သင်္ခိုင်းသို့တခေါက်
ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့်နေရာ စိတ်နှလုံးကြည်နူး ချမ်းမြေ့စရာကောင်းသည့်နရာ ရင်သပ်ရှု့မောဖွယ် ရင်ခုန်ဖွယ်ရာကောင်းသည့်နေရာ ထူးဆန်း အံ့သြဖွယ်ရာ ကောင်းသည့် နေရာများ၌သာ သွားလာလေ့ ရှိကြပါသည်။
သို့သော် သင်္ခိုင်းရှိရာ နေရာသို့ကား
မည်သူမှ မသွားကြပေ။ထို့သို မသွားခြင်းကိုလည်း အပြစ်ဆိုဖွယ်ရာတော့ မရှိချေ။သင်္ခိုင်းတွင် စင်ကြယ်မှု မရှိခြင်း အနံ့အသက်မကောင်းခြင်း တုန်လှုပ်ချောက်ချား ဖွယ်ရာကောင်းသည့် နေရာဖြစ်ခြင်း လူအများတို့၏
ငိုကြွေးရာ အရပ်ဖြစ်ခြင်း သားရဲ ပြိတ္တာတို့ရှိရာ အရပ်ဖြစ်ခြင်း စသည့်အကြောင်းများကြောင့် မသွားကြပေ။လူတိုင်းသေမှာ ကြောက်ကြပေသည်။ ထို့ကြောင့် "သေ"သူများ မြုပ်နှံရာ သင်္ခိုင်းသို့ မသွားဝံ့ကြချေ။
မည်သို့ပင်ဆိုစေ မသွားချင်ပေမယ့်လည်း လူသားတိုင်း မဖြစ်မနေ တခေါက်တော့ ရောက်ကြရပေသည်။မိမိ၏ဆွေမိုးသားချင်းထဲမှဖြစ်စေ မိတ်ဆွေ သူငယ်ခြင်းများထဲမှဖြစ်စေ တဦးတယောက် ကွယ်လွန် အနိစ္စရောက်သွားသည့် အခါမိုး၌ ရောက်ရပေသည်။ယခုမရောက်ဖူးသေးလျှင် လုပ်ငန်းခွင်ဝင် မိတ်ဆွေ သူငယ်ချင်းတိုးပွားသည့် အခါများ၌ ရောက်ရပေလိမ့်မည်။
မြန်မာစကားပုံ တခုရှိပါသည်။"မသာတစ်ခေါက် ကျောင်း၁၀ခေါက်"ပင် ဖြစ်ပေသည်။"မသာ"၁-ခေါက် လိုက်ပို့ရင် ဘုန်းကြီးကျောင်း ၁၀-ခေါက်ရောက်သည်နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုပေသည်။
ရှေးဆရာတော်ကြီးများ၏ အဆိုအမိန့် တခုရှိပါသည်။ (မသေလိုလျှင်သုဿာန်သွား မရဏာနုဿတိကို နာနာပွား) ဟူ၍ပင်ဖြစ်သည်။သေခြင်းတရားကို မပြတ်ဆင်ခြင် ပွားများနေရင် မစင်ကြယ်သော အသက်မွေးမှု မအပ်သော ရှားမှီးခြင်း စသည်တို့အား ပယ်နိုင်၏ဟု ဆိုပေသည်။ထိုမှတဆင့် သံဝေဂဥာဏ် အဆင့်ဆင့် တိုးပွားကာ ကောင်းမြတ်မှန်ကန်သည့် ကျင့်ကြံမှုများ၌ မတွန့်မဆုတ် ထက်သန်သောစိတ် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
ဆိုခဲ့ပြီးသလို မိမိနှင့်ပတ်သက် ဆက်နွယ်ရာများမှ ကွယ်လွန် အနိစ္စရောက်သည့် အခါတိုင်း အခေါက်ပေါင်းမနည်း ရောက်ကြသူများလည်း ရှိကြသည်။ကျနော်၏ သူငယ်ချင်း ကွယ်လွန် အနိစ္စရောက်သည့်အခါ အလည်တခေါက် ရောက်ရှိသွားပြန်သည်။
အခြားသော အသုဘအတွက် ဝေယျာဝစ္စဆောင်ရွက်သော အချိန်များ၌ မည်သည့် ခံစားချက်မှ မဖြစ်ပေါ်သေး။ သုဿာန်ရောက်လာပြီး မီးသင်္ဂြိုလ်စက်ထဲ မသွင်းခင် နောက်ဆုံးအချိန် ကြည့်ရှု့ခွင့်ပေးသည့် အခါဝယ်....
ရင်ထဲမယ် ဆို့နစ်လာပါတော့သည်။
သေဆုံးသူ သူငယ်ချင်း၏ မိခင်မှာလည်း ရှေးဟောင်းနှောင်းပြစ်တွေ ပြောဆိုပြီး ငိုကြွေးပါတော့သည်။ထို့အတူ
သေဆုံးသူရဲ့ အဒေါ်ဖြစ်သူမှလည်း
ငါ့တူလေးရယ် နှမြော်လိုက်တာ ... ကံဆိုးလိုက်ချည်လား ငါ့တူလေးမှ ဖြစ်ရလေတယ်။စသည်ဖြင့်ပြောဆို ငိုကြွေးပါလေတော့သည်။ ထိုသူတို့မှ ရှေးဟောင်းနှောင်းပြစ် ပြောဆိုကာ ငိုကြွေးခြင်းသည် ကျွန်ူပ်အား ကူးစက်လာပါတော့သည်။"အရပ်ရှည်ရှည် အသားဖွေးဖွေးနဲ့ အရမ်းချောမော ပြေပြစ်သူတယောက်။ရယ်လိုက်ရင် သွားတက်လေးနဲ့ ရိုးသားတဲ့ နှစ်လိုဖွယ်ရာအပြုံးနဲ့ အမြဲဆက်ဆံလေ့ရှိသူတယောက်။
အမြဲတန်း ပေါ်ပြူလာ ဖြစ်ချင်တဲ့တယောက် ကျနော့်အားဆိုရင် အူယား ဖားယား ဒါမှ ငါ့သူငယ်ချင်းကွလို့ အမြဲဂုဏ်ယူ ဝင့်ကြားတတ်တဲ့တယောက်"
သြော်... အခုတော့လည်း ရုပ်အဆင်း အင်္ဂါတွေ ပျက်ပြီး လောကကြီးထွက်ခွာ
သွားပြီပေါ့လေ။ နှမြောတသစိတ်နဲ့ ငါနဲ့ ရွယ်တူ ငါ့အပေါ်ချစ်ခင်တဲ့ ငါ့သူငယ်ချင်းတောင် သေရတယ်။ ငါလည်း တနေ့မှာ အကြောင်းတမိုးမိုးနဲ့ သေရမှာပါလားဆိုကာ။ ဒီတကြိမ် အသုဘပို့ဆောင်ရင်း သင်္ခိုင်းသို့တခေါက်ရောက်လာခြင်းဟာ ကျနော့်အား သေခြင်းတရားကိုတွေးမိပြီး သံဝေဂ ဖြစ်မိပါတော့သည်။
##အသက် (၂၆)နှစ်အရွယ်၌ ဆိုကယ် accidentဖြစ်၍ သေဆုံးသွားသူ သူငယ်ချင်းတယောက်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
သုဘရာဇာလုပ်မို့လား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဆို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တားလာ်းလုပ်ကြံမိတော့မယ် ဝုတ်တယ် Live လွင့်ပြီးလုပ်ကြံမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လုပ်စေဗျာ😂😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်းချိုင်းဂုံးမာငြား အိမ်ဆောက်ထားလားမတိ ကြောက်ပါတယ်ချိုမ တေတာတေချီး တင်နေဒယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြောက်နက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နီတို့ဟာတေကလည်း ဘာတေလည်းဟယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြီးလာရင် သိပါလိမ့်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သင်္ချိုင်းမှာ သရဲတွေ၊တစ္ဆေတွေ ထည့်လိုက်ရင် ကြည့်ကောင်းပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထည့်မို့တော့လုပ်သေးတယ်။ဂွင်းဆက်က မမိမှာဆိုး အလောတကြီးတင်လိုက်ရတယ်။ဖြည့်စွပ်ပေးဖို့ ပြောပါရစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good post ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit