အသိပညာရှာ​ဖွေရာဝယ်​..........

in myanmar •  7 years ago 

image

လူ​တွေဟာ ​နေ့စဉ်​နှင့်​အမျှ အလုပ်​လုပ်​ရ​နေသလို တစ်​ဖက်​ကလည်း မိမိတို့ဘဝတိုးတက်​​စေရန်​အတွက်​ နည်းလမ်းမျာကို ရှာ​ဖွေ​နေကြ​ပေသည်​။ အလုပ်​တွင်​မဟုက်​လျင်​​တောင်​မှ ဗဟုသုတတိုးပွား​အောင်​ ​ဆောင်​ရွက်​​နေကြ​ပေသည်​။ ဗဟုသုတဆိုသည်​တွင်​ ဗဟုမှာများပြား သော သုတဆိုသည်​က အကြံဥာဏ်​ဟူ၍ ဖတ်​ရှုဖူး​ပေသည်​။လူအများစုက ဗဟုသုတဆိုသည်​မှာ စာအုပ်​မှသာ ရရှိသည်​ဟုထင်​​နေကြသူများရှိ​ပေသည်​။ ထိုသို့မဟုက်​​ပေ။ ဗဟုသုတ ကို စာအုပ်​မှတစ်​ဆင့်​ရရနိုင်​သလို အခြား​သော အ​ချင်းအရာများမှလည်း ရရှိနိုင်​​ပေသည်​။ ဥပမာအားဖြင့်​ ခရီးထွက်​ခြင်း၊ social media ၊ ​ဟော​ပြောပွဲ (စာ​ပေ​ဟော​ပြော) များမှလည်း ​ဘဝအတွက်​​ကောင်းမွန်​​သော ဗဟုသုတများကို ရရှိ​ပေသည်​။ဗဟုသုတ ရှာ​ဖွေ​နေသူအဖို့ ဗဟုသုတရရှိနိုင်​သည့်​ အ​ခြေအ​နေများက လက်​ကမ်းကြိုဆို​နေကြ​ပေသည်​။ ​ကောင်း​သောကြိုဆိုခြင်းဖြစ်​​ပေသည်​။ရရှိ​သော လက်​ကမ်းကြိုဆိုမှုကို အရယူလိုက်​ကြပါ။

image

လူအများစုက ဗဟုသုတ​တော့ ရှာ​ဖွေ​နေကြ​ပေသည်​။ ဤ​နေရာတွင်​ တစ်​ခု​ပြောလိုသည်​မှာ ဗဟုသုတ ရှာမှီးသည်​မှာ​ကောင်း​ပေသည်​။ သို့​သော်​ သူများ​ယောင်​တိုင်း​တော့ထမ​ယောင်​ပါနှင့်​။ ​ပြောလိုသည်​မှာ အခြားသူများက သူ၏လုပ်​ငန်းနှင့်​ပတ်​သက်​​သော ဗဟုသုတကို ရှာ​ဖွေ​နေသည်​ကို ​တွေ့၍ သူနှင့်​​ရော၍ သူနှင့်​အပြိုင်​လိုက်​၍ မလုပ်​ပါနှင့်​ ။ ဗဟုသုတတိုးတာ​တော့ဟုက်​ပါသည်​။ သို့​သော်​ တစ်​ခါတစ်​ရံ မိမိနှင့်​အလှမ်း​ဝေး​သော အချင်းအရာများဖြစ်​​နေတတ်​သည်​။ ဤတွင်​ အကူအညီယူရ​တော့​ပေမည်​။ မိမိနှင့်​အလှမ်း​ဝေး​သော အချင်းအရာဖြစ်​​သော​ကြောင့်​ ခနတိုင်းအကူအညီယူ​နေရလျင်​ ကိုယ့်​အတွက်​အခက်​အခဲဖြစ်​နိုင်​သလို သူ့ကိုလည်း ဒုက္ခ​ပေးရာ​ရောက်​​နေတတ်​သည်​။ သတိထားပါ​လေ။ သူ့ဘက်​က လိုလိုလားလားဆိုရင်​​တော့ တစ်​မျိုး​ပေါ့။ ​လေ့လာတာ​တော့​ကောင်းပါတယ်​။

image

လူတစ်​ဦးစိတ်​တစ်​မျိုးဖြစ်​သည့်​အတွက်​ ​လုပ်​ကိုင်​​သောလုပ်​ငန်း ​လေ့လာ​သောပညာရပ်​ ရှာ​ဖွေ​သောဗဟုသုတကလည်း တစ်​ယောက်​နှင့်​တစ်​​​ယောက်​တူညီကြမည်​မဟုက်​​ပေ။ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ စိတ်​ဝင်​စားသည့်​ လုပ်​ငန်းလည်းမတူညီကြသလို ​လေ့လာ​သော ပညာရပ်​များကလည်းမတူကြသည်.့​အတွက်​ တစ်​​ယောက်​အ​ပေါ်တစ်​​ယောက်​ အကူအညီ​ပေးရန်​လည်းမလွယ်​ကူကြ​ပေ။ ထို့အတွက်​ မိမိနှင့်​သင့်​​လျော်​သည့်​ ပညာရပ်​များကို မိမိဘာသာ​လေ့လာ​နေကြရ​ပေမည်​။ တစ်​ချို့က​တော့ စာမဖတ်​အားလို့ပါ စသည်​ဖြင့်​ အ​ကြောင်းပြချက်​များနှင့်​ ​လေ့လာချိန်​ မှတ်​သားချိန်​မရရှိသလို​ဖြစ်​သည်​ဟု ​ပြောတတ်​ကြ​ပေသည်​။ အလုပ်​များ၍ စာမဖတ်​အားချင်း သို့မဟုက်​ စာမဖတ်​လိုခြင်းစသည့်​အချက်​များ​ကြောင့်​ ဗဟုသုတနဲသည်​ကို အားဖြည့်​ရန်​အတွက်​ နည်​လမ်းအချို့​တော့ရှိသည်​။ စာဖတ်​ရသည်​မှာ ပင်​ပန်းသည်​ဟုထင်​​နေသူများလည်းရှိ​ပေသည်​။ ထိုသူများအတွက်​ စာ​ပေ​ဟော​ပြောပွဲများရှိလျင်​ မိမိအချိန်​များထဲမှာ နဲနဲဖဲ့၍ ​ဟော​ပြောပွဲကို သွား​ရောက်​ပါ​လေ။ ဤသည်​မှာ အ​ကောင်းဆုံးအကြံဥာဏ်​ဖြစ်​​ပေသည်​။ လူလည်းမပင်​ပန်း ဗဟုသုတလည်း တိုးပွား​သော အကျိုးရှိသည့်​ ကိစ္စဖြစ်​​ပေသည်​။

image

ယ​နေ့​ပြောင်းလဲလာသည့်​​ခေတ်​တွင်​ စာ​ပေ​ဟော​ပြောပွဲများ အမြို့မြို့နယ်​နယ်​တွင်​ ကျင်းပ​နေကြ​ပေသည်​။ထို​ဟော​ပြောပွဲများသည်​ အကျိုးတစ်​စုံတစ်​ရာ ပြည်​သူ​တွေရရှိရန်​ ကျင်းပ​နေကြခြင်းဖြစ်​​ပေသည်​။ စာဖတ်​သူများလည်း စာ​ပေ​ဟော​ပြောပွဲများတွင်​ သွား​ရောက်​ဖူး​ပေမည်​ဟုယုံကြည်​​ပေသည်​။ ​ဟော​ပြောပွဲများသည်​ အများသူငှါ အသိပညာတိုးတက်​​စေရန်​အတွက်​ အလွယ်​ကူဆုံး​သော ဗဟုသုတဖြန့်​​ဝေခြင်းပင်​ဖြစ်​​ပေသည်​။......................

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပါ​စေ။

Photo credit facebook and google image

Author @nyinyilwin

MSC 170

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာ​ပေ​ဟော​ပြောပွဲများ
ြ့မိုကြီ​တွေမှာကျင်းပတာနည်းသွားတာလား

ဟုက်​တယ်​ဗျ

အရင်​​တုန်းက ​တော့စာ​ပေ​ဟော​ပြောပွဲ​တွေ နီးရင်​သွားနာ​ထောင်​မိတယ်​ .. တစ်​ခါတ​လေ အ​ခွေနဲ့ နား​ထောင်​တယ်​ဗျ .. ခု​နောက်​ပိုင်း​တော့ စာအုပ်​ပဲ ဖတ်​ဖြစ်​​တော့တယ်​ .. သွား​လေရာသယ်​သွားလို့ရတယ်​​လေ ..

Idea ​ကောင်းတာပ

စာပေဟောပြောပွဲတွေ ကိုယ့်မြို့လာလုပ်ရင်တော့ မလွတ်တန်းတက်ဖြစ်ပါတယ်

ကောင်းတာပ

အရင်ကတော့ စာပေဟောပြောပွဲတွေ အမြဲနားထောင်ဖြစ်ပါတယ် ဗဟုသုတတွေလည်းအများကြီးရပါတယ် နောက်ပိုင်းကျတော့ စာပေဟောပြောပွဲတော်တော်များများဟာ နိုင်ငံရေးရောယှက်တဲ့ဝါဒ့ဟောပြောပွဲတွေပဲ့ဖြစ်လာတယ် အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ

ဟုက်​ ဦးဘုန်းဆိုရင်​ ​ဟော​ပြောတာ ​ကောင်းသဗျ

စာပေူဟောပြောပွဲ များများနာထောင်ပါတယ် အကို

အ​နော်​က​တော့ ဖုန်းထဲက နား​ထောင်​ဖြစ်​တာများတယ်

စာအုပ်စာပေလူ့မိတ်ဆွေဆိုတာအမှန်ပဲပေါ့ဗျာ။စာပေဟောပြောပွဲတွေများများလုပ်သင့်တယ်။လုပ်တဲ့နေရာမှာလဲနိုင်ငံရေးတွေမပြောပဲနဲ့ဗဟုသုတတွေပြောသင့်တာပေါ့ဗျာ။

ဟုက်​တယ်​ သီးခြား​ပေါ့ဗျာ

ကိုယ်ဝါသနာပါတဲ့ပညာရပ်၊ကိုယ်လုပ်နေတဲ့အလုပ်တွေနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကတော့
ပိုပီးရှာမှီးသင့်တာပေါ့။အခုခေတ်ကတော့
နည်းပညာကောင်းကျိုး ကြောင့် ဗဟုသုတရှာစရာနေရာတွေလည်းပေါများလာပါပီိ။

နည်းပညာရဲ့​ကောင်းကျိုး ဟုက်​တယ်​ဗျာ

မော်လမြိုင်မှာ နေခဲ့ဖူးတော့ စာပေဟောပြောပွဲဆိုလျှင် စာပေချစ်သူများကျင်းပပေးပါတယ် ပြီးတော့ အကြီးအကျယ် ဆိုတော့ တကယ်ကို တန်ဖိုးရှိတဲ့ ဗဟုသုတတွေ ရခဲ့တယ်

မှန်​ပါ့ဘုရား

ဟိုတုန်းကတော့ စာပေဟောပြောပွဲဆို မလွတ်တန်း သွားနားထောင်တယ် ခုတော့ သွားတေ့ဝူး နိုင်ငံရေး ဟောပြောတာများလို့

ပွဲစီစဉ်​သူက ​သေချာ​ပြောရင်​​တော့ ဗဟုသုတ စာ​ပေ​တွေ​ဟောမှာပါ

စာ​ပေ​ဟော​ပြောပွဲ​တွေနား​ထောင်​ဖူးတယ်
တကယ်​ ဗဟုသုတများစွာရပါတယ်​bro

ဟုက်​တယ်

စာပေဟောပြောပွဲလည်း နားထောင်။ စာလေးလည်း ဖတ်ဆို So Goodပဲ။

သေချာတာပဗျ

စာဖတ်ခြင်း စာပေဟောပြောပွဲသွားခြင်းဟာ ပညာအာဟာရ အများကြီးရပါတယ်။