လူသားတွေဟာ တစ်ယောက်တည်း နေထိုင်ကြသည့် သတ္တဝါမဟုက်သည့်အတွက် အဖွဲ့အစည်းနှင့်တကွ နေထိုင်ကြရသူများဖြစ်ပေသည်။ အဖွဲ့အစည်းနှင့် နေထိုင်ကြသည့်သူများဖြစ်သည့်နည်းတူ တစ်ယောက်တည်းမဟုက်သည့်အတွက် မိသားစုကိုယ်စီနှင့် မိသားစုတစ်ခုစီနှင့် အသက်ရှင်နေထိုင်နေကြပေသည်။ တစ်ဦးတစ်ယောက်တည်းမဟုက်သည့်အတွက် လူမှုဆက်ဆံရေးကို အလေးထား၍ လူအများနှင့် ပေါင်းသင်းဆက်ဆံနေကြပေသည်။ လူမှုဆက်ဆံရေးဆိုသည့် အတိုင်းကောင်းမွန်သည့် မိမိကို ထောက်ကူပေးသူ၊ မိမိမှလည်းပြန်လည်ထောက်ကူပေးသူနှင့် သင့်တူညီမျှ ယှဉ်တွဲနေထိုင်ရပေမည်။ သင့်တူညီမျှယှဉ်တွဲ နေထိုင်နေယုံနှင့်မပြီးဆုံး အချို့လုပ်ငန်းများတွင် မိတ်ဆွေ၏ အကူအညီကို ယူလျင်ပို၍ကောင်းပေမည်။အကူအညီယူပြီးလျင်လည်း မိမိဘက်မှ ပြန်လည်၍ အကူအညီပေးရန်လည်း အမြဲလိုလို သတိပြု၍ နေသင့်ပေသည်။ သို့မှသာ မိတ်ဆွေသူငယ်ချင်းသံယောဇဉ် ပို၍ခိုင်မြဲလာပေမည်။
လူမှုဆက်ဆံရေးကောင်းတစ်ခု ရှိနေရုံနှင့်မပြီး။ မိမိတို့မှာလည်း မိမိတို့၏ မိသားစုနှင့် စားဝတ်နေရေး အတွက်ရုန်းကန်လှုပ်ရှားနေကြရသူများဖြစ်ပေသည်။
သို့အတွက် မိမိတို့စီးပွားရေးကို ပြေလည်စွာနေနိုင်ရေးအတွက် လုပ်ငန်းများကို အမြဲတစေ လုပ်ကိုင်နေရပေမည်။ ထို့ကြောင့် လူသားများက မိမိလုပ်ငန်းကိုအောင်မြင်စေမည့် အချက်အလက်များကို ရှာဖွေစုဆောင်း၍ အချက်အလက်များကို အသုံးပြုကာ မိမိတို့လုပ်ငန်းများကို အောင်မြင်သထက်အောင်မြင်အောင် ဆောင်ရွက်နေကြသူများဖြစ်ပေသည်။ သို့ရာတွင် လူသားတို့၏ လောဘဆိုသည့် လိုချင်တက်မက်မှု ဆန္ဒသည် ပြော၍မပြတတ်အောင် ကြီးမားသည့်အတွက် ထိုလိုအင်ကိုပြည့်ရန်အတွက် နည်းလမ်းများသာမက အခြား resources တွေကိုလည်းအသုံးပြုကြပေသည်။ နည်းလမ်းများရှိသော်လည်း အသုံးပြုရမည့် resources များမရှိလျင်လည်း ထိုလုပ်ငန်းလည်းအောင်မြင်မည်မဟုက်ပေ။ လိုအပ်သည့် resources ကိုအသုံးပြုရန်လည်းလိုသည်။
လုပ်ငန်းတစ်ခုအောင်မြင်ရန်အတွက် အသုံးပြုရမည့် နည်းလမ်းကောင်းကို ရှာဖွေအသုံးပြုမှသာ အောင်မြင်ပေမည်။ နည်းလမ်းကောင်းလည်းရှိမှ လိုအပ်သည့် resources လည်းရှိမှသာ အောင်ြ်မင်အောင်ဆောင်ရွက်နိုင်ပေမည်။ Resources ရှိသော်လည်း နည်းလမ်းကောင်းမရှိပါက ထိုလုပ်ငန်းလည်း အောင်မြင်မည်မဟုက်ပေ။ ဤသည်မှာ အဓိကကျသော အချက်ဖြစ်ပေသည်။ ဤအချက်ကို လူအများက မေ့လျော့နေကြပေသည်။ လူအချို့က နည်းလမ်းရှိသော်လည်း အသုံးပြုရမည့် ပစ္စည်းမရှိသည့်အတွက် လုပ်ငန်းမှာ အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ဖြစ်ပေသည်။ အချို့ကမူ အသုံးပြုနိုင်သည့် ပစ္စည်းရှိသော်လည်း လုပ်ငန်းကိုကောင်းမွန်တိုးတက်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်း မရှိသည့်အတွက် လုပ်ငန်းက တိုးတက်မှုမရှိဘဲ ရပ်တန့်နေတတ်ပေသည်။ ထိုအချက်အလက်များကို သတိပြု၍ မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ပါက အောင်မြင်သော လုပ်ငန်းတစ်ခုဖြစ်လာပေမည်။
မိမိတို့လုပ်ငန်း မိမိတို့စီးပွားရေး အောင်မြင်တိုးတက်ရေးအတွက်နည်းပေးလမ်းညွှန်ပေးမည့် ဆရာကောင်းတစ်ယောက်လည်း လိုအပ်ပေသည်။ မိမိကိုယ်တိုင် လုပ်ငန်းကို ဦးဆောင်၍ လုပ်ကိုင်ရသူမဟုက်လျင်လည်း မိမိအတွက် လုပ်ငန်းကိုကောင်းမွန်စေမည့် အချက်အလက်များကို သင်ပြပေးမည့် ခေါင်းဆောင်ကောင်း တစ်ယောက်ရှိရန်လိုအပ်ပေသည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အသွေးပြည့်ဝသည့် အရည်အချင်း တိုးတက်စေသည့်နည်းလမ်းများသည် တပည့်များအတွက် အားဆေးတစ်ခွက်ဖြစ်ပေသည်။ နောက်လိုက်က မည်မျှပင်ကောင်းသော်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်မရှိပါက နောက်လိုက်၏ အရည်အသွေးတိုးတက်မည်မဟုက်ပေ။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ စွမ်းဆောင်မှုသည် နောက်လိုက်ကောင်းရာပေါင်းများစွာ၏ ဘဝကိုတိုးတက်စေသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ခေါင်းဆောင်ရော နောက်လိုက်ပါ ကောင်းမွန်သည့် နည်းလမ်းများနှင့်တကွ ဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်ပေမည်။ မိမိတို့လုပ်ငန်းတိုးတက်လျင် မိမိတို့၏ မိသားစုလိုအင်ဆန္ဒကို ကောင်းမွန်စွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော သူတစ်ယောက်ဖြစ်ပေမည်။ လိုအင်ဆန္ဒပြည့်စုံမှသာ စိတ်ချမ်းသာမှုနှင့် ပြည့်စုံသော သူတစ်ယောက်ဖြစ်လာပေမည်။
Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေ......
Photo credit google and facebook image
Author @nyinyilwin
MSC 170
ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမည်။ဆရာကောင်းတပည့်ပန်းကောင်းပန်ပေါ့ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်ပဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခေါင်းဆောင်ကောင်းတို့မည်သည် ညောင်ပင်ကြီးနဲ့တူလှပါသည်တဲ့ ရောက်လာသူအပေါင်းကို အရိပ်အာဝါသပေးထားနိုင်ပါသည်။ နောက်လိုက်တွေ ဘယ်လောက်တော်တော် ခေါင်းဆောင်ကောင်းရဲ့ဦးဆောင်မှုမရှိရင် မထွန်းပေါက်နိုင်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်ကအယူသမားပဲဖြစ်နေ
သူများကိုပြန်ပေးဖို့စိတ်ကူးမရှိရင်တော့
တိုးတက်ဖို့လမ်းဝေးနေပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
✔ ✔ ✔ ✔ ✔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းခေါင်ကောင်းနောက်လိုက်ဖို့လိုကိုလိုအပ်ပါတယ်အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Yes,bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်ဗျာ .. ကောင်းဆောင်ကောင်းရော နည်းလမ်းကောင်းရော အရေးကြီးတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်အရာမဆို ကောင်းမွန်တဲ့စိတ် နဲ့အလုပ် လုပ်သင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်မှန်တဲ့စကားလုံးတွေပါ။လက်တွေ့ဘဝအတွက်တန်ဖိုးရှိ တဲ့စကားတွေပါပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရည်သွေးကောင်းသောကျောက်သည်အဖိုးတန်လှ
ပါသညိ ဦးညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုညီတော့လုပ်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်တာပေါ့ ခေါင်းဆောင်ကောင်းနဲ့  တွေ့ ရပြီဆိုရင် လမ်းမှားရောက်ဖို့  နည်းသွားပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပ့ ဟုတ်ပ့ ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားလုံးတက်ညီလက်ညီ လုပ်ဆောင်ကြမှ၊ခေါင်းဆောင်ရောနောက်လိုက်ရော ကျရာတာဝန်ကျေပွန်ကြမှ လိုရာပန်းတိုင်ရောက်ရှိနိုင်မှာပါ။ဆန္ဒတွေပြည့်ဝနိုင်မှာပါ..bro..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုက်ကဲ့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit