မ​နောကွင်းသို့အလည်​သွားမယ်

in myanmar •  7 years ago  (edited)

အားလုံးဘဲ မင်္ဂလာပါ ခင်​ဗျာ

မြန်​မာနိုင်​ငံ​ အထက်​ပိုင်း ကချင်​ပြည်​နယ်​ မြစ်​ကြီနားမြို့ရဲ့ အလှ​ကို တစ်​​ထောင့်​တစ်​​နေရာက ​​ဖော်​ကျူး​နေပါတယ၊်​ ယခုဖော်ပြမှာတော့ မြစ်​ကြီးနားမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ မနောပွဲကျင်းပရာ ​မနောကွင်းရဲ့အလှတရားတွေအကြောင်းပါ
image
Steemit ညီအစ်ကိုမောင်နှမတွေကိုလည်း မြစ်ကြီးနားမြို့ရောက်ရင် မနောကွင်းကို ရောက်အောင်သွားလည်ကြဖို့ ဦးစွာဖိတ်ကြားပရစေ ခင်ဗျ

image

မ​နောကွင်းရောက်ရင် အမှတ်တရအဖြစ် ဓာတ်ပုံရိုက်စရာနေရာတွေလည်းအများကြီးရှိပါတယ်​၊ ​သစ်​ပင်​​တွေနဲ့ ရိုက်​မလား၊ မ​နောတိုင်​နဲ့ရိုက်​မလား၊ မြက်​ခင်းစိမ်း​ပေါ်မှာ ရိုက်​မလား selfie သမား​တွေတွက်​ နေရာ​ကောင်း​လေးတစ်​ခုပါ။
အလည်လာတဲ့သူတိုင်း ဓာတ်ပုံမရိုက်ပဲ မပြန်သွားတဲ့ နေရာလေးကတော့ မနောတိုင်ကြီးရှိရာပေါ့၊ လူ​တော်​​တော်​များများ ကမ​နောတိုင်​​ရှေ့မှာ ပိုစ့်အမျိုးမျိုးထုတ်ပြီး တစ်ယောက်တစ်လှည့် ရိုက်ပေးနေကြတာ မနောကွင်း ရောက်တိုင်းလိုလို တွေ့ရပါတယ်
image
သစ်ပင်တွေကလည်း စီစီရီရီနဲ့စနစ်တကျစိုက်ပျိုးထားတဲ့တွက် ဓာတ်ပုံရိုက်ဖို့ နောက်ခံကောင်းတစ်ခုပါပဲ၊ သစ်ပင်တွေက အကြီးကြီးတွေလည်း ဖြစ်တော့ အရိပ်ကောင်းကောင်းမရမှာတော့ ပူစရာမလိုပါဘူး ခင်​ဗျ ၊ နွေရာသီဆို သစ်ပင်အောက်​မှာ လေလေးတဖြူးဖြူးနဲ့ ဖျာလေးတစ်ချပ် အိမ်ကယူလာပီး အိပ်ရင်တော့ ဇိမ်ရမ်းကျပါတယ်​။

မြက်ခင်းတွေဟာဆိုလည်း အမြဲစိမ်းစိုနေတာတွေ့ရတော့ ရင်ထဲအေးချမ်းမှုကို ခံစားရတယ်ခဗျ မြက်ခင်းတွေပေါ် အိပ်ရင်းပဲဖြစ်ဖြစ် ဘယ်လို ပိုစ့်ပေးပေး ဓာတ်ပုံကောင်းတစ်ခု ရမှာအသေချာပါပဲ ၊ မြက်​ခင်းစိမ်း​တွေ​ပေါ် မှာ​ ​ပျော်​​ပျော်​ပါးပါးမိသားစုလိုက်​ဖြစ်ဖြစ် သူငယ်ချင်းတွေစုပီးဖြစ်ဖြစ် ပျော်ပွဲစားထွက်​ရင်း အပန်း​ဖြေလို့လည်းရပါတယ်​၊ အိမ်က မုန့်တွေ ဟင်းတွေထည့်ခြဲ့ပီး မြက်ခင်းပေါ် ဝိုင်းဖွဲ့ပီး စားသောက်ကြတာ တကယ့်ပျော်စရာကြီးခင်​ဗျ ၊တိတ်ဆိတ်ငြိမ်သက်ပြီး အလွန်အေးချမ်းတဲ့ နေရာတစ်ခုပါ၊ လာလည်တဲ့ သူတွေ အဆင်ပြေအောင် သစ်​ပင်​​တွေ​အောက် ထိုင်​ခုံ​လေး​တွေ တန်းစီဘဲ ထား​ပေးထားပါတယ်​ ​။မ​နောကွင်းပြင်​ကြီးကလုံးဝ ကျယ်​လွန်းပါတယ၊်​ လာသူ​တွေ များတယ့်​​နေ့​တွေ​တောင်​​နေရာ​တွေ က ရှိ​နေပါတယ်​ ​နောက်​ကျလို့ လာလည်း ​နေရာမရှိစရာ မပူရ​တော့ဘူး​ပေါ့။

image

မနောကွင်းက အပန်းဖြေစရာ နေရာတစ်ခုဖြစ်ရုံမက စားသောက်ဆိုင်ကောင်းတွေလည်း ရှိသေးတယ်ခဗျ ၊ အိမ်ကအစားအ​သောက်​​တွေမပါလာလည်းစိတ်​ပူစရာမလိုတော့ဘူးပေါ့​၊ ဆိုင်တွေက သန့်လည်းသန့်​ ဧရာဝတီမြစ်ဘေးနားဆိုတော့ ​လေ​ကောင်း​လေသန့်​လည်းရပါတယ်​ ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သီးသန့်စားနိုင်တဲ့ ဝါးထရံလေးတွေနဲ့ဆောက်ထားတဲ့ ဆိုင်လည်းရှိပါသေးတယ်။

ကျွန်​​တော်​က​တော့ မ​နောကွင်းကို မြဲတမ်းသွား​ရောက်​အနားယူတယ်၊ သူငယ်​ချင်းအနည်းငယ်​စုပြီး အစားအ​သောက်​တွေ ထည့်​ပြီး တစ်​​နေကုန်​ ​နေ​လေ့ရှိပါတယ်​။ စိတ်​အပန်းလည်း​ပြေသလို မြက်​ခင်းစိမ်း​ပေါ်မှာလဲအိပ်​ပြီး ​နေရတာကိုလည်း နှစ်​သက်​သ​ဘောကျပါတယ်​။ ကျွန်တော့ကတော့ ကျောင်းပိတ်တိုင်းလို ရောက်ဖြစ်တယ် အပန်းလည်းဖြေရင်း အတွဲလည်း ချောင်းရင်းပေါ့😜 အတွဲ​တွေ လည်း ​​တစ်​တွဲပြီးတစ်​တွဲ လာလိုက်​ပြန်​လိုက်​နဲ့ပါ😁

ညနေပိုင်းတွေဆို လူပိုစည်ပါတယ်​ခင်​ဗျ ၊ ဘာလို့ဆို အားကစားလာလုပ်တဲ့သူတွေ ရှိလို့ပါ ကွင်းပတ်ပြေးသူတွေ၊ ကြိုးခုံသူတွေ၊ လမ်းလျှောက်သူတေ၊ွ မြက်ခင်းပေါ်ဘက်စကတ်ဘောကစားသူတွေ စသဖြင့် လူစုံတွေ့ရပါတယ်​။ ကိုယ်​ဝါသနာပါရင်​ ​ဝင်​ပြီးပါဝင်​လို့ရပါတယ်​ ​ဖော်​​ရွေကြပါတယ်​။
မနောကွင်းထဲမှာ ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်ခန်းတွေ လုပ်နိုင်တယ့်​ Gym အားကစားခန်းမလည်း ဖွင့်ထားသေးတယ် ခင်​ဗျ ၊ ဝင်​​ရောက်​​လေ့လာလို့ရပါတယ်​၊ ကျွန်​​တော်​​တော့ဝင်​သွားပြီး စမ်းကြည့်​ဖူးတယ်​ အ​လေးတုံး​တွေက စိုက်​စုံပါဘဲ မ​တောင်​မကြည့်​ခဲ့​သေးတယ်​ အ​တော်​​လေးသား​😁

မြစ်ကြီးနားမြို့မှာ ပွဲတော်တော်များများကို မနောကွင်းမှာစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတာတွေ့ရပါတယ်၊ ပွဲလုပ်တယ့်​ စင်ကြီးဟာလည်း အကြီးကြီးပါဘဲ ဂီတပွဲ​တွေ ကျင်းပ​လေ့ရှိတယ်​ ရမ်းစည်​ပါတယ်​။ ပွဲ​မရှိတယ့်​ခါဆို စင်​ကြီး​ပေါ်တက်​ပြီး သီချင်း​လျောက်​ဆိုလိုက်​၊ စ​လိုက်​​​နောက်​လိုက်​နဲ့ ​ပျော်​စရာကြီးပါ ။
မနောကွင်းမှာ တစ်ခါတစ်ခါ မနောပွဲကျင်းပတ​တွေ့ရပါတယ်၊ အကမျိုးစုံနဲကြက်​ပျံ မကျစည်​ကားလှပါတယ်​ ၊ ဒီနှစ်​မ​နောပွဲ ကျင်းပဖြစ်ရင်​ steemit ညီအစ်​ကို​မောင်​နှမ​တွေကို ပြန်​လည်​​ဝေမျှ​ပေးသွားပါမယ်​ ခင်​ဗျ။

Steemit ညီအစ်​ကို​မောင်​နှမ​တွေအားလုံ​ကျေးဇူးတင်ပါတယ် ခင်​ဗျ

Photo - credit
Author - @naythuya
Msc - 169

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မြစ်ကြီးနားမြို့ကနေလို့ကောင်းတယ်ဘဒို ဘယ်နေရာသွားသွားအေးနေတာပဲ

ဟုတ်​တယ်​ ခင်​ဗျ😉

အလည်တစ်ခေါက် အရောက်လာချင်ပါတယ် Bro ရေ။

  ·  7 years ago (edited)

Welcome bro😉I follower to your steemit blog.

လည်​ချင်​စရာမြို့တစ်​ခုပါ👌👌👌

Welcome to myitkyina😉

ဒီနှစ်မနောပွဲလုပ်ဖြစ်သလားbro

မသိဘူးခင်​ဗျ လုပ်​ဖြစ်​မလား မနှစ်​က​တော့မလုပ်​ဘူး

လာလည်ချင်ပါတယ်bro

လာလည်​​လေ အစ်​ကို လည်​စရာ​တွေရှိ​သေး😉

တစ်နေ့နေ့တော့အလည်ရောက်ဖြစ်အောင် လာပါဦးမယ်ဗျာ

Welcome bro😉

တစ်​​နေ့အတူတူအတ်ဲ​ချောင်းတာ​ပေါ့😝

ကြာသလားလို့😝

တ​နေ့​တော့​အ​ရောက်​လာမယ်​ဗျို့

ဟုတ်​ကဲ့ လာလည်​​လေအစ်​ကို😉

ဖတ်လို့ကောင်းပါတယ် အစ်ကို

Thank you😉

လေ့ကျင့်ခန်းလုပ်ရင်း အတွဲလိုက်ချောင်းကြမယ်ဗျာ😁😁

😁ကြာသလားလို့ shake shake😛

မြစ်ကြီးနားမြို့က လာလည်ချင်ပါသေးတယ် တခါမှမရောက်ဖူးသေးဘူး လာဖြစ်ရင် bro ပြောတဲ့နေရာတွေပါသွားလည်ပါမယ်

ဟုတ်​ကဲ့ bro​ပျော်​စရာ​ကောင်းမှာ အမှန်​ပါ😉

ဂျိမ်းဖောအလှတွေ မနောကနေ

😉yeah

လာလည်ချင်သေး အစ်ကိုရေ

လာလည်​​လေ broလည်​စရာ​တွေ​ပေါ😉

တ​နေ့​တော့ လာဖြစ်​​အောင်​လာမယ်

Welcome bro😉

KTV ရောက်တိုင်းသတိရတယ် ဆွန်ပရာဘွန် :D ကလို့ကောင်းချက်

😁yeah

လာလည်ရင်လိုက်ပို့ပါ ဘဒို😁😁

ဟုတ်​ကဲ့ လိုက်​ပို့မှာ​ပေါ့😉

တနေ့တော့
တစ်ခေါက် တစ်ခါ အရောက်လာပါအုံးမည်

Welcome bro😉

Good post!

Thank you😉

မြစ်ကြီးနားမြို့မှာ အကြိုက်ဆုံးကတော့
ဈေးနှုန်းသင့်တင့်ပြီး သန့်ရှင်းလတ်ဆတ်
အရသာကောင်းတဲ့ စားသောက်ဆိုင်လေးတွေ
ပေါတာကိုဗျ။ ဆွဲဆောင်မှုရှိတဲ့ မြို့လေးပါဗျာ။

Right😉ခင်​မာသီရိလမ်းက ဆိုင်​ရမ်းမိုက်​😉

မနောပွဲလုပ်ရင် steemit ကနေ ၀င်နွှဲမယ်နော်

ဟုတ်​ကဲ့😉

Congratulations! This post has been upvoted from the communal account, @minnowsupport, by moekyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.