ထောင့်ဖြတ် အတွေး
အတွေးအခေါ် အယူအဆနဲ့ ပတ်သတ်ပြီးတော့ အသက်အရွယ်ရယ်
ကိုယ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင် လေ့လာသင်ယူခဲ့တဲ့ စာအား ဥာဏ်အား စသည့်ဖြင့်ပေါ့ ဖြတ်သန်းခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီး မျိုးစုံအောင် ရှိလှပါတယ်။
အတွေးအခေါ် အယူအဆနဲ့ ပတ်သတ်ပြီး ငယ်စဉ်အခါက ဆရာမ ပြောပြဖူးတဲ့ ပုံပြင်လေးကို ခုထိ အမှတ်ရနေမိတယ် ။
တခါတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်တဲ့အချိန် ဘုရင်ကြီးမှာ သားတော်၂ပါးရှိခဲ့တယ်။ သားတော်၂ပါးဟာ မြင်းစီးအတတ် ဆင်စီးအတတ် ဒါး လှံ လေးမြှားအတတ် စတဲ့ မင်းသားတို့  တတ်အပ်တဲ့ အဋ္ဌာရဿ( ၁၈ ) ရပ် နှင့်အညီ လက်ရုံရည်ရော နှလုံးရည်ပါ တူညီနေတဲ့ အတွက် ဘယ်သူကို တိုင်းပြည်အမွေး ပေးရမလဲ စဉ်းစားရ ခက်နေခဲ့တာပေါ့ ။ ဆုံးဖြတ်ရ ခက်တဲ့အတွက် ပဟေဋိ ဆန်တဲ့ မှာတမ်းတစ်ခု ရေးသားထားခဲ့တယ်။ ဘုရင်ကြီး နတ်ရွာစံတဲ့အခါ ဘုရင်ကြီးရဲ့ မှာတမ်းအတိုင်း ပြုလုပ်ကြဖို့  စတင်ခဲ့ကြတော့တယ် ။
မင်းသား၂ပါးဟာ ဖခင်ရဲ့ မှာတမ်း အတိုင်း ပြိုင်ပွဲတစ်ခုကို ကျင်းပရမှာဖြစ်တယ် ပြိုင်ပွဲကတော့ တစ်ခြားတိုင်းပြည်မှာ ရှိတဲ့ ဘုရင်ဆီကို ရောက်အောင်သွားပြီး စာချွန်လွှာပေးအပ်ပြီး သမီးတော်ကို တောင်းရမှာဖြစ်ပါတယ် ။
မြင်းစီးကျွမ်းကျင်တဲ့ မင်းသား၂ပါးအတွက် ဒါက မခက်ခဲလှပါဘူး ခက်နေတာက အနှေးဆုံးပြိုင်ရမှာပါပဲ တစ်ခြားတိုင်းပြည်ရဲ့ ကြားမှာတော့ တောအုပ်ကြီး တစ်ခု ရှိခဲ့တယ် ။
ဒီလိုနဲ့ မင်းသား၂ပါးဟာ အနှေးဆုံးပြိုင်ရမှာဖြစ်တဲ့အတွက် ဖြေးဖြေးချင်း သွားနေကြတာပေါ့ တစ်ရွေ့ရွေ့နဲ့ တောအုပ်ထဲကို ဝင်လာကြတဲ့အခါ တောအုပ်ထဲမှာ ရသေ့ တစ်ပါးနဲ့တွေ့ တော့ အကြောင်းစုံကို ပြောပြကြတယ် ။
အဲဒီအခါမှာ ရသေ့ကြီးက မင်းတို့  ဒီလိုသာ သွားနေရင် တော်တော်နဲ့ ခရီးရောက်မှာမဟုတ်ဘူး ဘုရင်ကြီးဖြစ်ချင်တဲ့ ဆန္ဒဟာလည်း ဒီလိုမဟုတ်ဘူးလို့  ပြောပြပြီး အကောင်းဆုံးအကြံတစ်ခုပေးလိုက်တယ် ။ မင်းသား၂ပါးဟာရသေ့ကြီးရဲ့အကြံကို လက်ခံကြပြီးတော့ နောက်တစ်နေ့ မှာပဲ မြင်းတွေကို ဒုန်းစိုင်းစီးပြီး တစ်ခြားတိုင်းပြည်ကို ရောက်အောင်သွားခဲ့ကြတယ် ။
နောက်ဆုံးမှာ သူတို့  တိုင်းပြည်ကိုလည်း မြင်းကို ဒုန်းစိုင်းစီးလို့  အပြိုင်အဆိုင် အမြန် ပြန်ခဲ့ကြတာပေါ့ တိုင်းပြည်ကို ရောက်တဲ့အခါ မင်းသား၂ပါးကို ကြည့်ပြီး အလွန် အံသြကုန်ကြတယ် ဘယ်နှယ် အနှေးပြိုင်ပါဆို ဘာလို့  အမြန်ပြိုင်နေကြသလဲ ဆိုပြီးတော့ပေါ့ ဒီနေရာမှာ ငယ်စဉ်က တိုင်းသူပြည်သားတွေလို့  အတွေးမျိုး ဝင်ခဲ့ဖူးတာပါပဲ ။
ရသေ့ကြီးပေးလိုက်တဲ့ အကြံဟာ ဘယ်လို အကြံမျိုးဖြစ်မလဲ သိချင်ခဲ့ကြတယ် ။ တကယ်တော့ ကျွန်တော်တို့ တတွေဟာ သာမန် အတွေးမျိုးသာ ရှိနေခဲ့ကြတယ် ။ ဆန်းသစ်သော အတွေး တစ်ခြားသူတွေ မတွေးတဲ့ အတွေးမျိုး စိတ်ကူးမျိုး ရှိဖို့  လိုပါတယ် သာမန်ရိုးကျ အတွေးကနေ ဖောက်ထွက်နိုင်တဲ့ အတွေးအခေါ်မျိုးတွေ လိုအပ်ပါတယ်။ ရသေ့ကြီးရဲ့ အကြံပေးချက်ကတော့ မင်းသား၂ပါးကို မြင်းချင်းလဲစီးစေပြီး အမြန်ဆုံး ပြိုင်ခိုင်းလိုက်တာပါပဲ ။
ကျွန်တော်တို့ ဟာ နေ့ စဉ်ဘဝကို ဖြတ်သန်းတဲ့အခါ လုပ်ရိုးလုပ်စဉ် အလုပ်တွေရှိသလို တွေးခေါ်ရတဲ့ အပိုင်းတွေ ဦးဆောင်ရတဲ့အပိုင်းတွေ ကြုံလာကြရမှာပါပဲ ။ အဲဒီအခါမှာ မိမိရဲ့ လုပ်ငန်းမှာပဲဖြစ်ဖြစ် အများနဲ့ သက်ဆိုင်တဲ့ ပရဟိတ တွေမှာပဲဖြစ်ဖြစ် သာမန်အတွေးများမှသည် ရှု့ထောင့် ပေါင်းစုံ ဘက်ပေါင်းစုံကနေ အတွေးအကြံများ ဖြာထွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင် ငယ်စဉ်က ဆုံးမသွန်သင်ခဲ့ဖူးသော ဆရာ/ဆရာမ များအား စိတ်မှာရည်းမှန်း၍ ကန်တော့လိုက်ပါသည် ။
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ ။
Write by MyintAungNaing
image by google
@myintaungnaing
Good post!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပဲ အပြန်အလှန် အားပေးနေမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good pot brother
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thankyou
ကျေးဇူးပဲ နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thankyou !
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြန့်ထွက် တွေးတတ်ဖို့ လိုတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ရှု့ ထောင့် ပေါင်းစုံကနေ တွေးသင့်တယ် ဆိုတဲ့ အကြောင်းလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thankyou! အားပေးတဲ့အတွက် ကျေးဇူးပဲနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာမအားတဲ့ကြားကလာပါတယ်နော်၊ ဝေဖန်ချိန်မရလို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဆရာ ဝေဖန်ပေးရင် ပိုပြီး ကောင်းတာပေါ့ နောက်ကြုံတဲ့ အခါ ဝေဖန်ပေးပါ ဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit