ရွှေရည်နဲ့ကိုမိုးတို့သည် ငယ်စဉ်ကလေးဘဝကတည်းက ခင်မင်ခဲ့ကြသော သူငယ်ချင်းများ ဖြစ်သည်။ရွှေရည်ကကိုမိုးကို အလွန်ခင်မင်သည်။ကိုမိုးနေမကောင်းဖြစ်သည်ဟု သတင်းကြားလျှင် ရွှေရည် ချက်ချင်း ကိုမိုးအိမ် ပြေးသွားလိုက်ရမှ။မိုးရွာရွာ,နေပူပူ ဂရုမစိုက်နိုင်။ချက်ချင်းသတင်းသွားမေးပြီး ကိုမိုးကြိုက်တာလေးချက်ပြုတ်ကျွေးမွေး,ဆေးတိုက်ပေးပြီးမှ အိမ်ပြန်နိုင်သည်။ကိုမိုးကလည်း ရွှေရည်အပေါ်ခင်မင်သည်။တွယ်တာသည်။ရွှေရည် ကိုမိုးနေမကောင်းဖြစ်လျှင် အပြေးလာပြီး ကိုမိုးကြိုက်တာလေး ချက်ပြုတ်ကျွေးမွေးတတ်သလို ကိုမိုးကလည်း သူနေမကောင်းဖြစ်လျှင် ရွှေရည်အလာကို မျှော်နေလေ့ရှိသည်။ရွှေရည်မလာသေးလျှင်လည်း "ရွှေရည်မလာသေးဘူးလား" "သူပြုတ်ပေးတဲ့ မြူစွမ်ပြုတ်လေးစားချင်တယ်" "ခါတိုင်း သူ့ဆီဖုန်ဆက်ပြီးရင် ချက်ချင်းသူလာနေကျပါ" "ဒီနေ့ကျမှသူဘာလို့ကြာနေတာလဲ" စသဖြင့် ရွှေရည်မလာမချင်း အိမ်ကလူတွေကို တတွတ်တွတ်မေးနေတတ်သည်။ကိုမိုးအိမ်ကလူတွေလည်း ကိုမိုးနားပူသည့်ဒဏ်ကို မခံနိုင်သည်နှင့် ရွှေရည်ဆီ ထပ်မံဖုန်းဆက်ပေးရပြန်သည်။ဒါတောင်မှ ရွှေရည်မလာမချင်း ကိုမိုးကတကျီကျီ။ရွှေရည်လာမှသာ ကိုမိုးအိမ်ကလူများ နားချမ်းသာရာရကြသည်။
ငယ်စဉ်ကလေးဘဝကတည်းက တက္ကသိုလ်ပထမနှစ် ရောက်သည်အထိခင်မင်ကြသော ရွှေရည်နှင့်ကိုမိုးအကြောင်းကိုသိသူ သူငယ်ချင်းများက ရွှေရည်နှင့်ကိုမိုးကို ချစ်သူဖြစ်စေချင်ကြသည်။မိန်းကလေးဖြစ်သူ ရွှေရည်ကလည်း ကိုမိုးထံမှဖွင့်ပြောမှုကိုကြိတ်ပြီးမျှော်လင့်နေသည်။ခင်မင်မှု,တွယ်တာမှု,စောင့်ရှောက်မှုတွေနှင့် အရိပ်အယောင်ပြသော်လည်း ကျောက်ရုပ်ကြီးကိုမိုးက ဒီအရိပ်အယောင်တွေကိုမြင်ပဲမမြင်တာလား,မမြင်ချင်ယောင်ပဲ ဆောင်နေတာလား ဝေခွဲရခက်လောက်အောင် တုံ့ဏိဘာဝေ လုပ်နေတတ်သည်။ကိုမိုးသူငယ်ချင်းများက ကိုမိုးကို ရွှေရည်အားရည်းစားစကားပြောဖို့ မြှောက်ပေးလျှင်တောင်မှ "ရွှေရည်နဲ့ငါနဲ့က သူငယ်ချင်းလို မောင်နှမလိုခင်တာပါကွာ" "မင်းတို့ငါ့ကို အဲ့ဒီ့လိုမြောက်မပေးကြပါနဲ့" "ရွှေရည်လည်းကြိုက်မယ်မထင်ပါဘူး" ဟုသာအမြဲလိုလိုတွင်တွင်ငြင်းနေတတ်သည်။ဒီလိုနဲ့ပဲ ကိုမိုးနှင့်ရွှေရည်တို့ဇာတ်လမ်းသည် ဇာတ်လမ်းရှည်အောင် ဆွဲဆန့်ထားသော ဇာတ်ကားတစ်ခုကြည့်ရသလို ဇာတ်သိမ်းခန်းသို့မရောက်နိုင်ဘဲ ဆန့်တငင်ငင် ဖြစ်နေတော့သည်။
ရွှေရည်နှင့်ကိုမိုးတို့ဇာတ်လမ်းဆန့်တငင်ငင်ဖြစ်နေသော်လည်း အချိန်ကာလကတော့ ဆန့်တငင်ငင်နှင့် ရပ်တန့်မနေတော့ဘဲ ပြောင်းလဲသွားခဲ့ပါပြီ။ရွှေရည်နှင့်ကိုမိုးတို့ ဒုတိယနှစ်သို့ ရောက်ပြီ။ထိုအချိန်တွင် မိန်းကလေးတစ်ဦးပေါ်လာသည်။သူသည်ကားယွန်းယွန်းဖြစ်သည်။ယွန်းယွန်းသည် ယခင်ပထမနှစ်တုန်းက နယ်မှာတက္ကသိုလ်တက်ခဲ့ပြီး ဒုတိယနှစ်ကျမှ ရန်ကုန်ပြောင်းလာသူဖြစ်သည်။ရွှေရည်,ကိုမိုးတို့နှင့်မြန်မာစာမေဂျာချင်းတူပြီး ရွှေရည်နှင့်ဝမ်းကွဲညီအစ်မ တော်စပ်သည်။ထို့ကြောင့်ယွန်းယွန်းသည်ရွှေရည်တို့သူငယ်ချင်းတစ်သိုက်နှင့်မိတ်ဆွေဖြစ်ခွင့်ရခဲ့သည်။ချစ်စရာကောင်း၍သွက်လက်သော ယွန်းယွန်းကို ရွှေရည်နှင့်ကိုမိုးတို့၏ သူငယ်ချင်းတစ်စုက ခဏအတွင်း ခင်မင်သွားကြသည်။ရွှေရည်သည်ကား သူညီမဝမ်းကွဲလေး ယွန်းယွန်းကို အထူးချစ်ခင်သည်မို့ သူသွားရာနေရာတကာခေါ်တော့သည်။ယွန်းယွန်းကိုနေရာတကာခေါ်ရင်းနဲ့ ကိုမိုးနှင့်ယွန်းယွန်း တွေ့ဆုံမှုတွေလည်း များလာပြီး ခင်မင်မှုတွေလည်းတိုးလာသည်။Rock ဂီတကိုမှ ကြိုက်နှစ်သက်သော ကိုမိုးနှင့်အကြိုက်ချင်းတူသော ယွန်းယွန်းတို့ကတွေ့လျှင် Rock ဂီတအကြောင်းများပြောလေ့ရှိပြီး သီချင်းတွေလည်းတူတူဆိုကြသည်။ထိုအချိန်မျိုးတွင်တော့Rock ဂီတကို လုံးဝမကြိုက်သောရွှေရည်က သူတို့နှင့်လိုက်ပါပျော်မြူးနိုင်ခြင်းသိပ်မရှိတော့ဘဲ အဖော်မဲ့သလိုဖြစ်နေတတ်သည်။ကြာလာတော့ရွှေရည်စိတ်ထဲ အထီးကျန်သလို ခံစားလာရသည်။သူတို့နှင့်အတူ သီချင်းတွေလိုက်ဆို စကားပြောချင်သော်လည်း Rock ဂီတကိုလုံးဝမကြိုက်သော ရွှေရည်အတွက်က အဆင်မပြေ။ဒီကြားထဲ ယွန်းယွန်းကလည်း ကိုမိုးနှင့်ရင်းနှီးလာတာနှင့်အညီ ပွတ်သီးပွတ်သတ်နှင့် ကိုမိုးပုခုံးကို ရယ်မောရင်းမှီလိုမှီ လုပ်နေတတ်သည်။ဘေးလူများမြင်လျှင် ယွန်းယွန်းနှင့်ကိုမိုးအား ချစ်သူဟုအထင်မှားလောက်သည်အထိ ယွန်းယွန်းကအနေအထိုင်မတတ် ကိုမိုးနားပူးကပ်မှီတွယ်နေတော့သည်။
ဒီပုံစံတွေကိုမြင်ရတာကြာလာတော့ ရွှေရည်သူတို့အနားမှာ နေဖို့စိတ်ပျက်လာသည်။ထိုင်နေကျခုံတန်းလေး(သို့)စားသောက်ဆိုင်တစ်ခုခု သွားဖို့သူတို့ခေါ်လျှင် ရွှေရည်မလိုက်ဘူးဟုငြင်းဆန်တတ်လာသည်။ရွှေရည်၏အခါခါငြင်းဆန်မှုကို သတိထားမိလာသောကိုမိုးသည် ရွှေရည်၏ငြင်းဆန်မှုကို စိတ်မကောင်းဖြစ်မိသော်လည်း ရွှေရည်ကိုတော့ ဘာမှမပြောချေ။ဒီလိုနဲ့ပဲ ရွှေရည်နှင့်ကိုမိုးတို့အကြား ဆက်ဆံရေးသည် တဖြည်းဖြည်းနဲ့အေးစက်လာခဲ့ပါသည်။
အမှန်တကယ်တော့ကိုမိုးသည်လည်းရွှေရည်ကို ချစ်မြတ်နိုးပါသည်။သို့သော်လည်း နဂိုကတည်းက ရှက်တတ် ကြောက်တတ်သောကိုမိုးသည် သူငယ်ချင်းများက တိုက်တွန်းသော်လည်း ရွှေရည်ကိုဖွင့်ပြောဖို့ မဝံ့မရဲဖြစ်နေသည်။ကိုမိုးစိတ်ထဲတွင် "ငါဖွင့်ပြောလိုက်လို့ ရွှေရည်ငါ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ" "သူငယ်ချင်းအဖြစ်နေတာပဲကောင်းပါတယ်လေ" ဟုတွေးကာ ဖွင့်ပြောချင်စိတ်ကို အမြဲဖြေဖြောက်မိတတ်သည်။ယခုတော့ ရွှေရည်နဲ့အတူ သွားနေကျ နေရာလေးတွေကို ရောက်လျှင် ရွှေရည်မပါတော့စိတ်ထဲဝမ်းနည်းမိသည်။ယွန်းယွန်းနှင့်စကားပြောနေရတာကိုလည်းစိတ်မပါတော့။ကိုမိုးသည် ယွန်းယွန်းနှင့် စကားပြောရင်း မျက်လုံးက ရွှေရည်ထိုင်နေကျနေရာလေးကိုသာ အမြဲငေးစိုက်မိကာ စိတ်ထဲမှာလည်း ရွှေရည် သူတို့နှင့်လိုက်မလာသည့်အကြောင်းရင်းကို စဉ်းစားနေမိသည်။
နောက်ဆုံးမှာတော့ ကိုမိုး ရွှေရည်၏စိမ်းကားမှုများကို သည်းမခံနိုင်ဖြစ်ကာ ကျော်ကျော်,တိုးနိုင် စသည့် သူငယ်ချင်းများအား "သူ ရွှေရည်ကို ချစ်သည့်အကြောင်း" "ဒါပေမဲ့ ခုရက်ပိုင်း ရွှေရည်သူ့ကို စိမ်းကားနေသည့်အကြောင်း" များကို ဖွင့်ပြောမိတော့သည်။ထိုအခါ တိုးနိုင်က "ဟေ့ကောင်ကိုမိုး" "မင်းကခုမှ ဒီစကားတွေကို ဖွင့်ပြောတယ်" "ငါတို့ကမင်းကိုတိုက်တွန်းတိုင်း မင်းကအမြဲငြင်းနေလို့ ငါတို့ကမင်းရွှေရည်ကိုမကြိုက်ဘူးထင်ပြီး မင်းကိုတိုက်တွန်းဖို့တောင် ငါတို့လက်လျော့ထားတာကြာပြီ"
"ရွှေရည်ကမင်းကိုကြိုက်တယ်ဆိုတာ ငါတို့ဘေးကလူတွေက ကွက်ကွက်ကွင်းကွင်းမြင်တယ်သိတယ်" "မင်းသာဒါတွေကို သူငယ်ချင်းချင်း ခင်မင်မှုတွေလို့ မှတ်ယူပြီး သတိမထားမိတာ" "ခုမင်းနဲ့ယွန်းယွန်းက တစ်ချိန်လုံးတပူးတွဲတွဲနဲ့ချစ်သူစုံတွဲတွေလို ပျော်မြူးနေတော့ ရွှေရည်စိတ်မကောင်းဖြစ်ရပြီ" "သူချစ်တဲ့သူက သူ့ဘေးမှာ တစ်ခြားမိန်းကလေးနဲ့ ချစ်သူတွေလို ပျော်မြူးနေတာမြင်ရတာကြာတော့ သူကဘယ်စိတ်ချမ်းသာပါတော့မလဲ" "ဒါကြောင့် မင်းနဲ့ယွန်းယွန်းတို့အပြင်သွားဖို့ခေါ်တိုင်း သူမလိုက်တော့တာ" "သူငယ်ချင်းရာ မင်းသိပ်ညံ့လွန်းပါတယ်ကွာ" မင်းရွှေရည်စိတ်ကိုမြန်မြန်သိပြီး မြန်မြန်ဖွင့်ပြောလိုက်ရင် ရွှေရည်ခုလို စိတ်ဆင်းရဲရမှာမဟုတ်ဘူး" "ခုတော့မင်းကရွှေရည်စိတ်မကောင်းဖြစ်အောင် လုပ်လိုက်ပြီသူငယ်ချင်းရာ" ဟုမချင့်မရဲနှင့် ကိုမိုးအားပြောလိုက်သည်။ ထိုအခါကိုမိုးသည်ခေါင်းငိုက်စိုက်ကျသွားခါ စိတ်ထဲမှလည်းတစ်ခုခုကို ဆုံးဖြတ်လိုက်သည်။ချက်ချင်းပင် သူငယ်ချင်းများအား "ငါသွားပြီ သူငယ်ချင်းတို့ရာ" ဟုနှုတ်ဆက်ကာ လက်ဖက်ရည်ဆိုင်မှထွက်လာခဲ့သည်။တိုးနိုင်က "ဟေ့ကောင် ဘယ်လဲ" ဟုမေးတော့ "ခုချိန်မှာငါသွားသင့်ဆုံးနေရာတစ်ခုဆီ" ဟုပြောကာလက်ပြနှုတ်ဆက်ရင်း ခေါင်းထဲမှာလည်း ရွှေရည်ကိုရည်းစားစကားဘယ်လိုပြောရမလဲ,သူစိတ်မကောင်းတာလေးပြေသွားအောင် ဘယ်လိုပြန်ချော့ရမလဲ ဆိုသော အတွေးများနဲ့ ခြေလှမ်းများက ရွှေရည်ဆီသို့ ဦးတည်သွားနေပါတော့သည်။
Credit-google image
Author-myothuzar MSC-033
ဝတ္ထုရေးတာ ဝါသနာပါလို့ စမ်းရေးကြည့်တာ ဒါကဒုတိယအပုဒ်ပါ။သိပ်တော့မကောင်းပါ။
ဖတ်ရင်းနဲ့ လူက လွင့်မျောနေသလိုပဲ ရေးတာကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ။ဖတ်တဲ့သူရဲ့ခံစားမှုပါသိရလို့ဝမ်းသာပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်းသင်တန်းဖွင့်ရင် သထေးဖြစ်လောက်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြှောက်ပေးနေတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝက်ထုရေးနည်း သင်ပေးပါအုံး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်တတ်ဘူး။သူ့ဆီက ပြန်သင်ရမှာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good တယ်👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါတယ်ဆက်ရေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးသာရေးပါ။ ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆိုးပါဘူးGood fighting writer
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးတာကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good story
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post sis မျောသွားတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ။comment ဖတ်ရတာပျော်သွားပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Fighting
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆန့်တငန့်ငန့် -ဆန့်တငင်ငင် သာအသုံးရှိပါတယ်။ (သူချင်းတွေ) ဒီအမှားနှစ်ခု ပဲရှိပါတယ်၊ ဆက်ရေးပါ ရေးရင်း ရေးရင်းနဲ့ ကျွမ်းကျင်လာပါလိမ့်မယ်၊ ရပ်နေသူထက် သွားနေသူကခရီးရောက်ပါတယ်၊ စိတ်ကူးကို လွှတ်ပြီးမှ မေ၇းပါနဲ့။ ဇာတ်အိမ်ချပြီးမှ ဇာတ်ကွက်ကိုစိတ်ကူးပါ၊ အဲလိုမဟုတ်ရင် ဇာတ်ကဖွာသွားတာတို့၊ ဇာတ်ကောင်ကိုမနိုင်တာတို့ကြောင့် ဝေ့လည်လည် ဖြစ်သွားလိမ့်မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်။ဆရာ။နောက်တစ်ခါဆန့်တငင်ငင်လို့ပဲသုံးပါတော့မယ်။သူချင်းတွေကတော့စာရိုက်မှားသွားတာ။ပြင်လိုက်ပါ့မယ်ဆရာ။ဆရာပြောတာတွေမှတ်ထားပြီးရေးကြည့်ပါ့မယ်ဆရာ။လိုအပ်တာတွေပြောပေးလို့ကျေးဇူးပါဆရာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 1.20 % upvote from @buildawhale thanks to: @myothuzar. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.
To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit