ကောက်ညှင်းထုပ်

in myanmar •  7 years ago  (edited)

#ကောက်ညှင်းထုပ်
ဟိုးရှေးရှေးတုန်းကရွာတစ်ရွာမာ
အလွန်ငိုတဲ့ကလေးတယောက်ရှိသတဲ့
ညသန်းခေါင်ချိန်ရောက်တာနဲ့အငိုသန်တဲ့ကလေးဟာ
ထပြီးငိုပါလေရောတဲ့
ထိုအချိန်မှာဘဲ အဲ့ကလေးရဲ့အိမ်အောက်ကနွားတွေထားတဲ့နေရာကို
ကျားကြီးတစ်ကောင်ဟာ နွားတွေကိုခိုးစားဖို့အကြံနဲ့ဝင်ရောက်လာသတဲ့လေ
ကလေးငိုသံကြားလို့ ကျားကြီးကအိမ်အောက်မှာငြိမ်ပြီးနေနေတာပေါ့
ကလေးကလည်းအလွန်ကိုငိုနေတော့မိဘတွေက
ကလေးကို" တိတ်တော့ တိတ်တော့ ဟိုမှာကျားကြီးလာနေပီနော်လို့ "ခြိမ်းခြောက်ကြတာပေါ့
ထိုအခါကျားကြီးက "ဟာ ငါလာတာသူတို့ဘယ်လိုသိသွားလိမ့်"ဆိုပြီး အိမ်အောက်မာငြိမ်နေသတဲ့ image
ကလေးက ကျားကြီးလာပီလို့ခြိမ်းခြောက်ပေမယ့်
အငိုမတိတ်ဘဲ ဆက်ငိုနေလေရဲ့
အဲ့ဒါနဲ့ ကလေးမိဘတွေက ကောက်ညှင်းထုပ်ပေးမယ်
တိတ်တိတ်ဆိုတော့ ကလေးကချက်ချင်းအငိုတိတ်သွားလေတယ် image

#ဘာလို့လဲဆိုထိုကလေးကကောက်ညှင်းထုပ်သိပ်ကြိုက်တာကိုး
ကျားကြီးကလည်းစဉ်းစားနေတာပေါ့ "ငါလိုကျားကြီးလာပီဆိုတာကိုတော့အငိုမတိတ်ဘဲ ကောက်ညှင်းထုပ်ပေးမယ်ဆိုတော့ချက်ချင်းအငိုတိတ်ရအောင် ကောက်ညှင်းထုပ်ကဘယ်လိုအကောင်မျိုးပါလိမ့်ငါ့ထက်များကြောက်စရာကောင်းနေလို့လား" ပေါ့
ထိုစဉ်မှာဘဲနွားသူခိုးတစ်ဦးကလည်းနွားတွေခိုးဖို့အကြံနဲ့အိမ်အောက်ထပ်မာ နွားတွေကိုလာစမ်းနေလေရဲ့
"အင်း ခိုးမယ့်ခိုးရင်လည်းကြီးတဲ့ကောင်ဘဲရှာမယ်ပေါ့"
အဲ့မာကျားကြီးကိုသွားစမ်းမိပါလေရော
ကျားကြီးလည်း လန့်သွားတာပေါ့
ဟာ ငါ့ကိုလာစမ်းနေတာ ဟိုကောက်ညှင်းထုပ်ဆိုတဲ့အကောင်ဘဲဖြစ်ရမယ်ဆိုပြီး
ကြောက်ကြောက်နဲ့ငြိမ်နေတာပေါ့
နွားသူခိုးကလည်း ဒီကောင်ကြီးကတော့ကြီးတယ်
ဒီကောင်ကြီးဘဲခိုးမယ်ဆိုပီး မီးကလည်းမမြင်ရတော့
ကုပ်ပေါ်ခွတက်စီးပြီး ခေါ်လာခဲ့တာပေါ့ image
ကျားကြီး လည်း #ဟာ ဟိုကောင်ကတော့ငါ့ကိုခွစီးနေပီဘယ်လိုကောင်ပါလိမ့်
ဆိုပြီး သူလည်းကြောက်ကြောက်နဲ့လိုက်လာခဲ့တာပေါ့
ဒီလိုနဲ့နွားသူခိုးလည်း အိပ်ငိုက်ပီးလိုက်လာလိုက်တာ
မနက်ဝေလီဝေလင်းအချိန်လောက်ရောက်မှ လန့်နိုးလာပြီးကြည့်လိုက်တော့
#ဟာကျား #ကျားကျားကြီးပါလား ဆိုပီး လန့်အော်အော်ပီးဆင်းပြေးပါလေရောတဲ့
ကျားကြီးလည်းလန့်ပီး ဟိုကေင် ကောက်ညှင်းထုပ်တောင်ဆင်းပြေးရတယ်ဆိုတော့
ကောက်ညှင်းထုပ်ထက်ကြောက်စရာကောင်းတဲ့အကောင်လာတာဘဲဖြစ်ရမယ်ဆိုပြီးတောထဲဝင်ပြေးပါလေရောတဲ့လေ# image

ဒီလိုနဲ့ဘဲ
ကျားကြီးလည်းနောက်ဘယ်တော့မှ ထိုရွာထဲမဝင်လာရဲတော့ဘူးတဲ့လေ
သူခိုးလည်း နွားတွေနောက်မခိုးရဲတော့ဘူးပေါ့လေ
ပုံပြင်လေးကတော့ဒါပါဘဲကွယ်

ပုံပြင်လေးဝင်ရောက်ဖတ်ကြည့်ရှုပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်လို့
ဘာရယ်ဟုတ်ပါဘူး အိပ်မပျော်တာနဲ့ငယ်ငယ်က
ဖေဖေပြောပြောပြတဲ့ အိပ်ယာဝင်ပုံပြင်လေးသွားသတိရမိလို့ပါ
@nannwine
MSC-132

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

V %=100% $0.11 V n C done. @thiha/poe

ဟုတ်

GOOD

အရမ်းကောင်းတယ်ကွယ် ကျားခမြာသနားပါတယ်😁

အေ့လေနော် သူ့ခဗျာ

ကောက်ညင်းထုတ် ကြောက်စရာကြီး မစားရဲတော့ဘူး ခ်ခ်

ဟဟ စားလို့ကောင်းပါတယ်

ပုံပြင်လေး အရမ်းကောင်းတယ် ရေးတတ်လိုက်တာ နန်းလေးရယ် ဟိ

စိတ်ကူးရှိရာလေး ရေးတာ ဟီး

သြော် ကောက်ညှင်းထုပ်က တော်တော်ကြောက်စရာကောင်းပါလားနော်

အင်းလေနော်

ဟဟား ကျာကြီးကတော့ သနားပါတယ်😁

ကျားခမျာ မသိရှာဘူးလေ

ကောက်ညင်းထုတ် စားချင်တယ် ကျာကြီးက တစ်ချိန်လုံးပြေးနေရတယ်

အင်းလေနော် :D

ကောကှ်င်းထူတ် စားချင်တဗျာ

upvoted

ကြိုက်တယ် ကောက်ညှင်းထုပ်

မီးမီးလည်းကြိုက်လ:D

SMT 25. Done

Smt 40

Smt29 done

အားပေးနေမယ် အောင်မြင်ပါစေဗျာ

ကျေးဇူးပါရှင်

SMT 16

SMT 6 done

SMT 36 Done

SMT7

SMT 17 done

SMT-35 done

SMT10 done

SMT 26

SMT-4
Done

Smt30

Smt 21 done

SMT-15 done

SMT 2