မနာလိုဝန်တိုခြင်းနှင့်ဒေါသ

in myanmar •  7 years ago  (edited)

image

လူအများစုဟာ သူထက်သာ မနာလိုဖြစ်တတ်ကြသည်။မနာလိုဝန်တိုခြင်းဖြစ်လိုက်တာနဲ့ ဒေါသ လောဘ မောဟတွေတန်းစီပြီး အလုံးလိုက် အရင်းလိုက်ဝင်လာတတ်ကြသည်။ဒေါသဖြစ်ရင် ဘာမှမမြင် ကြီးသူကိုလည်းကြီးမှန်းမသိ ဆဲရေးတိုင်းထွာတတ်လာကာ တုတ်ဆွဲခဲဆွဲပြီး ရိုက်မယ်တကဲကဲဖြစ်လာကြသည်။ဒေါသမထိန်းနိင်လို့ လူသတ်မှုတွေ ဒုနဲ့ဒေးရှိပါသည်။ဒါကြောင့် မနာလိုဝန်တိုမှုနဲ့ဒေါသဖြင်ခြင်းဆိုတဲ့ခေါင်းစဉ်ပေးလိုက်ခြင်းဖြစ်ပါသည်။ဒါဆို စကြတော့မယ်စာဖတ်ပရိတ်သတ်တို့

မနာလိုဝန်တိုခြင်းဆိုတာ မိမိထက်ပစ္စည်းဥစ္စာသာလွန်သည်ဖြစ်စေ၊မိမိထက်ရာထူးအဆင့်တွင်သာလွန်သည့်ဖြစ်စေ၊မိမိထက လူချစ်လူခင်မှုကိစ္စရပ်များတွင် သာလွန်သည်ဖြစ်စေ စိတ်ထဲတွင် မရှုစိတ်တွေဖြစ်ပေါ်လာပြီး ဝန်တိုခြင်းမာနဖြစ်ပေါ်ကာ သူတစ်ပါးအပေါ် ဖျက်လို့ဖျက်ဆီးစိတ်တွေတွေး၍ အဖျက်သဘောကို လုပ်ကြသည်။ထိုသို့ သူတစ်ပါးကို ဖျက်စီးလိုက်လျင် မနာလိုဝန်တိုလို့ မိမိအတွက်လည်း အကျိုးမရှိသလို သူတစ်ပါးအတွက်တော့ ဒုက္ခရောက်တတ်ကာ ဘဝပျက်ကိန်းဖြစ်တတ်ပါသည်။

တိုင်းပြည်အတွက်လည်း လူတွေနဲ့သက်ဆိုင်ပါသည်။မနာလိုဝန်တိုမှုကင်းတဲ့တိုင်းပြည်မေတ္တာတရားရှိတဲ့တိုင်းပြည် ဒေါသကင်းတဲ့တိုင်းပြည်တွေဖြစ်ရင် ဘယ်လောက်နိင်ငံတိုင်းပြည်အတွက်ကောင်းမလဲစဉ်းစားကြည့်ပါ။ထိုတိုင်းပြည်နိင်ငံတွေဟာ အလျင်အမြန်တိုးတတ်မှုတွေဖြစ်ပေါ်လာပြီး ချမ်းသာကြွယ်ဝကြပေသည်။ထိုသိုနိင်ငံတွေကိုကြည့်ခြင်းအားဖြင့် သူတို့တွေရဲ့စိတ်ထဲမှာ သူထက်သာ မနာလိုစိတ် သိပ်မရှိတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် တိုးတတ်အောင် မိမိကိုယ်ကိုအကျိုးရှိအောင် လုပ်ကြလေသည်။အချိန်ကိုလည်းတန်းဖိုးထားပြီး အကျိုးရှိရှိအသုံးချတတ်ကာ လူမှုရေးအဖွဲ့များတွင်လည်း အားတတ်သရော ပါဝင်ကူညီကြလေသည်။ဒါတွေဟာ မနာလိုဝန်တိုမှုနည်းပြီး ဒေါသနည်းတဲ့တိုင်းပြည်တွေရဲ့ လုပ်ဆောင်ပုံနဲ့အကျိုးတရားများကို ဖော်ပြခြင်းဖြစ်ပါသည်။

သူတစ်ပါးကို ချီးမြောက်လျင် မိမိလည်း ဂုဏ်မြင့်ပြီး သူတစ်ပါကိုပြစ်တင်နှိမ့်ချကာ ဂုဏ်နှိမ့်လျင်တော့ မိမိလည်း ထိုလူနဲ့မခြား ဂုဏ်ကျပါလိမ့်မည်။သူတစ်ပါးချမ်းသားပြီးအဆင်ပြေနေရင် ဝန်တိုခြင်းမဖြစ်စေဘဲ ဝမ်းမြောက်မှုပြုကာ မိမိလည်း ထိုသူလိုမျိုးဖြစ်အောင် အားကျအတုယူလိုက်ပါ။ဒါဆိုမိမိလည်း တစ်နေ့နေ့တစ်ချိန်ချိန် ထိုသူလိုချမ်းသားခြင်းဆိုတဲ့နေရာကို ရောက်ရှိပါလိမ့်မည်။
ဝန်တိုခြင်းမရှိပါနဲ့။မိမိကသာ မာန်မာနထား၍ သူတစ်ပါးကို ဝန်တိုနေပါက မိမိသာအကျိုးယုတ်စေပြီး ဆင်းရဲဒုက္ခရောက်စေပါသည်။ဒေါသကြီးသူတွေဟာလည်း ပရမ်းပတာမလုပ်ပါနဲ့။အသိရှိကြပြီး စကားနဲ့အဆင်ပြေအောင်လုပ်နိင်တဲ့အခြေအနေမှာ လက်က မပါပါနဲ့။လက်ပါခဲ့လို့လည်း ဒုက္ခရောက်သူတွေ ထောင်နန်းစံသူတွေ ဘဝပျက်သူတွေ အများကြီးရှိတာ သာဓကများစွာရှိခဲ့ပါသည်။

စွန့်လွတ်ပေးကမ်းသူသည် အရာရာကိုပြီးစေပါသည်။ဘာကြောင့်လည်းဆိုရင် ပေးကမ်းစွန်ကျဲခြင်းကို လူတိုင်းကြိုက်နှစ်သက်ကြသည်။ဘာကြောင့်လည်းဆို ပေးကမ်းတဲ့သူဟာ လူချစ်လူခင်နဲ့ဂုဏ်သတင်းကျော်စောပါသည်။မပေးကမ်း မစွန့်ကျဲသူ ပစ္စည်းဥစ္စာကို လက်ထဲဆုပ်ကိုင်ထားသူဟာ လူအပေါင်းအသင်းမရှိဘဲ တစ်ယောက်ထဲအထီးကျန်ကာ လူဘဝတွင် အထီးကျန်လူသားများဖြစ်စေပါသည်။

ဒေါသကိုထိန်းချုပ်ပုံကို အလွယ်နည်းနဲ့ ပြောပြပါရစေ။ကျွတ်တော်တို့ရထားဆိုတာကို သိကြပါလိမ့်မယ်။ရထားသည် မောင်းနှင်တဲ့အခါ ဘီးဆိုတဲ့အရာတွေဟာ လည်ပြီးခုတ်မောင်းနေကြတာ တွေ့မြင်ကြမယ်ထင်တယ်။ဒါပင့်မဲ့ရထားရပ်တဲ့အချိန်မှာဆို လည်ပတ်နေတဲ့ ဘီးတွေ ရပ်တန့်အောင် လုပ်နိင်သလို မိမိတို့သည်လည်း ဒေါသကို ရထားလို ထိန်းချုပ်မောင်းနှင်နိင်အောင်ပြုလုပ်သင့်ပါသည်။ခုလိုနေရာမှာ မိမိတို့ကြိုက်နှစ်သက်ရာ စက်ဘီးတို့ ဆိုင်ကယ်တို့ စသော ယာဉ်တစ်မျိုးမျိုးနဲ့လည်း ခိုင်းနှိုင်းမှုပြုနိင်ပါသည်။ဒါပင့်မဲ့အဓိပ္ပာယ်ကတော့ တူမယ်လို့ထင်ပါတယ်။ဘယ်နည်းဘဲသုံးသုံး ဒေါသကို ထိန်းနိင်ရင် အကောင်းဆုံးပါ။အသိဥာဏ်ရှိပြီး ဒေါသကို မထိန်းနိင်ရင်တော့ အဆင်မပြေလှပါ။လောကမှာ တစ်ခုကောင်းမရပါ။အဘက်ဘက်က စဉ်းစား တွေးခေါ်နိင်ဖို့လည်း လိုအပ်ပါသည်။

ရေသည် မြင့်ရာကနေ နိမ့်သောအရပ်ကို စီးဆင်းသွားတာကိုမြင်ဖူးကြမယ်ထင်ပါသည်။ထိုအရာနှင့်အလားတူ မီးသည်လည်း မြင့်ရာသို့ လောင်တတ်တာ မြင်ဖူးတွေ့ဖူးကြပါလိမ့်မယ်။သူတို့တွေဟာ တစ်ဖတ်ကိုလည်း အကျိုးပေးတတ်ပါသည်။ဒေါသဆိုတဲ့မီးကတော့ မည်သည်နေရာ မည်သူကိုမှာ အလွတ်မပေးဘဲ မျက်နှာမလိုက်ကာ လောင်ကျွမ်းစေပါသည်။ဒါကြောင့်လူတိုင်း မနာလိုဝန်တိုခြင်းကင်း၍ ဒေါသကိုချုပ်ထိန်းနိင်ကြပါစေ။

naingwintun
Msc.207

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မှတ်ထားသင့်ပါတယ်

တကယ်လား

good

အယ် ကောင်းတယ်အကို

အချင်းချင်းမြောက်နေပြန်ပြီး

Good Post!

thank u

မှတ်​သားရပါတယ်​ဗျာ

ဟုတ်ကဲ့ပါ

ဒေါသကိုထိန်းချုပ်နိုင်သလောက် ထိန်းသင့်တာပေါ့

ဟုတ်တယ်@thet

ဟုတ်

thank@dome

Good post

thank you@aster

ဒေါသကြီးတာက ကိုယ့်အတွက်အားနည်းချက်ဖြစ်သွားနိုင်တာပေါ့အစ်ကိုရယ်

မှန်တယ်ညီရေ

Oh,good post.

ခုလိုစာပေတွေရေးပေးတာကျေးဇူးပါ

ဟုတ်

Good

thank

Right

အဆုံးစွန်​ထိသည်​ခံပါ။ သည်​မခံနိင်​​တော့ရင်​သတ်​ပြစ်​ပါ😁

ဟေး အဲ့ဒီလောက်ထိတော့မလုပ်နဲ့ဟ

ဟဲဟဲ... အ​ပျော်​သ​ဘေား​လေး​ပြေားလိုက်​​ပေမဲ့....တကယ်​ပါ။😁😁

အယ် နာရေးတဲ့အထဲ ပါဘူးနော်။

ဟိဟိ ! 😁😁

မာနကြောင့် ချစ်ချင်းတွေဝေးကြစမြဲမှို့ တစ်ယောက်နဲ့တစ်ယောက် မာန်မာနတွေမထားသင့်ပါဘူး

ဟုတ်။ရေးဖို့မေ့သွားတယ်အကို

ဒေါသထွက်လာရင်ဘာမှမမြင်တော့ပုဗျာအတတ်နိုင်ဆုံးတော့ထိန်းနိုင်အောင်ကြိုးစားနေပါတယ်

ကြိုးစားကြည့်ပါ။အစမှာခက်တယ်။နောက်ပိုင်းထိန်းနိင်လာလိမ့်မယ်

  ·  7 years ago (edited)

စိတ်ရှည်သီးခံရင်း ဘဝကိုရှင်သန်ဖြတ်သန်းနိုင်အောင်
နေ့စဉ်ကြိုးစားနေပါတယ်ဗျာ(သူရ)

ကောင်းသောစိတ်လေးပါကိုသူရ

ဟုတ်တယ်ဒီလိုပဲထားရှိမိတယ်ဗျာ

V 100% $0.075 > V n C Done, @thi/poe

ကျေးဇူးပါအကို

Nice post

yes

thank