အထီးကျန်ခြင်း( Poem )

in myanmar •  7 years ago  (edited)

image

အထီးကျန်​ခြင်း ဆိုတာ
အရွက်​ဖုံးတဲ့ သစ်​သီးတစ်​လုံး
တိတ်​တဆိတ်​ ​မျော်​လင့်​ရုံကလွဲလို့ ......

အထီးကျန်​ခြင်း ဆိုတာ
သခင်​မဲ့တဲ့ ပန်းတစ်​ပွင့်
အလိုလို ​ကြွေလွင့်​ရုံကလွဲလို့......

အထီးကျန်​ခြင်းဆိုတာ
ကံကြမ္မာရဲ့ သား​ကောင်
စ​တေးခံ ရုံကလွဲလို့  ......

အထီးကျန်​ခြင်း ဆိုတာ
ဝေဒနာသည်​ တစ်​မျိုး
ဆေးမထိုး ရုံကလွဲလို့ ...

အထီးကျန်ခြင်း ဆိုတာ
တကယ်တော့
အထီးကျန်နေသူ သာ သိနိုင်တဲ့
အသံမဲ့တဲ့ တမ်းချင်း.....
@myintaungnaing

Writing by MyintAungNaing
Photo by Google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good post !

Thank you!

Good poem

ကျေးဇူးပါဗျာ

Good

Thank you!ကျေးဇူးပဲနော် အားပေးတဲ့အတွက်

Good တယ် bro

ကျေးဇူးပဲ ခုလို အားပေးတဲ့အတွက်