ချောတိုင်တက်ခြင်း အနုပညာ (မောင်အာပေါ)

in myanmar •  7 years ago  (edited)

လွတ်လပ်ရေးနေ့ကား လွန်ခဲ့ပြီ။
ထိုနေ့က လွတ်လပ်ရေးပွဲကြီးကိုကား မောင်အာပေါမေ့လို့ မရသေး။ မောင်အာပေါ တို့ ရွာမှာလည်း ထူးထူးဆန်းဆန်း ကစားနည်းများ နှင့် ကြံကြံဖန်ဖန် ပင် လွတ်လပ်ရေးပွဲကြီးကို ကျင်းပကြသည်။

"ထုပ်ဆီးတိုးပွဲ တဲ့ ၊ ခေါင်းအုပ်ရိုက်ပွဲ တဲ့ ၊ မုန့်စားပြေးပွဲ တဲ့၊ ဂုန်အိတ်စွတ်ပြေးတန်း တဲ့ ၊ အိုးရိုက်ပွဲ တဲ့ "
အို.... ထူးထူးဆန်းဆန်း ပြိုင်ပွဲကလေးတွေ။ မည်သည် လူမျိုး မည်သည့် နိုင်ငံက ကစားနည်းများကို အတုခိုး တီထွင်ထားသည် မပြောနိုင်သည့်တိုင်အောင် ဒီလို ပြိုင်ပွဲလေးတွေက လက်ရှိခေတ်မှာတော့ မြန်မာပြည်မှာသာမြင်တွေ့နိုင်ပေလိမ့်မည်ဟု ထင်မိသည်။

ထိုထို ပြိုင်ပွဲဆန်းများကိုကြည့်ရင်း ပြိုင်ပွဲ၏ရည်ရွယ်ချက်များအကြောင်းလဲ မောင်အာပေါ စဉ်းစားဖူး၏။ "ထမနဲ ထိုးပွဲ" ဆိုရင် ကြည့်ပါ။ ထမနဲထိုးရသည် မှာ အလွန်ပင်ပန်း လှကြောင်း ထမနဲမွှေဘူးသူတို့ သိကြလိမ့်မည်။ ထိုအလွန်ပင်ပန်းလှသည်ကို ဘေးမှ ဆိုင်းဗုံတီးပေး ပြီး ပြိုင်ပွဲ လုပ်ပြေးခြင်းဖြင့် ထမနဲထိုးသူကို မပင်ပန်းအောင်၊ တက်ကြွအောင်၊ ပျော်ရွှင်အောင် ကူညီသည် မဟုတ်လား။ အခြားလေးနက်သော ရည်ရွယ်ချက်များကို ထားဘီ ထိုသို့တွေးကြည့်လျှင်ပင် ချစ်စရာကောင်းလေ့ ဓလေ့များဖြစ်ကြောင်းသိနိုင်၏။

ထားတော့... .........။ ထိုနေ့က မောင်အာပေါ တွေးမိသည်သည် က ချောတိုင်တက်ပွဲ။
ချောတိုင်တက်ပွဲ ဆိုသည်မှာ ပေါင်ရင်းလုံးခန့်ရှိသော ဝါးပိုးဝါး အစိုကို ပြောင်ချောနေအောင် ချောပြီး ဆီသုတ်လိမ်းကာ ပေနှစ်ဆယ် အမြင့် ခန်ထောင်ထားပါသည်။ ထို ဝါးပိုး၏ ထိပ်တွင် အလံတစ်ခုကို စိုက်ချည်ထားသည်။ ဝါးစိုခေါက် (ဝါးအခွံ့) မှာ နဂိုပင် ပြောင်ပြောင် ချောချော မာမာ ဖြစ်လေရာ ချော်ဆီများ သုတ်လိမ်းထားသဖြင့် အလွန်ပင် ခက်ခဲစွာတက်ရပေလိမ့်မယ်။
ချောတိုင်တက် ပြိုင်ပွဲဝင်သည်သည် ထိုအလံကို ရအောင်ယူရမည်။ ထို အလံရရှသူသည်သာ အောင်နိုင်သူဖြစ်ပြီး ဆုရရှိပေလိမ့်မယ်။

ချောတိုင်တက်ရာတွင် တစ်ဦးချင်းလည်း တက်လို့ ရပါသည်။ အဖွဲ့လိုက်လည်း တက်လို့ရပါသည်။
ပြိုင်ပွဲဆိုပေသိ ယှဉ်ပြိုင်ကြသော ပြိုင်ပွဲမဟုတ်။
စရင်းစဉ်လိုက် တစ်ဖွဲချင်း သော်၎င်း၊ တစ်ယောက်ချင်း သော်၎င်း တစ်ဦးပြီးမှ တစ်ဦး၊ တစ်ဖွဲ့ ပြီးမှ တစ်ဖွဲ့ တက်ကြရသည်။
အရင်တက်ရပြီး အလံရရှိသူသာ အနိုင်ရသူဖြစ်သည်။
ချောတိုင်မှ လျှောကျလျှင် ရှုံးသူဖြစ်သည်။ နောက်ထပ်ကြိုးစားလိုက ကြိုးစားနိုင်သည်။

26219186_1009320939237822_6800816940727479243_n.jpg
Photo from Google

ထိုနေ့က ချောတိုင်ကို ရွာဦးဘုန်းကြီးကျောင်းရှိ မြေကွတ်လပ်ကြီး အတွင်းပြင်ဆင်စိုက်ထူးထား၏။ ချောတိုင်တက်ပွဲမှာ နှစ်စဉ် စည်ကားလှပြီး ဆုကြေးငွေလည်း အများဆုံးဖြစ်သဖြင့် မောအာပေါ လည်း အားပေးကြည့်ရှုရန် ချောတိုင်ဆီသို့ လာခဲ့ပေသည်။ မောင်အာပေါ ရောက်တော့ စနေပြီ။ ထုံစံအတိုင်း ရွာမှ ကလေးများ၊ ခွန်အားပြရန် တစ်ရုံးရုံးဖြစ်သော လူရွယ်များ လူရွယ်အဖွဲ့များက စတင် ပြိုင်ပွဲဝင်နေပြီ။ အားပေးသူများ တစ်ရုံးရုံ၊ ဆိုင်းသံ ဗုံသံ ၊ အသံချဲ့စက် အသံများနှင့် ဆူညံနေပေ၏။

"ကဲ့........ ခု တစ်ခါ အလှည်ကျသူကတော့ လှထွန်း ဖြစ်ပါတယ်။ လှထွန်း ဟာဆိုရင် ဒီရွာရဲ့ ကာလသကောင်းလည်း ဖြစ်သလို အားကောင်းမောင်သံ တစ်ရွာလုံးမှာ လက်လှဲချန်ပီယံ လည်းဖြစ်ပါတယ်။ ............. "
အသံချဲ့စက်မှ အော်သံကြားရ၏။ ကွင်းပြင်ထဲရှိများ ရုံးရုံး ဖြစ်ကုန်သည်။ ခုမှ တကယ့် ပွဲကြီးတွေလားပြီ။ မည်သူက မည်သို့ အစွမ်းပြကာ အလှံကိုယူနိုင်မည်နည်း။ ပရိတ်သတ်အားလုံး လှထွန်းကို ကြည့်ရင်း လက်ခုတ် သြဘာများဖြင့် ကြိုဆိုကြသည်။

ဟော လှထွန်းထွက်လာပြီ။ ရွာက မိန်းခလေးများအများစု ကြည့်နေရာဖက်သို့ တစ်ချက်ဝေ့ကြည့်ပြီး အလံရယူနိုင်ပြီးသူ ကဲ့သို့ ဟန်ရေးပြနေသည်။ ဒိုးပတ်သံကလည်း သွေးဆူစေ၏။

လှထွန်း စတက်သည်။
စွေ့ခနဲ့ တစ်ခုန်၊ နှစ်ခုန်၊ သုံးခုန်။
သုံးခုန်မြောက်မှ လှထွန်း မရတော့..... ချောတိုင်ကို တင်းတင်းဖက်ထားလျှက် လျောကျနေသည်။
ပရိတ်သည်များကား တစ်ဝါးဝါး။ ရွာက မိန်းခလေး တစ်သိုက်က လှထွန်းကို အပျော်လှောင်ပြောင်ကြသည်။
လှထွန်းကား တိုင်ချေရင်းတိုင်အောင် တိုင်ကို တင်းတင်းဖက်လျှက် လျောကျ အလျော့ပေးလိုက်ချေပြီ။

"ကဲ့.... ဆုငွေ.. ငါးရာခဗျ။ အားတန်လို့ မာန်ခဲနိုင်သူတွေ လာကြပါခဗျ......... ဟိုဘက်က ဘကြီသော်တို့.... "

အသံချဲ့စက်က သွေးဆွပေးနေသည်။

" ဟုတ်ကဲ့ ယခု စရင်းပေးသွားသူကတော့ ဖိုးစံလှပါခဗျ.... ။ ဒီနယ် တစ်ခွင်မှာ မတက်ဖူးတဲ့ ထမ်းပင်မရှိသလောက် ရှိတဲ့ ဖိုးစံလှပါခဗျ..... ဖိုးစံလှရဲ့ အခြေအနေကို.................................."

ပရိတ်သတ် ဝေါခနဲ အသံအောင်တွင် အသံချဲစက်သံ တိမ်ဝင်သွားသည်။ လက်ခုတ်သံ တစ်ဖျောင်းဖျောင်း....။ ယမန် နှစ်က ဖိုးစံလှ ဗိုလ်ဆွဲခဲ့သည်မဟုတ်လား။ တကယ်တော့ ဖိုးစံလှ ဗိုလ်ဆွဲခဲ့သည်မှာ ရှေ့အဖွဲ့ များတက်သည်တွင် ချောဆီများပြောင်ကုန်ပြီး ချောဆီကုန်ချိန်နှင့် သူတက်ချိန်နှင့်ငြားသောကြောင့်သာဖြစ်သည်။ ထိုပွဲပြီးကတည်း ဖိုးစံလှ ကိုယ်တိုင်က ထိုသို့ ဝန်ခံခဲ့ပြီး နောင်နှစ်များတွင်း တစ်ဦး နှစ်ဦး တစ်ပြီးတိုင်း ချောဆီထပ်ထပ်သုတ်လိမ်းရန် သူကိုယ်တိုင်ပင် အကြံပေးခဲ့သေး၏။

ဖိုးစံလှကား စည်းဝိုင်းအတွင်းသို့ရောက် ပြီ....... အတွေ့အကြုံရှိသူပီပီ တည်တည်ငြိမ်ငြိမ်ပင်
မြေပြင်မှ ဖုံမှုန့်မြေကြီးမှုန့်များကို အချောသက်သာစေရန် ကိုယ်အနှံအပြားသို့ ပွတ်ပစ်လိုက်သည်။
စတက်ပြီ......
တစ်ခုန် နှစ်ခုန် သုံးခုန်.... ဟန်မပျက်သေး... ပရိတ်သတ်ကလည်း တဝေါဝေါ....
ဖိုးစံလှ ပင်ပန်းနေပြီ... ချွေးသီးချွေးပေါက်တို့ဖြင့် ........
အခုန်ဖြင့် မတက်ဘဲ တွယ်တက်ရန် ဖိုးစံလှ ပုံစံပြင်သည်။ မြေမှုန့်တို့က ဖိုးစံလှ လျှောမကျအောင် ကာကွယ်ပေးထား၏။
ဖိုးစံလှ ဖက်တွယ်ကာ တက်သည်။ အခြေနေ မကောင်းလှ ......
ချွေးတို့ဖြင့် မြေမှုန်တို့လည်းပါကုန်ပြီ.... ချောဆီကြောင့်လည်း မြေမှုန့်၏ အကူအညီကို ဖိုစံလှ ကြာကြာရမည်မဟုတ်ပေ။
အနည်းငယ် တွယ်တက်နိုင်ပြီး မြေမှုန့်များ ချော်ဆီနစ်သွားချိန်တွင်တော့ ဖိုးစံလှ လျှောကျပြီ.....

လူတစ်ရပ်ခန်ပ အထိလျှောကျသည်တွင် အတွေအကြံရှိသူပီပီ ဖြတ်လတ်စွာခုန်ဆင်းလိုက်သည်။ ထိုနောက် ပရိတ်သည်ကို မဲပြပြီး ခေါင်းခါပြသည်။ ဒီနှစ် အလံကို မည်သူမျှမရနိုင်တော့မည့် ပုံစံမျိုး.............။

အသံချဲစက်၏ ဆော်သြသံထွက်လာပြန်သည်။ ပြိုင်ပွဲဝင်မည့်သူ အဆင်သင့် မဖြစ်သေး။
" ကဲ... ဇွဲကုန်ရင်တော့ ဇကွဲဘဲစားရမယ်နော်... ဟဲ့လူငယ်တွေ ပြိုင်ကြစမ်းပါ....... ဆုငွေ ငါးရာနော်.... ..... ။
သြော် ... လာပါပြီခင်ဗျာ... ဒီတစ်ခါတော့ အဖွဲ့လိုက် ပြိုင်ပွဲဝင်မှာဖြစ်ပါတယ်ဗျာ.... မောင်ဖိုးစွန်တို့ အဖွဲ့ပါ ခဗျ... ဟုတ်ကဲ့ သုံးယောက်ပါ ခင်ဗျာ..."

လူရွယ်သုံးယောက် စည်းဝိုင်းထဲသို့ ဝင်လာသည်။

လူကောင်အတောင့်ဆုံး တစ်ယောက်က တိုင်ခြေရင်းတွင် ထိုင်လိုက်သည်။ သူ့ပေါ်သို့ လူရွယ်တစ်ဦး တက်စေပြီး ထိုသူက ထရပ်လိုက်သည်။နောက်ဆုံး လူဖလံလေးကတော့ ထိုလူနှစ်ဆင့်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားသည်။ အောက်ဆုံးမှ လူမှာလဲ မစားသာ အံတင်းတင်းကြိတ်ကာ အသားများဆတ်ဆတ်တုံနေသည်။
လူဖလံလေး အပေးရောက်သွားတော့ အလံကို မှီရန် လူတစ်ရပ်ကျော်ခန့်သာလိုတော့သည်။ ဖိုးစံလှ ရောက်ခဲ့သည်ထက် နဲနဲတော့ ပိုသွားပြီ။

လူဖလံလေးမှာ တွယ်တက်ရန် ကြိုးစားသည်။ သို့သော် အပေါ်ဆုံးတွက် အသေးဆုံးကို ရွေးခြယ်ထားရာ.. အသေးဆုံးမှာ အားအနည်းဆုံးလည်းဖြစ်သဖြင့် လူဖလံလေးမှာ ရက်ကန် ရက်ကန်နှင့် အပေါ်သို့ မရောက်နိုင်ဘဲ ရှိသည်။
ဒုတိယလူ ပခုံးပေါ်သို့ ပြန်ရောက်သည်။ ထပ်မြှင့်ပေးရန် လိုကြောင်းအော်ပြောသည်။ အောက်ဆုံးလူမှာတော့ အသံပင်မထွက်နိုင်တော့...

ဒုတိယလူက စိတ်မရှည်စွာ "ငါ အပေါ်တက်မယ်" ဟုပြောသည်။ ထို့နောက် လူဖလံလေးက ပထမထူထွားကြီးပေါ်သို့ဆင်းပြီး ဒုတိယလူကအပေါ်သို့ ဖြည်းဖြည်းချင်းတက်သည်။ လူထွားကြီးကတော့ အသားများပင် နီရဲထွက်ကာ မျက်လုံးများပြူးပြီး အံကို တင်းတင်းကြိပ်ထားသည်။ ဒုတိယလူ အပေါ်ရောက်တော့ တက်ဖို့ ကြိုးစားသည် သို့သော် မရ ခုန်တက်လိုက် ပြန်ကျလိုက်ဖြစ်နေသည်။

ကြာလာတော့ မရတော့ လူဖလံလေး၏ပုခုံးပေါ်မှ တစ်ကြိမ်အားပြုခုန်ရာတွင် အောက်ကလူထွားကြီးမှာ တောင်မခံနိုင်ဘဲ လဲပြိုကျရတော့သည်။ ပရိတ်သတ်များဝိုင်အုံကူညီကြသည်။ ကြီးကြီးမားမား ဒဏ်ရာမရသဖြင့် ကံကောင်းပေ၏။

26168125_1009320935904489_4850299851556265936_n.jpg
Photo from Googole

သံချဲစက်ထံမှ ဆော်သြသံ ထွက်လာပြန်သည်။ ပရိတ်သတ်လည်း လှုပ်လှုပ်ရွရွ.... အားမလျှော့ကြသေး။
"ဟုတ်ကဲ့ ခဗျာ .. ဒီတစ်ခါ မလျှောတဲ့ဇွဲနဲ့ ဇနကထုံး နှလုံးမူပြီး ပြိုင်ပွဲဝင်မှာကတော့ မောင်မောင်ဇာတို့ အဖွဲ့ပါတဲ့ဗျာ... ဟုတ်ကဲ့... လေးယောက်အဖွဲ့ ပြိုင်ပွဲဝင်မှာဖြစ်ပါတယ်တဲ့ဗျာ.. အဲ.. ငါးယောက် ငါးယောက် .... ဘယ်လို ... ကြီးကြပ်သူတစ်ယောက်... တိုင်တက်သူ လေးယောက်... အဲ... ကြီးကြပ်သူ တစ်ယောက်နဲ့ တိုင်တက်သူလေးယောက် ပြိုင်ပွဲဝင်ပါမယ်တဲ့ဗျာ....... မင်းတို့ကလဲ ဘယ်လိုတွေလဲကွာ......."

လူငယ်လေးယောက် စည်းအတွင်းသို့ဝင်လာသည်။ ပရိတ်သတ် သြဘာသံက သိပ်တော့ မရှိလှ.....။
ကြီကြပ်သူဖြစ်ဟန်တူသော လူငယ်လေး တစ်ယောက်က တစ်ယောက်ချင်းစီကို တိုးတိုးလိုက်မှာသည်။ တစ်ယောက်ချင်းစီကလည်း မြေကြီမှုန်များကို ကိုယ်ခန္တာကို ပွတ်သတ်လူးလိုက်သည်။ ဖိုးစံလှ ထံမှ သင်ခန်းစာယူလိုက်ကြဟန်တူပါသည်။

ထိုနောက် လူငယ်လေးယောက်တို့ ပထမအဖွဲ့တိုင်း အဆင့်ဆင့် တက်လိုက်ကြသည်။ ထိုအဖွဲ့က အစီအစဉ်ကျလှသည် အောက်က တက်သွားသူ လွယ်လွယ်တက်နိုင်စေရန် ဘယ်သူက ဒူးကွေးပေး ဘယ်သူက ခါးထောက်ပေး ဘယ်သူလက်က ဘာလုပ်ပေး စသည်ဖြင့် ညွှန်ကားသူက အော်ကာပြောပေးနေသည်။ လေးယောက် အဆင့်ဆင့်မှာ လျှင်မြန်စွာ ဆင့်ပြီးဖြစ်၏။ သို့သော် အပေါ်ဆုံးလူကလေးမှာ အလံကို မမှီသေး။
"ဟဲ့ ပိစိ .. တွယ်တက်ကြည့် တွယ်တက်ကြည့် "
" မရဘူး မရဘူး... အောက်ကလူတွေ တိုင်နဲ့ ရင်ဘက် မထိအောင်တတ်နိုင်သမျှတောင့်ထား "
"ဖိုးပါကြီး ညာဘက်ကို အားပြု အောက်က ဘယ်ဘက် အရမ်းလေးနေပီ"

"ငစိုင်း တိုင်ကို အားပြုထား အောက်ဆုံးက အရမ်းလေးနေပြီ"

ညွှန်ကြားနေသူ၏ အသံစွာစွာ အောက်ဆုံးမှ လူမှာလည်း ဒူတွေတုန်၊ မျက်ဆံတွေပြူးနေပြီ...
" ငစိုင်း.. တိုင်ကိုစီးပြီ ဖော့ထား "
"ပိစီလေး မတက်နိုင်ဘူးလား ... တက်ထားဟ.. လှမ်းထားဟ လက်တစ်ကမ်းဘဲ လိုတော့တာ..."

အပေါ်ဆုံးမှ ပိစိလေး တက်သည် မရ.... ရက်ကန် ရက်ကန်ဘဲ...........
" ဖိုးပါကြီး တိုင်ကို ချေတစ်ဖက်နဲ့ ဖက်ထား ချေတစ်ဖက်ထား...........။

"ဖိုးပါကြီး လက်နဲ့ ပိစိလေးကို မြှောက်ပေး..... ငစိုင်း ညာဘက်ကို တောင်ထား.... ကိုယ်ဖော့ထား"
"တောင့်ထားကွူ......... ယောက်ျားမသား "

ဖိုးပါကြီးက တိုင်ကို ခြေတောက်တစ်ဖက် လက်တစ်ဖက်ထဲဖြင့် ဖက်ထားပြီး လက်တစ်ဖက်ဖြင့် ပိစိလေး ခြေတောက်ကို ကိုင်ပြီး မြှောက်ဖို့ ကြိုးစားသည်။

ငစိုင်းက ကိုယ်ကိုဖော့ပြီး အောက်ကလူသက်သာစေရန် ဘယ်တစ်လှည့် ညာတစ်လှည့်အားပြုနေသည်။
အောက်က လူထားကြီးကတော့ အံကြိတ်တင်းခံထားဆဲ။

ပိစိလေး နှင့်ဖို့ပါကြီးရဲ့ လက်အားနဲ့ ကုတ်ကပ်တက်ဖို့ ကြိုးစားသည်.. ဖိုးပါကြီးက ဖြည်းဖြည်း အားပြုပြီး မြှောက်ပေးသည်။ ပိစိလေးက ဖြည်းဖြည်း တွယ်တက်သည်..... .. အလံတိုင်ကား မဝေးတော့.......... ပိစိလေး၏လက်က အလံတိုင်ဆီသို့.......

ပရိတ်သတ် သြဘာသံများ တဝုန်းဝုန်းညံနေသည်။ ဒိုးပတ်သတ်က ပိုမိုမြူးကြွနေသည်။ အသံချဲ့စက်သံက တစ်ဖြည်းဖြည်းကျယ်လောင် မြန်ဆန်လာသည်။

မောင်အာပေါ
၂၂-၄-၂၀၁၈

Author >> @nyangyi
MSC = 168
@Myanmar

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @nyangyi! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!