HEADCHE ( ခေါင်းကိုက်ခြင်း )

in myanmar •  7 years ago  (edited)

HEADCHE (ခေါင်းကိုက်ခြင်း )

ခေါင်းကိုက်ခြင်း (Headache)ကမဖြစ်ဖူးသူမရှိသလောက် ရှားပါတယ်။စစ်တမ်းအရ (၉၀) ရာခိုင်နုန်း လောက်ဟာ တစ်နှစ်မှာ အနည်းဆုံးတစ်ခါတော့ခေါင်းကိုက်ခြင်းကို ခံစားကြရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြောလျှင် ဆိုးဝါးပြင်းထန်တဲ့ခေါင်းကိုက်ခြင်း ခံစားရသူဟာတစ်နှစ်မှာ ၄၀% လောက်ထိအနည်းဆုံးရှိမယ်လို့ခန့်မှန်းကြပါတယ်။ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိင်ငံတို့မှာ ၇၀% ဟာခေါင်းကိုက်ခြင်းတစ်မျိုးမျိုးကို ခံစားနေရပါတယ်တဲ့။ဒါကတော့ ခေါင်းကိုက်ခြင်းဘယ်လောက်များများ
ခံစားနေရတယ်ဆိုတာ သိအောင်ဖော်ပြခြင်းပါ။
ခေါင်းကိုက်ခြင်းဟာ တကယ်တော့ သာမန်ကနေ(Minor Ailment)ကနေ ပြင်းထန်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်ပါသည်။ဒါ့ကြောင့် ဆရာဝန်တွေက ခေါင်းကိုက်ခြင်းနဲ့ပက်သက်လာလျှင်အသေးစိတ်မေးလိုကြခြင်း ဖြစ်သည်။ဘယ်လောက်ထိများလဲဆိုရင်တစ်ကမ္ဘာလုံးမှာသာခေါင်းကိုက်လို့ analgesics ခေါ်အကိုက်ခဲပျောက်ဆေးတွေ အသုံးစွဲ လွန်မူကြောင့်နှစ်စဉ်အရေအတွက်ဟာ ကြောက်ခမန်းလိလိ တိုးတတ်လာခြင်းဟှာိခြင်းဟာ သတိပြုဖွယ်ပါ။
နောက်တစ်ချက်က ဦးခေါင်းမှာရှိတဲ့ ဒွါရအရေအတွက်ပါ အာရုံငါးပါးစလုံး (မျက်စိ၊ နား၊နှာခေါင်း၊လျှာ၊)ထိတွေ့မူတွေဟာခေါင်းပိုင်းမှာရှိနေပါတယ်။ဒီလိုအရေးကြီးတဲ့ အာရုံခံစားနိုင်မူအပိုင်းတွေဟာ
နူးညံ့တာကြောင့်သူတို့ကိုကာကွယ်ဖို့ Pain receptor တွေဟာခေါင်းမှာပိုများခြင်းလည်းခေါင်းကိုက်ခြင်းဟာအများဆုံးဖြစ်စေတဲ့အချက်ပါ။

44500466-young-business-man-under-stress-with-headache.jpg

တကယ်လို့ သင်ဟာအောက်ပါတို့ထဲမှတစ်ခုခုခံစားနေပြီဆိုရင်တော့သင့်ရဲ့ကောင်းကိုက်ခြင်းဟာ ပေါ့သေးသေး
သဘောထားလို့မရတဲ့ နောက်ခံရောဂါရှိနေနိုင်တယ်ဆိုတာ မှတ်စေလိုပါတယ်။
မိမိသက်တမ်းတစ်လျှေက် အဆိုးဝါးဆုံးသော ခေါင်းကိုက်ခြင်းဖြစ်လျှင်……
-ပထမဆုံးသောဆိုးဝါးပြင်းထန်လွန်းသည့်ခေါင်းကိုက်ခြင်းကိုခံစားရလျှင် …..
-ခေါင်းကိုက်ခြင်းနဲ့အတူ ခြေလက်များအားနည်းပြီး တဖြည်းဖြည်း ပိုဆိုးလာလျှင်….
-ခေါင်းကိုက်ချြင်းနှင့်အတူ ဖျားနာခြင်းနှင့် အခြားရောဂါလက်ခဏာများတွဲဆက်နေလျှင်……
-ခေါင်းကိုက်ခြင်းမစမှီ အံလျှင်…..
အလေးပင်မခြင်း၊ကိုယ်ခန္ဓာရှေ့သို့ကွေးညွတ်နေခြင်းနှင့်ချောင်းဆိုးခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာလာတတ်ပါသည်။

မျက်စိ ရေတိမ်၊ သူငယ်အိမ်ကြွက်သား ရောင်ခြင်း၊ မျက်စိအာရုံကြောရောင်ခြင်း၊Nitrates and Nitrites နှလုံးဆေးတွေ၊ Analgesics အနာ-အကိုက်ပျောက်ဆေးတာရှည်သုံးခြင်း၊ အမြင့်ထက်ရခြင်း၊ ဦးနှောက်-ဦးခေါင်းထဲသွေးယိုခြင်းများ၊ ဦးနှောက်၊ ဦးနှောက်မှေး ရောင်ခြင်း၊ ပြည်တည်ခြင်း၊
သွေးတိုးရောဂါ၊ အရက်၊ (ကေဖင်း) များတဲ့ကော်ဖီသောက်တာနဲ့ ဖြတ်တာ၊ အအေးမိတာ၊
သွားကြိတ်တာ၊ မျက်မှန်တပ်ဘို့လိုတာ၊ ဆေးလိပ်အသောက်များတာ၊ အားကုန်နေချိန်၊
အားစိုက်ထုတ်တာများသွားတာ၊ (ဆိုင်းနပ်စ်) ရောဂါ။
Tension headache တင်းအားများ-ခေါင်းကိုက်ခြင်းအကြောင်းလေး ရေးပါမယ်။အရွယ်မရွေးဘူး။ အများဆုံးဖြစ်တယ်။ ၉ဝ% ရှိမယ်။ လူဦးရေရဲ့ ၃% မှာခံစားနေကြရတယ်။ ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိနေသူတွေမှာလဲဒီကိုက်နည်းဖြစ်နိုင်တယ်။ ခေါင်း၊ ဦးရေခွံက ကြွက်သားတွေ တင်းအားများရာကနေဖြစ်တယ်။ ညှစ်နေတာကို ဆိုလိုတယ်။ စိတ်ဖိအားများချိန်၊ စိတ်ဓါတ်ကျနေချိန်၊ခေါင်းခိုက်မိတာနဲ့ စိုးရိမ်စိတ်ကဲနေချိန်မျိုးမှာ ဖြစ်တယ်။ အနေအထားတခုမှာ
အကြာကြီး မပြင်-မပြောင်းဘဲနေရင်လဲဖြစ်မယ်။ ဥပမာ ကွန်ပြူတာ၊ လက်နှိပ်စက်
ရိုက်သူတွေ၊ ဇာထိုး-ပန်းထိုး၊ အနုစိတ်အလုပ် လုပ်သူတွေ။ သိပ်အေးတဲ့အခန်း-နေရာမှာ အိပ်တဲ့ အခါ၊ ခေါင်းအနေအထားက အဆင်မသင့်ဘဲအိပ်တဲ့အခါမျိုးတွေမှာလဲ ဖြစ်နိုင်တယ်။

ထုံပြင်းပြင်းကိုက်တယ်၊ ဖိထားခံရသလိုနေမယ်။ ထိုးကိုက်တာမျိုး မဟုတ်ဘူး။ခေါင်းကို တခုခုနဲ့အညှပ်ခံရသလို ခံစားရမယ်။ ခေါင်းတခုလုံးမှာကိုက်တယ်။တနေရာရာမှာသာ ကိုက်တာမဟုတ်ဘူး။ ဦးရေခွံ၊ နားထင်၊ လည်ပင်း နောက်ဖက်၊ တခါတလေပခုံးအထိကိုက်မယ်။ ဒီရောဂါခံစားနေသူဟာ သူ့ဖါသူ
ခေါင်းကိုနှိပ်ဖိနေလိမ့်မယ်။ တင်းအားများ ခေါင်းကိုက်ခြင်းခံစားရတာတော့မကောင်းပေမဲ့ ဦးနှောက်ထဲမှာ ပြဿနာမရှိတာသိပြီး စိတ်သက်သာရာရသင့်တယ်။

download (1).jpg

တစုံတရာကိုလုပ်ရင်း၊ ကြုံကြိုက်ရင်းကနေ စတတ်တယ်။ ဖြစ်နေကျအချိန်လဲရှိနိုင်တယ်။ မိနစ် ၃ဝ လောက်ကိုက်နေပြီး ၇ ရက် ကြာတတ်တယ်။ အသံကြားတာ၊ အမြင်အာရုံတခုခု ကနေ စေ့ဆော်နိုင်တယ်။ အားစိုက် အလုပ်လုပ်ပြီးချိန်မှာလဲဖြစ်တတ်သေးတယ်။ စိတ်ဖိအားများတာကနေ ပိုဖြစ်တယ်။ အအိပ်ပျက်နှိုင်တယ်။ပျို့ချင်-အန်ချင် မဖြစ်ဘူး။ အအိပ်ပျက်တာ၊ စားချိန်နောက်ကျတာ၊
ရေဓါတ်နည်းတာတွေကနေလဲ ဖြစ်နိုင်တယ်။

  • ရေအေး၊ ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးတာ တချို့မှာ သက်သာစေမယ်။

  • နာတာရှည်ဖြစ်နေသူတွေ လူနေမှုပုံစံ ပြောင်းသင့်ရင်၊ ပြောင်းနိုင်ရင်
    ပြောင်းပါ။ အလုပ်အကိုင်၊ အမူအကျင့်၊ အစားအသောက်၊ အနေအထိုင်၊ ရေချိုးပုံစံ၊အိပ်ယာ ခေါင်အုံး၊ ပတ်ဝန်းကျင် စတာတွေ။ လေ့ကျင့်ခန်းလုပ်ပါ။

  • ကိုယ်စိတ်ဖြေလျှော့နည်းလုပ်ပါ။
    တကယ်လို့သင်ဟာ အောက်ပါတို့အထဲမှ တစ်ခုခုခံစားနေရမယ်ဆိုရင် သင့်ရဲ့ခေါင်းကိုက်ခြင်းဟာပေါ့သေးသေး သဘောထားလို့မရတဲ့ ဆိုးဝါးတဲ့ နောက်ခံရောဂါတစ်ခုခု ရှိနေတယ်ဆိုတာ မှတ်စေလိုပါတယ်
    မိမိသက်တမ်းတစ်လျှေက် အဆိုးဝါးဆုံးခေါင်ကိုက်မူဖြစ်လျှင်
    -ပထမဆုံးသောဆိုးပြင်းထန်သည့် ခေါင်ကိုက်ခြင်းခံစားခဲ့ရလျှင်…….
    -ရက်သတ္တပတ်အတွင်းခေါင်ကြိုက်ခြင်းပိုဆိုးလာလျှင်……
    -ခါင်ကိုက်ခြင်းနှင့်အတူေဲခြလက်အင်္ဂါများ အားနည်းပြီးမလှုပ်ရှာနိုင်ခြင်း
    -စကားပြောလေးလံခက်ခဲခြင်း စသောအာရုံကြောပြသနာများဖြစ်လာလျှင်………..
    -ခေါင်ကိုက်ခြင်းနင့်အတူ အခြားသေးရောဂါလက္ခဏာများတွဲဆက် ပေါ်ပေါက်လာလျှင်
    -ခေါင်းကိုက်ခြင်း မစမီအန်လျှင် အလေးအပင်မခြင်း ၊ ခန္ဓရှေ့သို့ကွေးညွှတ်ခြင်း နှင့်ချောင်းဆိုးခြင်းကြောင့်ခေါင်းကိုက်ခြင်းဖြစ့်ပေါ်ခဲ့လျှင်
    -ခေါင်းကိုက်ခြင်းကြောင့် မအိပ်စက်နိုင်ခြင်း၊( သို့) နိုးလျှင်နိုးခြင်း ခေါင်းကိုက်ခြင်းကို ခံစားရလျှင်...

  • ခေါင်းကိုက်ခြင်းစတင်မှုသည် အသက် ၅၅ နှစ်နောက်မှ ဖြစ်လာလျှင်..
    သိရှိပြီးသော ရောဂါတစ်မျိုးမျိုးရှိပြီး ခေါင်းကိုက်ခြင်းပေါ်ပေါက်လာလျှင်..

-ခေါင်းကိုက်ခြင်းကြောင့် အကိုက်အခဲပျောက်ဆေးများ တစ်ပတ်လျှင် ၂ ကြိမ်ထက်ပိုသောက်နေရလျှင်

  • ရုတ်တရတ်ချက်ချင်း ခေါင်းကိုက်ခြင်းပေါ်ပေါက်လာလျှင်

  • သင်၏ ကုသမှုဆေးဝါးများကြောင့် ခေါင်းကိုက်မှုပေါ်ပေါက်လာသည်ဟု ယူဆလျှင်

  • ခါင်းကိုက်ခြင်းနှင့်အတူ နေ့ခင်းဖက်တွင် အိပ်ချင်စိတ်များနေပြီး ပုံမှန်ထက်ပိုအိပ်နေလျှင်

  • အရင်က မခံစားဖူးသော ပုံစံမျိုးဖြင့် ခေါင်းကိုက်လာလျှင်

  • အမြဲတမ်း ခေါင်းတစ်ဖက်ခြမ်းသာ ခေါင်းကိုက်လျှင်

  • မိမိ၏ကလေးငယ်တွင် ဖျားနာခြင်း ၊ အဖုအပိတ်များထခြင်းနှင့်အတူ ခေါင်းကိုက်သည်ဟု ပြောလျှင်
    အေးလို့ဖြစ်တာဆိုရင် ခေါင်းကိုနွေးအောင်လုပ်ပါ။ အိပ်တဲ့ပုံစံပြောင်းပါ။
    အလုပ်လုပ်ရာမှာ အနေအထားပြောင်းပါ။ လည်ပင်း-ခေါင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ နားနိုင်သလောက် နား၊ အိပ်နိုင်သလောက် အိပ်ပေးပါ။တိုင်းရင်းဆေးနည်းတွေထဲမှာ ချင်း-လက်ဖက်ရည် သောက်ပါ။ ပန်း-လက်ဖက်ရည်သောက်ပါ။

ပိုမို ဆိုးရွားစွာ ခေါင်းကိုက်လျှင် ဆရာဝန်နှင်.ဆေးစစ်ပြီး သေချာစွာကုသမှုခံယူရန် အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

30031239-head-injury-and-traumatic-brain-accident-medical-and-mental-health-care-concept-with-a-group-of-crum.jpg

photo from google

myint oo

msc 102

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သိရလို့​ကျေးဇူးပါ bro

thanks

ဟုဆ်ကဲ့ပါအစ်ကိုရေ ဗဟုသုတလေးတွေရလို့ ကျေးဇူးတင်ပါတဟ်

sometime i have but thanks bro

Good

Good post

အသိပညာရတဲ့အတွက်ကျေးဇူးပါ

Good post

good ပါကျန်းမာရေးအတွက်ပညာရပါတယ်

thanks bro

you always have great content

Thanks

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ

Good

Good

  ·  7 years ago Reveal Comment