ကျွန်တော်ဒီနေ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသင်တန်း တက်ဖြစ်ခဲ့တယ်။သင်တန်းမှာ ပို့ချသူတွေက စက်ပစ္စည်းတွေ ဘယ်လိုကိုင်တွယ်သင့်တယ် ဘယ်လိုအကာကွယ်လုပ်သင့်တယ် ဆိုတာတွေကို ဟောပြောပို့ ချနေသည်။အကြောင်းရာတစ်ခု ချင်းစီကို သေခြာရှင်းလင်းပေးနေသော်လည်း ကျွန်တော့်စိတ်အစဉ်တို့ သည် ဟိုးးးးအတိတ်ဆီသို့
ကျွန်တော်တို့ရွာလေးမှာ ရဟန်းခံ ရှင်ပြုအလှု ကထိန်အလှုတွေဆိုရင် စည်ကားလှပါတယ်။စည်ကားဆို မောင်ရှင်လောင်းက ထမ်စဉ်ကြီးပေါ်မှာ အောက်က ထမ်းတဲ့သူတွေကလျိုးရတုတွေဆို ဝိုင်းအော်ကြနဲ့ ပျော်စရာပါ။လျှိုးရတုဆိုတာက တစ်ယောက်က ဆိုတယ် သူဆိုလို့ပြီးသွားရင် ကျန်တဲ့သူတွေ လျှိုးလို့ သံပြိုင်လိုက်အော်ပေးကြတယ်။
ပိုပြီးပိုက်ဆံရှိသူတွေက ဆင်တွေ မြင်းတွေ ဒေဝါဝန်း ရာဇာဝန်းတွေနဲ့အလှုလှည့်တာ့ကို။ပြီးတော့ အချောအလှ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် မိန်းမပျိုလေးတွေရဲ့အလှကလည်း အလှုပွဲကို စည်ကားစေတယ်။လှည်းယဉ်ကျော့လေးပေါ်မှာ လိုက်ပါလာကြတဲ့ နားသမယ့် မိန်းမပျိုလေးတွေကလည်း ဆွဲစောင်မှုတစ်မျိုးပေါ့။နောက်ထပ်စည်ကားစေမယ့် အရာကရွာထဲက ကတက်သူက လှည်းပေါ်မှာ ကတာပါ။သူကဖို့ အတွက် တီးလုံးကိုတော့ အသံချဲ့စက်ကြီးနဲ့ဖွင့်ပေးတာပေါ့။ရှေ့ကလှည်းမှာ မင်းသမီးက က နောက်လှည်းက အသံချဲ့စက်ဖွင့်ပေးပေါ့ဗျာ။အကအဖွဲ့က အလှုလှည့်တဲ့အထဲတွင် နောက်ဆုံးမှ လိုက်ရတာဆိုတော့ လူအစည်းဆုံးပေါ့။!
ခတ်တွေကလည်း တိုးတက်လာသလောက် အလှုရှင်တွေက ပိုပြီးစည်ကားအောင်လုပ်လာကြတယ်။အလှုမှာ ပါဝင်လှည့်လည်ပေးရသူတွေကလည်း ဟိုးခတ်ကလို ယောင်ပေစူးတွေ သနပ်ခါးတွေးမဟုတ်တော့ဘူး။ဆံထုံးကိုမှ အမျိုးမျိုးတန်းဆာဆင်လာသလို မိတ်ကပ်လေးတွေနဲ့ပေါ့ဗျာ။အပြောင်းတက အပြောင်းထဲမှာ အကအဖွဲ့ပါ ။အရင်ကလို လှည်းနဲ့ မဟုတ်တော့ဘူး ဆယ်ဘီးကားကြီးဖြစ်လာပြီ အသံချဲ့စက်နေရာမှာ sound box တွေဖြစ်လာပြီး ပါဝါရဖို့ အတွက် အရင်ကလို ဘထရီအိုးနဲ့မရတော့ဘူး မီးစက်တွေသုံးလာရတယ်။အကအဖွဲ့ဟာ အရင်ကလို ခြေထိုးအက မကတော့ဘူး ခတ်နဲ့အညီ Gangnam Style တွေဖြစ်လာတယ်။လူလည်း ပိုစည်းကားလာခဲ့တယ်။ကားပေါ်ကလည်း က မြေပြင်ပြင်ပေါ်ကလည်း က နဲ့ အကပြိုင်ပွဲကျင့်ပနေသလားအောင့်မေ့ရလောက်အောင်ပင်။
ဒီလိုတိုးတက်လာခြင်းသည် အစပိုင်းတွင်ပျော်ရွှင်ခဲ့ရသော်လည်း နောင်တွင်Sond Boxကိုကားပေါ်တင် မီးစက်ကို နောက်မှာဆွဲ Gangnam Styleအကဖြင့် ဖျော်ဖြေပေးတဲ့ အဖွဲ့တွေကို တွေ့တိုင်း ကျွန်တော်မျက်ရည်ဝဲခဲ့ ရသည်။ ဖြစ်နိုင်လျှင် အလှုတန်းပွဲများတွင် sounboxသံကိုပင်မကြားလို မမြင်လို။
ကျွန်တော့မှာ ညီကိုရင်းတွေထက် ချစ်ခင်ရတဲ့ သူငယ်ချင်း ဖိုးကျော် ဆိုတာရှိပါတယ်။သူနဲ့က ဝါသနာကလည်းတူ စားတူ သွားတူပေါ့ဗျာ။ညအိပ်တာတောင် သူငယ်ချင်း ၂ ယောက်တူတူ အိပ်ဖြစ်တယ်။ဖိုးကျော် သူရည်းစားနဲ့သွားချိန်းရင် ကျွန်တော်က အစောင့်လိုက်ပေး ကျွန်တော်သွား ချိန်းတွေ့ရင်လဲ သူက အစောင့်လိုက်ပေးတယ်။မိုးဦးကျလို့ ဖားလိုက်ရိုက်ရင်လည်း ၂ယောက်တူတူ။၂ယောက်သားက သူများအသတ်သာသတ်တာ ငရဲကြီးကိုငရဲလေးက နိုင်တယ်ကြားဘူးတော့ အပြစ်လျှော့အောင် ဘုန်းကြီးကျောင်းက ဘုရားကို နေ့တိုင်းတံမြတ်စည်းလှည်း သန့်ရှင်းရေးလုပ်ပေါ့။ထန်းရည်ကြိုက်တာကလည်းတူတော့ ၂ယောက်လုံးက ကောင်းတူဆိုးဘက်တွေ။
ကိုကြီးမောင်က ပိုက်ဆံအရမ်းချမ်းသာတယ်။သူ့အလှုမှာ ရွာက ကာလသားတွေ ပျော်ရအောင်ဆိုပြီး Soundbox ကိုကားပေါ်တင်ပြီး မီးစက်ကိုနောက်မှာဆွဲ ပြီးခတ်စားနေတဲ့Gangnam Style အက အဖွဲ့ကို ငှားထားတယ်။ကမယ့်သူတွေကလည်း မြို့ကကောင်မလေး ချောချောလေးတွေ။ဒါမျိုးဆိုရင် တက်ကြွလွန်းတဲ ကျွန်တော်နဲ့ဖိုးကျော်က အောက်မှာလိုက်ကဖို့ အဆင်သင့်ပဲ။
ပိုက်ဆံရှိတဲ့အလှုမို့ အလှုလှည့်တာကို ဒေဝါဝန်း ရာဇာဝန်းတွေ အပြင် ဆင်တွေ မြင်းတွေနဲ့လှည့်တာ။ခါတိုင်းလို ကာလသားတွေ ထမ်းစဉ်ထမ်းဖို့ မလိုတော့ဘူး။ဗြောကဆင်တပ်ဗြော။ဒိုးပတ်ကို ချင်းတွင်း။အကအတွက်က မြို့မှာ နာမည်ကြီးနေတဲ့အဖွဲ့ ဆိုတော့ အလှုက စည်ကား လှပါတယ်။ကာလသား တွေကတော့ Gangnam Style အကကို ကားပေါ်မှ မြို့သူလေးများနှင့်အပြိုင် ပျော်မြူးစွာ ကနေ၏။ထိုထဲတွင် ကျွန်တော်နှင့် ဖိုးကျော်လည်း အပါဝင်ပေါ့ဗျာ။အပေါ်က အပျိုချောလေးတွေ ဖင်လေးလှုပ် ရင်လေးလှုပ်ကပြတိုင်း အောက်က ကာလသားတွေကလည်း မရှိတဲ့ ရင်နဲ့ ဖင်ကို လှုပ်ပြီး အပြိုင်ကျဲနေပါတော့သည်။အော်ဟစ်ပြီးအားပေးနေးသံ က အနီးရှိ soundbox နှင့် ပါဝါရဖို့ အတွက် ကားနောက်မှာဆွဲလာတဲ့ မီးစက်သံတောင် အရှုံးပေးရမလို။ကလသားတိုင်းရဲ့ မျက်နှာမှာလည်း ပြုံးလို့ပျော်လို့။အောက်မှာ ကတဲ့သူများလွန်းလို့ ကျွန်တော်နဲ့ ဖိုးကျော် မီးစက်ရှိတဲ့ ကားနောက်ပိုင်းလေးမှာပဲ ကခွင့်ရခဲ့ပါတယ်။
ထိုအချိန်တွင် အိမ်တွင်ချည်ထားသောနွား ၂ကောင်သည် ချည်ထားသော ကြိုပြေပြီး တစ်ကောင်နှင့်တကောင်ဝှေ့နေကြသည်။ လူအားလုံး၏ အာရုံသည် အပျော်တွင်သာ ကျက်စားနေကြလေသည်
။ထိုနွား နှစ်ကောင်ကို မည်သူမှ သတိမထားမိ။နွားနှစ်ကောင် ဝှေ့ရင်း တစ်ကောင်သည် ရှုံးပြီး လူအုပ်ထဲပြေးဝင်လာသည်။လူများသည် ဝင်လာသောနွားကို ကြောက်လန့်တကြား အပြေးလွှား ရှောင်လိုက်ကြသည်။တစ်ယောက်နှင့်တစ်ယောက် ထိမိ တိုက်မိ လဲကျသူလည်းနှင့်။နွားသည် ကျွန်တော်နှင့်ဖိုးကျော်ဘေးမှ ဖြတ်သွားသည် ကျွန်တော်တို့ နှစ်ယောက်လည်း အလျှင်မြန်ရှောင်လိုက်သည်။ဖိုးကျော် အရှောင်မှာ ခလုပ်တိုက်မိပြီး လဲအကျတွင် လက်တစ်ဖတ်သည် အနီးရှိ မီးစက် ပတ်တားကြိုးထဲသို့ လဲကျသွားပါတော့သည်။
အားးးးးဆိုသောဖိုးကျော်အသံသည်လည်း တချိန်တည်းမှာပင်။
အဖြစ်ပျက်သည်မြန်ဆန်လွန်းလှသည်။နာကျင်လွန်း၍ တအားအား အော်နေသော ဖိုးကျော်ထံတွင် လက်ဖတ်သာ ရှိတော့သည် ကျန်တစ်ဖတ်မှာ လက်မောင်း အလယ်ခန့်သာကျန်တော့သည်။လူတစ်ချို့သာ မြင်လိုက်ရသည် ကျန်သူများ သတိမထားမိသေး။ကျွန်တော် မီးစက်ကို စက်သတ်လိုက်သည်။ Sound box သံလည်း တိပ်သွားသည်။လူများလည်း ဖိုးကျော်ထံတွင် ရှိနေကြသည်။ဖိုးကျော် အော်ဟစ်နေဆဲ။
သွေးမြင်ရင်ကြောက်တက်သော ကားပေါ်မှမိန်းကလေးများ နှင့် ကာလသားအချို့ ရှောင်ထွက်ကုန်သည်။သွေးများ အိုင်ထွန်းကာမြင်မကောင်းအာင် ကြနေသည်။ကျွန်တော် လူကြားထဲတိုးပြီး ဖိုးကျော်ရဲ့ ကျန်လက်တစ်ဖက်မှ ဆွဲပြီး ထခိုင်းသည်။ဖိုးကျော် ဒူးများတုန်ပြီးမထနိုင်။ကျွန်တော် ဖိုးကျော်ကို ပွေ့ချီပြီး ကားပေါ်တင်လိုက်သည်။ဖိုးကျော် တအားအား အော်ရင်း မျက်ရည်များကြနေသည်။ပါစပ်မှလည်း ငါလူစဉ်မမှီတော့ဘူး ဒုက္ခိတဖြစ်ပြီ ဆိုပြီး တတွတ်တွတ်ပြောနေသည်။
ကားဆရားက လူများကို soundbox များ ချခိုင်းနေသည်။တစ်ချို့က နောက်ကဆွဲထားသော မီးစက်အတွဲကိုဖြုတ်နေကြသည်။ထို့နောက်ဆေးရုံသို့ မောင်းသွားကြတော့သည်။
ကဲ…ဘာမေးစရာရှိလဲ ဟုသော ပိုချသူအသံကြားမှ သတိကပ်လာသည်။ဘာမှ မေးစရာမရှိဘူး ဆိုရင် ထပ်သတိပေးပါမယ် အန္တရာယ်ဖြစ်စေနိုင်တဲ့ စက်တွေကို အဖုံးကာ ထားနိုင်အောင် စီစဉ်ကြပါ။အရေးကြီးတယ်နော်။အားလုံးမင်္ဂလာပါ ဟုနှုတ်ဆက်ပြီး ထွက်သွားလေသည်။
ကျွန်တော့် စိတ်ထဲမှာတော့ ဒီလိုနည်းသာ အစတည်းက လူတိုင်း သိခဲ့ရင်…………
MSC-224
@myintlwinsoe
photo from facebook
bro ပိုပြီး
ရေးတာတွေ
ပိုပြီဆရာကျလာတယ်နော်
တစ်ကယ်လည်း ဗဟုသုတ
သတိပြုစရာတွေ သိလာတယ်
အကိုပိုပြီးအောင်မြင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
mon မှ coffee တိုက်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟားဟား
ဟုတ် အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you @myintlwinsoe for making a transfer to me for an upvote of 0.72% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်ကိုပဲဗဟုသုတရပါတယ်အကိုရေ
အမြဲအားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါညီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good Post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတရပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတ တစ်ခုတိုးပွားရပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုက်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😁😁😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတိထားသင့်တာေ်ဘဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Bro potတွေဖတ်ရတာဗဟုသုတရပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကိုအောင်ကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါညီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးတက်သားနဲ့။လိုင်းရွေးချယ်တက်ဖို့ဘဲ။ဝတ္ထုများများရေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good job bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank ko that
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသိပညာတစ်ခုတိုးပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါညီမ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice writer ... good 👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit