ခင်ရာဆွေမျိုး

in myanmar •  7 years ago  (edited)

ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းတဲ့။ အဲ့ဒီစကား တကယ်မှန်ပါတယ်။ တကယ့်မိတ်ဆွေစစ်တွေဆိုတာ ကိုယ့်ဆွေမျိုးသားချင်းလို ခင်မင်လို့ ရသလို
ဆွေမျိုးတိုင်းလဲ အမှန်တကယ် မရင်းနှီးကြပါဘူး။
ကိုယ်ဗိုက်ပြည့်နေတုန်း ဘာကြီးပဲကျွေးလာလာ
ခံတွင်းမတွေ့သလို ဗိုက်ဆာနေပြီဆိုရင်လဲ
ကြမ်းကြားထဲညှပ်နေတဲ့ ပဲကြီးလှော်တောင်မှ အရသာရှိနေတတ်တာမျိုးပါ။

ဒါ့ကြောင့် ရှေးလူကြီးတွေကပြောကြတယ်...။
မောင်နှမတွေချစ်ပြီဆို...အမွေခွဲပြီးပြီလား။
ဆွေမျိုးတွေချစ်ပြီဆို...ဒုက္ခရောက်ပြီးပြီလား။
ချစ်သူတွေချစ်ပြီဆို...အနေဝေးပြီးပြီလား။
မိတ်ဆွေတွေချစ်ပြီဆို...ဒုက္ခရောက်ပြီးပြီလားလို့
မေးကြတာပါ။

neighborhoodclipart.jpg
image source

မောင်နှမဆိုတာကလဲ အမျိုးတော်မှ မောင်နှမလို့
ပြောလို့ရတာမဟုတ်ပါဘူး။ တစ်ယောက်နှင့်
တစ်ယောက် မေတ္တာဖြူစင်ကြရင်လည်း မောင်နှမလို့ ပြောလို့ရပါတယ်။ တချို့သားချင်းတွေတောင် တစ်ယောက်နှင့် တစ်ယောက် စိမ်းကားနေကြတာ ဆိုတော့လဲ ဒီစကားကမှန်တယ်လို့ ယူဆလို့ရပါ
တယ်။

ခင်ရာဆွေမျိုးဆိုလို့ ကျမကြုံတွေ့ရတာလေး ပြောပြပါရစေ။ ကျမဖေ့ဘုတ်သုံးတော့ သူငယ်ချင်း
တစ်ယောက်နှင့် ခင်မင်မိပါတယ်။ ဗန်းမော်က အမျိုးသမီးပါ။ ကိုယ့်ပိုစ့်၊ သူ့ပိုစ့်မှာ အပြန်အလှန်
ကွန်မန့်မန့်ကြရင်း ရင်းနှီးပြီးတော့ ဖုန်းနံပတ်တွေ
ဖလှယ် ကြပါတယ်။ တစ်ဦးနှင့်တစ်ဦး စကားတွေ
ပြောကြရင်း အပြင်မှာ တွေ့ဖို့ ချိန်းကြပါတယ်။ သူကဗန်းမော်ကမန္တလေးလာရင်း ကျမကိုတွေ့မယ်လို့်ဆိုပါတယ်။

images.jpg
image source

နှစ်ဦးသားတွေ့ကြတော့ သူကကျမ အတွက်
ပိုးကချင်ဝမ်းဆက်လေးယူလာသလို ကျမကလဲ
မြင့်မြင့်ခင်ထိုးမုန့်နဲ့ လက်ဖက်အကြော်စုံတို့ကိုယူလာပါတယ်။ လက်ဆောင်ပစ္စည်းတွေဖလှယ်ကြ
ရင်း ညီအမတမျှရင်းနှီးသွားပါတယ်။ သူကလဲကိုယ့်ကို အတွင်းရေးတွေဖွင့်ဟသလို ကျမကလဲ ဘာကိစ္စ ရှိရှိသူ့ကို တိုင်ပင်ပါတယ်။

fencecouple.jpg
image source

နောက်ထပ်လဲ ဖေ့ဘုတ်က သိရတဲ့ အမတစ်ယောက် ရှိပါတယ်။ သူတို့နှစ်ဦးလုံးတူညီတဲ့အချက်က ကျမထက်အသက်ကြီးကြတဲ့အပြင် နှစ်ဦးလုံအပျိုကြီး
စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ယောက်လုံရဲ့စီးပွားရေးလုပ်ငန်းတွေတူကြတဲ့အပြင် ဖွင့်ဟတိုင်ပင်ကြတဲ့အကြောင်းတွေကလဲ
တူကြပါတယ်။ အံ့သြဖို့ကောင်းတယ်နော်။

နောက်ထပ်ရှမ်းပြည်ကပြောင်းလာတဲ့ ကျမအသိ
တစ်ဦးရှိပါသေးတယ်။ သူတို့မိသားစု ရှမ်းပြည်ဘက်ကပြောင်းလာတော့ အဲ့ဒီမှာရှိနေတဲ့ မိသားစုနှင့်
အလွန်ရင်းနှီးခဲ့ပါတယ်။ ရှမ်းပြည်ကအမမှာ ၁၁နှစ်အရွယ်သမီးလေးရှိပါတယ်။ သူတို့မှာလည်း သား
သမီးရှိရဲ့နဲ့ အဲ့ဒီသမီးလေးကို သမီးရင်းနှင့်မခြား
ချစ်လိုက်ကြတာ သားသမီးအရင်းတွေကို အင်္ကျီတစ်ထည်ဝယ်ပေးရင် အဲ့သမီးအတွက် အင်္ကျီတစ်ထည်၊ ဖိနပ်ဝယ်လည်းအတူတူ အဲ့ဒီသမီးလေးကို
လှမ်းလှမ်းပို့တာကျမအမြင်ပဲ။ တခါ ရှမ်းပြည်က
မိတ်ဆွေ ငွေလိုတယ်ပြောတာနဲ့ ဒီကအသိက လှမ်းပို့၊ ဟိုဒေသထွက်သစ်သီးလှမ်းပို့၊ ဒီမန္တလေးက စားစရာ ပြန်ပို့နဲ့ ဪ...ခင်ရာဆွေမျိုးဆိုတဲ့အဲ့ဒီလိုကိုးလို့ ဗဟုသုတရပါ့ရှင်။

ကျမတို့ရပ်ကွက်က အိမ်နှစ်အိမ်အကြောင်းပြောပြ
ချင်ပါတယ်။ ပထမအိမ်က သူဌေးအိမ်ပါ။ သူဌေး ဆိုတော့လဲ မာနကြီးတာပေါ့။ ရပ်ကွက်ထဲကလူတွေကို ချေးနိုးငှါးနိုးနဲ့အဖက်မလုပ်ပါဘူး။ တချိန်လုံးတံခါးပိတ်ထားပြီး ဘယ်သူနှင့်မှ အခေါ်အပြောမလုပ်ပါ။ ဒုတိယအိမ်ကတော့ တနေ့လုပ်မှ တနေ့စားရပေမယ့် ရပ်ကွက်ထဲ ဘာသာရေးနာရေးပဲရှိရှိ လူအား
ရော၊ ငွေအားရောတတ်နိုင်သမျှကူညီပါတယ်။ အဲ့ဒီ
နှစ်အိမ်မှာ နာရေးကိစ္စဖြစ်ပါတယ်။ သူဌေးအိမ်က နာရေးက လူခြောက်သွေ့သလောက် ဆင်းရဲသား
အိမ်ကနာရေးကတော့ ရပ်ကွက်ထဲက လူတွေနဲ့တင် အတော်စည်ကားပါတယ်။ ဒါဟာ အပေါင်းအသင်း
မရှိတဲ့ အကျိုးပါ။

ဘာပဲပြောပြော ကျမတိုတစ်တွေဟာ ကိုယ့်ရဲ့ မိဘ
ဆွေမျိုးများနှင့် ဝေးကွာတဲ့အရပ်မှာ နေရပြီဆိုရင် ကိုယ့်ရဲ့ အိမ်နီးချင်းများကိုပဲ ဆွေမျိုးအမှတ်နဲ့
နေထိုင်ကြရမှာပါ။ ဒါဟာလဲ တစ်ရွာတစ်ကျီဆောက်ပါဆိုတဲ့ စကားအတိုင်းပဲမဟုတ်လားရှင်။ အသိ
မိတ်ဆွေမရှိတဲ့သူဟာ ကန္တာရထဲမှာပေါက်နေတဲ့
သစ်ပင်နှင့်တူတယ်ဆိုတဲ့အတိုင်း အိမ်နီးချင်းတွေနှင့်အတူ ကောင်းမွန်သော ဆက်ဆံရေးများ ဖန်တီးကြပါစို့လို့ တိုက်တွန်းပါရစေရှင်။

Author@nweoomon
Photo @nweoomon
MSC 265
20.7.2018

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744

Bad robot.

ခင်ရာဆွေမျိုးမြိန်ရာဟင်းကောင်း

ဟုတ်ပါတယ်တီတီရေ

Onlineက မိတ်‌‌ဆွေ‌တွေကို အ ပြင်‌မှာ‌တွေ့ရင်‌ ‌တော်‌‌တော်‌ရင်‌ခုန်‌စရာ‌ကောင်းမှာဘဲ‌နော်‌။

ဟုတ်တယ်
အဲ့အမတွေက တကယ်ခင်ဖို့ကောင်းတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🌹🌹🌹

  ·  7 years ago (edited)

လူကြီးများကဆုတောင်းပေးတာ
အိမ်နားနီးချင်းကောင်း၊ မိတ်ကောင်းဆွေကောင်းနဲ့တွေ့ပါစေတဲ့

ဟုတ်တယ် အိမ်နီးချင်းဆိုးရင်စိတ်ဆင်းရဲရလွန်းလို့

ဒါပေါ့ဗျာ

အမှန်ပါပဲ မရေ ခင်ရာဆွေမျိုး အဖိုးပြည်တန် ပါပဲရှင်..။

မိတ်ဆွေစစ်ကတကယ် တန်ဖိုးရှိပါတယ်ညီမရေ

ပတ်ဝန်းကျင်မှာမကောင်းတဲ့သူတွေရှသလို တစ်ကယ့်
မိတ်ဆွေကောင်းတွေလည်းရှိကြပါတယ်

အမျိုးမျိုးပေါ့
ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလဲရှိတာပဲ ကိုယ်ကစိစစ်ပြီးပေါင်းရမှာ

တကယ်​​တော့ကိုယ့်​​​ဆွေမျိုးမှမဟုတ်​ပါဘူး...ခင်​မင်​ရာမှရင်းနှီးတဲ့မိတ်​​ဆွေ​တွေဖြစ်​လာတာပါဘဲ...

ဒါကြောင့် ခင်ရာဆွေမျိုးလို့ပြေကြတာပေါ့နော်

အသိမိတ်ဆွေမရှိတဲ့သူဟာ ကန္တာရထဲမှာ ပေါက်နေတဲ့သစ်ပင်နဲ့တူတယ်တဲ့ သဘောကျစရာကောင်းပါတယ်။အဲဒီလိုပြောလို့ cheetah ကတော့ မိတ်ဆွေဖွဲ့ချင်လို့ထင်ပါတယ်ခင်ဗျာ။နောက်တာနော် link မနှိပ်လိုက်နဲ့အုံး။

အဲ့ချိတက်နဲ့ မိတ်ဆွေမဖြစ်ချင်ပါဘူး
မုန်းတာ 😁😁

အမှန်ပဲဗျ မိတ်ဆွေဆိုတာနေရာတိုင်းမှာ ရှိထားရမှာမို့ နီးစပ်ရာ အိမ်နီးချင်းများကို ဆွေမျိုးလိုသဘောထား ပေါင်းသင်းဆက်ဆံနေရပါတယ်။

ကောင်းပါတယ်ရှင့်
အိမ်နီးပါးချင်းဆိုတာ မိုးလင်းရင်မြင်တွေ့နေရတော့ မခေါ်မပြောဆို နေရခက်တယ်