မြန်မာ့သင်္ကြန် နှစ်သစ်ဆုတောင်းနှင့် ကျွန်တော်၏ခံစားချက်

in myanmar •  7 years ago 

မြန်မာနိုင်ငံရဲ့ သင်္ကြန် နှစ်သစ်ကူးပွဲတော်ကြီး ကို တစ်နိုင်ငံလုံး
နေရာအနှံ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။
မြန်မာနိုင်ငံသူ ၊ နိုင်ငံသားအားလုံးကလည်း ရုံးပိတ်ရက်ရ၍ အိမ်ပြန်သူကပြန်၊ နယ်မြို့လေးကိုစွန့်ပြီး မြို့ကြီးပြကြီးမှာ အလုပ်လုပ်နေရသူများကလည်း ခွင့်ရက်ရှည်ယူကြပြီး မိမိနယ်များသို့ ပြန်ပြီး မိသားစုများနှင့် ပြန်လည်ဆုံတွေ့ကြပြီး
ဝမ်းသာပီတိဖြစ်နေကြပါသည်။
FB_IMG_1458303841032.jpg
Photo credit

သို့ပါသော်လည်း အလုပ်ကိုအရမ်းချစ်၍လား ၊ အလုပ်မလုပ်ပဲ
မနေနိုင်ကြ၍လားမသိ ၊ ဟိုတယ်တွင် အလုပ်လုပ်ကိုင်နေကြ
သော ဝန်ထမ်းများမှာတော့

" ဂျူတီချိန်ဟာ ဂျုတီပါ ဝတ္တရား မပျက်ကွက်ပါ "

ဆို့တဲ့သံချပ်လေးရွက်ရင်း လုပ်ငန်းထဲတွင် အလုပ်ကိုကြိုးစား
လုပ်ကိုင်နေကြသည်။ အများသူငှါများ အော်ဟစ်ပျော်ပါးနေချိန်၊
ချစ်သူ သမီးရည်းစားတွေ ရေပက်ကစားနေချိန် တွင် နာရီတကြည့်ကြည့်နှင့် အလုပ်လုပ်နေရသူများမှာ
ဟိုတယ်ဝန်ထမ်းများသာဖြစ်ပါသည်။

အများသူငှါတွေကို အားကျစိတ်ကြောင့် ရင်ထဲတွင် ဂုလုဂုလု
ဖြစ်နေပါသော်လည်း -

လူဆိုတာအမြဲ....ယုံကြည်ရာတစ်ခုတွက်

အသက်ကိုတောင် စတေးကြတာပဲ....

လေးဖြူရဲ့သီချင်းလေးလိုပဲ ကိုယ်ယုံကြည်ရာ
ကိုယ်ရှင်သန်ရာ ဘဝလေးတွင် ကျေနပ်နေသူများမို့
အပြုံးမပျက်ကြသူများမှာလည်း ဟိုတယ်ဝန်ထမ်းများသာ
ဖြစ်ပါသည်။
2.jpg
Photo credit

ထိုမျှမက ဟိုတယ် ဆိုတာ-

မီးခိုးမထွက်သောစက်ရုံ (သဘာဝ.ပတ်ဝန်းကျင်ကိုမထိခိုက်စေသော)

ဘယ်တော့မှာ အိပ်စက်ခြင်း၊ အနားယူခြင်းမရှိသော
စက်ရုံ ( ဟိုတယ်မှာ လုပ်ရင် တသက်လုံး အလုပ်လုပ်ရမယ်😁
သို့ပေမဲ့တခြားခံစားခွင့် အများအပြားကိုလည်းပေးထားပါတယ်)

ငွေကို ဖြူဖြူစင်စင် အသန့်ရှင်းဆုံး ရရှိသော လုပ်ငန်း
( လူတွေကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးပြီး လုပ်ကိုင်ရသည်)

CabInn_Aalborg_029_0(1).jpg
Photo credit

ထို့ကြောင့် မိမိအလုပ်ကို ဂုဏ်ယူကြသော ဝန်ထမ်းများမှာလည်း
ဟိုတယ်ဝန်ထမ်းများသာ ဖြစ်သည်။

အများသူငှါတွေလို မပျော်နိုင်မလည်နိုင်ပေမဲ့လည်း နှစ်သစ်ကူးအချိန်အခါမို့ ဆုတောင်းမေတ္တာပို့ပေးသော စိတ်ထားများကတော့ ရင်ထဲတွင်အပြည့်ပေ။

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး နှစ်သစ်မှာ
စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး
လည်ပက်ကြရာတွင်လည်း အန္တရယ်ကင်းရှင်းပြီး ပျော်ပါးနိုင်ကြပါစေလို့ ဟိုတယ်ဝန်ထမ်းဖြစ်သော
ကျွန်တော် မောင်ကိုကိုမိုဟိန်းမှ
ဆုတောင်းမေတ္တာပို့တ လိုက်ရပါသည်။

IMG_20180414_093029.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး

Author -KoKoMoeHein @myanmarkoko

MSC no.118

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အလုပ်​ကိုတန်​ဖိုးထား​လေးစားလို့ဂုဏ်​ယူပါတယ်​ရှင်​။

ဟုတ် ကျေးဇူးပါ မအိရေ

အလုပ်ဟူသမျှ ဂုဏ်ရှိစွပါဗျာ။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုလုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ကြရမှာပါပဲ။

ဟုတ် အကောင်းဆုံးကြိုးစားသွားပါ့မယ်ဗျ

Happy in work!!!

ကျေးဇူးနော် လာအားပေးလို့

ဂုဏ်ယူပါတယ်ဗျာ

ကျေးဇူးပါ ကိုစောရေ

ဟုတ်ကဲ့ ခံစားရပါတယ်ဗျ

ကျေးဇူးပါ ကိုညီညီထွန်း
ဖိုက်တင်းဘာလို့

ဂုဏ်​ယူပါတယ်​ ကိုကိုမိုးဟန်​​ရေ

ဟုတ် ကျေးဇူးပါ ကိုအောင်ကြီးရေ