Power Bankများအကြောင်းသိကောင်းစရာ

in myanmar •  7 years ago 

powerbank များယ်ယူဖို့အတွက် အဓိကအရေးကြီးတာသုံးမျိုးရှိ
ပါတယ် ဈေးနှုန်း batteryအမျိုးအစား circuitအမျိုးစားဟူ၍
ပြောနိုင်ပါတယ်။သာမာန်အားဖြင့်ဈေးပိုမိုသောpowerbankများကအရည်သွေးပိုမိုကောင်းမွန်တယ်ဆိုပေမယ့်ဈေးကြီးပေးပြီးအဆင်
မပြေတာတွေကများပါတယ်။ကျနော်တခါက တစ်သောင်းပေးရတဲ့
KONF. . . . အမျိုးအစားလေးတသောင်းပေးရပါတယ်ပြားချပ်ချပ်နဲ့
သုံးရတာအဆင်ပြေမယ်ဆိုပြီးအားရဝမ်းသာဝယ်လိုက်ပါတယ်။အိမ်
ပြန်ရောက်တော့အားသွင်းထားတာနာရီဝက်လောက်ရှိတော့signal
မီးလေးတွေကအားပြည့်ကြောင်းပြနေတာနဲ့အားသွင်းတာရပ်လိုက်
ပါတယ်အသစ်ဆိုတော့မသုံးရသေးဘူး အားပြည့်လွယ်တယ်ပေါ့
powerbankကတအားပူနေပြီးဘယ်လိုမှသုံးမရတော့တာပါ။
ဘယ်အမျိုးစားကိုဝယ်သင့်မှန်းမသိဘဲဈေးပိုပေးရတာအရည်သွေး
ကောင်းမယ်ထင်ခဲ့မိတာပေါ့ တံဆိပ်အတုနဲ့တိုးခဲ့တာလားမသိ
ဈေးကြီးပေးရပေမယ့် အသုံးပြုထားတဲ့ဘက်ထရီအမျိုးအစားအလိုက်
အသုံးခံတာခြင်းမတူကြပြန်ပါဘူး9347801612318.jpg
ပါဝါဘန့်တွေရဲ့ဘက်ထရီတွေကိုအမျိုးအစားသုံးမျိုးခွဲခြားထားပါတယ်
Ni-Cd နီကယ်ကဒ်မီဒီယမ်အမျိုးအစားကိုအများအားဖြင့်၎င်းတို့ကို
ဘက်ထရီပုံစံကိုထုလုံးရှည်ဆလင်ဒါပုံအနေနဲ့ထုတ်လုပ်ထားပါတယ်
ဒါကြောင့်Na-Cdဘက်ထရီ ပါဝပါဘန့်တွေဟာအတော်လေးထူပါ
တယ် မ,ကြည့်ပါအတော်လေးလံပါတယ် အရည်သွေးကောင့်တဲ့
ဘက်ထရီတွေထုတ်ပေမယ့် အခြားဘက်ထရီတွေနဲ့စာပါကအရည်
သွေးကညံ့နေပါတယ်laptopတွေမှာလည်းဒီလိုဘက်ထရီတွေကို
အသုံးပြုတတ်ပါတယ်400x400_PB4000white.gif
နောက်ထပ်ဘက်ထရီအမျိုးစားတမျိုးကတော့ Li-ion လစ်သီရမ်
အိုင်းယွန်းဘက်ထရီအမျိုးအစားဖြစ်ပါတယ် အပြားပုံစုံဖြင့်အထုတ်များပြီးဆလင်ဒါပုံစံဖြင့်လည်းထုတ်လုပ်ပါတယ် mobile phone
တွေမှာ အသုံးပြုတဲ့ဘက်ထရီတွေပါ အလေးချိန်အတော်ပေါ့ပါတယ်
Li-ionဘက်ထရီအသုံးပြုထားတဲ့ပါဝပါဘန့်တွေဟာအားလုံးလိုလို
အပြားပုံစံဖြင့်သာထုတ်လုပ်ကြပါတယ် အလေးချိန်အတော်လေးပေါ့
ပါတယ်Ni-Cd ပါဝါဘန့်တွေထက်အရည်သွေးပိုမိုကောင်းတယ်ဆို
ရမှာပါပဲ ဂြိုလ်တုတွေအစရှိတဲ့အရေးကြီးတဲ့စက်ပစ္စည်းတွေမှာပါ
လစ်သီယမ်အမျိုးနွယ်ဘက်ထရီတွေကိုအသုံးပြုထားပါတယ်
နောက်ဆုံးဘက်ထရီအမျိုးအစားက Lithum Polymer ဘက်ထရီဖြစ်ပါတယ် လစ်သီယမ်ပိုလိုင်မာဘက်ထရီဖြစ်ပါတယ်
လစ်သီယမ်ဘက်ထရီကိုထပ်မံ၍အထူးပြုပြင်တိုးတက်စေထားတာ
ဖြစ်ပါတယ်ခုနောက်ပိုင်းပါဝပါဘန့်တွေမှာ Lithun Polymerကို
အသုံးပြုထားကြောင်းဖော်ပြထားတဲ့တန်းတွေကိုအလွယ်တကူတွေ့
မြင်နိုင်ပါတယ်။တန်ဖိုးနည်းပါဝပါဘန့်တွေကဖုန်းဘက်ထရီတွေကို
ထိခိုက်စေပါသလား?510AiCa2x5L._SX342_.jpg
ပါဝါဘန့်တွေကို၃၅၀၀ဝန်းကျင်ကနေစတင်ရွေးချယ်ဝယ်ယူနိုင်ပါတယ် အသုံးပြုတဲ့ဖုန်းပေါ်မူတည်ပြီးနာရီဝက်အထက်အားသွင်းနိုင်ပါတယ် ဗို့အားထုတ်ပေးရာမှာတော့5vကိုတသမတ်တည်းထုတ်ပေးပါ
တယ်ဒါကြောင့်ဖုန်းအား၃၀အောက်နဲနေချိန်မှာဖုန်းကိုအားသွင်းမယ်
ဆိုပါက ဖုန်းဘက်ထရီကိုထိခိုက်စေပါတယ်။ဖုန်းကိုအားသွင်းရာမှာ
ဖုန်းဘက်ထရီသက်တန်းတာရှည်ခံရန်အတွက် အမြဲတန်း5vဖြင့်ပေး
သွင်းနေခြင်းမဟုတ်ပါဘူးဖုန်းအားနဲနေတာနဲ့အမျှဗို့အားလျှော့၍ပေး
သွင်းတဲ့စနစ်ပါရှိပါတယ်တန်ဖိုးနည်းပါဝါဘန့်တွေမှာတော့ဒီစနစ်ကို
ထည့်သွင်းထားခြင်းမရှိပါဘူး။ဒါ့အပြင်ဈေးကြီးပေးထားရတဲ့ဖုန်းတွေ
ကိုအင်ဂျင်မီးစက်ကနေသွယ်ယူအားသွင်းခြင်းဖြင့်ဖုန်းရဲ့သက်တန်း
တိုစေမှာဖြစ်ပါတယ်အထူးသဖြင့်ဒီဇယ် ရေနံဆီအင်ဂျင်ကထွက်ရှိတဲ့
လျှပ်စစ်မီးလှိုင်းဟာဖုန်းတွေနဲ့မသင့်တော်ပါဘူး။မင်္ဂလာရှိတဲ့နေ့လေး
ဖြစ်ပါစေ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မင်္ဂလာပါ