သံ​ယောဇဉ်

in myanmar •  6 years ago  (edited)

ခင်​မင်​မှု နဲ့တွယ်​တာမှု ​၊ယုံကြည်​အာကိုးမှု နဲ့ချစ်​ခင်​သနားမှု က​နေသံ​ယောဇဉ်​​လေးက တဖြည်းဖြည်းနဲ့ဖြစ်​​ပေါ်လာတယ်​။သံ​ယောဇဉ်​ကို ကဗျာဆရာ​တွေ​၊​တေး​ရေးဆရာ​တွေက အဓိပ္ပါယ်​အမျိုးမျိုးနဲ့ဖွင့်​ဆြို​က​ပေမဲ့​ သံ​ယောဇဉ်​ရဲ့တစ်​​ဘောတရားကို​တော့ ခုထိကျ​နော်​နားမလည်​​သေးပါဘူး။သံ​ယောဇဉ်​ဆိုတာ တစ်​ဦးတစ်​​ရောက်​​နဲ့ခွဲခွာတဲ့အခါ မှာဖြစ်​​ပေါ်လာတဲ့အရာလား၊ဒါမှမဟုတ်​ တစ်​ဦးတစ်​​ရောက်​ကိုစ​တွေ့လိုက်​တဲ့ အခါဖြစ်​​ပေါ်လာတဲ့အရာလားဆိုတာ ခုထိကျွန်​​တော်​နားမလည်​​သေးပါဘူး။
ဒီ​နေ့နှစ်​သစ်​ကူး​ပြောင်းတဲ့​နေ့မှာမထင်​မှတ်​ပဲ ငယ်​ငယ်​ကကစား​ဖော်​ကစားဖက်​​ခေါင်း​ခေါက်​​ဖော်​​ခေါက်​ဘက်​နဲ့ ပြန်​​တွေ့လိုက်​​ကြတယ်​။တစ်​​ရောက်​နဲ့တစ်​​ရောက်​​တော့ မ​တွေ့ဖြစ်​တာကြာလို့အပြုံးကိုယ်​စီနဲ့ကြည့်​​နေမိတယ်​။မ​တွေ့ဖြစ်​ဘူးလို့​ပြော​အောင်​ မ​တွေ့ဖြစ်​တာနှစ်​နှစ်​ဆယ်​​လောက်​ရှိပြီးကိုး။ ခုသူတို့မိသားစုလာလည်​​တော့ကိုယ့်​မှာ အလိုလို​နေရင်းဝမ်းသားမိတယ်​။အိမ်​ထဲဝင်​စကား​တွေဘာ​တွေ​ပြော မ​တွေ့ဖြစ်​တာကြာ​တော့ ငယ်​ငယ်​ကအ​ကြောင်း​တွေကို အ​မေကပြန်​​ပြောပြနဲ့​တော်​​တော်​​လည်း​ပျော်ရပါတယ်​။လက်​ဖက်​​ရေ​လေးဘာ​လေးဧည့်​ခံရင်း​ပေါ့။ကျ​နော်က​​တော့အ​မေ့အားကိုး ဘာမှမ​ပြောတတ်​ တစ်​လုံး​မေး ၊တစ်​လုံး​ဖြေနဲ့ပဲ ပြုံး​နေမိတယ်​။စကာ​လေးဘာ​လေး​ပြောလို့ ၁၁း၀၀နာရီ​လောက်​လည်း​ရောက်​​ရော ထမင်းစားဘာစားနဲ့နားပြီးရင်​ ခန​နေ​တော့သူတို့မိသားစုက နှုတ်​ခွန်းဆက်​သပြီး ထွက်​ခွာသွားကြတယ်​။ကိုယ့်​မှာက​တော့ပြုံးစိစိနဲ့ လက်​ပြနှုတ်​ဆက်​ရုံ​ပေါ့။ဒီလိုထွက်​ခွာပြီးမှ ကိုယ့်​စိတ်​ထဲမှာအလိုလို​နေရင်းနဲ့ သံ​ယောဇဉ်​အရိပ်​တစ်​ခုကျန်​ခဲ့တယ်​။ဒီကျန်​ခဲ့တဲ့ သံ​ယောဇဉ်​အရိပ်​​လေးကို ဘာလုပ်​ရင်​​ကောင်းမလဲကို စဉ်းစားရင်း၊စဉ်းစားရင်းနဲ့ steemit မှာဖြင့်​ ချ​ရေးမိ​တော့တာပဲ။သံ​ယောဇဉ်​ ဆိုတာကလည်း.......
........ image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good

Nice

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.