Do the job you love love the job you do

in myanmar •  7 years ago  (edited)

Do the job you love
Love the job you do

6362614817006802141062262455_quote.jpg
Photo credit from Google

သင်​ဟာ သင်​ချစ်​တဲ့အလုပ်​ကို ​ရွေးချယ်​မယ်​ဆိုရင်
တစ်​​နေ့လုံး သင်​အလုပ်​လုပ်​စရာမလိုပါဘူး......
ကွန်​ဖြူးရှက်

ကိုယ်​လုပ်​တဲ့ အလုပ်​ကို ချစ်​ပါ
ကိုယ်​ချစ်​တဲ့အလုပ်​ကို လုပ်​ပါ

ကိုယ်​ချစ်​တဲ့အလုပ်​ကို လုပ်​ပါ

လူတိုင်းကိုယ်​ချစ်​တဲ့အလုပ်​ကိုပဲ လုပ်​သင့်​ပါသည်​။ ကိုယ်​ကချစ်​လို့၊ နှစ်​သက်​လို့ သို့မဟုတ်​ ကြိုက်​လို့ လုပ်​တဲ့အလုပ်​တစ်​ခုက ဘယ်​​တော့မှ ​မောပန်းတယ်​ဆိုတာမရှိပါဘူး။ ဥပမာ- ကိုယ်​အရမ်းကြိုက်​လို့ဂိမ်းတစ်​ခုကို​ဆော့သလိုမျိုး၊ COC ဂိမ်း​ဆော့တယ်​ပဲထား​ပေါ​တော့ ကျွ​န်​​တော်​ဆိုရင်​ ထမင်း​မေ့ဟင်း​မေ့ကို ​ဆော့ကစားခဲ့သည်​။ War တိုက်​ဖို့ ဖုန်းဆက်​​ခေါ်ရတာနဲ့ ၊ အလုပ်​ထမင်းစားနားတဲ့အချိန်​​လေး အ​ပြေးအလွား upgrade မြင့်​ရတာနဲ့ အလုပ်ထပ်​ကို ပိုပြီး အလုပ်​ရှုပ်​​နေကြပါသည်​။ ထို့​ကြောင့်​ ​ပြောချင်​တာက ကိုယ်​လုပ်​တဲ့ အလုပ်​ကို လုပ်​ရင်​ ပိုပြီး​အောင်​မြင်​နိုင်​ပါသည်​။ ဘာဖြစ်​လို့လဲ ဆို​တော့ ကိုယ်​ချစ်​တဲ့အလုပ်​ကို လုပ်​တဲ့အတွက်​ ဘယ်​​တော့မှ ​ပေါ့​ပေါ့တန်​တန်​ မလုပ်​ပဲ ​သေ​သေချာချာ အ​ကောင်းဆုံး ကြိုးစားလုပ်​ကိုင်​ကြလို့ပဲဖြစ်​ပါသည်​။

ကိုယ်​လုပ်​တဲ့ အလုပ်​ကိုချစ်​ပါ

ကိုယ်​မချစ်​​ပေမဲ့ စိတ်​မဝင်​စား​ပေမဲ့ အလုပ်​တစ်​ခုကိုလုပ်​​နေရပြီဆိုရင်​လဲ ချစ်​နိုင်​​အောင်​ကြိုးစားရပါမည်​။ ဘာအလုပ်​ပဲဖြစ်​ဖြစ်​ သိမ်​ငယ်​စရာမရှိပါ။ " အလုပ်​ဟူသမျှ ဂုဏ်​ရှိစွ " တဲ့ အလုပ်​တိုင်းမှာ ဂုဏ်​ရှိပါသည်​။ ​နောက်​ဆုံးကုန်​ကုနိ​ပြောရရင်​ မစင်​ကြုံးရတဲ့သူမှာ​တောင်​ သူဂုဏ်​နဲ့သူရှိပါသည်​။ ဥပမာ - ကိုယ်​အိမ်​က ​ရေအိမ်​သာ ပြည့်​​နေတယ်​ဆိုပါစို့ မစင်ကြုံးတဲ့သူကို​ခေါ်ရမှာပဲ ၊ မင်းကမစင်​ကြုံးတဲ့​ကောင်​မို့ဆိုပြီး " ​ဟေ့​ယောင်​ မင်းငါ့အိမ်​က ချီးလာကြုံးစမ်း" ဆိုပြီး ​ခေါ်လို့မရပါ။တော်​ကြာ ရီး​တောင်​မကြုံး​ပေးဘူးဆိုမှ ကိုယ်​ပဲဒုက္ခ​ရောက်​မှာ။ ဟာသအဖြစ်​​ပြောတာပါ 😁။ ထို့​ကြောင့်​ ကိုယ်​မချစ်​တဲ့ အလုပ်​ကိုလုပ်​​နေရပြီဆိုရင်​လည်း ချစ်​တက်​လာ​အောင်​ ကြိုးစားသင့်​ပါသည်​။ တ​ဖြေး​ဖြေး ကိုယ်​ဒီအလုပ်​ကို ချစ်​လာပြီဆိုရင်​​တော့

*** ​အောင်​မြင်​မှုက သင့်​လက်​တစ်​ကမ်းမှာပါ ***

ကိုကိုမိုးဟိန်း

သစ်​အယ်​သီး

Written by @kokomoehein
MSC no.118

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်တော့ ကျေမယ် သဘောကျမယ် မတွယ်တာဘူးဗျ ပိုကောင်းတာရှိရင် ပြောင်းဖို့ အသင့်ပဲ

ဟုတ်​ ကိုယ့်​အတွက်​အခွင့်လမ်း​ကောင်း​တွေကိုလည်း ရယူတက်​ရပါမယ်​ဗျ

ကိုယ်ချစ်တဲ့အလုပ်ကို မလုပ်နိုင်သေးရင်
ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးနိုင်ဖို့ကြိုးစား
သင့်ပါတယ်။

ဒါ​ကြောင့်​ Steemit ကိုလည်းချစ်​မြတ်​နိုးစွာလုပ်​ပါသည်​။

Yes...အောင်မြင်ခြင်းရဲ့ လမ်းစပါ..

Good post.

ကျေးဇူးပါ sis

right

Thanks

သင်လုပ်တာကို သင်ချစ်ပါ
သင်လုပ်ရတာ ပျော်လာပါလိမ့်မယ်
ပြီးတော့ သင် အောင်မြင်မှာပေါ့

အမှန်​ပဲ​ပေါ့ bro

Good တယ်​အကို အား​ပေး ​နေတယ်

ကျေးဇူးပါ အကို

Right

Thanks bro

Wow. That's amazing. Confucius thinking in plain English: "Do the job you love. Love the job you do." What job do you do?

Thank you for your comment I appreciate it, and I do cleaning- Hotel staff.

Great!! I have been moved by happy hotel staff that love their job and their guests. Glad to know you.

You too,thank you