“တို့နှစ်ယောက်”

in myanmar •  7 years ago 

IMG_20171211_182328.jpg

“တို့နှစ်ယောက်”

အေးမြသော လေပြေလေး နှင့်အတူ ရုတ်တရက်ငါ့ဘ၀ထဲကို မင်းဝင်ရောက် လာခဲ့တယ်နော်။
မပြောင်းလဲတဲ့ စကားတစ်ခွန်းကိုပဲ တို့တွေပြောခဲ့ကြတယ် ဒီလို အချိန်လေးတွေ အမြဲရှိနေမယ်လို့လဲ တို့နှစ်ယောက် ထင်ယောင် နေခဲ့ကြတယ်နော်။

back love.jpg

ဒါပေမယ့် ဘ၀ဆိုတာ အပြောင်းအလဲများစွာ ရှိပါတယ်ဆိုတာ သိခဲ့ရချိန်ကြ
တို့နှစ်ယောက်ဟာ ပြောနေကြစကားတစ်ခွန်းကို ပြောဘို့ မေ့လာကြပီနော်။
အခက်အခဲ ဆိုတာ ကြုံတွေ့လာတိုင်း အပြစ်ပုံချစရာ ရှာနေကြတဲ့ တို့နှစ်ယောက်ဟာ ဖြေရှုင်းနည်းမှားနေတယ် ဆိုတာလည်း မျက်ကွယ်ပြု နေမိကြတယ်နော်။

ရယ်တစ်ခါ ပြုံးတစ်လှည့် ကြည်နူး၊ ပျော်ရွှုင်ခဲ့တာလဲ တို့နှစ်ယောက်ပဲနော်။
ရန်လို၊မုန်းထား တစ်ယောက်မျက်နှာ တစ်ယောက် မမြင်ချင်အောင် မုန်းမိကြတာလဲ တို့နှစ်ယောက်ပဲနော်။

heart broke love 3.jpg

အဆုံးကို မကြည့်ကြပဲ လက်ရှိအခြေအနေကို ပူလောင်ပေါက်ကွဲမိ ကြတော့ တို့တွေရဲ့ သံယောဇဉ်ကြိုးဟာ အဖု၊ အထုံးတွေနဲ့ ပြည့်လာကြတာလဲ တို့နှစ်ယောက်ပဲနော်။
နောက်ထပ် နောက်ထပ် ကြုံတွေ့လာတဲ့ အနှောင်အဖွဲ့လေးတွေကိုလည်း လျစ်လျူရှု နေမိခဲ့ကြ၊ ပြစ်ပါယ်ထားမိကြတာလည်း တို့နှစ်ယောက်ပဲနော်။

true-love-never-ends.jpg

နောက်ဆုံးတော့ တို့နှစ်ယောက်ပြုတဲ့ကံက တို့ဆီကိုပဲပြန်လာတယ်နော်။ အခုတော့ မဆုံနိုင်အောင် ဝေးကြရပီလေ။

မြန်မာစတီးမစ် ညီအစ်ကိုမောင်နှမများ တိုးတက်အောင်မြင်ကြပါစေ။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 12:00 PM (21.3.2018)
Above Article is Using Google Images.

#Myanmar #Literature #Love #Writing #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မဆုံနိုင်အောင်ဝေးတာဘယ်နှနှစ်ရှိပီလဲကိုရွှေ

နှစ်ပေါင်း 20 ကျော်ပီ ကိုသာအေးရေ။ ခုထိ လွမ်းနေရတုန်းပါပဲဗျာ။

  ·  7 years ago (edited)

လေးစားစွာ လျောက်ထားအပ်ပါသည်

image
@mghan

ဖတ်လို့ကောင်းတယ်

ဟုတ်အမရေ လာရောက်အားပေးတာ ကျေးဇူးဗျ။

မဆုံနိုင်အောင် ဝေးခဲ့ကြပြီဘဲ

ဝေးပီးရင်းဝေး မဆုံနိုင်သူတွေဆွေးကြရပီပေါ့။

ရက်စက်တာအေ

တခါတစ်လေ ရက်စက်ပေးကြည့်တာ ။ ရက်စက်တာ နဲနဲလွန်များသွားပလား စဉ်းစားနေတာ ဟီးး။

မမ က ကွဲမှကြိုက်တာတဲ့. ဆန်းဟ😂😂😂😂
ဘိုကြီးလဲ မမ ဟိဟိ😂😂😂

ဟဲ့ကလေးမ တလွဲတွေးမနေနဲ့ ညည်းမမက အသဲကွဲဇာတ်လမ်းကြိုက်တယ်ပြောတာပါလေ။

ကြေကွဲပြီ

အလွမ်းနဲ့ ကြေကွဲဖွယ် ဇာတ်လမ်းလေးမို့ ။ အလွမ်းချင်း တိုက်ဆိုင်သွားရင် ခွင့်လွတ်ပါဗျာ။

ဟန်ဆောင်တာတွေထားခဲ့ပါ..တို့နှစ်ယောက်တို့နှစ်ဦးကြား...၀င်ဖီးသွားသည်ကွီးရွှေ

ဟုတ်ဗျ အလွမ်းဖီလငိလေး ရသွားရင် ကျေနပ်ပါပီဗျာ။

ဖတ်​ပြီး ရင်​ထဲစို့နစ်​သွားတယ်

အလွမ်းအခံရျှိနသလား ကိုမြန်မာ ကိုကိုရေ။ အားပေးလာတာ ကျေးဇူးပါ။

ဟုတ်​ အလွမ်းဓာတ်​ခံ မခမ်း​သေးသ၍ ခံစား​နေရဦးမည်​သာ ဟဲဟဲ

အဖုအထုံးက အစုအရုံးနဲ့ဆိုတော့လမ်းခွဲမှတ်တိုင်စိုက်လိုက်ရတာပေါ့ ကွှီးရွှေ

ဟုတ်တာပေါ့ ကိုစိုးရေ အဖုအထုံးဖြစ်လာမှတော့ ဖြေဖြောက်ဖို့က တဖြေးဖြေး ခက်လာကြမယ်လေ။

လူ့ဘဝဆိုတာကလည်း တွေ့ဆုံကြုံကွဲဓမ္မတာပါလား
ဦးညီရေ

ဟုတ်ဗျာ့ တရားသဘောလေး အတိုင်း တွေ့ဆုံကြုံကွဲ ပါပဲလေ။

ဝေးတာဘဲ ကောင်းပါသည် ။

အေး လေ ဝေးတဲ့ဇာတ်လမ်းလေးဆိုတော့ ဝေးတာပဲကောင်းပါတယ်လေ။ နောက်ဇာတ်လမ်းလေးတွေ နီးအောင်ရေးမယ်လေ။

ကွဲရင်ကြိုက်တေနော် ကွဲ ..😋😋

တို့ရွာက ကြမ်းမှကြိုက်တာလေ။ ခပ်ကြမ်းကြမ်ပဲ ကွဲပေးလိုက်တယ်။

ရေးထားတာလေးgooodတယ်👍

ဟုတ်ဗျာ့ အားပေးနေတော့ ရေးရတာ ပျော်မိပါတယ်။

အခက်ခဲတွေ ရင်ဆိုင်လာရချိန်မှာ ဘယ်သူကိုအပစ်ပုံချရမလည်းဆိုတဲ့အတွေးလေးသူတို့တွေမိလိက်ြတဲ့အချိန်ကို တချိန်က အရမ်းချစ်ခဲ့ကြတဲ့ သူတို့နှစ်ဥိးအစား ကျနော်လေ အရမ်းနှမျောမိလိုက်တာ ကိုကြီးရေ

ဟုတ်ပါတယ် ကိုရှိန်းရေ အချစ်မှာ အပြစ်ရှာလာကြရင် အဲဒီအချစ်ဟာ မဖြူစင်တော့ပဲ လမ်းခွဲဇာတ်သိမ်းကြတာလေး တင်ပြထားတာပါအကိုရေ။

အရေးကောင်းသော်လည်းတင်ပြပုံမကောင်း၊ ကြည့်ရတာ အဖြစ်လုပ်ချလိုက်ပုံပဲ။

ဟုတ်ဆရာရေ မကောင်းဆို ကျနော့အလုပ်လေးတွေရှုတ်နေတော့ ရေးလက်စလေးကို ကပြာကသီ လက်စသတ်ပီး ရေးတင်လိုက်တာဆိုတော့ ဟာကွက်လေးတွေ ပါသွားတာပေါ့ဆရာ။ နောက်အပုဒ်တွေ ကောင်းအောင် ကြိုးစားရေးနေပါတယ်ဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဒါဆို...​ဝေးသွားတာလား😥

ဝေးသွားတာပေါ့ကွယ်။