fuck bbc(voice of myanmar people)

in myanmar •  7 years ago 

မြန်မာတစ်နိုင်ငံလုံးက ဝိုင်းဆဲတာ ခံလိုက်ရသည့် ဘီဘီစီမြန်မာပိုင်းသတင်းဌာန
ယနေ့ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ ပြန့်နှံ့သွားတဲ့ သတင်းတစ်ပုဒ်ကတော့ ဘီဘီစီ မြန်မာပိုင်းရဲ့ပို့စ်တစ်ခုအောက်မှာ ဝိုင်းပြီးဝေဖန်ကြတဲ့ အကြောင်းပဲဖြစ်ပါတယ်။
BBC Burmese အမည်ဖြင့် ဘီဘီစီသတင်းဌာနရဲ့ တရားဝင်ဖေ့စ်ဘွက်ပေ့ခ်ျသည် မြန်မာနိုင်ငံအရေးကို စွက်ဖက်သည့် သတင်းများ၊ အသုံးအနှုံးများကို ရေးသားတင်ဆက်လာတာ ကြာပြီဖြစ်ပါတယ်။
အထူးသဖြင့် အစိုးရနှင့် မြန်မာပြည်သူတစ်ရပ်လုံးက လက်မခံသော ရိုဟင်ဂျာအသုံးအနှုံးကို ပြောင်ပြောင်တင်းတင်း ဖော်ပြလာခဲ့သည်။ ထိုကြောင့် ဖေ့စ်ဘွက်အသုံးပြုသူ မြန်မာများက မခံချင်ကြပဲ ၄င်းပေ့ခ်ျ၏ ကောမန့်များထဲတွင် ဝေဖန်ရေးသာမှုများ လုပ်လာခဲ့ကြသည်။
ယင်း ပေါက်ကွဲ ရေးသားမှုများကို ၄င်းသတင်းဌာနက မခံနိုင်တော့သဖြင့် ယနေ့ (သြဂုတ်လ ၃၁ ရက်) မှာတော့ ”ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်း မျိုး၊ ဒီစာမျက်နှာကို အလွဲသုံးစား လုပ်မှုမျိုး နဲ့ အများပြည်သူနဲ့ မသင့်တော်တဲ့ ရေးသား ဖော်ပြချက်မျိုး တွေကို မလုပ်ဖို့ စည်းကမ်းချက် တွေကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။
အဲဒီလို လိုက်နာခြင်းမရှိတဲ့ ရေးသား ဖော်ပြချက် တွေကို ဘီဘီစီက ဒီစာမျက်နှာက နေဖယ်ရှား မှာဖြစ်ပါတယ်။” ပို့စ်တစ်ခု ရေးသားလာခဲ့သည်။
ယင်းပို့စ်ဟာ ပြန့်နှံ့သွားခဲ့ပြီး Reaction ပေးသူ ၁သောင်းကျော်နဲ့ ကောမန့်ရေးသူပေါင်း ၆ ကျော်ထိရှိခဲ့သည်။ ကောမန့်ပေးသူ ၉၉ ရာခိုင်နှုန်းခန့်က ယင်းသတင်းဌာနကို တုန့်ပြန်ဝေဖန်ထားကြတာဖြစ်ပါတယ်။
ဘီဘီစီသတင်းဌာနဟာ အရှက်ရဖွယ် အခြေအနေနှင့် ကြုံခဲ့ရသည်။ ကောမန့်ပေးသူများထဲတွင် ဖေ့စ်ဘွက်မှာ နာမည်ကြီးသူ ပန်ဆယ်လို၊ Nay Shwe Thwe Aung စသူတို့နှင့် အခြား အကောင့်အစစ် အမှန်များစွာပါဝင်သည်။
ပန်ဆယ်လိုက ”အမလေးဟယ် မထော်မနန်းတွေပါအေ မီဒီယာမလုပ်နဲ့ ငွေတိုးပေးစားပါလား ရန်တွေ့သန်ထှာအေ” ဟုရေးသားထားရာ ယင်းကောမန့်ကို Like လုပ်သူ ၂ ထောင်ကျော်ခဲ့သည်။
Nay Shwe Thwe Aung ကလည်း ”ယူတို့က တစ်ဘက်သက်ကြီးတွေ လွှတ်ရေးနေတာကိုး” ဟုရေးသားထားသည်။ အခြားအကောင့်အစစ်များစွာကလည်း ဘီဘီစီကို ထိထိမိမိ ရေးသားတုန့်ပြန်ထားကြသည်။
ဘီဘီစီမြန်မာပိုင်းတွင် တာဝန်ထမ်းဆောင်လာသူများဟာ မြန်မာလူမျိုးများသာဖြစ်သည်။ မြန်မာအစိုးရနှင့် ပြည်သူတစ်ရပ်လုံးက လက်မခံသော အရေးအသားနှင့် သွေးထိုးသတင်းများကို ယခုချိန်ထိ ၄င်းတို့၏ အသက်မွေးဝမ်းကြောင်းမှုအတွက် တင်ဆက်ရေးသားနေကြခြင်းလည်းဖြစ်သည်။
image
image
image
image
image
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!