ကျွန်​​တော်​ကြားဖူးသလို ​ပြောဆိုပါမည်​ (၂)

in myanmar •  7 years ago  (edited)

image

ကျွန်​​တော့်​အဖိုး ငယ်​ငယ်​က​ပေါ့ဗျာ ..
သူ​နေတဲ့ရွာက​နေ ​လေးရွာ​ကျော်​​လောက်​​ဝေးတဲ့ရွာမှာ အရမ်း​ကောင်းတယ်​လို့ နာမည်​ရှိတဲ့ နွားတစ်​​ကောင်​ သွားဝယ်​တာ​ပေါ့ ...
မနက်​မိုးမလင်းခင်​ကတည်းက ပြင်​စရာရှိတာ
ပြင်​ဆင်​ပြီး အဖိုးတို့ သူငယ်​ချင်း သုံး​ယောက်​လှည်းက ကာ ထွက်​လာခဲ့ကြပါတယ်​ ..
ရွာစဉ်​အရသာ ​လေးရွာ​ကျော်​ဆို​ပေမယ့်
တော်​​တော်​လှမ်းမယ့်​ပုံပဲဗျ .. ခုလို မနက်​မိုးမလင်းခင်​ထွက်​မှ သွားရမယ့်​ရွာကို
မွန်းတည့်​ချိန်​​လောက်​ ရောက်​တယ်​ဆိုပဲဗျ ... ဟို​ရောက်​​တာနဲ့ နွားဝယ်​ပြီး ပြန်​မယ်​လုပ်​​တော့ အချိန်​က ​နေ​စောင်း​နေပြီ​လေ .. ရိုးရိုးလမ်းက ပြန်​ရင်​ ကြာ​နေမှာစိုးတာ​ကြောင့်
ဖြတ်​လမ်းက ပြန်​ခဲ့ကြတယ်​​ပေါ့ ...
လမ်း​တော့ ​တော်​​တော်​ဆိုးတယ်​ .. လူသွားလူလာလည်း နည်းနည်းပြတ်​တယ်​​ပေါ့ဗျာ ...
ညကလည်း လ​ရောင်​​လေးရှိ​နေ​တော့ သိပ်​မ​မှောင်​ဘူးဗျ ...ဝယ်​လာတဲ့နွားကို
လှည်း​နောက်​ကချည်​ပြီး စကားတ​ပြော​ပြောနဲ့ ပြန်​လာရင်း တ​စ်​​နေရာအ​ရောက်​ ...
ဆိုင်းသံ ဗုံသံ​တွေ ကြားရပြီး ဆက်​သွားလိုက်​​တော့ အိုး .. ပွဲခင်းကြီးဗျာ ..
ဗိုက်​ဆာ​နေတာနဲ့ အ​တော်​ပဲ ... ပွဲ​ဈေးတန်း​လျောက်​ပြီး တစ်​ခုခု ဝယ်​စားဖို့ ပွဲခင်းဘက်​ 
မောင်းလာခဲ့ကြတာ​ပေါ့ .. လှည်းက ထားတဲ့နွား​တွေနဲ့ ဝယ်​လာတဲ့နွား​က မတည့်​လို့လားမသိ .. တရှူးရှူး နဲ့ နှာသံ​တွေ​ပေး ..
ပေကပ်​ကပ်​လုပ်​​နေကြ​ရော ..
ဒါနဲ့ လှည်းချွတ်​ကာ နွား​တွေလွှတ်​ထားပြီး တစ်​​ယောက်​အ​စောင့်​ထားခဲ့လိုက်​တယ်​ ..
ကျန်​တဲ့ တစ်​​ယောက်​နဲ့ အဖိုးနဲ့ ပွဲ​ဈေးတန်း
ဘက်​ထွက်​လာခဲ့ပြီး စားစရာ​တွေ လိုက်​ကြည့်​​တော့ စုံလိုက်​သည့်​ဖြစ်​ခြင်း .. ​မွှေးလို့ကြိုင်​လို့
ဒါနဲ့ အ​ကြော်​နဲ့ မုန့်​​ပေါင်း​တွေ ဝယ်​ပြီး
လှည်းဆီ ပြန်​လာကာ စားကြတာ​ပေါ့ဗျာ ..
အ​ကြော်​နဲ့ မုန့်​​ပေါင်း​တွေစားပြီးချိန်​မှာ​တော့
ပွဲစထွက်​​နေပြီ .. ကြည့်​ရင်း ကြည့်​ရင်း
သုံး​ယောက်​လုံး အိပ်​​ပျော်​သွားကြ
ရောတဲ့ဗျာ ...
အဖိုးကို တစ်​​ယောက်​​ယောက်​က လှုပ်​နှိုး​နေသလို ခံစားရ​တော့ မျက်​လုံးဖွင့်​ကြည့်​လိုက်​တယ်​ .. အဖိုးရဲ့ သူငယ်​ချင်း (လှည်း​စောင့်​ထားခဲ့သူ)က လှုပ်​နှိုး​နေတာ​ပေါ့ဗျာ ..
ဘာတုန်းဟ .. ပွဲပြီးသွားပလား .. ဆိုပြီး ​မေးရင်း အဖိုး​ရော ​နောက်​တစ်​​ယောက်​ပါ ထထိုင်​လိုက်​ကြတယ်​ .. မိုး​တော့ မလင်း​သေး​ပေမယ့်​ ပတ်​ဝန်းကျင်​ကို​တော့ နည်းနည်း
မြင်​​နေရပြီ ... ကိုယ့်​မျက်​လုံးကိုပင်
မယုံစရာ​ကောင်း​လောက်​​အောင်​ ညက
ပွဲခင်းကြီးကား မရှိ​တော့ ... ​တွေ့လိုက်​ရသည်​က အိုးစုတ်​ ခွက်​စုတ်​များ .. အချို့​နေရာတွင်​ စုတ်​ပြတ်​​နေ​သော အဝတ်​စ အချို့ ..
အဖိုးတစ်​ခု သတိရသွားသည်​ .. ညက
မုန့်​​ပေါင်းဝယ်​တုန်းက အ​ကြွေတစ်​ချို့
ပြန်​အမ်း​သေးသည်​ .. အိတ်​ထဲ လက်​နှုက်​ပြီး
ထုတ်​ကြည့်​လိုက်​​တော့ အိုးခြမ်းပဲ့များ ...

" အားးး .... ဒါဆို ညက ငါတို့စားလိုက်​တာ
ဘာ​တွေလဲ ..."
" အားး ...."
အဖိုးတို့ သူငယ်​ချင်းသုံး​ယောက်​ ပြိုင်​တူ​အော်​လိုက်​ကာ ရွာဆီသို့ လှည်းဒုန်းဆိုင်းပြီး
ပြန်​​ပြေးခဲ့ကြ​​လေတော့​သည်​ .......
image

image
Photo Credit - Google Image
Written by @myanmarpyithar
MSC 103

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကြားဖူးတယ် တကယ်ဆိုတာလားတော့မသိဘူး

ဟုတ်​တယ်​ အစ်​ကို​ရေ .. လူကြီး​တွေ ​တော်​​တော်​များများ​ပြောကြတယ်​ ..အဲ့လို ဇာတ်​လမ်း​လေး​တွေ ..

ကြားဖူးတာပေါ့ ကြပ်သရဲ ဆိုတာလား မသိ လူကိုတော့ အန္တရယ်မပေးဘူးတဲ့

ဟုတ်​တယ်​ အစ်​ကို .. အဲ့လိုမျိုး ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank you .