယောယောင်ကာ ၀ိုင်းရယ်ကြလေသည်။ သို့ပေမဲ့ မင်းလွင်ကတော့ မရယ်
ခပ်တည်တည် သာနေလေသည်။ သူတို့ အားရပါးရရယ်ပြီးချိန်တွင်တော့ မင်းလွင်က စကားဆိုလေသည်။
မင်းတို့ကွာ ကိုယ့်ကို ယုံကြည်လို့လာတွေ့တဲ့ မိန်းခလေးသိက္ခာကိုမှ မထောက်ပဲ ရယ်မောနေလိုက်ကြတာ မင်းတို့ ဒီလိုရယ်မောနေတာကို ဟိုမိန်းခလေးများသိသွားရင် ဘယ်လောက်ထိ ခံစားရမလဲ ။ မင်းတို့ နှမချင်း ကိုယ်ချင်းစာသင့်တယ်ကွာ ….
ငါတို့ကစတာပါကွာ မင်းကလဲဘာဖြစ်နေတာလဲ ….
မင်းတို့က စတယ်ဆိုပေမဲ့ ဟိုဘက်မိန်းခလေး ကလူသားလေ။ သူလည်း နာကျင်တက်မှာပဲကွ ၊ မင်းတကယ်မချစ်ပဲနဲ့ တစ်ဖက်သားကို မလှည့်စားသင့်ပါဘူးကွာ ….
အေးပါကွာ ငါလည်းကိုယ်ချင်းစာပါတယ် ။ ပျင်းလို့စတဲ့သဘောနဲ့ပြောတာပါ ၊ ခုလည်းသူနဲ့ အဆက်သွယ်မလုပ်တော့ဘူး …
ဘာ … အေးမင်းကသာ လွယ်နေ။ ဟိုဘက်က ရောဂါတစ်ခုခု ဒါမှမဟုတ် သိပ်ပြီး စိတ်နုတယ်ဆိုရင် ကိုယ့်ကိုယ်ကို သက်သေတာတွေဖြစ်နိုင်တယ်နော် …
ဟာမင်းပြောမှပဲ ငါကလူသက်ကောင်ကြီး လုံးလုံးကိုဖြစ်ရော …
ငါကသဘောပြောတာ ပါကွာ …
အပိုင်း ၂ ဆက်ရန် >>>
ဖတ်ရှူပေးပါသော စာဖတ်ပရိတ်သက်များကို
အထူးကျေးဇူးတင်လျှက် ....
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author KoKoMoeHein @myanmarkoko
Photos credit >> google images
MSC no.118
တော်သေးတာပေါ့
မောင် ဆိုပြီး ယောကျားသံကြီးထွက်မလာလို့ 😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး... ကြောက်ပါနဲ့ မိန်းခလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟာ အရေးအသားက ရှယ်ပဲ အစ်ကိုရေ။btw ကျွန်တော်လဲ တစ်ခါတစ်လေ သူငယ်ချင်းတွေကြားမှာ မင်းလွင် လိုပြောချင်ပေမဲ့ပါးစပ်ကပြောမထွက်ဘူးဗျာ။"ဟိုစော်ကငါနဲ့ဘာညာ" ဆိုပီး တစ်ဖက်သားကိုမငဲညှာပဲပြောနေပေမဲ့ သူတို့ကို ဆုံးမစကားတစ်ခါမှမပြောခဲ့ဖူး။ပြောလဲမရလို့ ။အပိုင်းဆက်လေးလဲစောင့်နေမယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်းနှစ်ဆက်ပါဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဆက်ပါ့မယ်ဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝိုး ရေးထားလိုက်တာ good ဗျာ
အရေးသားတွေ အကျတယ် ကိုကိုမိုးဟန်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူး ကိုအောင်ရေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်ရလေခြင်း အကျိုးမှာ
ဘယ်သူ့မှာအပြစ်ရှိတယ် ထင်လဲဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ပိုင်းကျ သိရမပေါ့ဗျာ ဟီး...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမေကတော့အသက်ရှည်တော့မှာအသေချာပဲဗျို့😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး ခုခေတ် မိခင်တွေကတော့ လူငယ်တွေရဲ့ပါးစပ်မှာ ခနခနဖျားနေရတယ်ဗျာ ...ကိုစိုးရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မတွေ့ချင်တာနဲ့ဘဲ အမေက ကြားညှပ်အက်ဆီးဒန့်ဖြစ်ရတယ် စာရေးတဲ့ထဲမှာ (သောက်ပိုတွေဆိုတဲ့ စကားလုံးအစား အပိုတွေဆိုရင်ပိုကောင်းမယ်ထင်တယ် အဲဒီစကားလုံးက စကားပြောလဲမဟုတ်တော့ ရိုင်းသလိုထင်ရတယ်ဗျ)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟု ပြင်လိုက်ပါ့မယ် ကိုသန့်ရေ... ပြောပြပေးလို့ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးအသားကတော့ လေးစားပြီလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကိုလင်းရေ ... ကိုလင်းတို့ကို အားကျလို့ရေးထားတာပါ ဟီး....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကို မင်းထက်ရဲရင့်လား ၊ ရှိတယ်နော် mscမှာ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး နာမည်တူများရှိရင် Credit ပေးပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချစ်စစ်ရဲ့အလှတရားက
မေတ္တာ ဖြူစင်ဖို့ လိုမယ် ထင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပဲပေါ့ ကိုဟိန်းရေ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်း 2 မျှော်နေတယ်ဗျိုး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကျေးဇူးပါ အကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်ရလေနော် အိမ်ကအမေတောင် အက်ဆီးဒန့်ဖြစ်ခိုင်းလိုက်သေးတယ် ဒိုးခပါပဲ😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး.... ဒီကောင်အကွက်ရွေ့တာ သိပ်လှတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြေးပေါက်တွေမှားနေတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ် ဒါပဲနော်က ဟုတ်ပါပီ
မွမွမွ က ဘာလုပ်တာလဲ😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး သူများတွေပြေကြတာပဲ ဘာသဘောလဲတော့သိဝူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း online ချစ်သူတွေ တော်တော်ခေတ်ထနေတာနော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူငယ်တွေအတွက် Facebook က မြားနက်မောင်လိုဖြစ်နေတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
G Talk
ခေတ်ကိုမှတ်မိ
တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အမှက်ရစရာလေးတွေပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အော် လူတွေ လူတွေ ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် Bro ဇော်ဝင်းထွဋ် သီချင်းဆိုနာလား ဟီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟာ အရမ်းကောင်းတဲ့ ဝတ္ထုပဲဗျာ အားပေးလိုက်ပါ၏
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ကိုညီရေ... ထပ်ကြိုးစားပါဦးမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရင်viberခေတ်များလားပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခေတ်တွေကလည်း အစုံပဲဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကွက်လေးတွေကစောင်ရမ်းမိုက်တယ်သိလား😝
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အကွက်ရွေ့တော်တယ်ဗျ ဟီး...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မင်းထက်ရဲရင့်က G2 က ဖေ့စ်ဘွတ်ခ်အကောင့်ဗျ copy ကူးတယ်ဆိုပြီး တရားစွဲခံနေရမယ် Ha Ha
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး... ဟုတ်လားမသိလိုက်ဘူးဗျ သွားပြီးcredit ပေးလိုက်ပါ့မယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းမွန်တဲ့ ပညာပေး စာပေတစ်ခုဖြစ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ညီရေ
အားပေးခဲ့ပါတယ်ကွာ
အကိုတော့ သခေါလေးနဲ့မတွေ့သေးဘူး😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကျေးဇူးပါ ကိုမိုးရေကြိုးစားရေးပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပြပုံကောအတွေးပါကောင်းတယ်၊ ယောက်ျားတို့အကြောင်းတစေ့တစောင်းမှာ ဒါမျိုးလေးရေးမလို့တွေးထားတာ ခုတော့ကိုယ်ရေးချင်တဲပုံစံပြည့်စွားပြီ၊ အားပေးပါတယ်။ စကားပြေပီပီသသဖြစ်အောင်ရေးပါ၊ ဘန်းစကားတွေကို စကားပြောထဲမှာပဲရေးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဆရာ ခုလိုလာရောက်အားပေပြီး အားနဲချက်တွေထောက်ပြပေးလို့ ကျေးဇူးပါဆရာ အကောင်းဆုံးဖြစ်အောင်ကြိုးစားရေးသွားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit