ပိ​ တောက်​ ဦး မို့

in myanmar •  7 years ago 

image

ပိ​ တောက်​ ဦး မို့
웃❤유웃❤유웃

ချိန်​ရာသီစက်​၀န်း
သည်​​နွေအခင်းမှာ
နွမ်းလျစွာ နှင်​ရင်း​ပေါ့
ပွေနိုင်​သည့်​ ​နွေ​လေ​ပြေရှင်
တံလျှပ်​ကို ​ရေထင်​​​စေသည်
နွေပန်းချီ​​ဆို ​တေးသီလို့ချယ်​မှုန်း
သစ်​ပင်​ညို အိုရိပ်​ဆီမှ
သင်းပျံ့ပျံ့ ရနံ့သူ​စေနှင်
ပင့်​သက်​ကူ ရှူ လိုက်​ရင်​ဖြင့်
ချိန်​ရာသီ တစ်​ခါသာပွင့်​ဖူး
သြော်​ ပိ​တောက်​ဦးမို့ဆို
ပျို ခူးလို့ ပန်​ဆင်​ရွယ်​ချင်​ ❤◦.¸¸. ◦✿

ဖူးရာမှ ငုံရည်​ဆင့်
ငုံရာမှ ပွင့်​​ဝေစီပြန်
ပင်​ယံတွင်​ လျှမ်းပဝင့်​ထည်
ဆင်​တိုင်းဖြင့်​ တင့်​​စေရာကို
ပန်းဆင့်​ဆင့်​ စီရီပွင့်​​တော့
လှမ်းလင့်​လို့ ဘယ်​မမီတယ်
တော်​ဝင်​သည်​ စံပန်းကိုဖြင့်
လူတိုင်းဖြင့်​ သက်​မညှာပြီ
သူ့အကိုင်းကို ချိုးကာဖျက်​လို့
အခက်​ညှာသွယ် ​ပန်​ဆင်​ရယ်​မှ
သူ့အလှစာ တင်​ရွယ်​​လောက်​သည့်
ပန်းပိ​တောက်​ ပျို အို သခင်​ရယ်​ ❤◦.¸¸. ◦✿

ပန်းပိ​တောက်​ဝါ ညိုရင့်​စမ်း​တော့
လမ်းတစ်​​လျှောက်​မှာဖြင့်
ပန်းညှာ​​ကြွေ နွမ်း​ခြောက်​ပါရင်
ခု​နေခါ ရက်​စက်​ခြင်းဖြင့်
လူတကာမှ နင်းလို့​ချေပြီ
ဝေချိန်​မှာ ရနံ့ ကြိုင်​သင်း
ကြွေချိန်​ထိ သူ့ရနံမပြယ်​တယ်
နောင်​နှစ်​ခါ အတာကျူးရင်
လတန်​ခူးမီ အကြို​ထောက်​​​စေချင်
သင်္ကြန်​အလှဖွဲ့ အခက်​ဖြာ​ဝေရန်
တစ်​ရက်​တာကို အလှဆင်​မည့်​ပန်း
ပန်​ဆင်​သူ ​မျှော်​ရည်​ကိုးရွယ်
သည်​​နွေအပူ ​အေးလာနိုးငယ်​ဖြင့်
သင်္ကြန်​မိုးနဲ့ ပြန်​ခဲ့​ကွယ်​ ❤◦.¸¸. ◦✿❤◦.¸¸. ◦✿

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အတာသင်္ကြန်တောင်ရောက်တော့မယ်။ကဗျာလေးကကောင်းပါတယ်။ကျေးဇူးပါ။

My all friend is vote.Thank you so much.please,

ဘာလိုလိုနဲ့ သင်္ကြန်ပွဲတော်ရောက်တော့မယ်နော်။အားပေးနေပါတယ်။

အားပေးနေတယ်နော်။vote များများရပါစေ။

This post has received a 0.17 % upvote from @drotto thanks to: @banjo.