မိတ်​​ဆွေ Or သူငယ်​ချင်း

in myanmar •  7 years ago 

image
သက်​ရှိသတ္တဝါမှန်​သမျှ ​မွေးဖွားပြီး တစ်​​နေ့​သေဆုံးကြ မည်​မှာဧကန်​ပင်​။ သတ္တဝါဟူသမျ ​သေဆုံးမည့်​အချိန်​ သို့တနည်း သက်​တမ်းကုန်​မည့်​အချိန်​​ရောက်​မှသာ ​သေဆုံးကြရသည်​သာဖြစ်​၏။ ​သက်​တမ်းကုန်​ဆုံး​သော်​လည်း ​သေရမည့်​ကံမပါဘဲ ကံ​ကောင်း​သေးပါက မ​သေဆုံး​သေးပဲ အသက်​ရှင်​ကြရသည်​။ ​အချို့မူ သက်​တမ်းမကုန်​​သေးပဲ ​ကောင်းကံကုန်​၍ ​သေဆုံးကြရသည်​။ သို့အတွက်​ သက်​တမ်းလည်းမကုန်​ ကံလည်းမကုန်​​သေးသ၍ လူသားတို့အသက်​ရှင်​​နေထိုင်​ကြရသည်​။ အသက်​ရှင်​​နေခိုက်​ လူမှု့​ရေးရာအဖြာဖြာကို ​ဆောင်​ရွက်​ကြရသည်​။ လူ့ဘဝ​ကောင်းစွာ ရပ်​တည်​ရှင်​သန်​ရန်​အတွက်​ ကိစ္စ​ရေးရာအဖြာဖြာကို အ​ကောင်းဆုံး​ဆောင်​ရွက်​ကြ​ပေသည်​။ မိသားစု၏ စား​ဝတ်​​နေ​ရေး ​ပြေလည်​​ရေးအတွက်​ လုပ်​ငန်းကိစ္စအဝဝကို ​လုပ်​​ဆောင်​ကြသည်​။ စားဝတ်​​နေ​ရေး ​ပြေလည်​​စေရုံမျှသာမက အဆင့်​အတန်းမြင့်​မြင့်​​နေနိုင်​ရန်​အတွက်​ ကြိုးစားအားထုတ်​​နေကြသူများမှာရည်​မှန်းချက်​​ကောင်းလှ​ပေသည်​။
image

မိသားစု၏ ကိစ္စအဝဝကို ​ပြေလည်​​အောင်​​ဖြေရှင်း​နေရုံနှင့်​မပြီး။ အခြားသူများ၏ ကိစ္စများကိုလည်း တတ်​စွမ်းသမျှ​ဖြေရှင်း​ပေးကြရ​ပေမည်​။ လူဆိုသည်​မှာ တစ်​ဦးတစ်​​ယောက်​တည်း တစ်​မိသားစုတည်း ရပ်​တည်​၍မ​ရ​ပေ။ အများနှင့်​အတူတူ ​နေထိုင်​ကြရ​ပေသည်​။ သို့မှသာ လူသားဆန်​​သောလူတစ်​ဦးဖြစ်​​ပေမည်​။ တစ်​ဦးတစ်​​ယောက်​တည်း သီးသန့်​​နေ၍ ရ​ကောင်းရနိုင်​သည်​။ ရပ်​တည်၍ရလျင်​လည်း တစ်​ရာမှာတစ်​​ယောက်​သာဖြစ်​​ပေလိမ့်​မည်​။ လူအများကမူ တစ်​ဦးတစ်​​ယောက်​တည်းမ​နေလိုကြ​ပေ။ ​နေရန်​ခက်​ခဲ​သော​ကြောင့်​ဖြစ်​​သည်​။ လူအများနှင့်​ဆက်​ဆံ​နေထိုင်​ကြရသည်​။ တစ်​နည်းဆိုရပါမူ ပတ်​ဝန်းကျင်​နှင့်​ဆက်​ဆံ​နေကြရသည်​သာဖြစ်​သည်​။ လူသားတိုင်းပတ်​ဝန်းကျင်​နှင့်​မကင်း​နိုင်​​ပေ။ ပတ်​ဝန်းကျင်​မှလူများ မိမိအ​ပေါ်မည်​သို့မည်​ပုံ ​သ​ဘောထားကြသည်​ကို အခြားသူများထံမှသိကြရသည်​။ အခြားသူများထံမှဆိုရာတွင်​ အနီးစပ်​ဆုံး မိမိ၏ မိတ်​​ဆွေဟု​ခေါ်သည့်​ သူငယ်​ချင်းများထံမှတစ်​ဆင့်​ကြားသိရ​ပေသည်​။ ထို့အပြင်​ မိမိကို မချစ်​မနှစ်​သက်​​သောသူများ ထံမှလည်းသိရသည်​။

image

မိတ်​​ဆွေသာမက မိမိကိုမနှစ်​​သက်​​သောသူများထံမှ လည်းမိမိ၏ သတင်းကိုကြားသိရ​ပေသည်​။ ဤ​နေရာတွင်​ ကွဲပြားချက်​အနည်းငယ်​ရှိသည်​။ မိတ်​​ဆွေ မပီသသည့်​သူများကလည်း မိတ်​​ဆွေ​ယောင်​​ဆောင်​ကာ မိမိအနားတွင်​ ရှိ​နေတတ်​ကြသည်​။ သတိထားပါ​လေ။ မိတ်​​ဆွေ​ယောင်​သည်​ မိမိကိုမနှစ်​သက်​​သောသူဟု ဆို၍ရနိုင်​သည်​။ မိမိသတင်းသာမက အခြား​သော အ​ကြောင်းအရာများကိုလည်း နားစွင့်​ထားသင့်​သည်​။ အ​ကြောင်းအရာများထဲမှ အချို့အ​ကြောင်းအရာများကို မိတ်​​ဆွေသူငယ်​ချင်းများနှင့်​အတူ ဖြစ်​နိုင်​လား၊ မဖြစ်​နိုင်​ဘူးလားဆိုသည်​ကို အ​ဖြေရှာသင့်​သည်​။ မိတ်​​ဆွေသူငယ်​ချင်းသည်​ အ​ကောင်းဆုံးတိုင်​ပင်​​ဖော်​ တိုင်​ပင်​ဖက်​ပင်​ဖြစ်​သည်​။ လုပ်​ငန်​များကို ​ဆောင်​ရွက်​​တော့မည်​ဆိုလျင်​လည်း မိမိ၏ သူငယ်​ချင်းများနှင့်​တိုင်​ပင်​သင့်​သည်​။ သူတို့၏ အထင်​အမြင်​နှင့်​ အ​တွေ့အကြုံတို့ကို ယူ၍ ​ဆောင်​ရွက်​လျင်​ လုပ်​ငန်းပို၍ ​အောင်​မြင်​​ပေလိမ့်​မည်​။ မိတ်​​ဆွေသူငယ်​ချင်းများနှင့်​ လုပ်​ငန်းကိစ္စကို တိုင်​ပင်​မည်​ဆိုပါကလည်း မိတ်​​ဆွေအားလုံးနှင့်​တိုင်​ပင်​ပါ​လေ။ သို့ရာတွင်​ မိမိ​ဆောင်​ရွက်​မည့်​ လုပ်​ငန်းနှင့်​ရင်းနီးသူ အ​တွေ့အကြုံရှိသူ၏ အကြံဥာဏ်ကို ဦးစား​ပေး​၍ အကြံဥာဏ်​ယူသင့်​သည်​။သူငယ်​ချင်း၏ အကြံဥာဏ်ကို အ​လေးထားသလို သူငယ်​ချင်းကိုလည်း မိမိဘဝကဲ့သို့ တန်​ဖိုးထားသင့်​သည်​။

image

မိတ်​​ဆွေစစ်​၏ အကြံဥာဏ်​ကိုယူ၍ ​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​နိုင်​ပါက ​ဆောင်​ရွက်​သူသာမက အကြံဥာဏ်​​ပေးသည့်​ သူငယ်​ချင်းများကပါ ဝိုင်း၍ ​ပျော်​ရွှင်​ကြ​ပေမည်​။ မိမိလုပ်​ငန်း​အောင်​မြင်​ပါကလည်း သူငယ်​ချင်းများကို ပြုစုသင့်​သည်​။ မိမိအသိစိတ်​နှင့်​​ဆောင်​ရွက်​ပါ​လေ။ မိမိ​အောင်​မြင်​​စေရန်​ အကြံ​ပေးသူများ၏ ​ကျေးဇူးများကိုလည်း မ​မေ့ပါနှင့်​ တစ်​ချိန်​ချိန်​မှာ ပြန်​ဆပ်​ပါ​လေ။ မိတ်​​ဆွေသူငယ်​ချင်းများက သူတို့၏ အကြံ ဥာဏ်​အတွက်​ မိမိထံမှမည်​သည်​ကိုမျှ ​မျှော်​လင့်​ထားမည်​မဟုက်​​ပေ။ သို့အတွက်​ မိမိကူညီနိုင်​သည်​များရှိခဲ့​သော်​ ချက်​ချင်းပြန်​၍ ကူညီလိုက်​ပါ။ မိမိ၏ အလုပ်​ကိုသာအာရုံစိုက်​မ​နေပါနှင့်​။ မိတ်​​ဆွေများ၏ လုပ်​ငန်းများ​ပေါ်တွင်​လည်း စိတ်​ဝင်​စားသင့်​သည်​။ သို့မှသာ မိတ်​​ဆွေသူငယ်​ချင်းမှ မိမိအကူလိုသည်​မလိုသည်​ကို သိရ​ပေမည်​။ တစ်​ခါတစ်​ရံ သူငယ်​ချင်းများက အကူအညီလို​သော်​လည်း အားနာ၍မ​တောင်းပဲ ​နေတတ်​သည်​။ ထိုအချိန်​မျိုးတွင်​ မိမိသည်​ သူငယ်​ချင်း၏ လုပ်​ငန်းအ​ပေါ် စိတ်​ဝင်​စားမှု ​လေ့လာ​နေမှုရှိပါက အကူအညီကို သူမ​တောင်းပဲ အလိုက်​သင့်​​ပေးနိုင်​​ပေမည်​။ မိတ်​​ဆွေ၊သူငယ်​ချင်းနှင့်​ လက်​တွဲကြာရှည်​ရန်​ သူငယ်​ချင်း၏ လုပ်​ငန်းအ​ပေါ် စိတ်​ဝင်​စားမှုရှိခြင်း သို့မဟုက်​ ​လေ့လာသုံးသပ်​​၍ အကူအညီ​ပေးခြင်းသည်​ အ​ရေးကြီး​သောအချက်​ပင်​ဖြစ်​သည်​။ ဤအချက်​ကို လူအများက ဂရုမပြုကြ​ပေ။ မိမိမှ​ပေးလိုက်​​သော အကူအညီသည်​ မည်​မျှပင်​​သေးငယ်​​သော်​လည်း ကူညီခံရ​သောမိတ်​​ဆွေသူငယ်​ချင်းအတွက်​ ခွန်​အားဖြစ်​​စေနိုင်​သည်​။ မိမိအ​ပေါ်ကို ပို၍ အ​လေးထားလာမည်​ဖြစ်​​ပေသည်​။

image

Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google image

Written by @nyinyilwin

MSC 170

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာလေးတွေကောင်းတယ်ညီရေ

ကျေးဇူးပါ bro

တဦးနဲ့တဦး အပြန်အလှန်ကူညီရင်း မိတ်ဆွေကောင်းတွေပီသအောင်နေထိုင်သွားနိုင်ရင်ကောင်းတာပေါ့ဗျာ...

ဟုက်​တယ်​ဗျ

မိတ်ဆွေကောင်းတစ်ယောက်ရဖို့ ဆိုတာ တကယ်ခက်ပါတယ်

မှန်​ပါ့ဘုရား

ရှိပြီးသား မိတ်​​ဆွေ​ကောင်း​တွေ မဆုံးရှုံးဖို့လည်း ကြိုးစားပါ့မယ်​ အစ်​ကို​ရေ

ဟုက်​ကဲ့

အ​ရေးအသား​တွေတိုးတက်​လာပြီ 😃

ဟဲဟဲ ​ကျေးဇူး

သူငယ်ချင်းအပေါ်ထားရှိအပ်သော စိတ်စေတနာလေးပါ

ထားရှိဖို့လိုအပ်​​နေကြတယ်

good post လေးပါရှင့်

ကျေးဇူးပါ

သူငယ်ချင်းကောင်းရင်ဆွမျိုးထက်ကောင်းတယ်ညီလေးရေ။

ဟုက်​တယ်​ဗျ

မိတ်​​ဆွေ​ကောင်း အ​ရေးလဲ​ကောင်း

ကျေးဇူးပါ ဘဘ

တကယ်တော့ ရှားပါးလာပါပြီ ရှာလို့ကိုမတွေ့နိုင်တော့လောက်အောင်ပဲ

ခေတ်​ကာလက ပိုဆိုးလာတယ်

အ​ရေးအသား​ကောင်းပါ့ဗျာ

Bro ကိုမှီ​သေးပါဘူး☺ ☺

your writing is very good ပါ

Double languages ​ပေါ့မမ

မိတ်ကောင်းဆွေကောင်းရဖို့အလွန်ခက်ခဲပါတယ်

မိတ်​​ဆွေ ​ကောင်း ရှားတယ်

စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ရဖို့ ဆိုတာ တကယ်ခဲယဉ်းတယ်။
...

Yes

ဂရုတစိုက်​ကူညီပါမယ်​bro

သေချာကူညီပါ

မိတ်ဆွေစစ်ရှားတော့ ရှာရခက်ပါတယ်

ဟုက်​တယ်​ဗျ

မိတ်ဆွေသူငယ်ချင်းတွေကောင်းတာမကောင်းတာကကိုယ့်အပေါ်မှာအမျာကြီးသက်ရောက်တယ်။

Sure

မိတ်ဆွေကောင်း မိတ်ဆွေစစ် များများရှိချင်ပါတယ်ဗျာ
အတုအယောင်တွေက အများသားဗျ

ဟုက်​ပါ့ဗျာ

Good bro

Thank you nyinyilwin for making a transfer to me for an upvote of 1.25% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?