Steemit ကျေးဇူး

in myanmar •  6 years ago 

bank-notes-blur-close-up-164474.jpg

အခုတလော ကျွန်တော်တစ်ယောက် အလုပ်ရှုပ်လို့နေပါတယ်။
ကျွန်တော့်ထက်ပိုပြီး အလုပ်ရှုပ်သူက ကျွန်တော့်ဖုန်းပဲဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခုတလော ဖရီးဖရီးဆိုပြီး ဖေ့ဘွက်ပေါ် တွေ့တွေ့နေရတယ်။ ဒီတော့
သူများ ဖရီးဆိုတော့ ကိုယ်လည်းလိုက်ဖရီးကြည့်တာ ခေါင်းကိုက်သွားတယ်။

ဒါနဲ့ ဟိုပြောင်းဒီပြောင်း မျောက်အုံးသီးကိုင်ထားရသလိုပဲ...
ဘာတွေမှန်းတော့မသိပေမဲ့ ပညာရသားဗျ။

ဝဲလတ် တွေလျောက်လုပ်၊ ဟိုပြောင်းဒီပြောင်း 2 စတင်းလောက်
ကုန်သွားတယ်။ သို့ပေသိ ကွိုင်တွေကို ဘယ်လိုချိန်းရတယ်ဆိုတာတော့ နဲနဲသဘောပေါက်လာတယ်။
အရင်က ဘလော့ဒရိတ် နဲ့ပက်သက်လာရင် နဲနဲတောင်ခြေမဆန့်ကြည့်မိဘူး။

ကိုဂျွန်ရေးသားခဲ့တဲ့ ဖုန်းအကြောင်းပို့စ်လေးထဲကလိုပေါ့။
ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ရင် ဘာမှမဟုတ်တဲ့လူပဲဖြစ်မှာပေါ့။
ဒီလိုပဲ စမ်းကြည့်ရင်း လုပ်ကြည့်ရင်း နဲ့ Steem ကနေ ETH ပြောင်း
၊ ETH ကနေ Steem ပြောင်းလိုက်နဲ့ ကြားထဲက fee ကြေးကောက်တာနဲ့ 2Steem ပြောင်တော့မလို့ ဒါနဲ့လက်ကျန်လေးကို Steem ပြန်ပြောင်းပြီးထားလိုက်တယ်။ အချိန်လည်းကုန် လူလည်းခေါင်းစားရပေမဲ့ ကျေနပ်ပါတယ်။ ဘာဆိုဘာမှမသိခဲ့တဲ့
အရာတွေ နဲနဲတော့သိလာတာပေါ့။

buy-cash-coins-9660.jpg

အစက ဒီပိုးမရှိဘူးဗျ။ ကိုဘီလီယံနာဟိန်းက ညီရေ ဒါလေးကောင်းတယ် လုပ်ထားကြည့်ဦး။ ဟိုလေးကလည်း မဆိုးဘူးပြောတယ် လုပ်ထားဦး ဆိုတာနဲ့ လိုက်လုပ်ရင်းနဲ့ အွန်လိုင်းမန်းနီးကို စိတ်ဝင်စားမှန်းမသိဝင်စားလာခဲ့ပါတော့တယ်။
Steemit မှာစာရေးစတုန်းကတော့ အွန်းလိုင်းမန်းနီးဆိုတာဘာမှန်းမသိ၊ စာရေးရတယ်ဆိုလို့ ပြီးတော့
ပိုက်ဆံလည်းရတယ်ဆိုတာနဲ့ စိတ်ဝင်စားကာ စတီးမစ်ရွာကြီးပေါ်ရောက်ခဲ့တယ်။

ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့အရာတွေ ကြားခဲ့ရတယ်။
ကျွန်တော် တစ်ခါမှ မမက်ဖူးတဲ့ အိပ်မက်တွေ မက်ခဲ့တယ်။
ကျွန်တော် တစ်ခါမှ မပျော်ဖူးတဲ့ အပျော်တွေ ရခဲ့တယ်။

ယခုလို အသိပညာရော ဗဟုသုတ တွေရောတိုးပွားလာခဲ့ရတော့
Steemit ကိုကျေးဇူးတင်မဆုံး ဖြစ်မိပါတယ်။
ဒီထက်ပိုပြီးကျေးဇူးတင်ရမဲ့သူများကတော့ MSC leader ကိုဟင်နရီ၊ ဆရာတင်လှိုင်ဦး နှင့် MSC admin များ၊ ပြီးတော့
MSC မန်ဘာများဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

မနေ့ညကကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက နေတိုးပြောသလိုပြောရမယ်ဆိုရင် -
ကျေးဇူးသိရင် အဲ့ကျေးဇူးကို ပြန်ပြီးဆပ်ရမယ်တဲ့။

အဲ့ဒါကြောင့် ကျွန်တော့် ပေါ်မှာ ကျေးဇူးကြီးလှသော MSC အပေါ် ပြန်လည်ကာ ကျေးဇူးဆပ်နိုင် အောင်ကြိုးစားသွားပါ့မယ်ဗျာ။

image.png

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Author - KoKoMoeHein @myanmarkoko

MSC no. 118

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good

ဟုတ် ကျေးဇူးပါဗျ

SP တစ်သိန်း မြန်မြန်ပြည့်စေကွာ😁😁😁

အဲ့ဒီဆုအပြည့်ချင်ဆုံးပါ ကိုဟိန်းရေ 😍

သိရင် မျှဝေပေးဖို့လည်း မမေ့ပါနဲ့နော်

ဟုတ် မျှဝေပေးပါ့မယ်ဗျ

သစ်အယ်သီးရေ နာ့ဖုန်းလဲငိုနေပီ

ဟုဟု နဲနဲတော့ အနားပေးဦးမှ 😁