တစ်စက္ကန့်၊နှစ်စက္ကန့်ကနေတစ်မိနစ်သို့ပြောင်းကာ မိနစ်၊နာရီအစချီကာ ရက်လနှစ်ပြောင်း အချိန်တွေက ရပ်တန့်ခြင်းမရှိ၊၊ အချိန်တွေကိုရေတွက်သည့် ပစ္စည်းတစ်ခုဖြစ်သည့် နာရီမှ စက္ကန့်၊မိနစ်၊နာရီလက်တံတွေလည်း တရွေ့တရွေ့လည်ပတ်လျက်ရှိပေသည်။ (မှတ်ချက်။ ။ Digital clock တွေတော့ စက္ကန့်၊မိနစ်၊နာရီကိန်းဂဏန်းတွေ တဖြည်းဖြည်း ပြောင်းလဲနေပေသည်။) ယခုစာရေးနေဆဲ အချိန်မှာပင် Phone(ဖုန်း) မှာပါသည့်အချိန်နာရီကလည်း မရပ်မနား မအားမနေ တရွေ့ရွေ့ ကုန်ဆုံးနေပေသည်။ အချိန်တွေက ကုန်ဆုံးသည်မှာ မျက်စိတစ်မှိတ်အတွင်းပင်ဖြစ်ပေသည်။ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည့်အချိန်မှာ မပြောပ ပါဘူး(နဲနဲလေးပါ) ဟူ၍ လူသားတစ်တွေက ထင်မြင်ကြပေသည်။ မျက်စိတစ်မှိတ်၊တစ်စက္ကန့်မှာ ပုံမှန်အခြေအနေနှင့်သာ နဲသည်ဟူ၍ ရှိပေသည်။ တစ်ခါတစ်ရံ အချို့သောကိစ္စများတွင် အချိန်နာရီ၏ တစ်စက္ကန့်တိုင်းက ရွှေထက်တန်ဖိုးရှိသည်ကို လက်ခံရပေမည်။
မည်မျှအထိတန်ဖိုးကြီးသော ရတနာဖြစ်စေ အချိန်၏ တန်ဖိုးကို အံတု၍ မရပေ။ ရွှေအပါအဝင်ဖြစ်သည်။ အချို့သော ကိစ္စရပ်၏ စက္ကန့်တိုင်းက ရွှေထက်တန်ဖိုးကြီးသည်ကို စာရေးသူအပါအဝင် လူတွေအားလုံး လက်ခံကြပေမည်။ အချို့သော ကိစ္စရပ်များ၏ အချိန်စက္ကန့်တိုင်းက ရွှေထက်တန်ဖိုးကြီးသည်ကို ဥပမာတစ်ခုဖြင့် ရှင်းလင်းစာဖတ်သူ သဘောပေါက်စေရန် တင်ပြပါမည်။ ဥပမာ- အလွန်ခမ်းနားကြီးကျယ်သော စတိုးဆိုင်ကြီး(ရှော့ပင်းမော)တစ်ခုမှာ လူအများက ကြက်ပျံမကျ တိုးဝှေ့ကာ သူနှင့်ငါ ပြိုင်နေသလား ထင်ရအောင် စည်စည်ကားကား လူအများက ဈေးဝယ်နေကြသည်။ ဈေးရောင်းသူများကလည်း များပြားသလို ဝယ်သူကလည်း များပေသည်။ ထိုအချိန်မှာ လူအများရဲ့အလယ်မှာ အချိန်ကိုက်မိုက်တစ်လုံးထောင်ထားသည်ကို လုံခြုံရေး ဝန်ထမ်းတွေကတွေ့ကာ မိုင်းဖယ်ရှားသူကို ခေါ်ကာ ဖယ်ရှားခိုင်းလေသည်။ မိုင်းဖယ်ရှားသူ စတင်၍ မိုင်းကို အသက်မဲ့အောင် လုပ်မည်ဟုကြည့်သည့်အချိန်တွင် မိုင်းကပေါက်ကွဲရန် နှစ်မိနစ်သာလိုတော့သည်။ မိုင်းဖယ်ရှားသူကလည်း ကြိုးစားဖယ်ရှားရင် ပေါက်ကွဲမည့်အချိန်က စက္ကန့်ပိုင်းရောက်လာလေသည်။ နောက်ဆုံး ၂စက္ကန့်အလိုတွင် အချိန်ကိုက်မိုင်းက အသက်မဲ့၍ ဘေးကင်းသွားသည်။ ဤဖြစ်ရပ်ကို ကြည့်၍ သုံးသပ်ကြည့်လျှင် အချိန်တိုင်း၏ စက္ကန့်တိုင်းက အရေးကြီးသည်ကိုတွေ့ရပေမည်။ အကယ်၍ အချိန်ကိုက်မိုင်းသာ ၂စက္ကန့်အလိုတွင် မဖယ်ရှားနိုင်ပါမူ ပျက်စီးဆုံးရှုံးမှုက တန်ကြေးကြီးလှသည်။ ဤနေရာတွင်စာဖတ်သူများတစ်ခုပြောလိုသည်များရှိလိမ့်မည်ဟု စာရေးသူထင်ပေသည်။ အချိန်ကိုက်မိုင်းမပေါက်မီ ဈေးရောင်း၊ဈေးဝယ်သူအားလုံး နေရာရွေ့တာပြီးစီးရင်ကောဆိုသည့် မေးခွန်းတက်လာနိုင်သည်။ အားလုံးနေရာရွှေ့၍ ရခဲ့သော်လည်း လူသားတစ်ဦးဖြစ်သည့် မိုင်းဖယ်ရှားသူ တစ်ဦးက ကျန်နေဆဲပင်ဖြစ်သည်။ မိုင်းဖယ်ရှားသူကလည်း အတတ်နိုင်ဆုံးကြိုးစားမည်သာ။ စက္ကန့်တိုင်းက သူ့အတွက်သာမက ကခြားသူများအတွက် အရေးကြီးသည်ကို သူသိပေသည်။ မိုင်းပေါက်ကွဲလိုက်လျှင် အခြားသူများလွတ်နိုင်သော်လည်း အများအတွက်စောင်ရွက်သည့် မိုင်းဖယ်ရှားသူ၏ အသက်ဆုံးရှုံးရပေသည်။ လူ့အသက်တစ်ချောင်းဆုံးရှုံးခြင်းပင် ဖြစ်သည်။
လူ့အသက်တစ်ချောင်းသည် မည်သည့်အရာနှင့်မျှ အစားထိုး၍ မရပေ။ လူ့အသက်တစ်ချောင်းသည် အချိန်ကို ရင်းနှီးမြှုပ်နှံကာ တည်ဆောက်ထားသော တန်ဖိုးဖြတ်၍ မရသည့် အရာဖြစ်သည်။ အချိန်တစ်စက္ကန့်ကုန်ဆုံးသွားတိုင်း လူ့အသက်ကလည်း အသက်ရှင်ရမည့် အချိန်တစ်စက္ကန့်ကုန်ဆုံးသွားသည်သာ ဖြစ်ပေသည်။ ကုန်ဆုံးသွားသော အချိန်ကို ပြန်ယူ၍လည်းမရ အစားထိုး၍လည်း ရမည်မဟုက်ပေ။ လူ့အသက်သည် အချိန်ကိုအခြေခံကာ တည်ဆောက်ထားခြင်းဖြစ်သည်။ အချိန်ကိုအလေးမထားသူသည် မိမိ၏ အသက်ကိုအလေးမထားသောသူဖြစ်သည်။ အချိန်ကိုဖြုန်းသူသည် မိမိကိုယ်ကို သတ်နေသောသူနှင့်တူပေသည်။ အချိန်ကိုလေးစားသောသူသာလျင် မိမိ၏ အသက်ကို အလေးထားသူဟု ဆိုအပ်ပေသည်။ အချိန်ဆိုသည်က ရပ်တန့်၍ မရလို လူ့အသက်ကလည်း ရပ်တန့်၍မရပဲ အသက်ကြီးနေပေသည်။ အသက်ကြီးလာသည်နှင့်အမျှ သေဆုံးချိန်က နီးကပ်လာသည်ကို သတိပြုကြပါလေ။ အချိန်တွေက မိတ်ဆွေတို့၏ အသက်ကို တဖြည်းဖြည်း ဝါးမျိုနေသည်ကို သတိရကြပါ။ အချိန်တိုင်း၏ စက္ကန့်တိုင်းသည် မိမိအသက်ဖြစ်နေသည်ကို နှစ်လုံးသွင်းထားကြစေလိုသည်။
........
Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေ
Photo credit by google imageand facebook
Author @nyinyilwin
MSC 170
အရေးအသားကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ

အချိန်သည် အသက်
မိုက်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Yes,right

တန်ဖိုးရှိတဲ့ Post ပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်ကဲ့

မဖြစ်တော့ဘူး နာလည်းအချိန်ရှိတုန်း တရားအားထုပ်တော့မှ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လုပ်လိုက်တော့ မမ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာအရေးအသားလေးတွေကောင်းပါတယ်ဗျာ စာလုံးပေါင်းသတ်ပုံတွေကို လေ့လာစေချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်ကြိုးစားလေ့လာပါ့မယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်တွေလို..အချိန်ကိုနမော်နမဲ့ထားတက်သူတွေအတွက်..သိပ်တန်ဖိုးရှိပါတယ်လေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
☺ ☺ ☺

အချိန်ကို တန်ဖိုးထားသင့်တယ် bro
Good pot
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချိန်သည် စိန် ထက်အဖိုးတန်သည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပ

ငျတော့်အတွက်အတုယူဖွယ်postပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်

အရေးသားကောင်းတယ်ဗျာ။တန်ဖိုးရှိတဲ့postပါပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူး ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချိန်ရှိခိုက် ဗုတ်လိုက်အုံးမယ် :-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက် အဘ

အချိန်ရှိခိုက် လုံ့လစိုက်ပီးကြိုးစားသင့်ပါတယ်ဗျာ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားကြပါစို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျန်းမာအောင်နေတာဟာ အသက်ရှင်မှုတခုလို့ ထင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်ကဲ့ဗျ ကျန်းမာတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချသင့်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းပါတယ်ဗျာ

အချိန် သည် လူရယ်လို့ စတင်မွေးဖွားချိန်မှ စ၍ ထိုသူကို ၀ါးမြိုလေတော့သည်။