ယခင် ပုဂံ၊ ရွှေစက်တော် ဘုရားဖူးခရီးစဉ်အဆက် ….
4 march, 2018 မနက် ၄နာရီလောက်တွင် ကျွန်တော်တို့ဘုရားဖူးအဖွဲ့သားများအားလုံး အိပ်ယာထကြကာ ပုဂံရှိနာမည်ကြီးဘုရားများကို ဖူးမျော်ဖို့ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြပါသည်။ စာရေးသူတို့ ဘုရားဖူး အဖွဲ့ခေါင်းဆောင်မှ ယနေ့သွားဖူးမျော်မိ ဘုရားစေတီများနှင့် ပတ်သတ်ပြီး အကျဉ်းချုပ်ပြောပြပါသည်။
" ကျွန်တော်တို့ ဒီနေ့ ဘုရားလေးဆူကို အရင်ဆုံးသွားရောက်ဖူးမျော်မှာဖြစ်ပါတယ်။ အဲ့ဒီဘုရားတွေကတော့ တန့်ကြည်တောင်စေတီ၊ တူရင်းတောင်စေတီ၊ ရွှေစည်းခုံစေတီ၊ ဗူးဘုရား ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဘုရားလေးဆူကို နေ့လည် ၁၂ နာရီမထိုးခင် အပြီးဖူးမျော်နိုင်ရင် ကိုယ်လိုရာ ဆုတောင်းပြည့်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဒီဘုရားလေးဆူကို အရင်ဆုံးဖူးမျှော်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်တွင်တော့ ကျန်ရှိတဲ့တန်ခိုးကြီးဘုရားတွေကို ဆက်လက်ဖူးမျော်မှာဖြစ်တယ်။ ကဲ…. ကျွန်တော် ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ဒီတော့ ဘုရားဖူးခရီးစတင်မထွက်ခင်မှာ အနရယ်ကင်းအောင် သရဏဂုံ တင်ကြရအောင် " …
သရဏဂုံတင်ပြီးနောက် ဘုရားဖူးခရီးစတင်ခဲ့ပါသည်။ မနက်အစောကြီးဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင်ကိုတော့ ဘာမှမမြင်ရပေ။ ၁၅ မိနစ်လောက်ကားစီးပြီး နောက်တွင် ဗူးဘုရားသို့ရောက်ရှိလေသည်။ ။ ဗူးဘုရား မှာ ဧရာဝတီမြစ်ကမ်းနဘေးတွင်တည်ရှိသောကြောင့် တိုက်ခက်သောလေများက သန့်ရှင်းလတ်ဆက်လှသည်။ မနက်ခင်းအာရုံလာ၍ အမှောင်ထုလည်းပျောက်ကွယ်စပြုလာပြီဖြစ်သဖြင့်ဧရာဝတီမြစ်ကမ်းအလှကို တ၀ကြီးကြည့်ရှူခံစားခဲ့ကြပါသည်။
ဗူးဘုရားကို ပျူစောထီးမင်းတည်ခဲ့ပြီး၊ ထိုခောတ်ခါက ဗူးပင်များမှာ ဒုက္ခပေးသောကြောင့် ပျူစောထီးက သုတ်သင်ရှင်းလင်းနိုင်ခဲ့သောကြောင့် ထိုနေရာတွင် ဘုရားတည်ခဲ့ပြီး ဗူးပင်များကိုအစွဲပြုပြီး ဗူးဘုရားဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။
Photo >>ဗူးဘုရား
တဖြူးဖြူးတိုက်ခက်နေသောလေညင်းများနှင့် ဧရာဝတီမြစ်ကမ်းအလှကို တ၀ကြီးခံစားပြီးနောက်တွင် မနက်စာကို ဗူးဘုရားနားတစ်ဝိုက်မှ ဈေးတန်းလေးမှာပဲ အသုတ်စားသူကစား၊ မုန့်ဟင်းခါးသောက်သူက သောက်နှင့် မနက်စာ ဗိုက်ဖြည့်ခဲ့ကြပါသည်။
မနက်စာစားပြီးနောက်တွင် တန့်ကြည်တောင်စေတီဖူးမျှော်ဖို့ ခရီးဆက်ခဲ့ပါသည်။ တန့်ကြည်တောင်ဟာ ဧရာဝတီမြစ်အနောက် တစ်ဘက်ကမ်းတွင်တည်ရှိသောကြောင့် ဧရာဝတီဖြစ်ကိုစက်လှေစီးပြီးသွားရမည်ဖြစ်သည်။ မြစ်ကမ်းနားမှ ဆိုက်ကပ်ထားသော စက်လှေအများအပြားကို တွေ့မြင်ရပါသည်။ မနက်ခင်းစောစောဖြစ်သောကြောင့် ဘုရားဖူးခရီးသွားများသိပ်မရှိသောကြောင့် စက်လှေပေါ်တွင် လူပြည့်အောင်စောင့်ဆိုင်းကြရင်း ဓာတ်ပုံများရိုက်ကြလေသည်။အတော်အတန်ကြာသောအခါ စက်လှေ လူပြည့်၍စတင်ထွက်ခဲ့ပါသည်။ မနက်ခင်း နေမင်းကြီးထွက်ပေါ်လာပြီဖြစ်သောကြောင့် ဧရာဝတီမြစ်ကြီး၏ တသွင်သွင်စီးဆင်းနေသော ရေအလျှင်သည်။ တလတ်လတ်နှင့် လှပနေတော့သည်။ ဧရာဝတီမြစ်ကြီးကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေသော ငါးဖမ်းလှေအများအပြားကိုလည်းတွေ့မြင်ရပါသည်။
၄၅ မိနစ်လောက်ကြာအောင်စက်လှေစီးပြီး နောက်တွင် မြစ်အနောက်ဘက်ကမ်းသို့ရောက်ရှိလေသည်။ ထိုမှတစ်ဆင့် တန့်ကြည်တောင်ပေါ်သို့ ကားငှားပြီးသွားရပါသည်။ ကားငှားဖို့အတွက်အခက်ခဲမရှိပေ။ ဘုရားဖူးများအတွက် အငှားကားများကို အဆင်သင့်ထားရှိပေးထားပါသည်။ နာရီဝက်ကြာ ကားစီးပြီးနောက်တွင် တန့်ကြည်တောင်ပေါ်သို့ရောက်ပြီး ဘုရားဖူးခဲ့ပါသည်။
တန့်ကြည်တောင်စေတီကို အနော်ရထာမင်းတည်ခဲ့ပြီး သီဟိုဘုရင် ၀ိဇယဘာဟု ဆက်သလိုက်သောစွယ်တောကို ထပ်မံပွား၍ျ တန့်ကြည်တောင်ပေါ်ရှိ သီရိဓမ္မသောကမင်းတည်ခဲ့သောစေတီတွင် ဌာပနာကာ တည်ခဲ့ခြင်းဖြစ်သည်ဟု ဖတ်ရှူမှတ်သားခဲ့ရပါသည်။
Photo >> တန့်ကြည်တောင်စေတီ
တန့်ကြည်တောင်ဘုရားဖူးပြီး နောက် တူရင်းတောင်စေတီသို့ ဆက်လက်ခရီးနှင်ခဲ့ပါသည်။ တူရင်းတောင်သို့ ၁၁ နာရီတွင် ရောက်ရှိခဲ့ပါသည်။ တူရင်းတောင်စေတီကို အနော်ရထာမင်းမြတ်တည်ထားခဲ့ပြီး သီဟိုဠ်ဘုရင်ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ ဌာပနာခဲ့ပါသည်။ တူရင်းတောင်စေတီဘုရားဖူးပြီး ဓာတ်ပုံများရိုက်ခဲ့ကြပါသည်။ တူရင်းတောင်ပေါ်မှ လှမ်းကြည့်လျင် ထန်းပင်များကွက်တိကွက်ကျား နှင့် သစ်ပင်များအနည်းငယ် ၊ ထိုသစ်ပင်ချုံနွယ်များကိုကျော်၍ထိုးထိုးထောင်ထောင်နှင့်မြင်နေရသော ရှေးဟောင်းစေတီများနှင့် မြေပြန့်လွင်ပြင်များကို မျက်စိတစ်ဆုံးမြင်နေရပါသည်။ နေ့လည်ခင်းဖြစ်သောကြောင့် နေအပူရှိန်မှာ အလွန်းပြင်လှ၍ အခိုးငွေ့များထွက်ကာ ပတ်ဝန်းကျင်တစ်ခွင်တွင် မီးခိုရောင်များဖြင့်ဖုံးလွှမ်းနေပေသည်။ တူရင်းတောင်ခြေနားတွင် " မြကန်သာ " ဆိုပြီးစာလုံးကိုလည်းလှမ်းမြင်ရပါသည်။ သို့ပေမဲ့ ကန်ထဲတွင်တော့ ရေမရှိသောပဲ သစ်ပင်ခြုံနွယ်များကိုသာမြင်တွေ့ရသည်။
Photo >> တူရင်းတောင်အမှတ်တရ
ထိုနောက်တွင် ဆက်လက်၍ ရွှေစည်းခုံစေတီဆီသို့ ခရီးနှင်ခဲ့ပါသည်။ ရွှေစည်းခုံဘုရားသို့ နေ့လည် ၁၂ နာရီတွင်ရောက်ရှိခဲ့ပါသည်။ ရွှေစည်းခုံစေတီကို အနော်ရထားမင်းက စတင်တည်ခဲ့ပြီး မပြီးစီးခဲ့ပဲ ကျန်စစ်သားမင်း လက်ထက်ရောက်မှသာ ဆက်လက်တည်ခဲ့ပြီး ပြီးစီးခဲ့ပါသည်။ အနော်ရထာမင်းက ရွှေစည်းခုံစေတီအားတည်ရာတွင် သီဟိုဋ်ဘုရင် ဆက်သလိုက်သော စွယ်တော်ကို ဌာပနာခဲ့ပါသည်။ ပုဂံဒေသတွင် အနော်ရထာမင်း၏ကောင်းမှု မြတ်စွယ်တော်လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည်တောင်စေတီ၊ လောကနန္ဒာစေတီ၊ တူရင်းတောင်စေတီတို့ဖြစ်သည်။ ထု-ဓမ္မရံ၊ ဥာဏ်- သဗ္ဗညု ၊ အနု- အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟု အဆိုရှိခဲ့သောကြောင့် ရွှေစည်းခုံစေတီသည် တန်ခိုးကြီးမားသော စေတီဖြစ်သည်။ ထုထည်ကြီးမားရာတွင် ဓမ္မရံကြီးဘုရား၊ ဥာဏ်တော်အမြင့်ဆုံးဘုရားမှာ သဗ္ဗညုဘုရား၊ အနုစိပ်ရာတွင် အာနန္ဒာဘုရားဟူ၍အသီးသီး ရှိကြပေသည်။ကျွန်တော်တို့ဘုရားဖူးအဖွဲ့သည်။ ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ဖူးမျှော်ပြီး နေ့လည်စာစားသောက်ပြီး ဘုန်းကြီးကျောင်းသို့ပြန်ကာ ရေမိုးချိုးခေတ္တခန အနားယူခဲ့ကြသည်။
Photo >> ရွှေစည်းခုံစေတီတော်မြတ်ကြီး
ထို့နောက်ညနေခင်းတွင်တော့ ထီးလိုမင်းလိုဘုရား၊ သဗ္ဗညုဘုရား၊ ငှက်ပစ်တောင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား တို့ကိုသွားရောက်ဖူးမျှော်ခဲ့ကြပါသည်။ ထို့နောက် ညနေ ၇ နာရီတွင် တည်းခိုရာ ဘုန်းကြီးကျောင်းသို့ပြန်ရောက်ပြီး တစ်ညတာ အိပ်စက်အနားယူခဲ့ကြပါသည်။
Photo >> ဓမ္မကြီးဘုရား
ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သည် မနက်ခင်းစောစောထကာ ကျောင်းထိုင်ဆရာတော်အားဝတ္ထုငွေကပ်၍ ရှစ်ခိုးကန်တော့ကာ နှုတ်ဆက်ပြီး ပုပ္ပါးတောင်တော်သို့ ထွက်ခွာလာခဲ့ပါသည်။ ပုပ္ပါးတောင် သို့ မနက် ၈နာရီတွင် ရောက်ရှိခဲ့ပြီး၊ တောင်ပေါ်သို့တက်ကာ ဘုရားဖူးခဲ့ကြသည်။ ပုပ္ပါးတောင် မှာအတော်မြင့်လှသောကြောင့် သက်ကြီးရွယ်အိုများ တက်ရန်အဆင်မပြေလှပေ။ ပုပ္ပါးတောင်ဟုဆိုလျှင်အရင်ဆုံးပြေးမြင်မိသည်မှာ မျောက်ကိုပင်ဖြစ်သည်။ မျောက်များ ကျက်စားရာတောင်ဟုဆိုလျင်မမှားပေ။ဘုရားဖူးခရီးသည်များမှာလည်း မျောက်စာတွေကျွေးကြ၊ ဓာတ်ပုံတွေရိုက်ကြနှင့် အလုပ်ရှုပ်နေကြသည်။
ပုပ္ပားတောင်ထိပ်သို့ ရောက်သောအခါ အေးမြသော လေများတဟူးဟူးတိုက်ခက်လျက်ရှိသည်။ မနက်ခင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်မှာ နှင်းများမစဲသေးပဲ အုံ့မှိုင်းမှိုင်းဖြစ်နေပါသည်။ ပုပ္ပါးတောင်ပတ်လည်တွင်လည်း မြင့်မားသောတောင်ကြီးများ အလျိုလျိုရှိကြပေသည်။ တောင်ပေါ်တက်လာရာ အလွန်မောပမ်းလာခဲ့သဖြင့် ဘုရားဖူးခရီးသည်များအားလုံးကလည်း စောင်းတန်းတစ်လျောက်နားခိုရာ ခုံတန်းလေးများတွင် အသီးသီးတွင် အမောဖြေကြကာ ဓာတ်ပုံများရိုက်ကြလေသည်။ ဆယ်လ်ဖီဆွဲသူကဆွဲ ၊ မြင်ရလား မြင်ရလားနှင့် ရှုခင်းထက် သူတို့ပုံလေးလှဖို့ကို နေရာတစ်ရွေ့ ရွေ့ နှင့် ပဲပေးနေကြသော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ များကလည်းရှိသေးသည်။ သေချာတာတော့ ဖေ့စ်ဘွတ်ပေါ်အလုယက်တင်ကြဖို့ပဲဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ လေးသည်လည်း ဘုရားဖူးကြပြီး ပုပ္ပားတောင်မှတစ်ဆင့် မင်းဘူးရွှေစက်တော် သို့ ဆက်လက်ခရီးနှင့်ခဲ့ကြလေသည်။
Photos >> ပုပ္ပားတောင်ပေါ်မှ ရှူခင်းကိုလှမ်းမြင်နေရပုံ
Photo >> ပုပ္ပားတောင်ပေါ်မှစေတီ
ဆက်လက်၍ မင်းဘူးရွှေစက်တော် ဘုရားဖူးခရီးစဉ်ကို ရေးသားဖော်ပြပါဦးမည်။ စောင့်မျော်ဖတ်ရှူပေးကြပါဦးဗျာ။ စာဖတ်သူမိတ်ဆွေများကို ကျေးဇူးတင်လျက်...
မှက်ချက် ။ ဘုရားသမိုင်းအကျဉ်းများမှာ " မြန်မာ့ယဉ်ကျေးမှူ အမွေနှစ် ပုဂံစေတီပုထိုးများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်
( ဦးမောင်မောင် ဘီအေ သမိုင်း )
ကိုကိုမိုးဟိန်း
သစ်အယ်သီး
ဓာတ်ပုံ >>> ကိုယ်တိုင်ရိုက်ယူသည်
Written by @kokomoehein
MSC no.118
တူရင်းတောင်ခြေက မြကံသာ ထဲဆင်းခဲ့ဘူးလား။
မရောက်တာ ကြာပြီ။ နောက်နှစ်ထဲတော့ ပုဂံဘုရားတွေဘက်
အလှည့်ပေး ဖူးမြော်ဦးမှပဲ။ ခုတော့ ဓာတ်ပုံထဲကပဲ ဖူးမြော်လိုက်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောင်နှစ်များကြရင် MSC မိသားစုတွေနဲ့အတူ ခရီးသွားချင်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
photoလေးတွေ အရမ်းကောင်းတယ်ဗျာ..အသက်ဝင်လွန်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ကိုယ်တိုင်လိုက်ရိုက်တာ တစ်ချို့ ကအဲ့လောက်ကြီးမရိုက်နဲ့တဲ့ မရဘူးကိုယ်ကလည်း မြင်တာအကုန်ရိုက်တာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်တို့ကတော့ ခရီးသွားရတာကြိုက်တယ် ခရီးသွားတာက စိတ်ကိုလဲ ပြောင်းလဲမှုဖြစ်စေတယ် ဘုရားဖူးဆိုတော့ ကုသိုလ်လဲ၇တာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ခေါက်လောက်တော့ရောက်ဖူးချင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်နောက်ကျ အတူတူသွားကြတာပေါ့ညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုမျိုး ခရီးသွားပိုစ့်လေးတွေ အရမ်းကြိုက်တယ်။ ခရီးသွားတွေကိုလည်း အားကျတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခရီထွက်ခြင်းက စိတ်ကိုနုပျိုလန်းဆန်းစေပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တနေ့တလှံ ပုဂံ ဘယ်သို့ရွေ့မလဲ ဘုရားတွေလည်း စုံ
အောင်ဖူးလို့ လိုက်ပို့ပါကွယ် ကိုကိုမိုးဟိန်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုက်ပို့ပါမယ်ဗျာ နေဦး SP အရင်စုပြီး ရည်းမှန်းချက်တွေပြည့်မြောက်ရင် သွားကြရအောင်ဗျာ ။ခုတော့ စာများများရေးတင်ပြီး sp စုထားဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုရားတွေဖူးရလို့လည်း ကျေးဇူးတင်ပါတယ် steemit မှာ အခုလို ဘုရားဖူး ခရီးသွား ဆောင်းပါတွေ ရေးတင်ပေးသူတွေလဲ ကုသိုလ်လည်းရ sbd လည်းရ ဘယ်လောက်တောင် ဟန်ကျလိုက်သလဲဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပဲ ကိုထွေးရေ Facebook သုံးတာထက် steemit မှာစာရေးတာက ပိုပြီးအကျိုးရှိပါတယ် ။ အရင်တုန်းကတော့ fb နဲ့မျက်နှာမခွာဘူး ။အခုတော့ steemit ကိုအရူးမူးဖြစ်နေပြီဗျ ဟဲဟဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခရီးထွက်တဲ့postတွေတင်ကြတာတွေ့ရင်အရမ်းအားကျမိတယ်။ကိုယ်ကိုယ်တိုင်ကခရီးမထွက်နိုင်သေးတော့လေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးအများကြီးတင်ပါတယ်ဗျ
ခရီးလည်းမြန်မြန်သွားနိုင်ပါစေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မရောက်ဖူးသေးတဲ့သူတွေအတွက်ကောင်းပါတယ်ရေးထားတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကျေးဇူးပါ အကို နောက်အဆင်ပြေရင် သွားလယ်ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုရေ စွယ်တော်လေးဆူမှာ ဘာဆုတောင်းခဲ့လဲဗျ
ဆုက စွယ်တော်လေးဆူလုံးမှာ ဆုက တစ်ခုဘဲ
တောင်းရမှာလေ
ကျွန်တော်သွားရောက်ဖူးခဲ့စဉ်က စွယ်တော်လေးဆူလုံးမှာ
ကျွန်တော်တောင်းခဲ့တဲ့ ဆုတစ်ခုကတော့
ကျွန်တော်ဆုတောင်းခဲ့တယ်ဗျ အကို ရော်?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်ကတော့ မိဘကို လုပ်ကျွေးပြုစုနိုင်သော ၊ မိဘကျေးဇူးဆပ်နိုင်သော သူဖြစ်ရပါလို၏ လို့ ဆုတောင်းခဲ့ပါတယ်
မွေးကျေးဇူးရှင် မိဘနှစ်ပါးကသာ ကျွန်တော့ဘ၀ပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပင်ပန်းပေမဲ့ ပျော်စရာကောင်းတဲ့ခရီးလေးပေါ့။
နောက်ခါကျရင် ကိုယ်တွေညီအကိုတွေစုပီးအတူသာံးကြမယ် ကိုမိုးဟိန်းရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အဲ့ဒီချိန်လေးမြန်မြန်ရောက်ချင်ပြီဗျို့ ရင်ခုန်စွာမျော်လင့်နေရင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ခေါက်တော့ရောက်ဖူးတယ်bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အခုဆို အရမ်းကို လယ်လို့ကောင်းနေပြီ လမ်းဘေးတိုင်းမှာ ဓာတ်ပုံအလှရိုက်ဖို့ ပုသိမ်ထီးတွေ ၊ ရုပ်သေးရုပ်လေးတွေ ချိတ်စွဲပေးထားတာ နောက်ဆို အတူတူသွားလယ်ကြရအောင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်တော့ပုဂံကိုမရောက်ဖူးသေးဘူးဗျာ သွားမယ်သွားမယ်နဲ့အချိန်မရတာနဲ့ပဲမသွားနိုင်ဘူး
ခုလိုစုံစုံလက်လင်တင်ပြပေးတာကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အဆင်ပြေတဲ့အချိန် သွားဖြစ်အောင်သွားပါဗျာ
မြန်မာမှန်ရင် ပုဂံတော့ရောက်ဖူးရမယ်တဲ့ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခရီးသွားတာ ဗဟုသုတ လည်းရ ပျော်စရာလည်းကောင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဗျာ Steemit user တွေကြိုက်ပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုရားဖူးတော်တော်သိထားတာပဲ နောက်ကြုံရင်ခေါ်ပါ့လား😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဘုရားဖူးရင်း ဘုရားသမိုင်းစာအုပ်လေးတွေဝယ်ဖတ်ဖြစ်လို့ သိတာပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုပ္ပားသွားတုန်းက မျောက်မုန့်လာဆွဲတာကိုမှတ်မိသေးတယ်။ ငယ်သေးတော့ ရှယ်လန့်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ငယ်တုန်းကတော့ ရောက်ဖြစ်တယ် ။ ခုတော့ ဘယ်မှတောင်မရောက်ဖြစ်တော့ပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံကောင်းလေးတွေ ရိုက်တတ်တာပဲ ကောင်းတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
wow
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks a lot
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးအသားက ကောင်းတယ်ဗျာ
ဗဟုသုတပါ တော်တော်ပြည့်စုံတယ်
အကိုဆို ဘုရားဖူးထွက်ရင် အဲ့ဒီလိုမရေးနိုင်ဘူး
ကျိန်းသေတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြန်တဲ့ခါမှ မြန်မာပြည့်အနှံ့ ဘုရားဖူးထွက်အုံးမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ခရီးစဉ်ကို စုံစုံလင်လင်ပြောပြပေးတာ ဗဟုသုတတိုးစေပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဗဟုသုတ ရတယ်ဆိုလို့ တကယ်ကိုဝမ်းသာမိပါတယ် အားပေးလို့အားရှိသွာပြီဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နွေရာသီ ဘုရားဖူး သွားဖြစ်ရင် အစ်ကိုလို့တင်ရမယ် 😁။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် စောင့်မျော်အားပေးနေပါ့မယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံကိုအိမ်ဦးခန်းနှင့်ကြမ်းပြင်လိုရောက်နေပါသော်လည်းယခုကဲ့သိုတင်ပြနိုင်ရန်စိတ်မကူးခဲ့ဖူးပါ အရေးအသားလေးတွေကိုလေးစားပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကျေးဇူးပါ အကိုကတကယ်ကံကောင်းတာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝါးးအရမ်းမိုက်တယ် ညီလည်းတစ်လောက်တော့အဲ့လိုဘုရားဖူးအဖွဲ့တွေနဲ့ပျော်ပျော်ပါပါးဘုရားအစုံဖူးချင်တယ်ဗ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် တစ်နေ့တော့ MSC အဖွဲ့သားတွေနဲ့အတူတူ ခရီးသွားနိုင်မှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့သစ်အယ်သီး စားဖူးသေးဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုဟု နာမည်လေးက ချစ်စရာလေးမို့ သုံးထားတာပါ ကျနော်လည်းစားဖူးသေးဘူး ဟဲဟဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုဂံကိုတော့ မရောက်ဖူးသေးပါ ခုလိုမျှဝေပေးလို့ ကျေးဇူးပါဗျား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit