သေချာထုတ်ထားသောမျိုးစေ့များကို သီတင်းကျွတ်လ လောက်မှာမျိုးထောင်ရပါတရ်.မျိုးထောင်ပုံကတော့ မြေကိုညှက်နေအောင်ထွန်ပြီး သုံးပေအရှည်ကတော့ ကိုယ့်ရဲ့မြေကွက်ပေါ်မှာ မူတည်ပြီးဘောင်ခက်ရပါတရ်.... ဘောင်ခက်ပြီးပြီဆိုရင် ဘောင်အတွင်းထဲမှာ မျို့စေ့များကိုလိုချင်သောအတိုင်းအတာကိုခန့်မှန်းပြီးကြဲရပါတရ် ကြဲထားသော
ဘောင်များကို ထွန်ယှက်ကိုအသုံးပြုပီး မြေကို
အနည်းငယ်ဖို့ပေးရပါ ......အားလို့စနစ်တကျလုပ်ပြီးပြီဆိုတာနဲ့ ရေလောင်းလို့ရပါပြီ.....ရေလောင်တဲ့နေရာမှာ သေချာလောင်းဖို့လိုပါတရ်.......
ကျွန်တော်တို့ဆီမှာတော့ ဖခုံထမ်းပြီးတော့ ပန်းပုံများကို
အသုံးပြုတာတော့များပါ ယခုတိုးတတ်လာတဲ့ခေတ်မှာတော့ ပန်းပုံများကို အသုံးမပြုတော့ပဲ အပေါ်ကို
ဖြန်းပိုက်များကို အသုံးပြုလာပါ...ဒါကတော့အဆင်ပြေသလို့ သုံးလို့ရပါတရ်......ပထမ စလောင်းသော
ရေကို စိုစွတ်နေအောင်လောင်းပေရပါတရ်
တနေ့ကိုတခါပုံမှန်လောင်းပေးရတရ် ဒီလိုနဲ့လေးဆယ်ငါးရက်လောက်အကြာမှာတော့ တခြားနေရာကို ပြောင်းစိုက်လို့ရပါပြီး
တခြားပြောင်းစိုက်မဲ့နေရာမှာလည်း မြေကိုညှက်နေအောင် ထွန်ယက်ရပါတရ် ...ထွန်ယက်ပြီးပီဆိုရင်တော့အပိုင်း(၁)က ပန်းမျိုးစေ့ထောင်သလို့
သုံးပေခြောက်ပေ ဘောင်လေးများကိုခက်ရပါတရ်
ခက်ထားသောဘောင်များကိုနောင်အချိန်မှာ ပေါင်းပင်များမပေါက်စေရန် ပေါင်းသတ်ဆေးဖြန်းရပါတရ်......
ပေါင်းသတ်ဆေးလည်းဖြန်းပြီးပြီဆိုရင် မျိုးပင်ကလေးများကို နုတ်ရ်ျစိုက်ပါတော့တရ် အဲ့လိုပြောင်းစိုက်တဲ့နေရာမှာ ကိုယ့်ရဲ့စိုက်ကွက်မြေအကျယ်အဝန်းအပေါ်မူတည်ပြီး လူအင့်အား ငွေအင့်အား
များစွာကုန်ကျပါတရ် ကျွန်တော်က ကန့်ငါးရာပဲစိုက်တရ်ထားပါတော့ ခြောက်ပေသုံးပေ
ကန့်မျိုးငါးရာကိုပြောတာပါ အဲ့လိုကန့်ငါးရာစိုက်တော့မရ်ဆိုရင် မျိုးပင်ပြောင်းစိုက်ဖို့ လူအင့်အား
ကောက်စိုက်မ လူဦးရေနှစ်ဆယ်လောက်သုံးရပါ
ဒါမှ တနေ့ထဲ ပြီးမှာပါ တနေ့ထဲပြီးမှပဲ ပိုပြီးအဆင်ပြေမှာပါ .....အားလုံးပြောင်းစိုက်ပြီးပြီဆိုရင်
ပထမဆုံးရေ စလောင်းရပါတရ်........
ပထမရေလောင်းပြီးတဲ့အချိန်မှစရ်ျတစ်လခန့်
ရေမလောင်းပဲထားထားရပါ......တစ်လခန့်ပြည့်တော့မရ်ဆိုရင် ဒုတိယရေထပ်လောင်းဖို့ ပြင်ရပါတော့မရ် ကိုယ့်ရဲအခင်းကိုကြည့်ရ်ျ ပေါင်းပင်များ
ရှိလည်း ပေါင်းပင်များကိုနုတ်ရ်ျမြေစွပေးရပါတရ်
မြေစွပြီးပြီဆိုတာနဲ့ မြေဆီများဖြန်းဖက်ပြီ
ရေထပ်ပေးလို့ရပါပြီ...နောက်ထပ်ရေများကိုတော့
ငါးရက်ခြောက်ရက်ခြားတစ်ခါလောင်းပေးရပါတယ်
သုံးလေးရေလောက်လောက်ပြီးတာနဲ့ ကြက်သွန်ပင်များ တော်တော်လေကြီးထွားလာပါလိမ့်မရ်
အဲ့အချိန်မှာ အပင်များကိုထပ်ပြီးမကြီးထွားစေတော့ပဲ ဥကြီးဆေးများဖြန်းပတ်သင့်ရင် ဖြန်းပတ်ရတယ် ရေကိုးရေဆယ်လောက်လောင်းပြီးပြီဆိုရင်
ရေထပ်လောင်းစရာမလိုတော့ပါ
အပင်များအခြောက်ခံရ်ျ ထားရတယ်...ရေဖြတ်ပြီးလို့တစ်လလောက် အကြာမှာတော့ ကြက်သွန်ဥများကို ဖေါ်လို့ရပြီ ဒီနည်းကိုသုံးရ်ျ တစ်ကန့်ကို
ခုနှစ်ပိသာ ရှစ်ပိသာထွက်အောင်စိုက်ပြိုးနိုင်ပါတယ်
အားလုံးပဲ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးလို့
ကျေးဇူးအများကြီးတင်ပါတရ်
Author@nganann!
Photo by nganan
FB_IMG_1517583670988.jpg
ဟေ့ vote ပေးခဲ့ပြီနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဆို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit