Health for Myanmar 2steemCreated with Sketch.

in myanmar •  7 years ago  (edited)

နေ့စဉ် နေထိုင်မှုပုံစံ အသေးအဖွဲလေးပြောင်းလဲရုံနဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုဘယ်လို တိုးတက်စေမလဲဆိုတာ ကြည့်လိုက်ရအောင်။ ရေ ခဲသေတ္တာထဲက ကျန်းမာရေးနဲ့ မညီညွှတ်ဖြစ်စေမယ့် အစားအစာတွေကို ဘေးဖယ်လိုက်ပါတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေ၊ ဒိန်ချဉ်၊ အသီးအရွက်တွေ၊ အဆီနည်းတဲ့ အသားငါးတွေနဲ့ ပြည့်နေရင် သင့်မှာရွေးချယ်စရာမရှိတော့ ကျန်းမာတဲ့ အစာတွေကိုပဲ ရွေးချယ်ရတော့မှာပါ။
တစ်နေ့ကို အနည်းဆုံး 15 minutes လမ်း လျှောက်ခြင်းက ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ metabolism တွေကို တိုးတက်စေပါတယ်။ လမ်းလျှောက်ခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ကိုဟန်ချက်ညီစေပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်သလို နောက်ရက်တွေမှာလည်း ကိုယ်ခန္ဓာစွမ်းအင်ကို မြင့်တက်စေပါတယ်။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ။ အသက်ကို ဝအောင်ရှူသွင်းပြီး ပြန်ရှူထုတ်တဲ့လေ့ကျင့်ခန်းကို နေ့စဉ် ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးပြီး မကြာခဏ ဒေါသထွက်ခြင်းတွေကို သိသိသာသာ လျော့နည်းစေပါတယ်။
အလွယ်တကူ ဝယ်စားနေတဲ့ ဆီကြော်တွေနေရာမှာ အသီးအနှံလေးတွေ အစေ့အဆံလေးတွေနဲ့ အစားထိုးပြီး စားသုံးတဲ့ အလေ့အထကို ပြုလုပ်ပေးပါ။
အွန်လိုင်းပေါ်ကနေ ဈေးဝယ်ပါ။ အွန်လိုင်းပေါ်က ဈေးဝယ်ခြင်းကလည်း သင့်ရဲ့ မလိုအပ်တာတွေ ဝယ်တတ်တဲ့ အကျင့်ကိုပါ လျော့နည်းစေပါတယ်။ ဈေးဝယ်ပြီး သွားရည်စာတွေကို စားမိတဲ့ အလေ့အထကို လူတွေလုပ်လေ့ရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ပြင်းထန်ဖို့ မလိုပါဘူး၊ သာမန်ထိုင်ထလုပ်ရုံ သွေးပူ အညောင်းပြေလုပ်ပေးရုံနဲ့တင် လုံလောက်ပါပြီ။ မနက်အိပ်ရာထတာနဲ့ ရေသောက်ပါ။ မနက်နိုးနိုးချင်းရေသောက်ရတာ ချက်ချင်းတော့ မလွယ်ပါဘူး၊ တစ်ရက်နှစ်ရက် အလေ့အကျင့်ဖြစ်သွားရင် နောက်ပိုင်း အဆင်ပြေသွားမှာပါ။ ရေဓာတ်ကို မနက်စောစော ဖြည့်တင်းလိုက်တာနဲ့ တစ်နေ့စာ စွမ်းအင်တွေ ပြည့်ဝစေမှာပါ။
မနက်စာကို အဝစားမယ်။ မနက်စာကို ရှောင်လိုက်တာက အရမ်း အန္တရယ်များပါတယ်။ မနက်စာကို ပြည့်ပြည့်ဝဝ စားတဲ့ အလေ့အထကို ပြုလုပ်ပေးသင့်ပါတယ်။
အိပ်စက်ချိန်မှန်ပါစေ။ အိပ်ရာဝင်ချိန်ကို နောက်ကျနေပြီဆို သင် စိတ်ဖိစီးမှု သိပ်များနေပြီဆိုတာ သေချာပါပြီ။ အိပ်ချိန်ရဲ့ တစ်နာရီစောပြီး မီးတွေကို ပိတ်ပစ်ပြီး အိပ်ချိန်ကို ပြန်လည်ထိန်းညှိနိုင်ပါတယ်။
လှုပ်ရှားမှု ပြုလုပ်ပါ။ gym သွားဖို့ ပျင်းတဲ့သူတစ်ယောက်ဆို တခြား ကခုန်တာ၊ အပင်စိုက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေက လှုပ်ရှားမှုဖြစ်စေမှာပါ။
.အစာမစားခင် လက်ကို သေချာဆေးပါ၊ စားမယ့်အစားပေါ်မှာ သကြားပါဝင်နှုန်း အဆီနဲ့ အငံဓာတ် ပါဝင်မှုတွေကို အမြဲ ဆင်ခြင်သုံးသပ်ပေးပါ။
. မတ်မတ်ထိုင်ပါ။ ခါးနာခြင်းကို ကာကွယ်ပေးပြီး အညောင်းမိတာကို သက်သာစေပါတယ်။
အကြောဆန့်ပေးပါ။ အကြောတွေနာကျင်ခြင်းနဲ့ ညောင်းညာခြင်းကို အကြောဆန့်ခြင်းက သက်သာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
အာဟာရပါဝင်နှုန်းကို ကြည့်ပါ။ ခံတွင်းတွေ့တိုင်း ပိုမစားမိအောင်ထိန်းပေးပါ။ စားတဲ့ အစာပေါ်မှာ အကျိုးပြု အာဟာရ ပါဝင်နှုန်းကို လေ့လာပါ။
တကယ် ကို .ကျန်းမာရေး ဗဟုသုတ မို့ တင်ရတဲ့ရည်ရွယ်ချက်ပါ က.ျွန် တော်တို့ ပတ်ဝန်း ကျင်ကြည့် လိုက်ရင် ကင်ဆာ ဖြင့် သေတာ များကြပါတယ်
ဒါေ ကြာင့် ကျန်းမာ ရေး သည် လာဘ်ကြီး တစ်ပါး အဖြစ် ယခု post ကို
Steemit မှာ post တင်ခြင်း share ပေးခြင်း ဖြစ်ပါတယ်
Credit to ကျန်းမာရေး ပညာပေး

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good health

Than