စိတ်​မ​ကောင်းလိုက်​တာ က​လေးရယ်

in myanmar •  6 years ago 

image

သနားလိုက်​တာ က​လေးရယ်​ ​ကိုယ့်​က​လေး​လေးသာဆိုရင်​ဆိုတဲ့ စိတ်​​နဲ့ ရင်​ထဲမချိလိုက်​တာ။သားကိုကယ်ပါဦး ​မေ​မေ​ရေ ခန္ဓာကိုယ်​ အနှံ့အပြား နီနီအကောင်ပုရွက်ဆိတ်​​လေးတွေ ကိုက်နေကြတာ နာကျင်လိုက်တာဗျာ။သားရဲ့ခြေဖ၀ါးနုနုကနေ တက်လာတဲ့အကောင်လေးတွေ အုတ်တံတိုင်းကတဆင့်ကိုက်ဖို့၊ခဲဖို့အစုလိုက်အပြုံလိုက် လာနေကြတဲ့အကောင်လေးတွေ အပင်ပေါ်ကနေ လေတိုက်တိုင်း လွင့်စင်ကျလာတဲ့ အကောင်လေးတွေ အမေပတ်ပေးထားတဲ့ အ၀တ်ကနေ တရွေ့ရွေ့ဖြတ်သန်းနေကြတဲ့ အကောင်လေးတွေဟာ သားမျက်လုံး၊ သားနား၊သားနှာခေါင်း၊ သားချက်ကြိုးပါမကျန် ၀င်ရောက်လို့၊ ကိုက်ခဲလို့။သားရုန်းချင်တယ် မေမေရယ် အ၀တ်ပတ်ထားတော့ လှုပ်လို့မရဘူး။အူဝဲ အူဝဲနှင့်ငိုပြီး သားအကူအညီတောင်းချင်တယ် အမေ အားအင်ချည့်နှဲ့ နှလုံးခုန်ရပ်မတတ်ဖြစ်နေတဲ့ သားအခြေအနေက အသံထွက် မလာနိုင်တော့ဘူး။ဘေးနားမှာရောက်နေတဲ့ မျက်နှာဖြူဖြူ အသားနီစပ်စပ် ကင်မရာကြီးလည်ပင်းလွယ်ထားတဲ့ ဦးလေးကြီးကလည်းဓာတ်ပုံ တဖျတ်ဖျတ် တလတ်လတ်ရိုက်နေတယ်။သူ့ဆီက ထွက်လာတဲ့အလင်းရောင်ကို သားကြောက်တယ်အမေ။သားအခုခံစားရတဲ့ ဒုက္ခတွေဟာ အရင်ဘ၀က ၀ဋ်ကြွေးတွေလား လူ့လောကမှာ ကြုံတွေ့နေကြတဲ့ အဖြစ်အပျက်တစ်ခုလား ခေတ်ပေါ်ပြသ၁နာတစ်ခုရဲ့ ပြယုဂ်လေလား လူသားဆန်မှုကို မေးခွန်းထုတ်စေမယ့် စမ်းသပ်ချက်တစ်ခုလား မရောက်သင့်တဲ့အချိန်မှာရောက်လာမိတဲ့ သားရဲ့အပြစ်တွေလား စဉ်းစားရင်းတွေးရင်း သေမင်းကမ္ဘာဆီ သားသွားရတော့မယ်မေမေ နောက်ဆုံးထွက်သက်မထွက်ခင် သားဆုတောင်းပေးခဲ့ပါရစေ။လူ့လောကထဲရောက်အောင် ခက်ခက်ခဲခဲ မွေးလိုက်ရတဲ့မေမေ မွေးဖွားမှုဝေဒနာတွေ နာကျင်ခံစားရမှုတွေ အမြန် သက်သာပျောက်ကင်းပါစေ။ဘယ်သူမှန်းနာမည်တပ်မရတဲ့ဖေဖေ အချိန်တိုင်းပျော်ရွှင်နိုင်ပါစေ။သားကိုကိုက်ခဲနေကြတဲ့ ပုရွက်ဆိတ်လေးတွေ အစာ၀၀လင်လင် စားနိုင်ကြပါစေ။သားကိုကြည့် ဓာတ်ပုံရိုက်နေတဲ့ အကိုကြီး လိုချင်တာရပါစေ သားလဲ ဒီဘ၀ဒီအမျှနှင့်ပဲ ၀ဋ်ကြွေးရှိရင်ကြေပါစေ။သနားလိုက်​တာ က​လေးရယ်​ ဘယ်​လိုအ​မေမျိုးမှာမှလူလာဖြစ်​ရတာလည်းကွာ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝလေး သနားစရာပါပဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by superboy from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.