“ လွဲမှားနေသော တူညီမှုလေးများ ”

in myanmar •  7 years ago 

IMG_20171211_182328.jpg

“ လွဲမှားနေသော တူညီမှုလေးများ ”

ဒီလို မိုးကောင်းကင်ပြာပြာအောက်မှာ လှုပ်ရှားလုပ်ကိုင်၊ နေထိုင်နေကြတာခြင်း အတူတူ ငါက ဘာလို့ နေပူထဲမှာ အလုပ်လုပ်နေရတာပါလိမ့်နော်။ ကြည့်စမ်း ငါ့ဘေးမှာလဲ ငါလိုလူ ဘ၀တူတွေ အတော်လေးများပါလား သူတို့ နဖူးနားထင်စပ်မှာ တွဲလဲသီခိုကျလာနေသော ချွေးစီးတန်းလေးများက ကိုယ်စီကိုယ်စီ ရှိနေကြတယ်။ အော် ငါ့နဖူးထက်မှာလဲ ချွေးစတို့ သီခိုနေလို့ပါလား။ ဟိုးနားက လှမ်းမြင်နေရတဲ့ အထပ်မြင့် တိုက်ကြီးပေါ်က လေအေး ပေးစက်တွေ တပ်ဆင်ထားတဲ့ ရုံးခန်းပေါ်က လူတွေ အလှုပ်လှုပ်နဲ့အလုပ်လုပ်နေကြတာ သူတို့လဲ ငါတို့လို ချွေးစလေးတွေ သီခိုနေကြမလားနော်။

အလုပ်သမားခေါင်းဆောင်လေး မောင်လူအေး နဖူးစမှ သီခိုကျလာနေသော ချွေးစတို့အား လက်ဖမိုးဖြင့် သပ်ချလိုက်ရင်း မန်နေဂျာရှိရာ ရုံးခန်းသို့ လှမ်းမျှော်ကြည့်ရင်း တွေးနေမိသည်။ တိမ်ပြာပြာနေ့တစ်နေ့သည် နွေ၏သရုပ်ကို ပီပြင်စွာခြယ်မှုန်း နေသည့် အလား ကောင်းကင်သည် ကြည်လင်ပြတ်သား၍ ရှင်းလင်းပြာလဲ့နေသည်။ နေ၏အပူ ရောင်စဉ်တန်းတို့မှာကား လွပ်လပ်စွာပင် မိမိတို့ အလုပ်ကြမ်းသမားတို့၏ ကျောပြင် ပေါ်သို့ အတားဆီးမဲ့စွာ ကျဆင်းနေရာယူ နေကြသည်။ ထိုနေပူကြဲကြဲအောက် တွင်မှ တလှုပ်လှုပ်နှင့် ကြိုးစားကာအလုပ်လုပ်နေကြသော မိမိ၏ အလုပ်ကြမ်း သမားအဖွဲ့ ကိုကြည့်ရင်း မောင်လူအေးတစ်ယောက် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ကာ လုပ်လက်စ မြောင်းတူးခြင်း လုပ်ငန်းကို ဆက်လိုက်လေတော့သည်။

img.jpeg
Credit Image Source

ရုံးခန်းအတွင်းမှ ပြာယာပြာယာထွက်လာသော မန်နေဂျာလေး ကိုချစ်ခင်၊ သူ၏လက်ထဲ တွင်တော့ ယခုမှ လောလောလတ်လတ် စီမံချက်ချပေးလိုက်သော ဒါရိုက်တာများ၏ လုပ်ငန်းပရောဂျက် အစီအစဉ်ဖိုင်များဖြစ်သည်။ ဟူး မောလိုက်တာ- ဒီတစ်လလုံး အထက်က ဒါရိုက်တာများ၏ စီမံချက်များ၊ ပရောဂျက်များဖြင့် နပန်းလုံးနေရသောငါ ကိုယ်ရောစိတ်ရော ပင်ပန်းလှပီ။ ငါ့နေရာမှာ တစ်ခြားတစ်ယောက်ယောက်ဆိုလျင် စိတ်ရှုတ်ထွေးမှု ပြဿနာကို မဖြေရှင်းနိုင် မခံရပ်နိုင်ဖြစ်ပြီး ရူးသွားနိုင်လောက်တယ်။ အော် ဒါရိုက်တာတွေ ဒါရိုက်တာတွေ ဘယ်တော့များမှ ဟောဒီ စီမံချက်တွေ၊ ပရောဂျက်တွေက ပြီးဆုံးတော့မှာလဲဗျာ စာရင်းအင်းတွေလုပ်ရ၊ အလုပ်သမားတွေကို စီစဉ်ညွှန်ကြားရနဲ့ ကျုပ်ခေါင်းတွေလဲ ပူလှပါပီ၊ ဒီလကုန်ရင်တော့ ခံစားခွင့်ရက်ရှည်လေး ယူပီး အနားယူ အုန်းမှပါလေ။

မိမိအတွက် သတ်မှတ်ထားသော မန်နေဂျာအခန်းတွင်းသို့ရောက်သည်နှင့် ကြိုတင်ဖွင့်ထား နှင့်လေသော အဲယားကွန်းမှလေအေးလေးများကို ခံစားလိုက်ရ၍ အမောအပန်းလေးများ အနည်းငယ်ပြေပျောက်သွားသည်ထင်ရသည်။ အလုပ်စားပွဲမှာ ထိုင်လိုက်ရင်း ရုံးခန်းပြင်ပမှ လှမ်းမြင်နေရသော အလုပ်ကြမ်းသမားတို့အား ငေးကြည့်နေမိသည်။ ဟိုးအောက်နားက မြေကျင်းတူး နေကြတဲ့ အလုပ်သမားတွေဘ၀ ဘယ်လောက်ကောင်းလိုက်မလဲ၊ သူတို့ကို ဆူမည့်သူမရှိ၊ အော်ငေါက်မည့်သူမရှိ၊ စာရင်းဇယားတွေမရှိ၊ ပရောဂျက်တွေမရှိ၊ ဆိုက်မန်နေဂျာက စီစဉ်ထားသည့်အတိုင်း ဒီနေရာ မြောင်းတူးဆို တူးလိုက်ကြတာပဲ၊ ဘယ်လောက်များ စိတ်ချမ်းသာလိုက်ကြလေမလဲနော်။ အင်းလေ တွေးလို့သာတွေးနေ ရတာ သူတို့နေရာမှာဆို ငါလဲအပင်ပန်းခံ မလုပ်နိုင်လောက်ပါဘူးလေ သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း မန်နေဂျာလေး မောင်ချင်ခင်သည် မိမိ၏ရုံးသုံး လက်တော့ လေးကိုဖွင့်ကာ ပရောဂျက်ဆိုင်ရာ စာရင်းဇယားများကို ဖွင့်ချလိုက်လေတော့သည်။

img.jpeg
Credit Image Source

“ပြောင်းဖူးပြုတ်သည်လာအုန်း” ဆောက်လုပ်ရေး လုပ်ငန်းဆိုက်ထဲမှ အလုပ်သမား လေးများ၏ ခေါ်သံကြောင့် မိကြည်မ ၀မ်းသာသွားရသည်။ ဒီအလုပ်သမားတွေကို ရောင်းရလျှင် ဒီနေ့အတွက် ဈေးဦးပေါက်ချေပြီ။ “လာပါပီ အကိုတို့ရေ၊ ဟောဒီက ပြောင်းဖူးပြုတ်ပူပူလေး”၊ ခေါ်ရာသို့ လှမ်းထူးလိုက်ရင်း တဆက်တည်းမှာပင် ဈေးသည်တို့သဘာဝ အော်ရောင်းလိုက်သေးသည်။ လမ်းကျယ်ကြီးကိုကူးဖြတ်လိုက်ပြီး ဆောက်လုပ်ရေး အလုပ်ကြမ်း သမားများ ရှိရာသို့ ခြေလှမ်းတို့ကို သွက်သွက်လှမ်းလျက် အရောက်သွားလိုက်သည်။ ခေါင်းထက်မှ ဈေးတောင်းလေးကို ချပေးလိုက်ရင်း ခေါင်းခုအ၀တ်လေးကို ဖြန့်ကာ ချွေးစတို့ကို တို့သုတ်နေမိသည်။

မိမိ၏ ပြောင်းဖူးပြုတ်လေးများကို အလုအယက် ရွေးဝယ်နေကြသော မြောင်းတူး အလုပ်သမားများကိုကြည့်လျှက် မိကြည်မ ပျော်နေမိသည်။ နေပူပူမှာ ခြေတိုအောင် ရှောက်လာခဲ့ရကာ ဈေးရောင်းနေရသည့် မိမိဘ၀ကိုခေတ္တမေ့သွားကာ ဟိုးတိုက်ကြီးပေါ်က ပညာတတ်ကြီးတွေလို ဖြစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။ ဒီတိုက်ကြီးပေါ်မှာသာ အအေးခန်းလေးနဲ့ အေးအေးလူလူ စာရင်းဇယားလေးတွေ ထိုင်လုပ်နေရရင် ဘယ်လောက်များကောင်းလိမ့်မလဲနော်။ အားကျသည့်အတွေးနှင့် တိုက်ကြီးပေါ်ကို ငေးမျှော်ကြည့်ကာ ပြောင်းဖူးပြုတ်ဈေးတောင်းလေးကို ခေါင်းပေါ်ပင့်တင် လိုက်သည်။ အော်မိကြည်မ၊ မိကြည်မ ဒီပြောင်းဖူးပြုတ်လေးတွေကုန်အောင် ဟောဒီနေပူပူအောက်မှာ ဘယ်လောက်ကြာကြာ အရောင်းထွက်နေရအုန်းမှာလဲနော်။

general-labour.jpg

မန်နေဂျာလေး ကိုချစ်ခင်၊ အလုပ်သမားခေါင်းလေး မောင်လူအေးနှင့် ပြောင်းဖူးပြုတ်သည်မလေး မိကြည်မတို့ ကဲ့သို့ ဘ၀လေးများသည် ဤလောကကြီးတွင် မည်မျှထိရှိနေကြမည်နည်း။ ကျွန်တော်တို့အားလုံးသည် ထိုလောကကြီး၏ ပုံရိပ်လေးများဖြစ်ကြပါသည်။ ထိုပုံရိပ်ဘ၀လေးများတွင် တူညီသော လွဲမှားမှုလေးများ ရှိနေကြဦးမည်သာ--

ဤတွင် တစ်ခန်းရပ်ပါဦးမည်--

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 09:45 PM (27.5.2018)

#Myanmar #Writing #Literature #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝဆိုတာ ဒီလိုဘဲရုန်းကန်လှုပ်ရှားကြရတာပါဘဲဦးညီရေ ကိုယ်မနှစ်မြို့နိုင်တဲ့အခြေအနေတွေထဲကနေ အမြန်ဆုံးရုန်းထွက်နိုင်အောင် ကြိုးစားကြရမှာပါ

မှန်တာပေါ့ညီရေ ဒီလိုအမြင်လေးတွေ စာဖတ်သူများ ရပါစေဆိုပီး စိတ်ကူးလေးနဲ့ ရေးတင်လိုက်တာပါ။ လူတိုင်းကို့အခြေနေအလိုက် ရုန်းကန်နေကြရတာပါပဲလေ။

ဘာပဲ ဖိဖိ မြက်ရိတ်ချင်စိတ်လေးသာ မွေးရမှာပါ ဆရာရေ😊

ကိုယ်လုပ်သည့်ကံ ကိုယ်စိုက်သည့်အပင်အတိုင်း အသီးအပွင့်တို့ ရရှိခံစားရမှာပါမမကြည်ရေ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🔝♨🔝မင်္ဂလာပါမိတ်ဆွေတစ်! သင်သည်သင်၏ post ကိုသတိပြုမိခဲ့ချင်ပါသလား? 17.000+ နောက်သို့လိုက်လော့, ☑ Upvote 100%, ☑ + 40 Upvote မှ☑ Resteem ။ @umruyar (သို့မဟုတ်ငါ၏အ 17,000 နောက်လိုက်စာမျက်နှာ @bigshot သွားရောက်ကြည့်ရှု) (ထိုမှတ်စုထဲမှာ URL ကို) 1 မှ SBD သို့မဟုတ် STEEM ပေးပို့ပါ။ Service ကို Active ကို🔝♨🔝

တစ်နေ့နေ့တော့ စောင့်ရမှာပဲ ဥဥညီရေ😆😆

နေ့စဉ်ကြိုးစားနေမယ်ဆိုရင် အလှမ်းမဝေးတော့ပါဘူးလေ။

ဘိုက်ဆာလို့အိမ်မပျော လျောက်ကြည့်ကာမှ စားစရာတေကြီးတွေ့နေတော့ ပိုဘိုက်ဆာလာဘီ

ကဲကြုံတုန်းလေး ဘိုက်အဆာပြေလေး စားသွားလိုက်အုန်း။

‌ရွေးချယ်‌မှု ကို ‌ပြောရမှာဘဲ ဆရာ။‌ဈေးထဲ သွားရင်‌ ပို မြင်‌သာပါတယ်‌ ။ နှစ်‌‌တွေကြာလည်း ဒီအတိုင်းက ဒီအတိုင်းဘဲဆို‌တော့ သူ့ရဲ့ ‌ရွေးချယ်‌မှုလို့ဘဲ မြင်‌မိတယ်‌။ကျွန်‌‌တော်‌တို့ ဝန်‌ထမ်းဘဝကလည်း ထိုနည်းလည်း‌ကောင်းကာဘဲ ဆရာရယ်‌။

ဟုတ်ကဲ့ဗျာ ဘဝစာမျက်နှာတွေက အခြေခံအကြောင်းအရာတွေမှာအများကြီးမှီခိုနေတာဆိုတော့ ရေးရတာ ကျယ်ပြန့်လွန်းပါတယ်ဗျာ။

ဘဝဆိုတာ သူ့အကြောင်းတရားနဲ့သူ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး
နေတတ်ဖို့နဲ့ ကျေနပ်နိုင်ဖို့တော့လိုတာပေါ့နော်
ရောင့်ရဲခိုင်းတာတော့ မဟုတ်ပါဘူး
ကိုယ်မနှစ်မြို့နိုင်တဲ့အခြေအနေကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်နဲ့ စိတ်ဓါတ်အလွယ်မကျဘဲ ကြိုးစားစေခြင်တာပါ

ဟုတ်ပါတယ် ဗျာ ကြေနပ်ဖို့ နေတတ်ဖို့လေး အစဖော်ပေးလိုက်တာပါ။

ဒီလို လွဲမှား မှုတွေမရှိအောင် ငယ်စဉ်ကတည်းကကြိုးစားရမှာပေါ့ဗျာ

အမှန်ပဲဗျ ။ ဘ၀ကိုတည်ဆောက်ရာမှာ ငယ်စဉ် အကြောင်းအရာတွေက အများကြီး အရေးပါပါတယ်ဗျာ။

နေရိပ်ထဲက လူကလည်းနေရိပ်ထဲအလိုက် ရုန်းကန်နေရသလို နေပူထဲကလူကလည်း နေပူထဲအလျှောက် ရုန်းကန်နေကြရတာပါပဲလေ။

မှန်ပါတယ် ကိုထွေးရေ သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ် ကိုယ်စီရုန်းကန်နေကြရတာပါ။

You got a 89.82% upvote from @bewhale courtesy of @nyinyiwin! Delegate Us Steem Power & get 100% Daily rewards Payout! 50 SP, 100, 200, 500, 750, 1000, 3000, 5000,10000 or Fill in any amount of SP Earn 1.25 SBD Per 1000 SP | Discord server

This post has received a 29.85% upvote from @lovejuice thanks to @nyinyiwin. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

You got a 15.15% upvote from @dailyupvotes courtesy of @nyinyiwin!

Please upvote this comment to support the service.

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 6.35% upvote!
I was summoned by @nyinyiwin. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

You got a 41.67% upvote from @nado.bot courtesy of @nyinyiwin!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

ကုသိုလ်ကံတွေက မတူညီကြတော့လည်း လက်ရှိဘဝလေးကိုပဲ
ရိုးသားကြိုးစားရင်း ကျေနပ်ပျော်ရွှင်တတ်ရမှာပါ

ဟုတ်ပါတယ်အန်တီရေ မတူညီတဲ့ ဘဝတွေမှာ ရပ်တည်ရှင်သန်ဘို့ အလိုအပ်ဆုံး စိတ်နေစိတ်ထား အချက်အလက်လေး ကို ရည်ညွှန်းရေးသားထားတာပါဗျာ။ အားပေးလာလို့ကျေးဇူးပါ။

You got a 2.24% upvote from @upme thanks to @nyinyiwin! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Did you know that there is a livestreaming service built on top of the Steem network called DLive? DLive enables anyone to stream what they enjoy and earn rewards in the form of Steem, just like on Steemit.com. Come check out some streams and see how easy it is to join in the conversation!

Want to promote your posts?

Send at least 0.1 STEEM or SBD to @dlivepromoter with the post link as the memo and receive an upvote on that post!

Delegate Steem Power to @dlivepromoter for a daily payout!

25 SP, 50 SP, 100 SP, 250 SP, 500 SP, custom amount
We pay 95% of bids back to the delegators each day. The remaining 5% is contributed towards @dlivecommunity to help create a larger community.

Disclaimer:

@dlivepromoter is a part of the community project @dlivecommunity. We aim to help streamers navigate their way through @dlive and the overall Steem ecosystem. We are not affiliated with @dlive.

သူ့နေရာနဲ့သူ အခက်အခဲမျိုးစုံရှိနေကြတာပါ။ဒါပေမဲ့ ကိုယ်ရနေတဲ့နေရာကနေကြည့်ပြီး အော်ဟိုနေရာလေးဆိုရင်ပိုကောင်းမှာပဲလို့ ထင်တတ်ကြတာပါ။စိတ်ကနေ ဖြစ်တတ်တာပါ။ကြိုးစားမှုကိုတော့ ရပ်တန့်မနေပဲ ပို၍အေးချမ်းပြီး စိတ်ချမ်းသာအောင်နေနိုင်ဖို့တော့ ရုန်းကန်လှုပ်ရှားနေကြရမှာပါ။ပုံရိပ်ဘဝလေးကောင်းမွန်အောင်ပေါ့ဦးညီ။စိတ်ဝင်စားရပြန်ပါသည်ခင်ဗျာ။နောက်အပိုင်းစောင့်မျှော်လျက်

ဟုတ်ကဲ့ ကိုသန့်ဇင်ရေ ကျတော်တင်ပြချင်တဲ့အချက်ကို ရသွားကြတယ်ဆိုတော့ ရေးတင်ရကျိုးနပ်ပါတယ်ဗျာ။ ကျနော်လဲ လက်လှမ်းမှီသလောက်အတွေးလေးနဲ့ ပုံဖော်ရေးပြနေခြင်းပါ။ ကြိုးစားလျက်ပါဗျ။