ကြိုးစား​နေတယ်

in myanmar •  7 years ago 

ဘာရယ်​​တော့မဟုတ်​ဘူး..စကားလုံးက​တော့...ထွားတယ်​။လေသံကလဲ...မာတယ်​။ပြော​နေကျ...စကားတစ်​ခွန်းလဲ ဖြစ်​တယ်​။"ကြိုးစား​နေတယ်​"ဆိုတဲ့ စကားလုံးတစ်​စုပါပဲ။

တစ်​ခုခု အဆင်​မ​ပြေခဲ့​သော်​လည်း​ကောင်း၊ အ​ကြောင်းတစ်​စုံတရာမှာ ​ဖော်​ပြချင်​​သော်​လည်​​ကောင်း "ကြိုးစား​နေတယ်​"ဆိုတဲ့ စကားလုံးတစ်​စုကို ​တေယ်​​တော်​များများ လူသား​တွေ ​ပြောဆို​လေ့ရှိပါတယ်​။

လက်​​တွေ့ဘဝနဲ့ အလုပ်​နဲ့​တော့ ကွာဟမှု့​တော့ ရှိနိုင်​ပါတယ်​။ သို့​ပေမယ့်​ ခွန်​အ ၊ညဏ်​အားတို့ကို ခြုံလုံ၍ အဓိပ္ပါယ်​ ချုပ်​ဖွဲ့ဆိုထားခြင်းဖြစ်​တယ်​။ ထိုသို ​ပြောဆိုခြင်းနဲ့အတူ အမှန်​တကယ်​ကြိုးစားဖို့လိုအပ်​ပါတယ်​။

ပါးစပ်​နဲ့တင်​ ကြိုးစား​နေပါ​ကြောင်း ​အော်​ဟစ်​​ပြောဆို​နေလို့လဲ မပြီးလှ​သေးပါဘူး။ လူများအကြားတွင်​ ကြားမိသူအဖို့ "​အော်​ ​တော်​​တော်​ကြိုးစားတဲ့ လူ​တော်​​လေးလို့"ထင်​မိ​ကောင်းထင်​မိတဲ့သူ​တွေ ရှိ​နေပါလိမ့်မယ်​။

အမှန်​တကယ်​​တော့ ကိုယ်​လုပ်​​နေတဲ့ အလုပ်​တစ်​ခု တွင်​ အလုပ်​နယ်​ပယ်​ တွင်​​လည်း​ကောင်း၊ပတ်​ဝန်​ချင်​မိသားစုအ​နေတွင်​လည်း​ကောင်းရှိ လူသူများကသာ ကြိုးစားတယ်​ ၊မကြိုးစားဘူးဆိုတာ သူတို့ကသာ ဆုံးဖြတ်​​ပေးပါလိမ့်​မယ်​။

မိမိမှာ လက်​ရှိအလုပ်​က​နေ တိုးတက်​ခဲ့၊မိမိပတ်​ဝန်းကျင်​က​နေ တိုးတက်​ခဲ့သာလျှင်​ မိမိ​ပြောဆို​သော "ကြိုးစား​နေပါတယ်​"ဟူ​သော စကားလုံးနဲ့ ကိုက်​ညီပါလိမ့်​မည်​။

ထိုသို့မဟုတ်​လျှင်​ ​လေ​ပေါ်တွင်​သာ ထိုစကား​ပျောက်​၍ လိုရာခရီးသွားနိုင်​မည်​မဟုတ်​ပါ။အဘယ်​​ကြောင့်​ဆို​သော်​ လူ့ဘဝသည်​ ​ရှည်​လျားသည်​။

" ငှက်​သည်​ ပျံရင်းနဲ့ ​သေရသကဲ့သို့
လူသားသည်​လဲ ကြံရင်းနဲ့ ​သေဆုံးရ၏"
ဆိုပြီး ဆိုရိုးစကားက နယ်​ပယ်​အနှံ့တွင်​ သိရှိကြားဖူး​နေခဲ့သည်​ဖြစ်​သည်​။မှန်​ပါ​ပေသည်။ငှက်​သည်​ ​လေထဲတွင်​ပျံသန်းရ​သော သတ္တဝါဖြစ်​​လေ၏။

ကျွနုပ်​တို့ကမူ ​မြေကြီးကမ္ဘာမဟုတ်​ ​လေကမ္ဘာ အစစ ရှိသဖြင့်​ ရှင်​သန်​လှုပ်​ရှား​နေရသည်​။ထို့ကြားထဲတွင်​ ကျင့်​ဝတ်​အမျိုးအမျိုးနဲ့တူ ဖြတ်​သန်းရှင်​သန်​​နေရသည်​။ထိုသို့ရှင်​သန်​ဖို့အတွက်​ ခွန်းအား၊ညဏ်​၊ဝရီယ၊ကံဆိုပြီး ရှိ​နေရမည်​။
ထိုမှသာ လူ့ဘဝသည်​ တင့်​တယ်​​ပေလိမ့်​မည်​။

အားလုံး​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။
@onlinelover

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကြိုးစား
ကြိုးစား
ဖိုက်တင်း 😃

ဟုဟု

To get upvote from @wafrica, the post needs at least 300 characters! Please describe your work in detail ;-)

To get upvote from @artzone, the post needs at least 108 characters! We understand great art speaks for itself, so we kept the word count low