ကံဆိုး မိုးမှောင်ကျ
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ စာရေးရမှာက ပျင်းတော့ 😁😁မရေးဖြစ်တာကြာပေါ့။ ဒီနေ့တော့ ကျွန်တော့် အဖြစ်အပျက်ကလေးကို အမှတ်တရနဲ့ ကျောက်တိုင်ထိုးရင်း...ရေးသားခဲ့ပါရစေ။
မနေ့ကပင် ရွာက ညီတစ်ယောက် မြို့သို့ လာမည်။ အဖော်ပါလာမည်ဟူ၍ ကျွန်တော့်ကို ပြောလေ၏။ ကျွန်တော်လဲ လာကြိုမည်ဟု ပြောမိလိုက်သည်။
ညနက်သန်းခေါင် ထိ internet သုံးနေမိ၏။ ဤသို့မှာ မနက်ဖြန်ဟူသော် ယနေ့တွင် ကျွန်တော့်၏ လုပ်ကိုင်ရာ လုပ်ငန်းသည် အလုပ်ပိတ်လေ၏။ ထို့သို့ အေးဆေး online သုံးနေရခြင်းဖြစ်လေသည်။
မနက် 4/30 ,တွင် ညီဆီမှ ရောက်ကြောင်း ဖုန်းဆက်လေ၏။ ထို့ကြောင့် ကားဂိတ်သို့ သွားကြိုရမည်ဖြစ်၍ ပြင်ဆင်ရလေ၏။ ဆိုင်ကယ်နဲ့သာ သွားကြိုပေရမည်။
ယခင်ကမူ ကြိုနေကျ လမ်းအတိုင်း သွားရောက်၍ ကြိုလေ၏။ အသွားတွင်တော့ လေတဟူးဟူးနဲ့ ချမ်းတေ့တေ့ဖြင့် ဆိုင်ကယ်စီးရလေ၏။ ထိုအဖြစ်သည်ကား ရန်ကုန်မြို့တွင် ဖြစ်လေ၏။
ကားဂိတ်တွင်ရောက်၍ ညီနဲ့ သူ့၏ သူငယ်ချင်းပါ ခေါ်ဆောင်လာ၍ လာရာ လမ်းအတိုင်း ပြန်လာလေ၏။ ဆိုင်ကယ်တွင် သုံးယောက်သား ဖြစ်လေ၏။ လမ်းတွင် အကျိုးအကြောင်းပြောဆိုရင် ဆိုင်ကယ်စီးလာမိ၏။
ရောက်လုနီးပါး လမ်းခုလတ်တွင် မီးတဝင်းဝင်းနဲ့ ကျွန်တော်စီးရာ ဆိုင်က်ာဆီသို့ရောက်လာ၏။ အနီးရောက်သော် ကျွန်တော် သည် အလန့်တအားဖြစ်မိလေ၏။
ထို့သို့မှာ ရဲသား ကြီး နှစ်ဦးသား ဖြစ်လေ၏။ တွေးမိလိုက်၏ ကုသိုလ်ရမည်ဆိုတာကိုပေါ့။ ရဲသားကြီးများ ထုံးစံအတိုင်း ဆိုင်ကယ်ကိုစစ်ဆေး၏။ ပါလာသော အထုပ်များလဲ စစ်ဆေး၏။ ဒါ့အပြင် ရဲစခန်းသို့ခေါ်ဆောင်သွားလေ၏။
အကြောင်းမှာ ဦးထုပ်မပါသည့်အပြင် သုံးယောက်စီးသောကြောင့် ခေါ်ဆောင်သွားမည်လို့ပြော၏။ ကျွန်တော်ကတော့ စဉ်းစားမိပြီလေ။ "သေပြီဗျို့ "ဆိုပြီး စိတ်ထဲပင် ရေရွတ်မိလိုက်သည်။
အတိုးအချုပ်ပင်ရေးလိုက်တော့မည်။
ရဲစခန်းသို့ရောက်ကာ ပိုက်ဆံ 35000ဒဏ်ငွေဆောင်ရမည်ပြော၍ ဆောင်ခဲ့လိုက်ရသည်။ ယခုလိုမျိုး အဖြစ်အပျက်ကို တစ်ခါပင် ကြုံခဲ့ဖူးသည်။
ထိုကိစ္စနဲ့ပတ်သပ်လို့ မိမိဘာမှ မဝေ ဖန်လိုချင်ပါ။ မိမိအပြစ်သာ ဖြစ်ပေ၏ ဟု တွေးမိကာ ကြိတ်မှိတ်၍ နေရလေ၏။
ထိုသို့ကားလဲ မိမိ၏ အမှတ်တရပင်ဖြစ်လေသည်။
(သီတင်းကျွတ်လ မရောက်သေးပေမယ့် စောစောစီးစီး ကန်တော့လိုက်ရ၏😂😂😂)
အားလုံးကျေးဇူးပါခင်ဗျာ
@onlinelover
သတိမမူမိရင်ခံရမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit