ညီလေးသို့ပေးစာ(၂)

in myanmar •  7 years ago  (edited)

အပိုင်း(၁) အားဖတ်ရှူရန် ဤနေရာအားနှိပ်ပါ

black-and-white-blur-boy-392027.jpg

ညီလေးသို့ပေးစာ(၂)

ညီရေ... ဆယ်တန်းအောင်စရင်းထွက်တဲ့နေ့ ဇွန်လ ၂ ရက်
နေ့ကအစ်ကို ရင်တွေအရမ်းပဲခုန်ခဲ့ရတယ်။ ညီလေးစာမေးပွဲ
အောင်ပါစေဆိုပြီး တစ်ဖက်သက်ဆုတောင်းတွေနဲ့
အောင်စရင်းမထွက်ခင်တစ်ပက်လောက်အလိုကတည်းက
ညအိပ်ယာဝင်တိုင်းဘုရားရှစ်ခိုးရင်း ဆုတောင်းမိခဲ့တယ်။
မြန်မာလူမျိုးတွေကလည်းအခက်သား ညီရေ...
" ဗိုက်အောင့်ကာမှ အိမ်သာလိုက်ရှာ "
( ချီးထွက်ကာမှ ချီးတွင်းရှာ) ဆိုသလို တစ်ခုခုဖြစ်ပြီဆိုမှ
အသည်းသန် ပြာယာခက်ကုန်ကြတော့တာပဲ။ အခုလည်း
ဆယ်တန်း အောင်စရင်းထွက်တော့မယ်ဆိုမှ ဘုရားတစ်ခါမှ
မသွားဖူးတဲ့လူက ဘုရားသွား လို့သွား၊ ဗေဒင်တွေဘာတွေ
မေးပြီး ယတြာ ချေတဲ့သူကချေ နဲ့ အလုပ်ကိုရှုပ်နေကြတော့တာပဲ။ဘာဖြစ်လို့လဲလို့ မေးရင်း
" ဆယ်တန်းက နတ်ကြီးတယ် "လို့
မဟုတ်တရုတ် ဖြေကြဦးမယ်။ တကယ်ဆိုရင် စာသင်နှစ်စ
ကတည်းက သင်ခန်းစာတွေအားလုံးကို အကြွေးမထားပဲ
တစ်နေ့စာ တစ်နေ့အပြီးကျက်မှက်မယ်ဆိုရင်
ဘယ်နတ်ကကြီးနိုင်မှာလဲ ဟုတ်ဘူးလား?။

business-computer-entrepreneur-7063.jpg

ညီရေ... ဂုဏ်ယူပါတယ်။ ဂုဏ်ထူးတွေမပါလည်း
အောင်တာကိုပဲ ကျေနပ်ပါတယ်။ တစ်ချို့ဆို ဂုဏ်ထူး ၄ ဘာသာပါပြီးတစ်ဘာသာထဲနဲ့ ကပ်ပြီးကျတာလည်း ဖေ့ဘွစ်မှာ ပလူပျံလို့လေ။
ကဲ... အခုဆို ညီ့ဘဝမှာ အောင်မြင်မှုအကြီးစားတွေထဲက
တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီလေ။ ဒါကလည်း ညီရဲ့ မဆုတ်မနစ်
ကြိုးစားအားထုတ်ခဲ့မှုကြောင့်သာ အခုချိန်မှာ အောင်မြင်မှု
အသီးပွင့်တွေကို ခံစားနေရတာဖြစ်တယ်။ နောက်ထပ်လည်း
ရှေ့မှာ အောင်မြင်မှုတွေကဆီးကြိုနေပါတယ်။ နည်းမှန်
လမ်းမှန် ကြိုးစားပြီး ရယူဖို့ပဲလိုတာပါ။
"စာအုပ်စာပေ လူ့မိတ်ဆွ"
ဆိုတဲ့အတိုင်း စာပေကိုဆည်းပူးပါ။ ဗဟုသုတတွေကိုရှာဖွေပါ၊
လေ့လာပါ ညီရေ။

achievement-adventure-conifers-262404.jpg

ညီရေ... ဘဝဆိုတဲ့တိုက်ပွဲကို ရင်ဆိုင်ဖို့ ပညာဆိုတဲ့
လက်နက်ကိုရအောင်ယူထားပါ။ သို့ပေမဲ့ ပညာတက်ပြီး လူမှိုက်၊ လူ့ချဉ်ဖက်မဖြစ်ရအောင် ကောင်းသော စိတ်နေစိတ်ထားတွေကို မွေးမြူနိုင်ဖို့ကပိုအရေးကြီးပါတယ်။
စာသင်ကျောင်းတိုင်းမှာ ချိတ်ဆွဲထားတဲ့
ဆောင်ပုဒ်လေးတစ်ခုရှိပါတယ် ဘာတဲ့
" စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ဆိုပြီးတော့လေ။ စိတ်ဓာတ်က
ရှေ့ဆုံးမှာ၊ နောက်မှ စည်းကမ်း၊ ပြီးမှ ပညာ။ ပညာကို
နောက်ဆုံးမှာရေးထားတယ်။ ဟုတ်ပါတယ် စိတ်ဓာတ်က
အရမ်းအရေးကြီးပါတယ်။ ပညာတက်ပြီး စိတ်ဓာတ် သေးသိမ်ညံ့ဖျင်းတဲ့ လူတွေက အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။
လူတွေက အဲ့လိုလူမျိုးတွေကို
ဝေးဝေးကရှောင်လေ့ရှိကြတယ်။
အစ်ကို ကြားဖူးတဲ့ စကားလေးတစ်ခုရှိတယ်...
" ပညာရှိတွေမိုက်ပြီဆိုရင် ပြန်လိမ္မာဖို့ခက်တယ် " တဲ့
ဒါကြောင့်
စိတ်ဓာတ် ကောင်းဖို့ အရမ်းအရေးကြီးပါတယ် ညီရေ...

ညီရေ... နောက်ထပ် အရေးကြီးတာလေးတစ်ခုကို
မေ့မသွားနဲ့ဦးနော်။ အဲ့ဒါကတော့ မိဘကျေးဇူးပါပဲ။
" မိဘကျေးဇူးသိတက်တဲ့သားသမီး " ဘယ်တော့မှ
မဆင်းရဲဘူး။
ကဲ... စာလည်းရှည်သွားပြီမို့ ဒီမှာပဲရပ်လိုက်တော့မယ်။
မိဘကျေးဇူးသိတက်တဲ့သားကောင်း ရတနာလေးဖြစ်ပါစေ...

ချစ်လှစွာသောအစ်ကို
ကိုကိုမိုးဟိန်း

IMG_20180512_093130.jpg

Image credit >>>pexel free photos

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko

MSC no. 118

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စေတနာတွေအပြည့်နဲ့ ကမ်းလာတဲ့စာတွေပေါ့လေ အားပေးနေပါတယ်

ဟုတ်ကိုစော
ကျေးဇူးတင်ပါတယ်

စာမေးပွဲအောင်ဖို့ကိုပဲစာကြည့်မယ်ဆိုရင်ဘယ်တော့မှမအောင်နိုင်ဘူးဟေ့၊ အေးအတန်းထဲမှာသို့မဟုတ် ကိုယ်တတန်းလုံးမှာ ကိုယ်ထက်သာတဲ့သူမရှိအောင်ကြိုးစားရင်တော့ အောင်စာရင်းကြည့်မနေနဲ့၊ ကိုယ်မအောင်ရင်ဘယ်သူမှမအောင်ဘူး။

ဟုတ် အမှန်ပဲပေါ့ဆရာ အရာရာမှာ အကောင်းဆုံး ဖြစ်အောင်
ကြိုးစားရမှာပေါ့နော် 💪💪💪

Awesome. You really found a community in Indonesia to support you. Enjoy :-)

Congrats on the curie. You are a cool guy.

Yep I am a member of Myanmar Steemit
Community (MSC)@steem-myanmar.
And curie support my community.
Thank you @mineopoly.
Let's grow together.

စိတ်​ဓာတ်​ဆိုတာ လူတစ်​​ယောက်​ရဲ့တန်​ဖိုးလို့ပဲဆိုရမယ်

ဟုတ်ပါတယ်ဗျာ
စိတ်ဓာတ် ကောင်းဖို့အရေးကြီးပါတယ်

အောင်​ဆုံး​ရောက်​မှ ဖက်​ရတဲ့ စာတန်း​လေး အကြိုက်​ဆုံးပဲ၊
" မိဘ​ကျေးဇူးသိတတ်​တဲ့သားသမီး " ဘယ်​​တော့မှ မဆင်း​ရဲဘူး မှန်​တာ​ပေါ့ဗျာ...

ဟုတ် မိဘကျေးဇူးကို အစဉ်မြဲ ဦးထိပ်ပန်လျှက်ပါဗျ

ကိုယ်တွေ ဆယ်တန်းတုန်းက ဂိမ်းဆော့ပီးအောင်လာတာ ဟီး ဘာဂုဏ်ထူးမှတော့ပါဘူးရယ်။ :D

ဝိုး အရမ်းတော်ပဲ ကိုဆီဇာဆုပိုင်မင်း...
Con con... 😍😍😍

ဆယ်တန်းတော့အောင်လာပြီ မိဘကျေးဇူးတွေနဲ့
ရှေ့ဆက်လှမ်းကြပါစို့ ညီအကိုတွေ

ဟုတ် လျှောက်လှမ်းကြတာပေါ့ဗျာ

ပညာတတ်ဖို့ထက် စိတ်နေစိတ်ထားမြတ်ဖို့က ပိုအရေးကြီးပါတယ်

အမှန်ပဲ ကိုဟိန်း
ပညာတက်ပြီး စိတ်ထားမကောင်းတဲ့လူတွေ လုပ်ငန်းခွင်ထဲမှ
တော်တော်များများတွေ့နေရတယ်

အစ်ကိုကြီးပီသတာဗျာ ၊ဗိုက်အောင့်ကာမှ အိပ်သာလိုက်ရှာဖြစ်နေတယ် အိမ်သာဖြစ်ရမှာလားလို့

ဟုတ် ပြင်လိုက်ပါပြီ အကိုရေ
ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါအကိုရေ...

ဆက်လက်ပြီး ရည်မှန်း ချက်တွေကို
အကောင်ထည်ဖော်ပါ ညီရေ

မိဘကျေးဇူးသိတက်ရင်တော့ မဆင်းရဲပါဘူး
ဒါနဲ့ ဘယ်ညီကိုပြောတာလည်းမသိဘူး😁😁
ဂုဏ်ထူးထွက်ပြီး ဆယ်တန်းကျတဲ့တစ်ယောက်ကလည်း စဉ်းစားလို့ကိုမရဘူး🙉🙉

ကျနော့်ညီလေးပါဗျ
@skylayပါ...

သိပါဘူး ဖေ့ဘွတ်မှာတော့ ဂုဏ်ထူးတွေပါပြီး တစ်ဘာသာထဲနဲ့ကပ်ကျတာတွေ ပလူပျံလို့ပဲ😁😁😁