အလုပ်တစ်ခု အပိုထည့်လုပ်ပေးပါ

in myanmar •  7 years ago 

ဖေဖေကညီညီလက်ကလေးကိုဆွဲပြီး ရန်ကုန်သို့တက်လာခဲ့သည်။လမ်းတစ်လျှောက်လုံးဘာစကားမှမဆိုခဲ့ တိတ်ဆိတ်နေလေသည်။ညီညီ ဖေ့ဖေ့မျက်နှာကိုတစ်ချက်တစ်ချက်ခိုးကြည့်မိသည်။

credit image source
ယောကျာ်းတစ်ယောက်၏ တည်ကြည်သော ပုံစုံဖြင့် ဖေဖေသည် နှခမ်းကိုတင်းတင်းစေ့ ထားသည်။ဖေ့ဖေ့၏ မျက်လုံးကတော့ နီရဲနေကာ မျက်ရည်များဖြင့် ပြည့်နေသလိုပင်။ဖေ့ဖေ့မျက်နှာ တည်နေတော့  တစ်ချက်တစ်ချက်ခိုးကြည့်ယုံမှအပ ညီညီဘာစကားမှမပြောရဲ။

ဖေဖေမျက်နှာသည် ပင်ပင်ပန်းပန်း ရှာဖွေလုပ်ကိုင်ကျွေးရသော ဒဏ်ကြောင့် ပို၍အသက်ကြီးသလိုထင်ရသည်။ ညီညီ့ကို ဆုပ်ကိုင်ထားသော ဖေဖေလက်တစ်စုံသည် ညီညီရင်ထဲထိနွေးနေသည်။မေမေဆုံးသွားခဲ့သည်မှာ တောင်တစ်နှစ်ပြည့်ခဲ့ပြီ။မေမေရှိစဉ်က ဖေဖေနှင့် ဒိုးတူဘောင်ဖက် လုပ်ငန်းကို လုပ်ကိုင်ခဲ့သော့ကြောင့် စီးပွားရေး အဆင်ပြေခဲ့သော်လည်း ယ္ခုအချိန်မှာတော့ စီးပွားရေးကအဆင်မပြေတော့။ဖေဖေက ကြိုးစားပြီး လယ်ယာလုပ်ကိုင်သော်လဲ လူတစ်ယောက်အား လျှော့သွား၍ အဆင်မပြေခဲ့။ထိုသို့ဖြင့် ညီညီပါကျောင်းထွက်ကာ ဖေဖေနှင့် အတူတူ လယ်လုပ်ငန်းကူညီလုပ်ကိုင်ခဲ့ရတော့သည်။

လအနဲငယ် ကြာသောအခါ ဖေဖေက"ငါနဲ့လယ်စိုက်ရင် ငါလိုပင်ပင်ပန်းပန်းလုပ်ကိုင်စားရလိမ့်မယ်။မင်းဘဝတက်လမ်းအတွက် တစ်ခုခုရှာရမယ်ငါ့သား။မင်းကို ဖေဖေက ၉တန်းအထိပဲထားနိုင်တယ်။မင်းကိုဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်အောင်မထားနိုင်ဘူးဆိုတော့ စိတ်မကောင်းပါဘူးသားရယ်။မင်းကိုပညာတတ်ကြီး ဖြစ်စေချင်ပေမဲ့ အဖေမလုပ်ပေးနိုင်ခဲ့ဘူး သားရာ။ မင်းဘဝအတွကိုအသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုတတ်အောင်သင်ခိုင်းရမယ်။ ကြိုးစားစမ်းပါကွာ"ဆိုပြီး ဟိုတစ်နေ့ကပဲပြောနေသည်။အခုတော့ ကျွန်တော့်အကျီအဝတ်အစားကို ထုတ်ပြီးလက်ကိုကျစ်ကျစ်ပါအောင် ဆွဲပြီး ရန်ကုန်သို့ထွက်လာသည်။

ရန်ကုန်မြို့ ကားဝပ်ရှော့တစ်နေရာရောက်တော့ "သားဒီမှာအလုပ်လုပ်ရမယ်။အဖေ့အသိကားဝပ်ရှော့ပဲ။ သားဒီမှာအလုပ်လုပ် ပြီး သားဘဝအတွက် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုတော့ ရအောင်ယူကွာ"ဆိုပြီး ပြောသည်။ညီညီက "ဖေဖေကရော ဘာလုပ်မှာလဲ" မေးတော့ ဖေဖေက အိမ်ပြန်ပြီး လယ်လုပ်မယ် ဟုဖြေသည်။

"ဖေဖေ… သားဖေဖေနဲ့ခွဲပြီးမနေနိုင်ဘူး…ပြီးတော့…ဖေဖေနဲ့လဲတစ်ခါမှခွဲပြီး မနေဖူးဘူး…သားမခွဲချင်ဘူး"

"သား…ဖေဖေပြောမယ်…ဖေဖေနဲ့သား တစ်နေ့ကျလို့ ဖေဖေသေရင်လဲ ခွဲရမှာပဲ…ဖေဖေလဲ ဘယ်ခွဲချင်ပါ့မလဲသားရဲ့… ဖေဖေသေသွားရင် သားတစ်ယောက်ထဲကျန်ခဲ့မှာ… အဲ့ဒါကြောင့် သားတစ်ယောက်ထဲရပ်တည်နိုင်အောင်ကြိုးစား ဟုတ်ပြီလား"

ညီညီပါးပေါ် မျက်ရည်များ တွဲခိုလာသည်။

"သား…ညီညီ ဖေဖေမျက်လုံးကိုကြည့်စမ်း… သားကိုဖေဖေဘာပြောထားလဲပြောစမ်း"

"ယောကျာ်းဆိုတာမငိုရဘူး သတ္တိရှိရမယ်" ဟု ညီညီက ထွက်ကျလာသောမျက်ရည်ကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်းဖြေလိုက်သည်။

"ဟုတ်တယ်…လိမ္မာတယ်ငါ့သား …အလုပ်ကိုကြိုးစားကွာ… ပိတ်ရက်ရှည်ရရင် ဖေဖေဆီလာလည်… ဖေဖေလဲသားဆီလာလည်မှာပေါ့ ဟုတ်ပြီလား"ဟုပြောကာ
ညီညီကို ကားဝပ်ရှော့ပိုင်ရှင်သူဌေးဆီအပ်ပေးခဲ့လေသည်။

သူဌေးကညီညီကို"ဦးတို့ ဝပ်ရှော့က မိသားစုတွေလိုပဲ အကူအညီလိုရင်လဲပြောပါကွယ်…ပြီးတော့ အချင်းချင်း ညီအကိုတွေလိုရိုင်းပင်းကြ…ညီညီ… သားဘဝအတွက် အောင်မြင်ချင်ရင်တော့ ဘယ်အလုပ်မဆို လက်တစ်ဆုံးနှိုက်ပါသား…လူတစ်ချို့က အပေါယံလောက်လေးသိပြီး ငါသိပြီငါတတ်ပြီ ဆိုပြီးလုပ်တတ်ကြတယ်…အတွင်းကျကျ မလေ့လာမလိုက်စားတော့ မအောင်မြင်ကြဘူး…
အလုပ်တစ်ခုကို လုပ်ရင်လဲ အသေးအမွှားလေးကစ ဂရုစိုက်ပါသား… အရေးအကြီးဆုံးအချက်က အလုပ်တစ်ခုကို အပိုထည့်လုပ်ပေးပါ… အဲ့ဒါတွေသာ မင်းလုပ်နိုင်ရင် မင်းဘဝအောင်မြင်လာလိမ့်မယ်"ဟုရှည်လျှားစွာ ဆုံးမ ပြောပြလေသည်။

ညီညီက သူ​ဌေးဆုံးမတဲ့အတိုင်း​ သေခြာလိုက်​နာခဲ့ပါသည်​။အလုပ်​လုပ်​ရာတွင်​လဲ မညည်းညူခဲ့ ။စေတနာပါပါဖြင့်​ သူ့ကိုယ်​ပိုင်​အလုပ်​ကဲ့သို့သ​ဘောထားကာ ကြိုးစားသည်​။ဘယ်​သူခိုင်းခိုင်း အပြေးအလွားက​လေး လုပ်​​ပေးစမြဲပင်​ဖြစ်​သည်​။အကုန်​စလုံးက ဖင်​​ပေါ့တယ်​ လိမ္မာတယ်​ဆိုပြီး ဝိုင်းချစ်​ကြသည်​။

ကားပြင်​ဆရာကလဲ လိမ္မာသောညီညီကို သားအရင်းကဲ့သို့သ​ဘောထားကာ ပညာသင်​​ပေး​လေသည်​။ညီညီက​လဲ​သေချာ​လေ့လာသင်​ယူသည်​။ဘယ်​​လောက်​ပင်​ပန်းပင်​ပန်း အပြုံးမပျက်​ခဲ့​။ထမင်းစားချိန်​ အလုပ်​သိမ်းချိန်​တွင်​လဲ ညီညီမနား ​သောက်​​ရေဖြည့်​​ပေးခြင်း တံမြက်​စည်းလှည်းအမှိုက်​သိမ်း​ပေးခြင်းတို့ ပြုလုပ်​​လေသည်​။လစာထုတ်​​သောအခါ ညီညီတစ်ယောက် အလုပ်​သင်​အကူထက်​ပိုသော လစာရ​လေသည်​။သူ​ဌေးက လစာကိုကန့်​သတ်​မထားတဲ့ ​တော်​တဲ့သူ ကြိုးစားတဲ့သူဆိုရင်​ လစာကိုပိုထည့်​​ပေးစမြဲပင်ဖြစ်​သည်​။လစာ​ပေးရာတွင်​ စာအိတ်​က​လေးနှင့်​​သေချာပိတ်​​ပေးသည်​။

ညီညီကရရှိတဲ့ လစာက​လေးကို အမြဲ 4ပုံသည်​။၁ပုံက အ​ဖေ့အတွက်​ ၁ပုံက​စုဆောင်းသည်​။၁ပုံက ဆရာသမားနှင့်​အလှူ​ငွေ ၁ပုံက သူ့အသုံးစရိတ်​အတွက်​ဆိုပြီး အမြဲခွဲသည်​။ သူ့အသုံးစရိတ်​ထဲမှ စာအုပ်​စာ​ပေများကိုဝယ်​ဖတ်​သည်​။ပညာသင်​​ပေး​သောဆရာကိုလဲလတိုင်းကန်​​တော့သည်​။

နောက်​(၁၀)နှစ်​ခန့်ကြာ​သောအခါတွင်​ ညီညီမှာကိုယ်​ပိုင်​ ဝပ်​​လျှော့​လေး​ထောင်​နိုင်​လာသည်​။သူကိုယ်​တိုင်​သူ​ဌေး​နေရာ​ရောက်​ခဲ့​လေသည်​။အသစ်ရောက်လာသာ ပညာသင်လေးများကိုလဲ သူ၏ ဘဝအတွေ့ကြုံများကို ပြောပြပြီး ကျိုးစားစေခဲ့သည်။အလုပ်တစ်ခုကို အမြဲအပိုထည့်လုပ်စေခဲ့သည်။သူအပိုထည့် လုပ်စေခဲ့သည်မှာတော့"စေတနာ"ပင်ဖြစ်တော့သည်။

MSC-224
@myintlwinsoe

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

We Are The-Resistance:
We have seen that @grumpycat or his alt @madpuppy has flagged your post.
You are not alone. He also:

  • flags innocent people and calls them "collateral damage"
  • tries to impose his rules by using his SP on those weaker than him
  • rejects all diplomatic proposals presented
    @the-resistance has upvoted you to help heal the damage he has done to you in an effort to protect people like yourself.
    Join our bot we-resist to help protect others ....https://we-resist-bot.herokuapp.com
    Come to meet with the community ... https://discord.gg/qMWCbWR

@GrumpyCat: you can avoid ever seeing this message again when you STOP attacking innocents.
Love: @the-resistance

thank

အရမ်းကောင်းတယ်ဗျိုး

ကျေးဇူးပါကိုချစ်

ကံကိုဖော်သွားတာပဲ ။ကောင်းတယ်။ အတွေ့အကြုံတွေရတဲ့အခါ ငါကိုပေးတဲ့ဒုက္ခတွေပါလားလို့မမှတ်ပဲနေဖို့လိုတယ်

ဟုတ်ကဲ့ပါခင်ဗျာ

ဟုတ်ကဲ့ပါခင်ဗျာ

အလုပ်ချင်းတူတောင် စေတနာပိုတဲ့လူက သာတာပါဘဲ

အမှန်ပါပဲခင်ဗျာ

အလုပ်မှာစေတနာပါထည့်ပြီးလုပ်ရင် လုပ်တဲ့အလုပ်က ပိုအောင်မြင်ပါတယ်။

ဟုတ်ပါတယ် မမျိုး

စေတနာထည့်လုပ်တော့ အောင်မြင်တာပေါ့

ဒါပေါ့ဗျာ

စေတနာက အကျိုးပေးပါတယ်

စေတနာကောင်းတော့ ကံကောင်းတာပေါ့

စေတနာကောင်းရင် ကံကောင်းမယ်

ဟုတ်တာပေါ့

Did you know that there is a livestreaming service built on top of the Steem network called DLive? DLive enables anyone to stream what they enjoy and earn rewards in the form of Steem, just like on Steemit.com. Come check out some streams and see how easy it is to join in the conversation!

Want to promote your posts?

Send at least 0.1 STEEM or SBD to @dlivepromoter with the post link as the memo and receive an upvote on that post!

Delegate Steem Power to @dlivepromoter for a daily payout!

25 SP, 50 SP, 100 SP, 250 SP, 500 SP, custom amount
We pay 85% of bids back to the delegators each day. The remaining 15% is contributed towards @dlivecommunity to help create a larger community.

Disclaimer:

@dlivepromoter is a part of the community project @dlivecommunity. We aim to help streamers navigate their way through @dlive and the overall Steem ecosystem. We are not affiliated with @dlive.

I can handle it ​ပေါ

ကောင်းပါတယ်ဗျာ စေတနာကောင်းတော့ ကံကောင်းတာပေါ့

အမှန်​ပါပဲကိုမြင့်​​ရေ​စေတနာသည်​သာကံပါရှင်

စေတနားကောင်းတဲ့ဆိုင်မှ ဝယ်ရတာ ဆက်ဆံရတာ စိတ်ချမ်းသာတယ်

စေတနာဟာ လူတိုင်းအ​ပေါ်မှာ ထားသင့်​ပါတယ်​။

အမှန်ပါပဲ ခင်ဗျာ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 16.00% upvote!
I was summoned by @myintlwinsoe. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

This post has received a 26.96 % upvote from @booster thanks to: @myintlwinsoe.

This post has received a 10.33 % upvote from @boomerang.

မိဘတိုင်းက သားသမီးတိုင်းကို အဲလိုစိတ်ဓာတ်မျိုး ပုံသွင်းပေးနိုင်
မယ်ဆိုရင်.....................

ပေးသူက ပေးသော်လဲ လက်ခံသူက လက်ခံလိုက်နာမှပါ ဆရာမရယ်…

စေတနာက​ကံ ကံ​ကောင်း၇င်​ အကျိုး​ပေးလည်း​ကောင်းပါတယ်

ဟုတ်တာပေါ့ဗျာ

🔝♨🔝မင်္ဂလာပါမိတ်ဆွေတစ်! သင်သည်သင်၏ post ကိုသတိပြုမိခဲ့ချင်ပါသလား? 17.000+ နောက်သို့လိုက်လော့, ☑ Upvote 100%, ☑ + 40 Upvote မှ☑ Resteem ။ @umruyar (သို့မဟုတ်ငါ၏အ 17,000 နောက်လိုက်စာမျက်နှာ @bigshot သွားရောက်ကြည့်ရှု) (ထိုမှတ်စုထဲမှာ URL ကို) 1 မှ SBD သို့မဟုတ် STEEM ပေးပို့ပါ။ Service ကို Active ကို🔝♨🔝

တဖြည့်ဖြည့်းလက်တော့်မှန်လာပြီသားရေ ဆက်သာထိန်းထား၊ ရသလောက်အချိန်လေးမှာ စာလည်းဖတ်။

ဟုတ်ကဲ့ပါဆရာ။