ဤခရီးနီးသလား အပိုင်း(၁)

in myanmar •  7 years ago 

ကျွန်တော်တို့ အင်းတကော် စက်ရုံမိသားစုလေး ကားတစ်စီးဖြင့်ခရီး
နှင်နေကြသည်။သွားမည့်နေရာကတော့ steemitရွာသို့ဖြစ်သည်။သွားမည့်ကိစ္စက ပညာသာမက ဝင်ငွေပါတိုးနိုင်တဲ့ steemitပေါ် တွင် ကိုယ်ပိုင်အရေးသားဖြင့် မိမိ၏ဗဟုသူတများကို မျှဝေခွင့် ရှိရေး
နှင့်steemitရွာတွင် ရပ်တည်နိုင်ရေးဖြစ်သည်။
FB_IMG_1516588488393.jpg
စက်ရုံမိသားစုလေးကို sttemitခရီးသွားဖို့ စတင်အဖော်ညှိသူမှာ ကျွန်တော်@myintlwinsoeပင်ဖြစ်ပါတယ်။စက်ရုံမိသားစုလေး
steemitခရီးစဉ်တွင် လိုက်ပါဖို့အဖော်ညှိခြင်းမှာ အကြောင်းရှိသည်
ကျွန်တော် steemitရွာသို့သူတို့အရင် တစ်ပတ်လောက်စော၍
ရောက်ခဲ့ဘူးသည်။steemitရွာ၏ သာယာပုံ ပညာရရုံသာမက တစ်
ယောက်အကျိုးစီးပွားအတွက်မဟုတ်ပဲ အချင်းချင်းကူညီးပြီး အဖွဲ့
စည်းဖြင့် လူတိုင်းဝင်ငွေရစေရန် ပံ့ပိုးပုံ လက်တွဲခေါ်ပုံတွေကိုမျက်မြင်
ကိုယ်တွေ့ကြုံခဲ့ရဘူးပြီ။Screenshot_20180117_231933.png
steemitသည် ကျွန်တော်တို့လို သာမန်ကုမ္ပဏီဝန်ထမ်းတွေအ
တွက် ဘဝတဆစ်ချိုးပြောင်းနိုင်သောနေရာဟု ယုံကြည်မိသည်။
စိုက်ထုပ်ရမည့်အရင်နှီးကလည်း ကျွန်တော်တို့တက်နိုက်သည့်အရင်း နှီးပင်ဖြစ်ပေသည်။ထိုအရင်းနှီးက မည်သည့်copyမှမကူးယူပဲ
မိမိနှစ်သက်ရာစာပေကို ရေးသားဖို့ပင်ဖြစ်သည်။လူတို့၏သဘောမှာ
အစားကောင်းစားရလျင် မိမိချစ်ခင်သောမိတ်ဆွေများကို သတိရ
တက်ပေသည်။ထိုကြောင့်ပေးသလောက်လစာယူ ခိုင်းတာလုပ်
ရတာနဲ့လောက်အောင်စား ဘဝမှလွတ်မြောက်နိုင်မည့်လမ်း
ဖြစ်သည့်sttemitရွာသို့ ချစ်မိတ်ဆွေ စက်ရုံမိသားစုကိုအပါခေါ်ယူ
လိုစိတ်ပြင်းပြစွာဖြစ်ပေါ်လာခဲ့သည်။1516588586596-237893929.jpg

ဤသို့စေတနာဗလပွနှင့် ခရီးစဉ်တွင်လိုက်ပါဖို့ လူစတင်စုဆောင်းရန်
စီစဉ်ပါတော့သည်။ကျွန်တော်က ဟိုစပ်စပ်ဒိစပ်စပ် ပါလေရာငပိချက်။ကျွန်တော်onlieငွေရှာလောက စတင်ချိန်က MMMglobal ၏ထိချက်ကပြင်းလှသည်။ထိုစဉ်ကလည်စက်ရုံမိသားစုကို ရစေလို
သောဆန္ဒဖြင့်ခေါ်ခဲ့ဘူးသည်။တစ်ချို့လိုက်လုပ်ကြသည်။ရှိစုမဲ့စု
လေးပါကုန်ကြသည် ကျွန်တော်လည်းစိတ်မကောင်းရုံမှလွဲ၍ စိုက်ပေးစရာမရှိ။ငါပြောလို့ သူတို့ဆုံးရှုံးရသည်ဟု စိတ်ဆင်းရဲကြီးစွာဖြစ်ရလေသည်။ယခုအခါ steemitဟာဖြင့် ကျွန်တော်တို့အတွက်မဟာ
အခွင်ရေးကြီး ဖြစ်လေသည် ထိုအရာကိုပြောပြလျှင်သူတို့ယုံကြမည်လော။မတက်နိုင် ယုံတာမယုံတာကသူတို့အပိုင်း ပြောရမည်က ကျွန်တော့တာဝန်။FB_IMG_1516529646740.jpg

ကျွန်တော်သွားမယ့်ခရီးမှာ လိုက်ပါဖို့စည်းရုံးတဲ့နေရာမှာ ပထမဆုံး လူက လိုက်ဖို့သေခြာမယ့်သူဖြစ်ရမှာပေါ့။လိုက်ပါဖို့သေခြာမည့်သူကို
စဉ်းစားတော့ ကိုကြီးကျော်ကိုတွေ့တယ်။သူကပိုက်ဆံသာ ရမယ်ဆို ရင်လုပ်ပြီးသားလေ။

ကျွန်တော် ကိုကြီးကျော်ထံသို့ ထွက်လာခဲ့သည်။သူ့အားsteemit
သည် ငွေကြေးအရင်းနှီးစိုက်စရာမလိုကြောင်းfacebookနေရာ
တွင်steemitအားပြောင်းသုံးရုံသာဖြစ်ကြောင်းfacebookတွင်
likeရလျှင်ပိုက်ဆံမရကြောင်းsteemitတွင်facebook like နှင့်သဘောတရားတူတဲ့ voteဆိုတာရှိကြောင်းvoteရပါကပိုက် ဆံရကြောင်းရှင်းပြလိုက်သည်။voteရဖို့အတွက် မိမိရေးသောpost
သည်copyမဖြစ်ရဘူး ထို့အပြင်စာဖတ်သူအကြိုက်ဖြစ်ဖို့လိုကြောင်း
မိမိရေးသားတာကောင်းလို့ လူကြိုက်များရင်voteများစွာရမည်ဖြစ်
်ကြောင်း။မိမိတွင်စာဖတ်ပရိတ်သတ် ရှိလာတာနှင့်အမျှVoteအရေ
တွက်လာမည်ဖြစ်ကြောင်းသာရှင်းပြသည်။voteအကြောင်းကိုပြီး
အောင်တောင်မပြောလိုက်ရ။voteရလျှင်ပိုက်ဆံရမည်ကိုသိသွား
သောကိုကြီးကျော်သည် လက်မှတ်ဖြတ်သည်နှင့်တူသော sttemit
account ကိုဖွင့်ခိုင်းတော့သည်။ကျွန်တော်လည်းဝမ်းသာအားရ accountဖွင့်နည်းပြောပြလိုက်ပါတော့သည်။IMG_20180122_093037.JPG

ကျွန်တော့ရဲ့ပထမခြေလှမ်း အောင်မြင်သွားသည့်အတွက် အားတက်
လာသည်။ငါတစ်ယောက်တော့ ဆွဲတင်နိုင်ပြီဆိုပြီး ဝမ်းလည်းသာမိ
တယ်။နောက်တစ်ယောက် ထပ်စဉ်းစားသည်။ဟောတွေ့ပြီ သူက
တော့မောင်မဟော်ကြီး။သူက စာရေးတာဝါသနာပါတယ်လေ။အတွေးထဲဘာလေးပေါ်လာပေါ်လာ ချရေချင်တဲ့သူ။သူ့ကိုonline
မှာစာရေးပြီး ပိုက်ဆံမလိုချင်ဘူလား မေးလိုက်သည်။သူကဘာစာရေးရမှာလည်းမေးသည်။ကျွန်တော်က ထိလွယ်ရှလွယ်ဖြစ်တဲ့ နိုင်ငံရေးဘာသာရေး လူမျိုးရေးနဲ့ ညစ်ညမ်းစာပေကလွဲရင်အကုန်ရေးချင်
တာရေးခွင့်ရှိတယ်။copyကတော့ ဘယ်ထဲကမှ မကူးရဘူး ကိုယ့်
ကိုယ်ပိုင်အရေးသားဖြစ်ရမယ် မှီငြမ်းလို့တော့ရတယ် ဟုရှင်းပြပေး
လိုက်သည်။သူကလည်း စာလည်းရေးရမယ် ပိုက်ဆံလည်းရမယ် ဆို တော့ သဘောကြပြီးလက်မှတ်ဖြတ်လိုက်လေသည်။
Screenshot_20180122_091232.png
နှစ်ယောက်ရပြီဆိုတော့။ကျွန်တော်လည်းအားတက်သွားတယ်။ဒါနဲ့
နောက်ယောက်ဖြစ်တဲ့ မောင်ဇင်ဆီသို့ ထွက်လာခဲ့တယ်။သူကတော့
လောင်းကစား ဝိဇ္ဇာကြီး onlieမှာ 999လှုလိုက်။POB မှာလှု
လိုက်။Shankoemi မှာလှုလိုက်ပေါ့ဗျာ။သူကမကြာခဏလှုနေရ တာကို စိတ်ပျက်နေသူပေါ့။သူ့ကို strremitအကြောင်းပြောသည်။
အစပိုင်းပဲရှိသေးသည် ပိုက်ဆံရမှာသေခြာလားသေခြာရင် ချမယ်ဆိုပြီးခရီးစဉ်ကို လိုက်ပါလာခဲ့သည်။

သုံးယောက်တော့ရပြီ။အားလည်းပိုတက်လာသည်။နောက်ထပ်
steemitခရီးစဉ်မှာ ပါဝင်ဖို့ MMM global လုပ်ဘူးတဲ့အုပ်စု တွေကိုခေါဖို့ ကျွန်တော်တွေးလိုက်သည်။MMM globalတွင်ကုန်
ဆုံးခဲ့သော သူတို့ပိုက်ဆံများကို steemit တွင်ပြန်လည်ရရှိစေလို
သည်။သိုသော် သူတို့ကိုခေါ်ဖို့ မဝံ့မရဲ။

MMM globalအဖွဲ့ကျွန်တော်ကို ဘယ်လိုများတုံ့ပြန်မလဲ? steemitခရီးကိုရော လိုက်ဖြစ်ကြမှာလား ဆိုတာကိုနောက်ဒုတိယပိုင်းတွင် ဆက်လက်ရေးသားပါမည်။downloadc7b4bbc7_storage_2femulated_2f0_2fDCIM_2fCamera_2fIMG_20180105_092935.png

MSC-224
@myintlwinsoe

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လမ်းခရီးဖြောင့်ဖြူးပါစေ

ဟုတ်ကဲ့ ။ကျေးဇူးပါဗျ

6127 တော့လုပ်လိုက် 6100 နဲ.တော့မစီးခိုင်းနဲ.

ZK6127Hနဲ့ခေါ်မှာ

မနီး မဝေးလေးပါဆရာ

ညီကဘယ်ကလဲ

MMM Global ပဲ လုပ်ခဲ့တာပဲလား

လုပ်ဖူးတာပ။ဂျင်းအကြီးမိခဲ့တာလေ။စစခြင်းဆောက်နဲ့အထွင်းခံခဲ့ရတာ။

ဒီလိုပဲ ခရီးရှည်တိုမသိ သွားစရာရှိသွား ၊တစ်နေ့ရောက်မှာမလွဲ

ဟုတ်အကို

Good တယ်ကိုမြင့်ရေ
အရေးအသောင်း ပိုင်းရော
စေတနာထားတဲ့အပိုင်းရော
တွေ့ မြင်ရပါတယ်

အပိုင်းဆက်တွေကို
အားပေးမျှော်လင့်နေပါ့မယ်…

ကျေးဇူးပါညီ

ညီရဲ့ထက်‌သန်‌မှုက‌အောင်‌မြင်‌‌စေတဲ့ အချက်‌ပါ။‌အောင်‌မြင်‌မှာပါ။မ‌လောနဲ့။တင်‌ပြချက်‌‌လေး‌ကောင်းတယ်‌။

ဟုတ်အကို

လက်တွဲတာနဲ့ လက်ကမ်းတာ ကွာခြားမှုရှိပါတယ်။ လက်တွဲတယ်ဆိုတာ မိမိနည်းတူ ပါ လက်ကမ်းတယ်ဆိုတာ မိမိကရှေ့မှပါ။ အမှားပါရင်ခွင့်လွတ်ပါ။ mlm နဲ့steemit ကွာခြားပုံလေးပါ။မိမိကိုယ်တိုင်လုပ်ရင် မိမိအတွက်ပါ မည်သူမျှ မိမိကြိုးစားမှုကို မခံစားရပါ မိမိသာလျှင်ခံစားရမှာပါ

ဟုတ်ကဲ့ညီ

မနီးမဝေးပေါ့ဆရာ..
အင်း..မသွားဘဲ့နီးလာတာက သုင်း သွားနေလျက်ဝေးနေသေးတာက နိဗ္ဗာန်..အာ့စကားပုံတောငိသတိရမိသေး..

မနီးပါဘူးဗျာ...ကံဉာဏ်ဝီရိယ စိုက်ထုတ်မှရောက်လိမ့်မယ်..plz v and c me back @mgtoetat

onlineပေါ်မှာခရီးသွားသူချင်း တစ်နေ့တော့ရောက်မှာပါနော်

ဟုတ်တာပေါ့ဗျာ စုပေါင်းအားနဲ့ဆိုရင် မဖြစ်နိုင်တာရှိဘူး ထင်ပါတယ်

ဟီးဟီး ထုတ်မယ်ဆိုတော့ MMM ကြီး Scam သွားတာ စိတ်နာလို့ coinbase အကောင့်တောင်ဖျက်ပလိုက်တာ အေးရော အံမယ် မနက်အစောကြီးထလုပ်ရတာ mini job ကို သူများထက်အရင် စစ်တာပြီးအောင်လို့လေ မှတ်မိပါသေးသည် နောက်များ invesment တွေ sorry ပဲလို့ အကိုရေ ..Trading နဲ့ steemit ခရီးကိုတော့လိုက်မှာ အသေချာပဲ..ဒုတိယပိုင်းဆက်လက်စောင့်ဆိုင်းနေပါမည်

ဟီးးးးးပြောလို့သာပြောရတာ onlieနဲ့ပတ်သက်တဲ့ အခြေခံတော့ တော်တော်သိသွားတယ်

ဘယ်လောက်ခရီးဝေးဝေး အချင်းချင်းဖေးဖေးမမသွားရင် ရောက်မှန်းမသိရောက်သွားမှာပါ

ဟုတ်တာပေါ့ညီမ။

အချိန်ကအဖြေပေးပါမှာပါ

ဟုတ်တာပေါ့ညီ

ကောင်းတယ်​အကို​ရေ
အ​ရေးအသား​ရော
အများကြီး ဗဟုသုတရ​စေတယ်
ဒုတိယပိုင်း ​မျှော်​​နေမယ်

ကျွန်​မက​တော့Online investment​တော်​​တော်​လုပ်​ခဲ့​တော့ထိချက်​ကပြင်းတယ်​အစ်​ကို​ရေ။

ဟုတိတယ် မအိ investment တွေေရဲ့ ကောင်းကောင်းဂျင်းထည့်တာ ကျွန်တော်လည်း ခံခဲ့ရဘူးတယ်။

အားကျ​နေမိပြန်​ပြီအကို​ရေ

အားကျရင်အားသွင်းလိုက်😁😁😁

မနီးမဝေးလေးပေါ့ ...ဟီး

steemit ခရီးအတူသွားဖို့ လူတွေလိုက်လံစုဆောင်းနေတယ်ပေါ့ဝ

ဘဝတူလေးတွေ ကိုလုပ်စေချင်လို့

နီးနီ​လေးလား​ဝေ​ဝေးမှာလား

လူညီရင်နီးနီးလေးပါ

MMM ဆိုတာကြိးပါလာရင်ကို အလိုလို ကျိတ်မနိုင်ခဲမရ ဖြစ်နေတာ
တပြားမှမထုတ်လိုက်ရပါပဲ ... ဘယ်ကောင်တွေ ထောသွားလည်းကို
မသိတာ .. ဟုတ်တိပတ်တိ ပွဲတွေဘာတွေသွားတက်လိုက်သေးတာ
မဲဖောက်ပေးတော့ $ ၂၀ ပေါက်တယ် ။
hourly investment မှာ ရင်းလိုက် တာ ကုန်ပါလေရော ။

😂😂😂

တနေ့တော့ရောက်မှာပါ

ဟုတ် ရောက်ကိုရောက်မှာပါ

ကောင်းတယ်​အကို​ရေ အပိုင်း၂​မျော်​​နေမယ်

ဟုတ်အကို အခုလိုအားပေးတာကျေးဇူးပါဗျ

MSC နဲ့လက်​တွဲပြီး လိုရာခရီး​ရောက်​ပါ​စေကိုမြင့်

ဟုတ်ညီ။ရောက်အောင်သွားမှာပါ။

လမ်းခရီး ဆူးငြောင့်ခလုတွေကင်းပါစေ

ဆုတောင်းပေးတဲ့အတိုင်းဖြစ်ရပါလို၏

  ·  7 years ago (edited)

ရေးသားချက်တွေမိုက်တယ် အစ်ကိုမြင့်လွင်စိုး

ကျေးဇူးပါညီလေး