“ အတွေးများကိုတူးဆွခြင်း ”

in myanmar •  7 years ago 

IMG_20171211_182328.jpg

“ အတွေးများကိုတူးဆွခြင်း ”

လွန်ခဲ့သည့် ရက်သတ္တပတ်က ကျွန်တော်သည် အိမ်မှုကိစ္စ၊ တိုလီထွာလီလေးများ အလွန်ရှုပ်ထွေးလှစွာ လုပ်ခဲ့ရသည်။ အလုပ်ပင်ပန်းလွန်းသဖြင့် ဦးခေါင်းများ ချာချာလည်လာသည်ပင်ထင်ခဲံရသည်။ သို့နှင့် တစ်ရက်ခန့်တော့ စိတ်ရောလူရော အနားပေးမှဖြစ်မည်ဟု ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြည့်မိသည်။

လူကသာ နားနားနေနေရှိနေသော်လည်း စိတ်အကြံများကား စတင်းမစ်ရေပြင်ကြောဝယ် လူးကာလွန့်ကာ၊ ကူးကာခတ်ကာဖြင့် ရှိနေပေသည်။ ယခင်အပတ်ကပင် စတင်း ပလက်ဖောင်း၌ ကျွန်တော်၏ ကြံကြံဖန်ဖန်အတွေးများဖြင့် ဇာတ်ကွက်များဖန်တီးကာ ရေးသားတင်ပြထားသော အမတ်ကြီးကွီးရွှေ ဇာတ်လမ်းများသည်လည်း ဆက်တိုက် ဆိုသလိုပင် တင်ခဲ့လေသဖြင့် အမတ်ကြီးကို အချိန်တစ်ခု၊ ခေတ္တအနားပေးထားမှ ဖြစ်ရော့မည်။


Credit Image Source

အဘယ်ကြောင့်ဟူမူကား ကျွန်တော်တွေ့ရှိမိသလောက် အကြောင်းအရာ၊ ဇာတ်လမ်း ရှည်ရှည်များကို အခန်းဆက်အဖြစ် ဆက်တိုက်ရေးတင်နေပါက နောက်ပိုင်းတွင် လာရောက် ဖတ်ရှုသူ အလွန်ပင်နည်းသွားသည်ကို သတိထားမိ၊ တွေ့ရှိမိသည်။ လူသားတို့ သဘာဝသည်ကပင် အပြောင်းအလဲ၊ အသစ်အဆန်းလေးများကိုသာ ကြည့်လို၊ ဖတ်လို လေ့လာလိုကြသည်မို့ အားပေးကြသူ စာဖတ်မိတ်ဆွေများကိုလည်း အပြစ်မဆိုသာပေ။

ထို့ကြောင့်ပင် ကျွန်တော်ကွီးရွှေကလည်း လာရောက်ဖတ်ရှု၊ အားပေးကြသူမိတ်ဆွေတို့ အကြိုက်လိုက်ကာ တနေ့တစ်မျိုးမရိုးရလေအောင် အဆန်းအပြား၊ ရေးနည်းရေးဟန် များဖြင့် တန်ဆာဆင်ကာ ဇာတ်ထုပ်တစ်မျိုး၊ ဗဟုသုတတစ်မျိုး၊ ကိုယ်တွေ့အဖြစ်အပျက် များကတစ်သွယ်၊ သိမှတ်ဖွယ်ရာ ပတ်ဝန်းကျင်မှ ရသအမြင်လေးများ၊ တစ်ခါတစ်လေ ကဗျာမပီစာမပီလေးများကို ရေးသားတင်ပြခြင်း စသည်ဖြင့် စာပေပုံစံအမျိုးမျိုးအား အလျင်းသင့်သလို တစ်လှည့်စီရေးသားတင်ပြခဲ့ပါသည်။

ထိုသို့ ရေးသားနေရင်းမှပင် တစ်ခါတစ်ရံ စာရေးစရာ အကြောင်းအရာများသည် ရှားပါးသွားလေသလား ဟုပင်ထင်ရလောက်အောင် အတွေးစဉ်တို့တွင် အစဖော်မရ ဖြစ်တတ်ပါသည်။ စိတ်ရှုတ်၊ စိတ်ပင်ပန်း၊ အလုပ်များ၍ လူပင်ပန်းခြင်း စသည့် ထိုထိုသော မိမိပင်ပန်းနွမ်းနယ်နေသည့်အချိန်တွင် မည်သို့သော ခေါင်းစဉ်ဖြင့် မည်သို့သော စာပေအမျိုးအစားများ ရေးရန်ကိုကား ဦးတည်ချက်မရှိ လမ်းပျောက်နေသလို ဖြစ်တတ်ကြ ပါသည်။


Credit Image Source

ဆိုခဲ့ပါအတိုင်း စာရေးသားရန် အကြောင်းအရာရှာမရ ဖြစ်လာကြပါက အေးအေးဆေးဆေး တစ်ယောက်တည်းနေနိုင်သော နေရာတစ်ခုကိုရှာပြီးလျင် မျက်စိကိုမှိတ်၊ စိတ်နှင့်ခန္ဓာကို ဖြေလျော့ထားပါ။ ထို့နောက်တော့ မိမိငယ်စဉ်က စိတ်ကြည်နူးစရာ အကြောင်းအရာ လေးများကို ပြန်စဉ်းစားပါ။ အချိန်အားဖြင့် တစ်ဆယ့်ငါးမိနစ်ခန့်သာ ထိုသို့ ပြုလုပ်ကြည့်ပါလေ။ ကြည်လင်လန်းဆန်းလာသော စိတ်နှင့်အတူ တစ်ချိန်က စာရေးမည်ဟု စဉ်းစားထားသော အကြောင်းအရာလေးများသည် အတွေးစဉ်ဝယ် တဖြေးဖြေး ပေါ်ပေါက်လာပေလိမ့်မည်။

ထို့နောက်တွင်တော့ အနားယူမည်ဆိုသော သင်၏ စိတ်အကြံတို့သည် အဝေးသို့လွင့်ကာ စာရေးသားခြင်းကို စိတ်ပါလက်ပါ ထလုပ်နေပေတော့မည်။ စာရေးစရာတွေက စဉ်းစားလို့ ရသွားပီလေ။ ဟော ကျွန်တော်ကွီးရွှေလည်း အနားယူမည်ဆိုကာမှ စာတစ်ပုဒ်ရေးဖြစ်သွားပါပီ။

ဆက်လက်ကြိုးစားပါအုန်းမည်။-----။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>>1:35 PM (10.7.2018)

#Myanmar #Writing #Blog #Literature #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အဲ...စာတစ်​ပုဒ်​ဖြစ်​သွားတာပဲ...​တော်​တယ်​ဗျာ broက

ဟုတ်တယ်ဗျာ အကြောင်းအရာလေးတစ်ခုကို ဖြန့်တွေးပီး ရေးချလိုက်တာ စာတစ်ပုဒ်ဖြစ်သွားတယ်။

ညှစ်ထုတ်နိုင်သောအကြံအဥာဏ်ချီးကျူးရပြန်

ဟုတ်တယ် ဟတစ်ခါတစ်လေ ညှစ်ထုတ်ရေးနေရတယ်ဗျ။

အ‌နောက်‌နိုင်‌ငံက ကမ္ဘာ‌ကျော်‌ ‌တေး‌ရေးဆရာ‌တွေ ၊စာ‌ရေးဆရာ‌တွေဆိုရင်‌ ‌ခေါင်းထဲမှာ ‌ပေါ်လာတာကိုချက်‌ချင်းမှတ်‌ဘို့ စာ‌ရေးကိရိယာ‌တွေ ‌ဆောင်‌ထားတာ။တစ်‌ခုခုလုပ်‌‌နေတုန်းအ‌တွေးတစ်‌ချက်‌‌ပေါ်တာနဲ့ ချက်‌ချင်းမှပြီး ‌ရေးသားထားတာ‌တွော ကမ္ဘာ‌ကျော်‌စာ‌တွေ ဖြစ်‌ကုန်‌တယ်‌တဲ့။

မှန်ပါတယ် ကိုမဟော်ရေ ရှေးက စာရေးဆရာများဟာ သွားလေရာမှာ ရေးမှတ်စရာ စာရွက်တစ်ရွက် ခဲတံတစ်ချောင်း အမြဲပါကြတယ် ။ သူတို့ အတွေးစဉ်မှာ ပေါ်လာတာကို ချရေးမှတ်သားထားကြတယ်ဗျ။ ဒီကနေတဆင့် နိုင်ငံကျော်စာပေတွေဖြစ်လာကြတာ အမှန်ပါပဲဗျာ။ အတုယူစရာပါ။

ဗီသိုဗင် ဆိုလည်း သူသွားလေရာမှာ ခဲတံနဲ့ မှတ်စုစာအုပ် အမြဲပါတယ်တဲ့ ၊ သူ့ခေါင်းထဲပေါ်လာတဲ့ ဂီတနုတ်စ်တွေကို ချက်ချင်းချရေးထားတတ်တယ်။ အတုယူစရာပါပဲ ခုခေတ်ဆိုရင်တော့ ပေါ်လာတဲ့အတွေးလေး ဖုန်းထဲက notes လေးထဲ မှတ်ထားလိုက်ရုံပါပဲ။

ဟုတ်တယ်ဗျ မှတ်သားလောက်တဲ့ ရှေးက ပညာရှင်တွေရဲ့ အတုယူဖွယ် အလေ့ကျင့်လေးတွေပါပဲဗျာ။

ကွီးရွှေ ဥာဏ်များတယ်
မရေးတော့ဘူးဆိုပြီး စာတစ်ပုဒ်ရေးသွားတယ် 😁

အဟေး အဲလိုပဲ စာတစ်ပုဒ်ဖြစ်အောင် တော်တော်ညှစ်ရေးနေရတယ်။

အမှတ်တမဲ့ အခုလို ရေးသားတင်ပြသွားတာနဲ့ တင်
ဆရာကျလှပါတယ်ဗျာ

ဟုတ်ကဲ့ ကိုဝင်းကိုရေ အမှတ်တမဲ့လေးတွေကို စုစည်းပီးကြိုးစားတင်ပြလိုက်ပါတယ်။

သိပ်မှန်တယ်ကိုညီရေ အခန်းဆက်တွေက ကြာရင်လူဖတ်နည်းသွားတယ်၊ ဖုန်းပေါ်မှာက တိုတိုနဲ့ထိထိမိမိ ရေးတာပိုကောင်းတယ်၊ ကျွန်တော်ရေးတဲ့ဇတ်လမ်းတစ်ခုဆို ဝင်မဖတ်ကြလို့ ဖုန်းဘေတစ်ထောင်ပေး ပြီးဖတ်ခိုင်းခဲ့ရတယ်

ဟုတ်ပ ကိုကြီးစိုးရေ အလျင်းသင့်သလို လူအများစာဖတ်လာအောင် စိတ်ဝင်စားမယ်ထင်ဆာလေးတွေ ကြီုးစားရေးသားတင်ပြကြတာပေါ့ဗျာ။ အားတင်းထား ကိုကြီးစိုးရေ။

idea အသစ်တစ်ခုပေးလို့ ကျေးဇူးပါ

ဟုတ်ကဲ့ဗျာ အိုင်ဒီယာ အသစ်တစ်ခု ရလိုက်တယ်ဆို ကျနော်ရေးပြလိုက်တာ အကျိုးရှိသွားတာပေါ့ဗျာ။

ဆရာတို့ က​တော့ဘယ်​လို​ရေး​ရေး ဖတ်​လို့​ကောင်​​နေတာပဲ
ဆေးစက်​ကျရာ အရုပ်​ဖြစ်​တယ်​ဆိုတာာဒါမျိုးလား

ဟုတ်ကဲ့ မယုဇနရေ ကျနော်လဲ ကောင်းမယ်ထင်ရာလေးတွေ တွေးရေးပြနေတာပါဗျ။ အားပေးတာကျေးဇူးပါဗျာ။

အားပေးလျှက်ပါ ခင်ဗျာ 😊

ဟုတ်ကဲ့ ကိုလွမ်းဝေရေ အားပေးမှုကို လေးစားလျက်ပါဗျ။

ဟိုလိုလို ဒီလိုလိုနဲ့ အလုပ်များတယ် အနားယူမယ် စာရေးဖို့ အကြံထုတ်မယ်ဆိုပြီး လုပ်လိုက်တာ "ဟော...စာတစ်ပုဒ်ဖြစ်သွားလေရော"...။အဲဒီလိုကို ရေးတတ်နေတဲ့ အမတ်ကြီးကွီးရွှေကို လေးစားအားကျလျက်ပါ။

ဟုတ်ပ ကိုသန့်ဇင်ရေ အတွေးလေးတွေပါ ၊ အတွေးလေးတွေပါ။

Good idea

မှန်ပါတယ်ဗျ အိုင်ဒီယာလေးတွေပါ ။ လာရောက်အားပေးတာ ကျေးဇူး။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတ်ကအပျက်ဘက်ကို အားသန်နေသောအခါ 🤔🤔🤔
ဘာမှကိုရေးလို့မရတာ

စိတ်ကလေး ကို ပြန်ပြင်လိုက်ပီး အားဆေးလေးသောက်လိုက်ပေါ့ဗျာ။