ပြည်ထောင်စုနေ့အားကစားများနှင့်ကျတော်

in myanmar •  7 years ago  (edited)

ပြည်ထောင်စုနေ့နီးလာတော့ လွတ်လပ်ရေးအကြိုအားပစားပြိုင်ပွဲတွေစတင်ကျင်းပလာပါတော့တယ်။ အစကတော့ ဝင်မပြိုင်တော့ဘူးလို့စိတ်ကူးထားပေမယ့် ပွဲစဉ်တွေစတော့မယ်ဆိုတော့ ပိုးကထလာတယ်လေ ။ ခြင်းပြိုင်ပွဲအတွက်စာရင်ကြိုပေးထားလိုက်တယ် ။ သိပ်ခတ်တယ်ရယ်တော့မဟုတ်ဘူး ။ ကျန်းမာရေးအရ ဆော့တာပါ ( အထင်ကြီးနေမစိုးလို့) နောက်စားပွဲတင်တင်းနစ် မှာလည်းဝင်ပြိုင်ဖို့ စာရင်းပေးလိုက်ပြီ။ ဒါလည်းကျန်းမာရေးအရပါဘဲ။
image

စစ်တုရင်ပြိုင်ပွဲလည်းဝင်ပြိုင်လိုက်သေးတယ်။ စစ်တုရင်ထိုးပွဲက ည ၇ နာရီဆိုတော့ ကိုယ်နဲ့သိပ်အစပ်မတည့်လှဘူး။ ဆိုင်ပိတ်ချိန်နဲ့တိုက်နေတယ်ဆိုတော့ မိန်းမနဲ့အဆင်ပြေအောင်နေရသေးတာ ။ အာ့လိုမှမဟုတ်ရင် သိတယ်မို့လား ပွတ်တောက်ပွတ်တောက်နဲ့လာမှာ။ မနေ့ညကလည်း ပြိုင်ပွဲအတွက်စတော့မှာမို့ ဖုန်းလှမ်းခေါ်တော့ ဆိုင်မှာက စာစီစာရိုက်နဲ့ ဓါတ်ပုံထုတ်ဖို့ လူလာနေတယ်။ ခဏပါဘဲလေဆိုပြီး ရိုက်ပေးဖို့လုပ်တယ်။ ကိုယ်မှအချိန်လုလုပ်ရပါတယ်ဆိုနေ ကိုယ်တော်ချောက စာစီဖို့က စာကြမ်းပါမလာတော့တစ်ခေါက်ပြန်ယူရတယ်။ စာစီပြီးထုတ်မယ်လုပ်တော့ ကုမ္ပဏီတံဆိပ်လေးနဲ့ထုတ်ချင်တယ်ဆိုပြီးပြောလို့ထုတ်ပေးမယ်လုပ်တော့လည်း ပုံစံကပါမလာလို့တစ်ခေါက်ပြန်ယူသေးတယ်။( နည်းနည်းတော့များသွားပြီ) ဒီလိုနဲ့ညရှစ်နာရီရောက်သွားတယ်။ စိတ်ကသိပ်မကြည်တော့ဘူးရယ်။ ပြိုင်ပွဲဆီကိုအပြေးအလွှားသွားလိုက်ရတယ်။ တော်သေးတယ် ကိုယ်ခာတဲ့အချိန်ထိစောင့်ပေးကျလို့။ ဟိုရောက်တော့ အသင်းအဖွဲ့အတွက်မဲခွဲပြီး အုပ်စုအလိုက်ပြိုင်ပွဲတွေစတင်တော့တယ်။ ပြိုင်ပွဲ
စတင်တော့စိတ်ကသိပ်မကြည်တော့ ရှုံးရော။
(ကိုယ်ညံ့လို့ဟုတ်ပုရယ် :) )

image
နောက်တေ့ကျ စားပွဲတင်တင်းနစ်ကစားဖို့က မနက် ၉ နာရီစမှာ။ တော်သေးတယ် ရုံးလည်းရုံးပိတ်ရက် မီးကလည်းပျက်နေတော့ ဆိုင်မှာလူရှင်းတယ်လေ။ ဒါ EPC ကိုကျေးဇူးတင်သင့်တယ်။ ဒါ့ပြင်ဆို မိန်းမက ပွစိပွစိလာတော့မယ်လေ။ (မောင်မင်းကြီးသားEPC ကျန်းမာပါစေ ချမ်းသာပါစေပေါ့) စားပွဲတင်တင်းနစ်ရိုက်ဖို့လည်း လူစာရင်းခွဲ မဲခွဲပြီး ပြိုင်ပွဲစတင်ဆော့ကြတော့တယ်။ ကိုယ်နဲ့ကစားဖို့ကျတဲ့သူကလည်း ကိုယ့်ကိုယ်ငယ်ငယ်ကသင်ပေးတဲ့သူနဲ့မှကျတယ်။ ကိုယ့်အရှေ့ကအတွဲသုံးတွဲရိုက်ပြီးကိုယ့်အလှည့်ကျလာတယ်။
ရှုံးပြန်ရောလေ။ ဒါလည်းကိုယ်ညံ့လို့မှုတ်ပုရယ်။ သူကကောင်းလွန်းလို့ဘာာ :P

image
‌ခြင်းပြိုင်ပွဲရက်လည်းရောက်ရော ကိုယ်အစောဆုံးကွင်းထဲရောက်တာဘဲ။ လူမရောက်သေးတာနဲ့ဆိုင်တစ်ခါက်ပြန်ပြီး အလုပ်လေးနည်းနည်းပါးပါး လုပ်ဟန်ပြပြီး ခဏနေတော့ လစ်တော့တာ။ ကွင်းထဲရောက်တော့ ခတ်မယ်သူတွေစာရင်းလိုက်ကောက်တယ်။ အပျော်တမ်းခတ်တာဆိုတော့ သူ့အသင်းကိုယ်အသင်းမခွဲဘဲ ဖိုက်တာတွေသပ်သပ်စု second တွေသက်သက်စု နောက်ဖမ်းတွေ သက်သက်စုလိုက်တယ် ။ ပြီးမှအားလုံးမဲခွဲလိုက်တယ်။ ကိုယ်တွေကံကောင်းတယ်ဆိုမလား ခြေကောင်းတဲ့သူနဲ့ကျတာဆိုတော့(ဟဲဟဲ ) အဲလိုနဲ့ပြိုင်ပွဲတွေစခတ်တယ်။ အုပ်စုပတ်လည်ဆိုတော့မဆိုးသေးဘူး။ ကိုယ်တွေ က အုပ်စုတက်တယ်လေ။ ဆုတော့နီးလာပြီ။ နေကလည်းပူလိုက်တာဗျာ။ဝါသနာကြီးတာကိုး ဒီလောက်တော့ခံရမပေါ့လေ။ ဆီမီးဖိုင်နယ်ပွဲစဉ်ပြီးတော့ ကိုယ်တွေဗိုလ်လုပွဲတက်ရတော့မယ်။ ကိုယ်ပထမရဖို့သေချာသလောက်ဘဲ။ ဖြစ်ချင်တော့ကိုယ့်ဖိုက်တာက ကလေးဆိုတော့ခက်ပြီ။ second သမားက ၄လုံးလောက်ဆက်တိုက်ပျက်တော့ စိတ်ကောက်ပြီးမခက်တော့ဘူးဆိုပြီးထွက်သွားတယ်။ အဲ့ကလေးကအဲလိုဘဲရယ်။ ဘယ်တက်နိုင်မလဲလေ။ ကိုယ်ကအရှုံးပေးလိုက်ရပြီးဒုတိယဆုနဲ့ဘဲ ကျေနပ်လိုက်ရတော့တယ်။
imagecode

photo >> google
@nannhtike
MSC-164
Author nannhtike

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပြည်​​ထောင်​စု​နေ့ ဒို့မ​မေ့သင့်​ပါ

Good post & writing

ကျေးဇူးပါမမ

ဟုတ် ကျေးဇူးပါဗျ

ငမ့် တပွဲမ မနိုင်ပု ဟတ်လား အေးပါခွာ ငါ့ခေးက တော်တေ ရယ်😂😂

တစ်နေ့နိုင်မှာပါ မမ

Nice post ပါဗျာ

ကျေးဇူးပါဗျာ

အစ်ကို နိုင်အောင်ကစားဗျာ အားပေးနေတယ်။

မနက်ဖြန်ခြင်းပွဲလေး နိုင်ပါရစေ

Good post​လေးပါ

Good

good ပါ

Good idea post bro Nan

Goodpost ပါဗျာ

၃ ခု စာရင်းပေးထားတာ ၂ ခု ရှုံးတယ်ဆိုတော့ နောက်တစ်ခုက ပိုအားသာမယ်လို့ ခန့်မှန်းမိပါတယ်ဗျ ခြင်းပွဲမှာ winner ဖြစ်ပါစေဗျာ

နိုင်တယ်ဗျ ဟီးး

Basketball ​တော့ စိတ်​ဝင်​စားတယ်​ဗျ...။

ကျတော်ကတော့ဟိုစပ်စပ်ဒီစပ်စပ်ရယ်

ယှဉ်‌ ပြိုင်‌ ခြင်းသာအဓိက ‌ပေါ့ bro ‌ရေ

good

ပြည်​​ထောင်​စုေ့ အမှတ်​တ​လေ​ပေါ့

အရမ်း​ကောင်းတယ်

ပျော်စရာကြီးပါလားညီရေ

စိတ်ဝင်စားစရာ ကစားတစ်မျိုးဖြစ်ပါတယ်@nann

Good တယ် အစ်ကို

v100%$0.07

စစ်တုရင်လေးတော့ စိတ်ဝင်စားသား

ကျတော်ကတော့အပျော်လောက်ရတာပါဗျာ :)

ကျနော်က ကျောင်းလက်ရွေးစင်လေ ။ ရွေးလိုက်ရင် စင်စင်ကျန်နေခဲ့လို့ ဟိဟိ။

ကျွန်နော်မန့်မယ့်စကားလုံ အပေါ်ကအစ်ကိုမန့်သွားပြီဗျ
ဒါနဲ့စကားဆက်ဆက်မှုရှိမရှိမသိ ကိုနန်းထိုက်ကမိန်းမကိုချစ်တဲ့ပုံစံပဲဗျ……သူရ