တွေးမိတွေးရာ

in myanmar •  7 years ago 

ကိုယ့်ကိုယ်ကို သေချာပြန်ကြည့်မိမှ steemit စွဲခဲ့လေလားမသိခဲ့ပါပီ.အရင်ကဆိုရင် ကျွန်နော်အချိန်အားတာနဲ့အားတဲ့အချိန်ကို လူမူကွန်ယက် facebookလေးအပြေးအလွှား ဖွင့်ကာ ဟိုသတင်းလေးဖတ် ဒီသတင်းလေးဖတ်
ဟို video fileလေးကြည့် ဒီ video file လေးကြည့်ကာ အားတဲ့အချိန်လေး facebookသုံးဖြစ်သည်.ခုများတွင်တော့မဟုတ်ပါ.အချိန်ရပီဆိုတာနဲ့ Steemitလေးဖွင့်ကာ ဟိုလူ့ postလေးဖတ် ဒီလူ့ postလေးဖတ်နှင့်အချိန်ကုန်နေသည်.ဟုတ်တော့လည်းဟုတ်ပါသည်.
image
Facebookသုံးရင် ရှိတဲ့ဘေလေးကုန်ပီး ထပ်ထပ်ထဲ့နေရာတာကိုး.steemitပေါ်တွင်တော့ သူများတွေတင်တဲ့ postလေးတွေကြည့်ပီး ပါးစပ်အဟောင်းသားနှင့်ကြည့်ကာ သူတို့ရကြတဲ့ $တွေကြည့်ပီးပါးစပ်အဟောင်းသားဖြစ်နေသည်.တစ်ခါတလေ ယင်ကောင်တောင် ဝင်သွားသလိုလို.😁😁😁
သူတို့အားကျပီး ကိုယ်လည်း ကိုယ့်မှာရှိတဲ့ $တွေပေါင်းမယ်ဆိုပီး Calculatorထုတ်ကားနှိပ်ပီး မယ်ကြံမှ 0.002,0.2,0.1.... ဟဲဟဲ
အတော်လေးတွက်ယူလိုက်ရတယ်.😁😁😁
ဒါပေမဲ့ပျော်ပါတယ်.ကိုယ့် postမှာရှိတဲ့ $လေးတွေကြည့်ပီးရသလောက်တော့ပီတိဖြစ်မိပါ၏.ဒါပေမဲ့ စိတ်ထဲတွင်တော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တော့ငါ့ postတွေမှာ $တွေရလာမှာပဲဟုစိတ်ထဲတွင် တွေးကြည့်ပီးပျော်နေရင်း
ဘေးက ခြင်ကလာကိုက်မှ စိတ်ကူးပျက်ကာ
ထိုခြင်ကို လက်နှစ်ဖက်နှင့်အသားကုန်တီးကာ သက်ပျင်းအရှည်ကြီးချမိလိုက်လေတော့သည်.
ဟူး ဟူး ဟူးးးးးးးးးးးးးးးး
ဟဲဟဲ 😂😂
image
photo credit from google image
အားလုံးကို ဒီစာလေးကိုဖတ်ပီးပျော်ရွှင်နိုင်ကြပါစေဗျာ.

written by @newbies
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!