ဘဝဆိုသည်မှာ အပိုင်း-2(ဇာတ်သိမ်း)

in myanmar •  7 years ago 

"ဇ"တွင်အပေါင်းအသင်းများသည်။အပေါင်းသင်းများတော့ အလုပ်လည်းစုံသည်။ဟိုနေရာလဲသူ ဒီနေရာလဲသူ။ဟော အခုလဲ ထန်းတောထဲရောက်လေပြီ။
"ပြည့်စုံ ချလေကွာ…ဟိတ်ရောင်"ဇ"မင်းငါ့ကိုအရောက်ပို့နေတာလား…ငါအိမ်ကခွင့်မပြုဘူးကွ…ပြည့်စုံရာ မင်းအခုနေသေသွားရင် ထန်းရည်သောက်ဖူးလိုက်မှာမဟုတ်ဘူး…မင်းအိမ်က မင်းကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ လိုက်ပိတ်နေတာ…သံပတ်ပေးထားတဲ့ စက်ရုပ်ကျနေတာပဲကွာ"

"ဇ…မင်းဘဝကတော့ ကာင်းလိုက်တာ…လုပ်ချင်တာလုပ်ခွင့်ရတယ်"

ပြည့်စုံ…ဘဝဆိုတာခဏလေး အာ့ခဏလေးမှာ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းပြီး လုပ်ချင်တာလုပ်တာပေါ့ကွာ"

ပြည့်စုံကတော့ "ဇ"တို့မိသားစုလေးကိုအားကျစမြဲ။"ဇ"တို့ဖေဖေသည် ပညာမတတ်ပေမဲ့ "ဇ"ကိုအတတ်ပေါင်းစုံတတ်စေချင်သည်။မလုပ်တတ်တာမရှိစေရ။ "ဇ"တို့ ဖေဖေကိုယ်တိုင်ပင် ဖားရှာငါးရှာ ဆိုက်ကားနင်း ထင်းခွဲရေခပ် အရက်သောက် ကွမ်းစား အကုန်လုပ်သည်။"ဇ"ကိုလည်း အကုန်လုပ်ခွင့်ပြုသည်။သိုသော်ကွမ်းစားရင် ဘာရောဂါဖြစ်စေတယ်။ဆေးလိပ်သောက်ရင်ဘာရောဂါဖြစ်စေတယ်။ အရက်သောက်ရင် ဘာရောဂါဖြစ်စေတယ်ဟု တစ်ခါတည်းပြောထားသည်။မကောင်းတာသိပြီဖြစ်၍ "ဇ"သည်လည်း တစ်ခါတစ်ရံ အပေါင်းအသင်းနှင့်သောက်သည်။"ဇ"သည် သောက်တာ တစ်ရက်ကနေနှစ်ရက်ဖြစ်လာပြီဆိုရင်တော့ ဇဖေဖေက "ဇ"ကိုကုသိုလ်ပြုစေသည"ဇ"အတွက် အလွယ်ကူဆုံး ကုသိုလိပြု ခြင်းက မမေ၏ လုံချည် ဖေဖေ၏ပုဆိုး အင်္ကျီတို့လျှာ်ပေးခြင်းဖြစ်သည်။"ဇ"ဖေဖေက"ငါ့သား ယောကျာ်းဆိုတာ မလုပ်ဘူးတာဘာမှမရှိစေနဲ့"တဲ့။အဲ့ဒါက "ဇ"ဖဖေရဲ့အမှာစကားပင်။"ဇ"တို့မိသားစုကိုကြည့်ပြီး ပြည့်စုံအားကျစမြဲပင်။

တစ်နေ့ ပြည့်စုံ"ဇ"တို့အိမ်ကိုလာလည်သောအခါ ထမင်းဝိုင်းနဲ့တိုးလေးသည်။"ဇ"တို့မေမေက ထမင်းစားခေါ်သည်။ပြည့်စုံ အားနာစွာဖြင့် မစားတော့ပါဘူပြောမည်ကြံကာမှ ဗိုက်က ထောက်ခံ လေပြီ"တဂွီ ဂွီ"အကျယ်ကြီးအော်လေပြီ။"ဇ"က "ဟားးးးပြည့်စုံ မင်းဗိုက်ကအော်နေတယ် လာပါကွာ…လက်ဆေးရော့ စား"ဆိုပြီး ထမင်းခူးပေးလေသည်။ပြည့်စုံလက်ဆေးပြီး ဟင်းကြည့်လိုက်ရာ ရွှေခေါင်းပြောင်ခေါ် ကြက်ဥချက်နှင့်ငါးပိရည်တို့စရာဟင်းပင်။"ဇ"မေမေက ကြက်ဥတစ်လုံးသူ့ပန်ကန်ထဲသို့ထည့်ပေးလေသည်။ပန်ကန်ထဲတွင်ကြက်ဥ ၂လုံးသာကျန်သည်။

"ဇ"ဖေဖေက ကြက်ဥကို မေမေပန်ကန်ထဲသို့တစ်လုံး"ဇ"ပန်ကန်ထဲသို့ တစ်လုံးထည့်ပေးလေသည်။"ဇ"ကလဲဖေဖေ ပန်ကန်ထဲသို့ပြန်ထည့်ပေးသည်။"ဇ"မေမေကလဲ ဖေဖေပန်ကန်ထဲသို့ပြန်ထည့်ပေးသည်။သူစားငါစားဖြစ်နေကျလေသည်။
နောက်ဆုံးတွင်တော့"ဇ"မေမေကသူ့ပြန်ကန်ထဲမှကြက်ဥ တစ်ခြမ်း ဖေဖေပန်ကန်ထဲသို့ပြန်ထည့်ပေးသည်။"ဇ"ကလဲသူ့ပန်ကန်ထဲမှကြက်ဥတစ်ခြမ်းဖေဖေပန်ကန်ထဲသို့ပြန်ထည့်ပေးသည်။ ပြီးတော့"ဇ"နှင့်ဇမေမေက ပြိုင်တူ ထပြောသည်က"ဖေကြီးအားရှိဖို့လိုတယ် များများစားတဲ့"ပြည့်စုံထမင်းဝိုင်းလေးကိုကြည့်ပြီးသဘောကျမိလေသည်။

ပြည်စုံအတွက် အရသာအကောင်းဆုံးနှင့်တစ်သက်မမေ့နိုင်စရာ ထမင်းဝိုင်းပင်ဖြစ်သည်။ဟင်းမကောင်းပေမဲ့အရသာရှိပြီး ပျော်ရွှင်ကြည်နူးစရာကောင်းသော ထမင်းဝိုင်းကလေးပင်။ပြည့်စုံအိမ်ကထမင်း ဝိုင်းကလေးကိုပြေးမြင်မိသည်။သိတတ်စအရွယ်ကတည်းကပင် ပြည့်စုံတစ်ယောက်ထဲ ထမင်းစားခဲ့ရသည်က များသည်။မေမေကလဲမအား သူ့အလုပ်နှင့်သူရှုပ်နေသည်။ဖေဖေကလဲအလုပ် ဆိုပြီးမိုးချုပ်မှပြန်လာစမြဲပင်။ဟင်းတွေကတော့ ကောင်းပါရဲ့ မိသားစုမဆုံတာကများတော့ မစိုပြေပျော်စရာမကောင်း အရသာလဲတော့မရှိပေ။မိသားစုအစုံ ထမင်းစားရသည် ခပ်ရှားရှားရယ်။မိသားစုစုံပြန်ရင်လဲ ကိုယ့်အတွေးနှင့်ကိုယ်စားနေကျစမြဲမို့ ထမင်းဝိုင်းတယ်ပြီး စိုပြေတယ်မရှိလှပေ။

ကံကြမ္မာအလှည့်အပြောင်းက ပြည့်စုံတို့အိမ်သို့ရောက်ရှိလာလေပြီ။ ပြည့်စုံတို့အိမ်မီးလောင်သွားသည်။စုဆောင်းထားသည်များပါသွားသည်။အဆိုးဆုံးက စက်ရုံမှငွေများ မီးထဲပါသွားသောကြောင့် ဘဏ်မှာစုထားတာလေးတွေပါ ထုပ်ပေးလိုက်ရသည့်အပြင် ခြံပါရောင်းလိုက်ရသည်။ချမ်းသာသောဘဝမှဆင်းရဲသောဘဝသို့ရောက်ရှိလေပြီ။လူတို့သည်အပြောင်းအလဲတစ်ခုကို လွယ်လွယ်ကူကူ မြန်မြန် ဆန်ဆန် လက်မခံနိုင်ပေ။ နေရာစလဲမရှိ ။ချမ်းသာသောအခါ သူငယ်ချင်းမိတ်ဆွေများလှသည်။ဆင်းရဲသောအခါမိတ်ဆွေသူငယ်ချင်းဆွေမျိုးတစ်ယောက်မှအနားတွင်မရှိတော့ပါ။"ဇ"ဖေဖေနှင့်မေမေက အိမ်ငှားဖို့အာမခံပေးသောကြောင့်အိမ်စရလေပြီ။ဆင်းရဲသော"ဇ"တို့အိမ်ဘေးတွင် အိမ်ငှားဖြင့်နေရတော့မည်။ ပြည့်စုံတို့မိသားစု"ဇ"တို့အိမ်ကိုအထင်သေးခဲ့သမျှနောင်တရလေပြီ။

ပြည့်စုံ၏ဖေဖေ စိတ်ဓါတ်တွေကျနေပြီ။မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းချမ်းသာလာသောကြောင့် ဘာမှပင်ပင်ပန်းပန်းမလုပ်တက် မကိုင်တတ် ဒုက္ခရောက်လေပြီ။ပြည့်စုံတို့သားမိ၃ယောက်"ဇ"တို့အိမ်ကျေးဇူးတင်စကားပြောရန် အိမ်သို့ရောက်လာကျလေသည်။

ပြည့်စုံတို့သားမိတွေပဲ လာအိမ်ပေါတက်…ဇ ဖျာခင်းပေးပါအုံး…ထိုင်ကျပါ"ဟု ဇ၏မေမေမှပြောလေသည်။

" အမရယ်ကျေးဇူးတင်စကားလေးပြောချင်လို့ လာတာပါ"

"မလိုပါဘူးကွယ်…အမကစေတနာနဲ့ကူညီပေးတာပါ…ပြည့်စုံဆိုတာလဲ အမသားလိုပါပဲကွယ်…အားနာမနေပါနဲ့"

"ဇ…ငါလေ မနက်ဖြန်ကနေစပြီး ကျောင်းမတက်တော့ဘူး"

"ဘာလို့လဲကွ"

"ငါကျောင်းထွက်တော့မယ်"

ဇ၏ဖေဖေမှဝင်၍" ဟေ…ဘာလို့ကွပိုက်ဆံမတတ်နိုင်လို့လား…ယောကျာ်းဆိုတာ အတတ်ပညာတစ်ခုခုတတ်မှ ကောင်းတာကွ…ပြည့်စုံ မင်းမှာလုပ်တတ်တာ ဘာမှမရှိဘူး ပညာတော့တတ်အောင်သင်ကွာ…မင်းပိုက်ဆံမတက်နိုင်ရင် ငါထားပေးမယ်"ဟုပြောလေသည်။

ပြည့်စုံမေမေမှာ"ငါအရင်တုန်းက ဇတို့မိသားစုအပေါ် အပေါ်ယံလေးကြည့်ပြီး အထင်သေးခဲ့တာမှားလေပြီ"ဟုနောင်တရလေပြီ။လူတစ်ယောက်အပေါ် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေအပေါယံလေးကြည့်ပြီး မဆုံးဖြတ်သင့်ဘူးကြောင်း ဘယ်လောက်ပဲ သေးငယ်ပါ
စေ သူ့အစွမ်းအစနှင့်သူ့တန်ဖိုးဆိုတာရှိစမြဲ ပင်ဖြစ်ကြောင်း ကောင်းကောင်း နားလည်သွားသည်။

ပြည့်စုံ၏ဖေဖေက"ကျွန်တော်လဲ ဒီတိုင်းဘဝကို မကုန်ဆုံးချင်ဘူး စိတ်ဓါတ်ကျပြီးအိပ်ယာထဲလှဲနေရင် သေဖို့ပဲရှိတော့တယ်…ကျွန်တော့ကိုလဲ အလုပ်လေးတစ်ခုခုရှာပေးပါလားအကို"

ကောင်းတယ် ငါနဲ့ဆိုက်ကားလိုက်နင်း"

"အကိုကလည်း ကျွန်တော်မှဆိုက်ကား မနင်းတတ်တာ"

"ဟားးးသင်မှတတ်မှပေါ့ကွ…နက်ဖြန်ကစပြီး ဆိုက်ကားနင်း သင်ပေးမယ် ဟုတ်ပြီလား"

ပြည့်စုံမေမေက "ကျွန်မကိုလဲ အလုပ်လေးရှာပေးပါလား အမရယ်"

"ညီမကအမနဲ့ အမတို့ကုန်စုံဆိုင်လေးမှာဈေးလိုက်ရောင်း…အဲ့ကနေမှ ပိုက်ဆံစုမိတဲ့အခါ ဆိုင်ခွဲထွက်ပေါ့…အမတို့ဆိုင်ကတော့ အကြီးကြီးတော့မဟုတ်ဘူ…အမတို့ပိုက်ဆံလေးတွေ စုပြီး တည်ထားတာ…ပြည့်စုံ သားကလဲ ဇနဲ့တူတူ ကျောင်းတက် ဇနဲ့တူတူ ကူလုပ် ဟုတ်ပြီလား"

ဇ၏ဖေဖေမှ" အေး…ကောင်းတယ်ကွာ…အခုလိုလေးမြင်ရတော့လဲ ကောင်းလိုက်တာ ဘဝဆိုတာခဏလေးကွ…ခဏလေးမှာပျော်အောင်နေကျ…လဲကျသွားလဲပြန်ထကြ…တကယ်တော့ဘဝဆိုတာ လက်ဝေ့ကြိုးဝိုင်းထဲကလိုပဲ…လဲကျသွားတဲ့အခါတိုင်း အရှုံးမဟုတ်ဘူး … ပြန်မထနိုင်မှသာတကယ့် အရှုံးကွ"ဟု အားပေးစကားပြောလေးသည်။

နံနက်မိုးသောက် အလင်းရောက်သောအခါ ပြည့်စုံတို့မိသားစု ဘဝကိုတစ်ခါအသစ်စကျလေပြီ။အားအင်အပြည့်ဖြင့် အဖေကဆိုက်ကားနင်းသင်ရန် ဇ၏ဖေဖေတို့အိမ်ကိုသွားသည်။အမေကတော့ ဈေးရောင်းရန် ဇ၏မေမေနှင့်တူတူ ဆိုင်သို့
ထွက်သွားလေပြီ။ မေမေနှင့်ဖေဖေ့ ကျောပြင်ကိုငေးကြည့်ရင်း အရင်ကအလုပ်သွားသောပုံနှင့် အခုအလုပ်သွားသောပုံကိုကြည့် ကာ ယောကျာ်းတန်မဲ့ ပြည့်စုံ တစ်ယောက် မျက်ရည်တော့ဝဲမိသည်။သားဖြစ်သူ ပြည့်စုံကတော့ စိုက်ခင်းရေလောင်းနေသော"ဇ"ထံသွားကာ"ဇ…ငါ့ကိုလဲ မင်းတတ်သမျှဟာအကုန်သင်ပေးပါ"

"okလေ အကုန်တတ်စေရမယ်"

"ထမင်းချက် အဝတ်လျှော် အရင်သင်ပေးပါ…ဖေဖေနဲ့ မေမေကို လုပ်ပေးချင်လို့… ဟိတ်ကောင် ဇ ဆရာစားမချန်နဲ့ နော်"

"ဟုတ်ပါပြီကွာ…ဒါပေမယ့် ဖွန်ကြောင်တဲ့နေရာမှာတော့ဆရာစားချန်ပါရစေကွာ နော်…"ဟု ဇ ပြောအပြီးတွင် သူငယ်ချင်းနှစ်ယောက် တဟားးဟားးနှင့်ပြိုင်တူ
ရယ်မိကျသည်။ပြည့်စုံ အိမ်နောက်ဖေးမီးဖိုချာင်ဝင်ပြီး လက်စွမ်းပြလေပြီ။ သူမမေ့နိုင်သောရွှေခေါင်းပြောင်ခေါ် ကြက်ဥဟင်းချက်ကျွေးရမယ်။ပြည့်စုံတစ်ယောက် ထမင်းပွဲအဆင်သင့် ပြင်ပြီးမေမေနှင့်ဖေဖေပြန်အလာကို စာကျက်ရင်းမျှော်နေမိ
သည်။ဟော…မေမေပြန်လာပြီ။ပင်ပန်းသောဒဏ်ကြောင့်မျက်နှာလေးကနွမ်းဖတ်နေသည် ဒါပေမဲ့မျက်နှာတွင်တော့ အလှဆုံးအပြုံးကိုဆင်ထားသည်။

မေမေ မောလာတာလား…လာ ဒီမှာထိုင်" ပြည့်စုံရေတစ်ခွက်ဖြင့် စီးကြိုကာအမောဖြေစေသည်။"ခဏနားမေမေ ကျွန်တော်ရေဖြည့်ထားတယ် အမောပြေရင်ရေချိုးလိုက်နော်"

"ဟုတ်ပါပြီသားရယ် အမေ့သားလေး အခုလိုလိမ်မာမှန်း အမေမသိခဲ့ဘူး"ဟု ကြည်နူးဝမ်းသာစွာပြောမိသည်။ခဏကြာတော့ ခမောက်ကြီးစောင်း ပုဆိုးတိုတိုဖြင့်အကျီလက်ရှည်အနွမ်းလေးကို ဝတ်ကာ ပင်ပန်းသောပုံစံဖြင့် ပြည့်စုံ၏ဖေဖေ ပြန်လာသည်။

ဖေဖေရေသောက် အမောဖြေအုံး…မေမေတောင် ခုဏမှပြန်ရောက်ပြီး ရေချိုး
တက်သွားတာ…ဖေဖေလဲအမောပြေရင် ရေချိုး သားရေထပ်ဖြည့်ထားမယ်"

"သားပြည့်စုံ ဒီဟင်းတွေ ဘယ်သူချက်ထားတာလဲ"

"သားချက်ထားတာလေ မေမေရဲ့"

"သားကဘယ်တုန်းက ဟင်းချက်တက်သွားတာလဲ"

"သား အမေတို့ကို ကိုယ်တိုင်ချက်ကျွေးချင်လို့ ဇ ဆီကဒီနေ့ပဲသင်လိုက်တာ ပါမေမေ"

ညနေပိုင်း ထမင်းဝိုင်းလေးကတော့ မိသားစု၃ယောက်ဖြင့်စည်ကားနေပါသည်။ပြည့်စုံ ဖေဖေပန်ကန်ထဲသို့ ရွေခေါင်းပြောင်ဟင်းအရင်ဦးချသည်။ထို့နောက် မမေ့ကိုဦးချပြီး သူမစားနိုင်သေးပဲ ကြည့်နေသည်။အရသာဘယ်လိုလဲ ဟင်ကောင်းလား ဆိုပြီးမေးမိသည်။ဖေဖေနှင့်မေမေ စားကြည့်ပြီး "ဟားးးအရမ်းကောင်းတာပဲ…သားတော်တယ်"ဟု ပြိုင်တူထွက်လာသည်။ ပြည်စုံစားကြည့်သည့်အခါတွင်တော့"အားးငန်တူးနေတာပဲ"ဟု ထအော်မိသည်။ညနေခင်းရဲ့ထမင်းဝိုင်းလေးကတော့ ရီသံများနှင့်စည်ကားနေကျသည်။

ညပိုင်းတွင်တော့အိမ်ရှေ့ကွပ်ပြစ်တွင်သားမိသားအဖသုံးယောက်ကွပ်ပျစ်ပေါတွင်လဲအိပ်ရင်းပြည့်စုံမေမေက"ယောကျာ်း…ရှင်ဆိုက်ကားနင်းတာ ဘယ်လိုလဲ အဆင်ပြေလား"ဟုမေးသောအခါ
"ဟားးးမင်းယောကျာ်းငါပါကွ နင်းတတ်သွားပြီ…ဒါပေမဲ့ဒူးမှာတော့ ဆိုက်ကားနင်းတတ်တဲ့ တံဆိပ်တစ်ခုပါရခဲ့တယ်ကွ"ဟုပြောပြီး ပြိုင်တူရီမောမိသည်။ သြော်အခုမှ မိုးကောင်းကင်ကိုမော့ကြည့်ခွင့်ရတယ်။လကမထွက်သေးပေမဲ့ ကြယ်လေးတွေ ဖြင့် လင်းလတ်တောက်ပနေစမြဲ။တကယ်တော့ ဘဝဆိုတာခဏလေးပါ။
ထိုခဏလေးမှာ ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာတွေ မဖြစ်တာတွေ တွေးပြီး စိတ်ညစ်နေမယ့်အစား စိတ်ချမ်းသာသလိုနေတာတ ကယ့်ဘဝပါ။ဘဝဆိုတာ တကယ့်ခဏလေးပါ။ဒီနေ့ပြီးရင် နောက်နေ့ဘာဖြစ်မယ်ဆိုတာကြိုမသိန်ုင်ဘူးလေ။ဒါကြောင့် ဒီနေ့ကို အကောင်းဆုံး အပျော်ရွှင်ဆုံး ဖြတ်သန်းလိုက်ပါ။

Photo credit google

MSC-224

@myintlwinsoe

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝဆိုတာ တကယ်​ကို မ​ပြောပ့​လောက်​တဲ့ အချိန်​​လေးပါ ​ကောင်းတာ​တွေလုပ်​ပြီး ​ပျော်​​အောင်​​နေကြရမယ်

ဟုတ်ပါတယ် ညီမလေး

အရေးအသားမိုက်တယ် bro

ကျေးဇူးပါညီလေး

အ​ရေးအသားကတကယ့်​ကို​ကောင်းပါတယ်​ရှင်​။

အခုလို လာရောက်ဖတ်ရှုပေးတာ ကျေးဇူးပါဗျ

မိုက်မိုက်

အခုလိုလာရောက်ဖတ်ပေးတာကျေးဇူးပါဗျ

အရမ်းကောင်းပါတယ်။

ကျေးဇူးပါဗျ

စားချင်​စဖွယ်​..။

Good

Very good bro
အာ​ပေးလျှက်

Good
ဘဝဆိုတာခဏလေးပါ

ဟုတ်ပါတယ်ဗျ အခုလို လာရောက်ဖတ်ရှုပေးတာ ကျေးဇူးပါဗျ

Good တယ်​ ကိုmyint

ကျေးဇူးပါ ကိုအောင်ကြီး

အချိန်တွေမဖြုးမိပါစေနဲ့
သုံးတတ်ပါစေ

အလွန်ကောင်းတဲ့ ဒဿနတွေပါဗျာ plz v and c me back @mgtoetat

အရင်တည်းကပေးပြီးသာပါညီလေး

ရေးတတ်လိုက်တာနော်

အခုလိုလာရောက်ဖတ်ရှုပေးတာကျေးဇူးပါဗျ

ဟုတ်ဗျာ အဲလိုနေတတ်ဖို့ကြိုးစာစရဦးမှာ

ဘဝဆိုတာနိမ့်​လိုက်​မြင့်​လိုက်​ပါပဲ။

Goodတယိဗျာ

အနေတတ်မှ အသေတတ်မှာပါ ဘ၀တွေဆိုတာက အများအပြားဖြတ်ကျော်နေရပေမယ့် ဘာမှမသိနိုင်ပါ ကောင်းပါ၏

ဟုတ်ကဲ့ ပါဗျ။အခုလိုလာရောက်ဖတ်ရှုပေးတာ ကျေးဇူးပါဗျ

ကောင်းပါတယ်အကိုရေ...
ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျတွေကိုဖော်ပြသွားတာ အရမ်းကောင်း..

ဇာတ်တောင် မသိမ်းချင်သေးဘူး

ဖတ်လို့ ကောင်းနေတုန်း
တိခနဲ ဆုံးသွားတော့

GOOD POST BRO