နှုတ်ဆက်ခဲ့သည် အပိုင်း(1)

in myanmar •  7 years ago  (edited)

credit image source
၁၉၉၀ခုနှစ်၏ သင်္ကြန်​ညတညတွင် အသူရာ နှင့် သိကြားမင်းတို့ အပြိုင် စစ်ခင်းနေကြသည်။လျှပ်နွယ် လျှပ်ပန်းတို့သည် ၎င်းတို့၏ လက်နက်များသဖွယ်။တချက်တချက် မည်သည့်ဘက်မှ ပစ်သည်မသိရသည့် မိုးကြိုးတည်းဟူသော လက်နက်ကြီးသံကိုလည်း ကြားနေရလေသည်။လူ့ပြည်လောကတွင်လည်း သေမင်းနှင့် စစ်ခင်းနေသူတဦးရှိနေ၏။ထိုသူကား မခင်ဝိုင်းပင် ဖြစ်တော့သည်။

မခင်ဝိုင်းသည် ရွှေဘိုခရိုင်တွင်းရှိ ရွာလေးတရွာမှ သာမာန်လယ်လုပ် ယာလုပ် ကျေးတောသူ တဦးဖြစ်လေသည်။သူမသည် ကိုစိန်လှနှင့် ပြီးခဲ့သော နှစ်ကမှ အိမ်ယာထူထောင်ခဲ့ပြီး မကြာမီတွင် ကိုယ်ဝန်ရှိလာခဲ့လေသည်။ညနေက မခင်ဝိုင်းတယောက် မွေးဖွားလို၍ ဗိုက်နာလာခဲ့သည်။မိန်းမတယောက် မီးဖွားခြင်းသည် မြို့အရပ်ဒေသတွင် အရေးကြီး ထူးဆန်းသောကိစ္စမဟုတ်။မခင်ဝိုင်းတို့ရွာလေးမှာတော့ မီးဖွားရခြင်းမှာ သေမင်းနှင့် သူနိုင် ကိုယ်နိုင်စစ်ခင်းရပေသည်။

ခင်ဝိုင်းတို့ရွာလေးသည် မြို့နှင့်လည်းအလှမ်းဝေးသည့်အပြင် ယ္ခုလိုမိုးရွာလျင် သွားရေးလာရေးလည်း ခက်ခဲလှပေသည်။အစစ အရာရာ ရှားပါးသော အရပ်ဒေသဖြစ်၍ ရောက်လာကျသော တာဝန်ကျ သားဖွားဆရာမများသည်လည်း မပျော်ကြ။ခဏသာ နေ၍ပြန်သွားကြသည်။ယ္ခုလို အရေးကြီးသော အချိန်ခါမျိုးတွင် မည်သူ့ကို အဖေခေါ်မှန်းမသိတော့။မိန်းမများ မွေးဖွားမည်ဆိုပါက ရွာထဲမှ လက်သည်ကြီး ဒေါ်မေသာ အားကိုးနေရသည်။ဒေါ်မေကလည်း သာမန်သာမွေးဖွားတက်သည် အခက်ခဲဖြစ်လာပါက သူလည်းမကယ်နိုင်။သေသူလည်းမနည်း။

ကိုစိန်လှတယောက်သည်လည်း ငယ်စဉ်က ရွာဦးကြောင်းဆရာတော် သင်ကြားပေးခဲ့သော အင်္ဂုလိမာလပရိတ်တော်ကိုသာ အားကိုးအားထားပြု၍ အထပ်ထပ်ခါ ရွတ်နေမိတော့သည်။ပရိတ်တော်ကို ပါးစပ်ကသာ ရွတ်နေရသော်လည်း အာရုံက မခင်ဝိုင်းထံတွင်သာ ဝဲနေသည်။မခင်ဝိုင်း၏ အမေ့ရေတသံများကလည်း အာရုံများကို ပို၍စုစည်းမရဖြစ်စေသည်။

လက်သည်ကြီးဒေါ်မေ တစ်ယောက် မခင်ဝိုင်းဘေးမှနေ၍ လိုအပ်သည်များ လုပ်ပေးရင်း ချွေးများပင်ပြန်နေရပြီ။"သမီးရေ… အားစိုက်ပြီးညှစ်လိုက်နော်"ဟူသောာ ဒေါ်မေ၏စကားအဆုံးတွင်"အူဝဲ…အူဝဲ"ဟူသော ငိုသံလေးထွက်လာသည်။"ယောက်ျားလေး မွေးတယ်ဟေ့ စိန်လှရေ"ကိုစိန်လှသည် ဝမ်းသာအားရ မီးနေခန်းအတွင်း ဝင်မည် အလုပ် ဒေါ်မေကြီးက"စိန်လှ အပြင်မှာပဲနေနော် အထဲဝင်မလာနဲ့အုံး"ဟူသော စကားသံက အရင်ထွက်ပေါ်လာ၍ ကိုယ့်ကိုယ်ထိန်းကာ အပြင်မှာပဲ ထိုင်စောင့်နေလိုက်ရလေသည်။
ခဏအကြာတွင် ဒေါ်မေ အပြင်ထွက်လာပြီး ကလေးရော အမေပါ ကျန်မာကြောင်း၊လိုအပ်​သည်​များ လုပ်​​ပေးပြီး၍ ပြန်​​တော့မည်​ဖြစ်​​ကြောင်း​ပြော၍ပြန်​သွား​လေ​တော့သည်​။

ကိုစိန်​လှတ​ယောက်​ ​ဒေါ်​မေပြန်​သွားလျှင်​ချက်​ချင်း မီး​နေခန်းအတွက်းဝင်​လိုက်​သည်​။မခင်​ဝိုင်းက ပင်းပန်းနွမ်းနယ်​​နေ​သော ယဲ့ယဲ့အပြုံး​လေးဖြင့်​ ဆီးကြိုလိုက်​သည်​။သား​လေးက​တော့ မခင်​ဝိုင်းရင်​ခွင်​ထဲတွင်​ နို့စို့ပြီး အိပ်​​နေ​လေ၏။ကိုစိန်​လှ မျက်​နှာတွင်​ ကြည်​နူးမူ့အပြုံး​တွေနှင့်​••••••••

ဆက်​ရန်​••••••
MSC-224
@myintlwinsoe

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုမြင့်စာလုံးပေါင်းလေးတွေ သေချာပြန်စစ်ပါဦး။

ဟုတ်ကဲ့ ကိုထွေး ပြန်စစ်လိုက်ပါ့မယ်ဗျ

လျှပ်ပန်းတိုး...တို့
ဌင်းတို့၏....၎င်း
နက်လက်..လက်နက်
စစ်ခင်..စစ်ခင်း
သာမာန်...သာမန်
မြို့နှငိး..မြို့ နှင့်
သာမာန်မွေး...သာမန်
ပါစမ်...ပါးစပ်
အားစိုပြီး..အားစိုက်ပြီး
ရဲ့ရဲ့..ယဲ့ယဲ့
ကြည်းနူးမူ့..ကြည်နူးမူ့
ပြင်လိုက်နော်..နောက်အပိုဒ်တွေမှ..လိုအပ်ခဲ့ရင်လည်းပြောပေးမယ်။အရေးအသားကတော့..ညက်လာပီ..။ဖတ်ရတာအဆင်ပြေလာပီ။လက်တက်လာတယ်ပေါ့နော်။

အခုလို အမှားထောက်ပြပေးတာ ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ။ပြန်ပြင်လိုက်ပါ့မယ်ခင်ဗျာ။စောနက ကြည့်သေးတယ် ကိုယ့်ဟာကို ဆိုတော့ အမှားမတွေ့ဘူးဆရားမ😇😇😇

တချို့ရွာ​တွေ​ ​တော်​​တော်​​လေးကို​ခေါင်​ကြတယ်​​နော်

ဟုတ်တယ်ဗျ။အရင်က ကျွန်တော်တို့ရွာလေးပေါ့ဗျာ။အခုတော့လည်း တိုးတက်လာတော့ နေချင်စရာလေးပေါ့ဗျာ။

မိုးခြိမ်းသံ၊ ဂျိုးဂျိမ်းညံလို့
ဒီလဒီရာသီ၊
အသူရာ သိကြားမင်းတို့
စစ်ခင်းကာပြိုင်ကြသည်။

ဆရာလို အနုရွလေးတွေ ရေးနိုင်အောင်ကြိုးစားပါ့မယ် ဆရာ

ကိုမြင့်​လက်​ရည်​က​တော့အားကျလာပြီ။တော်​လိုက်​တာရှင်​။

အားပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ။

Congratulations @myintlwinsoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

တော်​တယ်​​ဗျာကိုမြင့်​ ​ရေးအား​ကောင်းလာပြီ

steem တွေ ဈေးတက်နေပြီလေဗျာ။ရေးအားကောင်းရတာပ။

စိတ်ဝင်စားစရာပဲ

ဟုတ်ကဲ့ ဖတ်ရှုပေးတာ ကျေးဇူးတင်းပါတယ်ခင်ဗျာ

ဇာတ်လမ်းနာမည်နဲ့ လေးသဘောကျသွားပြီ

အယ်…ဘယ်သူ့ကို နှုတ်ဆက်မလို့လဲ