ညီလေးသို့ပေးစာ (၁)

in myanmar •  7 years ago  (edited)

ညီလေးသို့ပေးစာ (၁)

boys-brother-childhood-551579.jpg

ညီလေးရေ...
ဘဝဆိုတဲ့ ခရီးရှည်ကို လျောက်လှမ်းရတဲ့အခါ မိတ်ဆွေစစ်နဲ့
မိတ်ဆွေတုကို ခွဲခြားသိမြင်ပါလေ။ မိတ်ဆွေတုတွေက ညီလေး
အဆင်ပြေနေတဲ့အချိန်မှာသာ အပေါင်းဖော်လုပ်တက်ကြတယ်။
မိတ်ဆွေစစ်တွေကတော့ ညီလေး ဘေးဒုက္ခ ရောက်နေချိန်မျိုးမှာ
ကူညီဖေးမတက်ကြပြီး အားပေးနှစ်သိမ့်ကြလိမ့်မယ်။

ညီလေးရေ...
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုထားရှိပါ။
အဲ့ဒီရည်မှန်းချက်ကလည်း ညီလေးဘဝနဲ့ကိုက်ညီတဲ့
ရည်မှန်းချက်မျိုးဖြစ်ပါစေ။ " ရတာမလို၊ လိုတာမရ " မဖြစ်ရလေအောင် ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် ရယူနိုင်တဲ့
ရည်မှန်းချက်မျိုးကိုထားရှိပါ။

ညီလေးရေ...
လူငယ်တို့သဘာဝ အပျိုလူပျို ချစ်ကြကြိုက်ကြတဲ့အခါ
အရမ်းလှတဲ့မိန်းခလေး ၊ အရမ်းထက်တဲ့မိန်းကလေးမျိုးကိုရှောင်ပါ။
နှလုံးသားအလိုကိုလည်း အရမ်းမလိုက်နဲ့ ၊ ဦးနှောက်ကိုလည်း
အရမ်းမသုံးနဲ့ အရာရာကို ချင့်ချိန်ဆုံးဖြတ်ပြီး ချစ်တက်ပါစေ။

ညီလေးရေ...
အပြောကျယ် လှတဲ့ လူ့လောကကြီးဟာ သင်ယူစရာတွေနဲ့
ပြည့်နပ်နေတယ်။" Learn or Die " သင်ယူမလား သေမလား
လို့တောင် ဆိုစမှက်ပြုနေကြပြီ။ ဒါကြောင့် တက်နိုင်သမျှ ကိုယ်ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်မှာ အမြဲသင်ယူလေ့လာနေပါ။
ဒါဆိုရင် သင်ယူမှုက ဘယ်အချိန်ထိသင်ယူရမှာလဲ? ။
ကိုယ်သေဆုံးချိန်ထိသင်ယူရမှာပါ။ အောင်မြင်သူနဲ့ရှူံးနှိမ့်သူတွေရဲ့
ကွာခြားချက်ကတော့ သင်ယူမှုပဲဖြစ်တယ်။ လူတိုင်းကတော့ အရှူံးနဲ့
ကြုံဖူးကြပါလိမ့်မယ်။ အောင်မြင်သူတွေက အရှူံးကနေ ပြန်ပြီးသင်ယူကြတယ်။ ရှူံးနှိမ့်သူတွေက စိတ်ဓာတ်ကျပြီး ဖြစ်ချင်ရာဖြစ်နေ
တက်လိုက်ကြတယ်။ အဲ့ဒါကြောင့် ဘဝမှာ အောင်မြင်မှုတွေရချင်တယ်ဆိုရင်အမြဲသင်ယူလေ့လာနေပါ ညီလေးရေ...

design-expression-learn-247819.jpg

Photos >>Pexels

ကျွန်တော့်ညီလေးကိုရည်ရွယ်ပြီး ရေးသားလိုက်ရခြင်းဖြစ်ပါတယ်...
ဒါကတော့ ကျွန်တော့်ညီလေးsteemit account ဖြစ်ပါတယ်

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Written by KoKoMoeHein @myanmarkoko

MSC no.118

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်းထက်​တဲ့မိန်းက​လေးကိုဘာလို့​ရှောင်​ခိုင်းတာလဲဟင်​😌😌

မိန်းခလေးဆိုတာ ယောကျာင်္းရဲ့အုပ်စိုးမှု အောက်မှာရှိသင့်ပါတယ်
ကျနော့်ရဲ့အမြင်ပေါ့😁
မိန်းမက အရမ်းထက်လွန်းရင် အိမ်ထောင်ရေးအဆင်မပြေတာတွေ
တွေ့ရတယ်ဗျ

ဟုတ်တယ်အကို

You got a 50% upvote from @aungzawhtwe courtesy of @myanmarkoko as the promotion of @steempowergroup1 .

ကျေးဇူးပါ ကိုထွေးရေ

သင်​ယူ​လေ့လာ​နေပါ့မယ်​ ကိုကို☺

ဟုတ် ဖိုက်တင်း ကိုအောင်ကြီးရေ

Life is long learning. I must be learning through the whole life.

Yep... shall we share knowledges each other.
Thanks @billionairehein

မိုးဟိန်းရေ မင်းမှာရေးလက်ရှိတယ်၊ အစွမ်းတွေရှိမှန်းမသိလို့ပဲလား ထုတ်မသုံးသေးတာကိုမြင်နေရတယ်။

ဟုတ် ဆရာ အစွမ်းကုန် ကြိုးစားသွားပါ့မယ်
ဆရာ့ရဲ့ အားပေးမှု တွေ အလကားမဖြစ်စေရပါဘူး....