Aircondition And Health for MyanmarsteemCreated with Sketch.

in myanmar •  8 years ago 

Airconကြိုက်သူများ သတိ...
image
Airconတွေဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးဖြစ်ပြီး ရုံးခန်းတော်တော်များများမှာ အဲယားကွန်းက မဖြစ်မနေရှိလာကြပါပြီ။ ခုနောက်ပိုင်းဆို ဘက်စ်ကားတွေမှာလည်း စတင်တပ်ဆင်လာကြပါတယ်။ ရာသီဥတုကလည်းပူတယ်ဆိုတော့ အဲယားကွန်းက အရမ်းအရေးပါလာပါတယ်။ အခြားတစ်ဖက်ကနေ ကြည့်ရင်လည်း အဲယားကွန်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။ အထူးသဖြင့် အရမ်းအေးစက်နေအောင်ဖွင့်ထားတာမျိုးတို့ အချိန်ကြာအောင် အဲယားကွန်းခန်းထဲမှာ နေတာမျိုးတို့ဆိုတာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲယားကွန်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ကြည့်ရအောင်နော်
နှုံချိလာခြင်း


အဲယားကွန်းခန်းထဲမှာ နေတာကြာလာရင် ပင်ပန်းသလို အားမရှိသလိုဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် တုတ်ကွေးဖြစ်လေ့ရှိတဲ့ ရာသီမျိုးဆို ကိုယ်ခန္ဓာညောင်းကိုက်လာတတ်ပြီး ဖျားနာတတ်တာမို့ အထူးသတိထားသင့်ပါတယ်။
အရေပြား ခြောက်သွေ့လာခြင်း


အပြင်လေနဲ့ ထိသွေ့မှုမရှိတဲ့ အရေပြားဟာ ကြာရင် စိုစွတ်မှုလျော့နည်းလာတဲ့အတွက် စိုစွတ်ဓာတ်ပေးတဲ့ cream တစ်ခုခုကို အမြဲ မလိမ်းပေးနိုင်ရင်တော့ အရေပြားခြောက်သွေ့လာပါလိမ့်မယ်။
ရောဂါအခံရှိသူတွေ ရောဂါပိုဆိုးလာခြင်း


သွေးအားနည်းတာတို့ လေးဖက်နာရှိသူတွေက အဲယာယကွန်း အလွန်အကြွံသုံးတာမျိုး မလုပ်သင့်ပါဘူး။ ရောဂါကို ပိုးဆိုးလာစေပါတယ်။ အဲယားကွန်းက အရိုးအဆစ်ကိုက်ခဲတာတွေကို အားပေးတဲ့အတွက် သတိထားသုံးသင့်ပါတယ်။
အပူဒဏ်ကို မခံနိုင်ခြင်း


အဲယားကွန်းခန်းထဲမှာ နေသားကျနေတဲ့သူဟာ အပြင် အပူချိန်ကို ခံနိုင်ရည်မရှိတော့ပါဘူး။ အအေးခန်းကန အပူသို့ ပြောင်းလဲသွားတာဟာ ကျန်းမာရေးရှုတောင့်ကနေကြည့်မယ်ဆိုလည်း မကောင်းပါဘူး။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာရှိလာခြင်း


အပူကနေ အအေး၊ အအေးကနေ အပူချက်ချင်းကူးပြောင်းတာခဏခဏဖြစ်လာရင် အသက်ရှူကြပ်တဲ့ရောဂါဖြစ်လာတတ်ပါတယ်။ နောက်ပြီး ကားထဲမှာ အဲယားကွန်းဖွင့်တာကလည်း ကားထဲမှာရှိတဲ့ ပိုးမွှားတွေကို ရှူမိစေပြီးတော့ အသက်ရှူကြပ်တဲ့ရောဂါကို ဖြစ်လာစေပါတယ်။ လေ့လာတွေရှိသူတွေက ကား ၂၅ စီးမှာ ၂၂ စီးလောက်က အသက်ရှူကြပ်စေတဲ့ မှို ၈ မျိုးလောက်ပါဝင်တယ်လို့ ဆိုပါတယ်။ အကြံပြုချင်တာက အဲယားကွန်းလုံးဝမသုံးရဘူးလို့ပြောတာမဟုတ်ပါဘူး။ အဲယားကွန်းကိုဖွင့်ရင်လည်း 22'C ကနေ 26'C ကြားလောက်ပဲထားပြီးဖွင့်တာ ကျန်းမာရေးအတွက် အကောင်းဆုံးပါ။
နောက်ပြီး နွေရာသီမှာဆို အင်္ကျီလက်ရှည်တစ်ထည်လောက်ဆောင်ထားတာ ကောင်းပါတယ်။ အပြင်အပူကနေ အအေးခန်းထဲသို့ ချက်ချင်းမဝင်ခင် လက်ရှည်လေးကောက်ဝတ်ပြီးမှ ဝင်တာဟာ သင့်ကျန်းမာရေးအတွက် အပူအအေးချက်ချင်းပြောင်းလဲမှုကို ထိန်းပေးပါတယ်။ ချွေးထွက်နေတဲ့အချိန်ဆိုရင်လည်း အဲယားကွန်းခန်းထဲ လုံးဝမဝင်သင့်ပါဘူး။ ချွေးနည်းနည်းတိတ်အောင်စောင့်ပြီးမှ ဝင်တာအကောင်းဆုံးပါပဲ။
နောက်ဆုံးအနေနဲ့ အဲယားကွန်းကို ရံဖန် ရံခါဆေးပေးတာဟာ အခန်းတွင်းလေကို သန့်စင်စေပါတယ်။
Credit to health Tinkayta

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!