ကျနော်နှင့် သူမ

in myanmar •  7 years ago 

IMG_20171211_182328.jpg

ကျနော်နှင့် သူမ

မနက်ခင်း နေခြည်နွေးနွေးက ငါ့အိပ်ယာထက်ကို လာနမ်းရှိုက်တိုင်း သူမရဲ့ တစ်ချိန်က အနမ်းနွေးနွေးလေးကို ပြန်တမ်းတမိတယ်။

အပေးနဲ့ အယူ ဖေးကူကာချစ်ခဲ့ကြတာလေးတွေက
အခုချိန်မှာတော့ ညကမက်တဲ့ အိမ်မက်တစ်ခုလို လွင့်ပျယ်သွားကြပြီလေ။

images (1).jpeg

နေ့စဉ် လုပ်နေရတဲ့အလုပ်တွေကို လုပ်ချင်စိတ်မရှိအောင် စိတ်ဓါတ် အခါခါ ကျမိတယ်။
ဖေးကူသူ သူမလေးရယ် ဘယ်ဆီဘယ်ဝယ် ရောက်နေလဲကွယ်။ အဝေးတစ်နေရာစီ ရောက်နေတော့မှ သူမအပေါ်ထားတဲ့ သံယောဇဉ် ဆိုတာကို ပိုမြင်လာရတယ်။

အချိန်က ကုစားတယ်ဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဒီမောင်အသည်းမှာ အလွမ်းနာက နေ့စဉ်ရက်ဆက်။ ကုနိုင်မှာလား မေ့ပျောက်ခြင်း သမားတော်ရယ်။
လက်လျော့သွားတဲ့ အတိတ်ခြေရာတွေက အထပ်ထပ်နဲ့ပါ။ သူမသာလျင် ဆေးတစ်ခွက်ဖြစ်နေပါပေါ့။

feel-lonely-lost-2.jpg

အလွမ်းမီးတွေ ရင့်သထက်ရင့်လာရင် အမှောင်တစ်ဖက်ခြမ်းက သူမများ တစ်ခါတစ်လေ လာချောင်းကြည့်လေမလား အလွမ်းမီးစာကို ထပ်ထပ်ထည့်နေမိတယ် သူမရယ်။ ငါ့အတ္တတွေကိုငါ ချိုးနှိမ်ရင်းပေါ့လေ။

ဝဋ်ရှိလို့ ခံရရိုးဆိုရင် ကြေပါစေတာ့ ကုန်ပါစေတော့
ဘုရားမှာလဲ အခါခါ ဆုတောင်းမိတယ်။

Lelaki-Berdiri-di-Pinggir-danau-758x569.jpg

နှင်းစက်နဲ့ ပန်း မလန်းချင်သူ ဘယ်ရှိပါ့မလဲ။
အသည်းနန်းမှာ တစ်ခါပြန်လာ စံမြန်းပါလား သူမရယ်။

ရော်ရွက်ကြွေလို ပင်အိုကစွန့်ပစ်ခံရ ဝေ့ကာဝဲကာ ဘယ်ဆီမှာ သက်ဆင်းရမလဲ။ မှီခိုရာကင်းတဲ့ လွင့်မြောခြင်း သမိုင်းသစ်တွေ ငါရေးနေရတော့မှာလား သူမရယ်။

အချစ်တ်ု့မည်သည် ချွေလွင့်ခံရသော်လည်း အသည်းရင်နန်းမှာတော့ စံမြန်းနေဆဲပါ သူမရေ။
စံမြန်းနေဆဲပါ။

IMG_20180312_115849.jpg

အကြောင်းအမျိုးမျိုးကြောင့် စည်းးခြားခဲ့ရသော သူမသို့

Steemit photos for paragraph.jpg

Writer >>>@nyinyiwin
(Steemit) MSC-006
Writing End Time >>> 9:30 AM (21.3.2018)
Above Article is Using Google Images.

#Myanmar #Literature #Writing #Love #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းတယ်​ဗျာ ဒီလိုအချစ်​ဇာတ်​လမ်း​လေး​တွေ လူငယ်​ကြိုက်
တွေလဲလို​သေးတာ ဒီလို​ရေးတင်​​ပေးတာ ​ကျေးဇူးတင်​ပါတယ်

ဟုတ်ကဲ့ဗျ စာပေမျိုးစုံ ဆိုတော့ တစ်ခါတစ်လေ လူငယ်ကြိုက်လေးတွေလဲ ရေးရတာပေါ့ဗျာ။

ကိုညီလည်း အလွမ်းတေးထပ်လေးတွေဖက်တစ်ခါလှည့်

လွမ်းပီးရင်းလွမ်း အားရအောင်လွမ်းပီးရင်တော့ လိုင်းပြောင်းရေးပါ့မယ်ဗျာ။

အလွမ်းမင်းသားကြီးပေါ့နော် ကွီးရွှေက

တစ်ခါတစ်လေလွမ်းတယ်၊ တစ်ခါတစ်လေကြမ်းတယ်။ တစ်ခါတစ်လေရမ်းတယ်။

အဲလွမ်းတာက များပါတယ်လို့။

အလွမ်းဘုရင်ကြီးဆိုပိုမှန်မှာပေါ့နော် ဖတ်လို့အရမ်းကောင်းပါတယ်ဦးညီ

ဘဘရေ.. ဘဘရဲ့အလွမ်းသံစဉ် လေးတွေက. ဝါးဆစ်တွေကိုမီးထဲကယောင်ကတမ်း အမှားထည့်မိလို့ရုတ်တရက် ထပြီးပေါက်ကွဲတဲ့အသံအနက်ကြီးကြောငိ့ ဘဘစမီးလေး လန့်နိုးခဲ့ရပါပြီး. 😂😂ဘဘရဲ့အလွမ်းတေးသံသာတွေကြောင့်😍😍😍😍😊😊

အိုကွယ် လန့်စေလိုခြင်းမရှိပါဘူးကွယ်။ နောက်တခါ တိတ်တိတ်လေးလွမ်းပါ့မယ်။

သြော်​သူမရည်​ လွမ်းလိုက်​တာကွယ်​ 😂😂

လွမ်းစရာဆိုလို့ ဒါပဲရှိတယ်လေ။
ဒါလေးပဲရှာကြံလွမ်းနေရတာ။

အလွမ်း​နွေကို စမ်း​​ရေထဲကို​မျောလိုက်​ပါ😁😁😁

အလွမ်းတွေကို စမ်းရေထဲမှာ မျောလိုက်ချင်တာ ။
မမျောရက်ဘူး သိမ်းထားတယ်ဗျာ။

အခုလို feel ထားတာကို ကွီးရွှေမိန်းမ မသိအောင် steemit မှာလာတင်တာမဟုတ်လား တိုင်ပြောမယ် တိုင်ပြောမယ်။

အံမယ်မင်း မလုပ်လိုက်ပါနဲ့ တိတ်တိတ်လေး လွမ်းနေရတာပါဆို။
တိုင်မယ်ကြည့်ပဲ။
လူဆိုး။

ဦးညီ ဟိုလိုးလေး ရေးတော့ဘူးလား

ဘယ်လိုလေးလား ။ ရေးစရာတွေ များကြီးရှိတယ် ရေးပေးမှာပေါ့ အားပေးတယ်ဆို ပျော်ပီလေ။

လွမ်းနေခြင်းလား သတိရခြင်းလားဆိုတာ မဆုံးဖြတ်နိုင်ခဲ့ပါ အစ်ကို

သတိရရင်းလွမ်းနေတာပါဗျာ။ လွမ်းတတ်သူဆိုတော့ သတိရတိုင်းလွမ်း။

ဖတ်​လို့လည်း​ကောင်းပြီး​​ရေးတာလည်း​ကောင်းပါတယ်​...

ဟုတ်ကဲ့ဗျာ။ အလွမ်းဇာတ်လေးဆိုတော့ အားပေးသူရှိပါ့မလားလို့။ အမြဲလာအားပေးနေတာကို ဝမ်းသာရပါတယ် ကျေးဇူးလဲ တင်ပါတယ်ဗျ။

အိုမို

အိုမိုမနေနဲ့ဗျ လူပျိုကြီး စာတွေ့ပဲလွမ်းနေတယ် လက်တွေ့ လွမ်းရဲလို့လား ဟွင်းဟွင်း။

လွမ်း​နေပါတယ်​ဆိုမှ ပိုလွမ်း​အောင်​လုပ်​​နေတယ်​ 😢

အားရအောင်သာလွမ်းပေတော့ဗျာ။
အလွမ်းက လူတိုင်းမှာရှိနေတော့ တိုက်ဆိုင်သွားရင်ခွင့်လွှတ်ပါဗျ။

တည့်​တည့်​ကြီးကိုတိုက်​ဆိုင်​တာ ဆရာ ​ရေ😢

လူတိုင်းရင်မှာအလွမ်းရှိသည်ပေါ့

ဟုတ်တာပေါ့ဗျာ လူရယ်လို့ဖြစ်လာရင် အလွမ်းနဲ့ မကင်းတော့ဘူးလေ။

လွမ်း...ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း🎵🎶🎼

တိုးကြီး အလွမ်း လေး။

လူငယ်ကြိုက်လေးတွေ ကောင်းပါတယ်

ဟုတ်တယ် ကိုကျော်လှိုင်ရေ လူငယ်ကြ်ုက်လေးလဲ ရေးပေးအုန်းမှ ။

သူမနှင့်ကွန်တော်ကတော့ လရောင်ဆမ်းရင် အနမ်းပွင့်ဝေနေတတ်ပါတယ်ဗျ

အားကျလိုက်တာ ကိုဘီလျံနာရေ။ အချစ်လမ်းလေး သာယာပါစေဗျ။

သူမဆီသို့အလွမ်း

ဟုတ်တယ် သူမဆီသို့ အလွမ်းများနဲ့ ။

အဟ်​လယ်​ ကိုညီက​တော့ လုပ်​ပီ😁😁😁

လွမ်းပြန်ပီလား နောက်တစ်ယောက်

ဖြည်းဖြည်းလွမ်းမောင်ရေ။

လွမ်း​နေတာလား အစ်​ကို​ရေ

ဟုတ်တယ် နွေကလဲ လွမ်းအောင်ဖန်နေနာကိုးဗျာ။

ဒါဟိုသဌေးကြီးသူမကိုလွမ်းနေတဲ့ပုံစံလေးပေါ့နော်ကိုရွှေ

သူဌေးကြီးနေရာ ဝင်လွမ်းကြည့်တာလေ။ လွမ်းလို့ရသားပဲ ကျနော်နဲ့ ပုံစံတူနေတာဆိုတော့ကာ ---

အလွမ်းေ​တွ​တောင်​ ကူးစက်​ပါ​ပေါ့ ကိုကြီး​ရေ ..

မကူးစက်ပါနဲ့ကွာ အလွမ်းက ကူးစက်တာမကောင်ဘူး ။

သြော်...အသည်းရင်နန်းမှာတော့ စံမြန်းနေဆဲပါ သူမရယ်......

ဟုတ်ကဲ့ဗျ အသည်းနန်းက ဘုရင်မလေးပေါ့ဗျာ။ ဟီး ကလေးကလားဆန်သွားပီ ။

ဥသြငှက်နဲ့ အလွမ်းတွေဝေနေတာပေါ့ဗျာ...

လွမ်းတဲ့ ရာသီဆိုတော့ လွမ်းကြည့်တာ သူများတွေလဲ ပြောလှပီ အလွမ်းတွေ ရပ်တော့မယ်ဗျာ။

သူမဆိုတဲ့သူရဲ့ ပုံလေးပြန်ရှာပြီး ထည့်ပေးပါဆရာ

အယ့် ပုံလေး မြင်ချင်တာလား ရှိတော့ဝူး ဗျ။

ကောင်းတယ်ဗျာ ရေးဖွဲ့ တတ်ပါပေ့

အားပေးသူ တွေရှိတော့ ကျေနပ်မိတယ်ဗျာ။ ကြိုးစားလျက်ပါ။

ဆရာညီက စွယ်စုံရတာပဲဗျာ။ လေးစားပါတယ်ဗျာ

အစုံကြီးရယ်ဟုတ်ပါဘူး ကိုမြင့်ရေ ဒီလိုပါပဲ နဲနဲစမ်းရေးရင်းရေးရင်း ဖြစ်သွားတာပါ။

ဒီလိုမျိုး​တွေလည်း​ရေးတတ်​တာပါပဲ​နော်​။တို့အစ်​ကို က​တော့စွယ်​စုံပဲ။

သုတ၊ ရသ အစုံရေးနိုင်အောင် ကြိုးစားနေတာပါဗျာ ။ အားပေးတာကိုကျေးဇူးပါ။

အရေးအသားအရမ်းကောင့်း ဖတ့်လဲ ကောင်းပါတယ် ခင်ဗျာ

အားပေးလာတာကို ပျော်နေပီလေ။ အရေးအသားကတော့ ကြိုးစားနေဆဲပါဗျာ။

ကွီး​ရွှေလည်း လွှမ်းတတ်​တာပဲ​နော်​😁

လွမ်းကြည့်ရင်းလွမ်းကြည့်ရင်းနဲ့ လွမ်းတတ်သွားတာ ဟေ။

တွံ့တေးတိန်းတိန်သီချင်းထဲကလိုလားကွှီးရွှေ

အယ်ငှယ် တိန်တိန်းတိန်းတိန် လိုတော့ လွမ်းတတ်သေးဘူးလေ။

You got a 22.22% upvote from @dailyupvotes courtesy of @nyinyiwin!

Wow greate article!
Thanks for using the @postdoctor service!

You got a 13.17% upvote from @nado.bot courtesy of @nyinyiwin!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

‌လေးဆယ်‌‌ကျော်‌ နှလုံးသားကလည်း နုပျိုလန်းဆန်း‌နေတုန်း‌ပေါ့။ ဟုတ်‌လားဆရာ။

ဟုတ်ဗျာ အချစ်အကြောင်းရေးပီဆို အလိုလို နုလာတော့တာပဲ။

လုံးဝ အလွင့်ဗျာ အဲ့လိုကဗျာလေးတွေ တင်ပေးဦးအစ်ကို

ဟုတ်ဗျ အလျင်းသင့်သလို ရေးတင်ပေးပါမယ်ဗျာ။

ဟုတ်ကဲ့

တားဆီးတဲ့စည်းများရဲ့ ကြားမှာ…………

အာကြီး သီချင်းလေးလိုပေါ့နော် ။ တိုက်တိုင်သွားတယ်။

အချစ်အကြောင်းလေး လွမ်းပြထားတာ စကားလုံးလေးတွေကလည်း လှပသပ်ရပ်ပြီးစိတ်ဝင်စားဖွယ်ကောင်းပါတယ်။

အားပေးချှီးကျူးလာတာ ကျေးဇူှးဗျ။ အကောင်းဆုံး ကြ်ုးစားလျက်ပါ။

လွမ်းတယ်​ သူမရယ်

လွမ်းပါဗျာ လွမ်းပါ လွမ်းစရာ ရာသီမှာ အလွမ်းလေးတွေ ဖွင့်ချလိုက်တာပါဗျာ။