ကိုယ်ခံပညာကနေ အခြေပြုခဲ့တဲ့ ဝူရှုးအားကစား

in myanmar •  7 years ago 

image

ကိုယ်ခံပညာကနေ အခြေပြုခဲ့တဲ့ ဝူရှုးအားကစား

ပျင်းနေကြပြီလား WowBox ပရိသတ်တို့ရေ။ WowBox ပရိသတ်တွေကို အားကစားနည်းတွေအကြောင်း ပြောပြဖို့ အချိန်ရောက်လာပြန်ပါပြီ။
ဒီတစ်ခါမှာတော့ မြန်မာအပါအဝင်အာရှဒေသတစ်ခွင် လူသိများတဲ့ အားကစားနည်းအကြောင်း တင်ပြပါမယ်။ အဲဒါကတော့ ဝူရှုးအားကစားနည်းဖြစ်ပါတယ်။ ဝူရှုးဆိုတာ တရုတ်သိုင်းပညာတစ်ရပ်ဖြစ်ပြီး နောက်ပိုင်းမှာတော့ အားကစားနည်းအဖြစ်ပြောင်းလဲသတ်မှတ်လာကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်အပြီးကာလတွေမှာ တရုတ်နိုင်ငံတစ်ခွင် ဖွံ့ဖြိုးလာခဲ့တဲ့ ကစားနည်းဖြစ်ပါတယ်။ ဒီအားကစားကို ကွန်ဖူး၊ တရုတ်ကိုယ်ခံပညာအဖြစ်လည်း ခေါ်ဆိုကြပါတယ်။

image

၁၉၂၈ ခုနှစ် နန်ကင်းမြို့မှာ Central Guoshu Institute ကို စတင်တည်ထောင်ပြီးတဲ့နောက် တရုတ်ကိုယ်ခံပညာတွေအပေါ် တရုတ်လူမျိုးရဲ့ စိတ်ဝင်စားမှုလည်း ပိုမိုလာခဲ့ပါတယ်။ ဝူရူးဆိုတဲ့အခေါ်အဝေါ်ဟာ ကိုယ်ခံပညာကို တရုတ်လို ခေါ်ဆိုမှုဖြစ်ပါတယ်။ Wu (ဝူ) ဆိုတဲ့စကားလုံးဟာ martial လို့ အဓိပ္ပါယ်ရပြီး Shu (ရှု) ကတော့ art ဖြစ်ပါတယ်။ ဒါကြောင့် ဝူရှုးဆိုတာ martial art ကိုယ်ခံပညာလို့ အဓိပ္ပါယ်ရတာဖြစ်ပါတယ်။

image

နောက်ပိုင်းခေတ်ကာလတွေမှာတော့ ဝူရှုးဟာ International Wushu Federation ဆိုတဲ့ ဝူရှုးအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ပြီး ဝူရှုးကို နိုင်ငံတကာအားကစားနည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂ နှစ်ကို တစ်ကြိမ် ကမ္ဘာ့ဝူရှုးပြိုင်ပွဲကို ကျင်းပလေ့ရှိပါတယ်။ ပထမဆုံးပြိုင်ပွဲကိုတော့ ၁၉၉၁ ခုနှစ်မှာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပြိုင်ဆိုင်နေကြတဲ့ ဝူရှုးအားကစားနည်းဟာ taolu နဲ့ sanda စတဲ့ ပုံစံ ၂ မျိုးကို ပေါင်းစပ်စုစည်းထားတာဖြစ်ပါတယ်။

Taolu ကတော့ ကိုယ်ခံပညာပုံစံဆန်ဆန်ဖြစ်ပြီး တွန့်လိမ်လှုပ်ရှားမှုတွေနဲ့ ပုံစံဖော်မှုတွေ ပါဝင်ပါတယ်။ ဒီကိုယ်ခံပညာပြသမှုတွေကို စည်းမျဉ်းတွေအရ ဒိုင်တွေက အမှတ်ပေးကြပါတယ်။ ခြေထောက်နဲ့ကန်ခြင်း၊ ခုန်ခြင်း၊ လက်ရေးပြခြင်း စတဲ့လှုပ်ရှားမှုတွေ ပါဝင်ပြီး ဒါတွေအားလုံးဟာ တရုတ်ရိုးရာကိုယ်ခံပညာစတိုင်တွေကို အခြေပြုထားတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ သတ်မှတ်ထားတဲ့ အချိန်အလိုက် လှုပ်ရှားမှုစတိုင်တွေကို ပြသရလေ့ရှိပါတယ်။

Sanda ကတော့ ခေတ်ပေါ်တိုက်ခိုက်မှုနည်းလမ်းဖြစ်ပါတယ်။ Sanda မှာ ဘောက်ဆင်၊ ကစ်ဘောက်ဆင်နဲ့ နပန်း နည်းလမ်းတွေ ပါဝင်ပါတယ်။ Sanda ဟာ MMA၊ မွေထိုင်းနဲ့လည်း တူပြီး နပန်းလုံးတဲ့ပုံစံမျိုးဖြစ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!