အ​တွေးပင်​လယ်

in myanmar •  7 years ago  (edited)

received_646901288848623.jpeg
ဒီနှစ်​ခရီးမထွက်​ဘူးလို့စိတ်​ကူးထား​ပေ့မဲ့မိန်းမအမျိုးဖက်​မှာအလှူရှိတာ​ကြောင့်​ဓနူဖြူမြို့သို့​သွားဖြစ်​ခဲ့သည်​။အရင်​တစ်​ခါသား​တော်​​မောင်​ကို​ဆွေပြမျိုးဆိုပြီး​ခေါ်လာတာလူစိမ်း​နေရာစိမ်းဖြစ်​​နေလို့မ​အေဖြစ်​သူလက်​​ပေါ်ကချမရဘဲသုံးရက်​နှင့်​အိမ်​ပြန်​​ခေါ်လာရသည်​။ဒီတစ်​ခါ​နေပါ​စေလို့ဆု​တောင်း​နေရသည်​။အခုတစ်​ခါက​တော့အရင်​​လောက်​အဆိုး​တော့ပဲ​နေသည်​ဟုဆိုရမည်​။သို့​သော်​တစ်​ခါတစ်​ခါစိတ်​ကူး​ပေါက်​ရင်​​ပေါက်​သလိုဂျီကျ​နေ​သေးသည်​။ဖ​အေနှင့်​မ​အေမှလွဲပြီးဘယ်​သူမှ​ခေါ်မရ​ပေ။ထို့​ကြောင့်​အရင်​တစ်​ပတ်​ကပရိုတစ်​ရက်​ခွင့်​တင်​လိုက်​ရသည်​။သား​တော်​​မောင်​​နေရင်​ဖတ်​ဖို့ဆိုပြီးစာအုပ်​နှစ်​အုပ်​ယူလာခဲ့သည်​။
22049957_1929419127382698_516195791394832087_n.jpg
28826973_190248451581926_1695259025198978196_o.jpg
ဆရာဗန်း​မော်​သိန်း​ဖေ၏စာအုပ်​များဖြစ်​သည့်​ဆာရစ်​ချတ်​ဘရင်​ဆန်​နှင့်​ကြီးကြီး​တွေးမြင့်​မြင့်​ကြံဆိုသည့်​စာအုပ်​နှစ်​အုပ်​ဖြစ်​သည်​။ဆာရစ်​ချက်​ဘရင်​ဆန်​ကိုအရင်​ဖတ်​ဖြစ်​သည်​။ကျွန်​​တော်​ကိုယ်​တိုင်​လည်းစီးပွား​ရေးလုပ်​​နေ​တော့​အောင်​မြင်​တဲ့စီးပွား​ရေးသမား​တွေအ​ကြောင်းကိုအားကျပြီးဖတ်​ဖြစ်​သည်​။ရေ​မြေ​ဒေသစီးပွား​ရေးပုံစံမတူ​သော်​လည်းအတုယူသင့်​တာ​တွေကိုအတုယူပြီးစိတ်​နှလုံးသွင်းလုပ်​​ဆောင်​ဖို့ဖြစ်​သည်​။အရင်​ကဆရာ့စာအုပ်​ဖြစ်​သည့်​ဂျက်​မားကိုလည်းဖတ်​ခဲ့သည်​။ယခုဖတ်​သည့်​ဆာရစ်​ချတ်​ဘရင်​ဆန်​ကိုပိုပြီးကြိုက်​သည်​။ဂျက်​မားသည်​အွန်းလိုင်းအ​ရောင်းအ၀ယ်​ဖြစ်​သည့်​အလီဘာဘာကုမ္မဏီနှင့်​ပတ်​သတ်​သည့်​စီးပွား​ရေးလုပ်​ငန်းများလုပ်​ကိုင်​ခဲ့ခြင်းဖြစ်​သည်​။ဆာရစ်​ချတ်​ဘရင်​ဆန်​က​တော့ထိုသို့မဟုတ်​​ပေ။အမျိုးအစားပုံစံမတူသည့်​စီးပွား​ရေးလုပ်​ငန်းများကိုလုပ်​​ဆောင်​ခဲ့​သော​ကြောင့်​ဖြစ်​သည်​။နှစ်​ဦးစလုံးက​တော့​အောင်​မြင်​ချမ်းသာကြွယ်​၀​နေကြသူများဖြစ်​​နေကြပြီဖြစ်​သည်​။စာဖတ်​ရခက်​တဲ့ဒစ်​စလက်ရှား​ရောဂါ​သည်​​မွေးရာပါ ပါလာ​သော​ကြောင့်​ပညာ​ရေးဆုံးခန်းတိုင်​​ကျောင်းမ​နေခဲ့ရ​ပေ။ကျောင်းတက်​​နေစဉ်​အတွင်းstudentစာ​စောင်​ထုတ်​​ဝေခြင်းမှစပြီးvirginဟု​ခေါ်​သောစီးပွား​ရေးကုမ္မဏီအဖွဲ့ကြီးဖြစ်​​ပေါ်လာသည်​အထိအခက်​အခဲမျိုးစုံကို​ကျော်​ဖတ်​ကာကြိုးစား​ဆောင်​ရွက်​ခဲ့ခြင်းဖြစ်​သည်​။
Virgin-Group.gif
AAEAAQAAAAAAAAeFAAAAJDA5ZDJjYWVhLTRmNjctNDEwOC04M2U2LTIwNmI2N2IyMDNiZQ.jpg
studentစာ​စောင်​ထုတ်​​ဝေတဲ့အခန်းဖန်​မိ​တော့တစ်​​ယောက်​ထဲအ​တွေးဝင်​မိသည်​။ကျွန်​​တော်​မြို့မှာလည်းစာ​ရေးစာဖတ်​၀ါသနာပါ​သောလူငယ်​​တွေစုစည်းပြီးစာ​စောင်​ထုတ်​​ဝေမည်​။မြို့မှာရှိတဲ့စီးပွား​ရေးလုပ်​ငန်းရှင်​များကို​ကြော်​ငြာထည့်​ဖို့စည်းရုံးမည်​​ပေါ့။က​ဗျာဝါသနာပါသူကက​ဗျာ​ရေး၊နည်းပညာဝါသနာပါသူကနည်းပညာအ​ကြောင်း​ရေး၊အလွမ်းအ​ဆွေးဝါသနာပါသူ​ဆွေးမယ်​လွမ်းမယ်​​ပေါ့။အကြံအဥာဏ်​​တောင်းဖို့ကြ​တော့မြန်​မာစာဆရာကြီးဖြစ်​တဲ့ဦးသန်းထွန်းဆီက​တောင်းခံမယ်​။ဆရာကြီးကမင်းသန်းထိုက်​(​ဒေးဒရဲ)ဆိုတဲ့က​လောင်​နာမည်​နဲ့က​ဗျာ၊၀ထ္ထုတို၊၀ထ္ထုရှည်​နှင့်​​ဆောင်းပါးများကိုနာမည်​ကြီးဂျာနယ်​များတွင်​​ရေး​နေသူဖြစ်​ပါတယ်​။ဆရာကြီးလည်းဝမ်း​မြောက်​၀မ်းသာကြိုဆိုမယ်​လိုထင်​ပါတယ်​။
désordre-couple-journal-baisers-clipart-vecteur_csp43517105.jpg
အရင်​ဆုံးပါဝင်​မဲ့သူ​တွေရ​သ​လောက်​​ငွေစုမယ်​၊မ​လောက်​ပါရှယ်​ယာဝင်​ချင်​သူစီးပွား​ရေးသမားများကိုစည်းရုံးပြီး​ငွေထည့်​ခိုင်းမယ်​။ကြော်​ငြာများများရပါကပိုပြီးအဆင်​​ပြေမယ်​ထင်​ပါသည်​။မိမိမြို့တွင်းမှာအရင်​ဖြန့်​မယ်​၊​အောင်​မြင်​ရင်​တစ်​ခြားမြို့​တွေပါဖြန့်​မယ်​​ပေါ့။မိမိ​တွေးထင်​သ​လောက်​လွယ်​မည့်​ကိစ္စမဟုတ်​မှန်းကြို​တွေးထားသည်​။ထိုစဉ်​သား​တော်​​မောင်​ငိုသံကြားသဖြင့်​အ​တွေးကိုမှတ်​ထားပြီးဖတ်​လက်​စစာအုပ်​​လေး​ဘေးချကာထွက်​လာခဲ့​လေသည်​။
credit :All photo used from google and facebook

@naylinn
MSC 196

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လွယ်ကူတဲ့အလုပ်ကအကျိုးအမြတ်များများရတယ်ဆိုတာရှားပါတယ်ဗျာဒီလိုဘဲပေါ့

ဟုတ်​တယ်​​ဗျ

အတွေးပင်လယ်ထဲကနေအောင်မြင်မှုတွေရပါစေဗျာ

ကျေးဇူးပါ

လွယ်လွယ်ကူကူ ဘာမှ မရဘူးနော့ အခက်ခဲတွေ များရီးဖဲ😊

ဟုတ်​တယ်​ မကြည်

အစ်ကို့ရဲ့ ရည်မှန်းချက် အောင်မြင်ပါစေဗျာ

လွယ်​​တော့မလွယ်​ဘူး​ဗျ

ကောင်းတယ်​ဗျာ ကို​င်္အ​တွေးနဲ့ကိ​ချ​ရေးတာအ​ကောင်းဆုံးပါဗျာ

ဟုတ်​တယ်​အစ်​ကို​ရေ

အတွေးပင်လယ်က ကျယ်ပြန့်လှပါတယ်နော်

ဟုတ်

အတွေးထဲက စာစောင်လေး အောင်မြင်ပါစေ

ကျေးဇူးပါ အန်​တီ​ရေ

သိပ်​​ကောင်းတဲ့ အ​တွေး​ခေါ် အ​ရေးအသားပါဘဲဗျ

ကျေးဇူးပါ

အ​တွေးပင်​လယ်​ဆို​တော့အကြီးကြီးဘဲ😀...အ​​ရေးအသားလည်း​ကောင်းပါတယ်​...good post

တွေးတာ​တော့အများကြီးပဲ မလုပ်​နိုင်း​သေးတာ

အရမ်​​ကောင်းတယ်

ကျေးဇူးပါ

👍👍👍👍👍

(>‿◠)✌(>‿◠)✌(>‿◠)✌(>‿◠)✌

အခက်အခဲတွေကြားမှာ အောင်မြင်မူယူရမှာပါ

ဟုတ်​ကဲ့ပါ

အရေးအသား​လေး​တောု့ကြိုက်​သဗျာ။ ရည်​မှန်းချက်​​တွေ ​အောင်​မြင်​ပါ​စေ အစ်​ကို။

ကြိုးစား​နေပါတယ်​​ဗျာ

စာအုပ်‌စာ‌ပေ‌တွေက အကြံ‌ကောင်း ကို ရ‌စေပါတယ်‌။

ဟုတ်​ကဲ့ပါ

အောင်မြင်ပါစေဗျာ
Fighting

ကျေးဇူးပါ​​ဗျာ

အလုပ်နဲ့အတွေးမှာ
အတွေးကအရင်လာတာပါ
အတွေးကောင်းမှ အလုပ်ကောင်းမှာပါ
ကောင်းသောpostတခုပါ

ကျေးဇူးပါ

30704471_570366143344579_4533234068489240576_n.jpg

မင်္ဂလာပါ သင်ကို Myanmar Steemit User Group မှ Admin/ Co-Admin အဖြစ်ရွေးချယ်ထားပါတယ်။ အသေးစိတ်ကို-> https://steemit.com/myanmar/@dpakyaw/myanmar-steemit-user-group-e-admin-co-admin-undefined-kn-utautyapne-kyangayakhng
မှာဖတ်ရှူနိုင်ပြီး။ ကျွန်တော်တို့ကို Facebook Messager မှ ဖြစ်စေ Viber Ph no- 09451104040 မှဖြစ်စေဆက်သွယ်စေလိုပါတယ်။ သို့မဟုတ် မူရင်း Post ၏ Comment တွင် ဆက်သွယ်ရန် Ph no များပေးပို့ထားစေလိုပါတယ်။

သင်နှင့် အတူ Myanmar Steemit User Group ကို ပိုမိုအင်အားတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခုအဖြစ်ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ဒါကြောင့် Myanmar Steemit User ၏ Admin/ Co-Admin အဖြစ်လုပ်ဆောင်မည်ဟု ယုံကြည်ပါတယ်

D Pa Kyaw
@dpakyaw
Founder @ MSU
Help line- 09451104040, 09795292441, +1(409)2927447
https://www.dpakyaw.com